ဆီးချိုရောဂါသည် အမျိုးသားတွေမှာ သုက်လွှတ်တဲ့အခါ လိင်တံမှ ထွက်မလာဘဲ အနောက်သို့ ပြန်ကာ ဆီးအိမ်တွင်း သုက်လွှတ်ခြင်းနဲ့ ကြုံရနိုင်ပါတယ်။ ဒီလို နောက်ပြန်သုက်လွှတ်ခြင်းက အတွင်းကြွက်သားတစ်မျိုးဖြစ်တဲ့ sphincter က ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။
ဒီလိုနောက်ပြန်သုက်လွှတ်ခြင်းမှာ သုက်တွေက ဆီးအိမ်အတွင်းရောက်ပြီး ဆီးသွားတဲ့အခါမှာ ဆီးအိမ်ကို ဘာဒုက္ခမှ မပေးဘဲ ခန္ဓာကိုယ်ပြင်ပသို့ ဆီးနဲ့ အတူပါသွားပါတယ်။ ဒါပေမယ့် သုက်ရည်က အပြင်မထွက်လာတာကြောင့် ကလေးရဖို့ ခက်ခဲနိုင်ပါတယ်။
အမျိုးသမီး လိင်စိတ်ကျဆင်းခြင်း
ဆီးချိုရောဂါသည် အမျိုးသမီးတွေမှာ အာရုံကြော သို့မဟုတ် သွေးကြောထိခိုက်မှုတွေ ဖြစ်နိုင်ပါတယ်။ ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက မိန်းမကိုယ်နဲ့ မိန်းမအင်္ဂါအစေ့ရဲ့ သွေးလည်ပတ်မှုကို ထိခိုက်စေနိုင်ပါတယ်။
အမျိုးသမီးတွေမှာ ဆီးချိုကြောင့် လိင်မှုဆိုင်ရာ ပြဿနာတွေ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ လိင်အင်္ဂါနဲ့ မိန်းမကိုယ်တစ်ရှူးတွေစီ သွေးလည်ပတ်မှု မကောင်းတာအပြင် အာရုံကြော ထိခိုက်မှုတွေ၊ ဟော်မုန်းပြောင်းလဲခြင်းတွေလည်း ပါဝင်ပါတယ်။
ဆန္ဒမပြည့်ဝခြင်း
ဆန္ဒပြည့်ဝမှု (ပြီးမြောက်မှု) ဆိုတာကတော့ လိင်ဆက်ဆံခြင်းရဲ့ ဆုလာဘ်တစ်ခုဖြစ်ပေမယ့် ဆီးချိုသမားတွေ အတွက်ကတော့ ဒါက ခက်ခဲနိုင်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် နဂိုကတည်းက ဆန္ဒပြည့်ဝမှုရဖို့ မလွယ်တာကြောင့် ဆီးချိုရှိရင် ပိုပြီး ခက်ခဲစေနိုင်ပါတယ်။
ဆီးချိုက ပြီးမြောက်မှု နဲ့ ပတ်သက်ရင် အစွန်းနှစ်ဖက်ကို ဖြစ်စေနိုင်ပါတယ်။ အမျိုးသားတွေမှာ သုက်လွှတ်မြန်ပြီး ဆန္ဒမြန်မြန်ပြည့်ဝတာကြောင့် ဆက်လက်မဆောင်ရွက်နိုင်တော့တဲ့ အခါမှာ အလွန်စိတ်ညစ်စေရနိုင်ပါတယ်။ အမျိုးသမီးတွေမှာကျတော့ အာရုံကြော၊ သွေးကြောတွေ ထိခိုက်မှုရှိတာကြောင့် ဆန္ဒပြည့်ရန်ခက်ခဲစေပါတယ်။
လိင်ဆင်ဆံစဉ် နာကျင်မှု
လိင်ဆက်ဆံခြင်းဆိုတာက သင်နဲ့ သင့်အဖော်ကို ပျော်ရွှင်မှုနဲ့ ကျေနပ်မှုတွေ ပေးဆောင်ရမှာပါ။ ဘယ်လိုနာကျင်မှုမျိုးမဆို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ သင် ရှက်နေရင်တောင်မှ ဒီလို လိင်ဆက်ဆံစဉ်နာကျင်မှုမျိုးကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဆီးချိုရောဂါသည် အမျိုးသားတွေမှာ Peyronie’s disease လို့ခေါ်တဲ့ လိင်တံအတွင်း ကွေးကောက်မှုနှင့် နာကျင်မှုကိုဖြစ်စေတဲ့ တစ်ရှူးအမာရွတ်ဖြစ်စေတဲ့ ရောဂါဖြစ်ဖို့ ဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။ လိင်တံတွေက ပုံစံအမျိုးမျိုးဖြစ်နိုင်ပြီး အနည်းငယ်ကွေးညွတ်ခြင်းက ပြသနာမဟုတ်ပါဘူး။ Peyronie’s disease မှာတော့ လိင်တံ ကွေးကောက်နေခြင်းက လိင်ဆက်ဆံမှုနဲ့ လိင်တံတောင်မတ်ခြင်းကို နာကျင်စေပါတယ်။
မိန်းမကိုယ်ခြောက်သွေ့ခြင်းကလည်း ဆီးချိုရောဂါသည် အမျိုးသမီးတွေမှာ လိင်ဆက်ဆံစဉ်အတွင်းနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးတွေမှာ လိင်ဆက်ဆံမှုစဉ် နာကျင်ရတဲ့ နောက်ထပ်အကြောင်းရင်းတွေကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ မိန်းမကိုယ်မှိုပိုးဝင်ခြင်းတွေ အဖြစ်များလို့ပါ။
စိတ်ကျေနပ်စရာမကောင်းတဲ့ လိင်ဆက်ဆံမှုမျိုးတွေ ဘဝမှာ ကြုံနေရပြီလား။ ဆေးကုသမှုတွေ ခံယူဖို့ ဆုံးဖြတ်ထားပြီဆိုရင် သင်ဟာ ဒီတိုက်ပွဲကို တစ်ဝက်လောက်ထိ တိုက်ပြီးနေပြီလို့သာ မှတ်ထားလိုက်ပါ။
သင့်ရဲ့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းချုပ်ထားခြင်းဖြင့် လိင်စွမ်းရည်ကျဆင်းခြင်းအတွက် တိုးတက်မှုတွေရှိလာနိုင်ပြီး နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။