ဖြစ်လာစေတဲ့အကြောင်းရင်းများ
အောက်ပါအချက်တွေ ရှိနေရင် သွေးတွင်းသကြားဓာတ်မြင့်တက်လာနိုင်ပါတယ်-
- အင်ဆူလင်ထိုးဖို့ မေ့တာ ဒါမှမဟုတ် ဆီးချိုထိန်းဆေးသောက်ဖို့ မေ့တာ
- ဆေးထိုးထားတဲ့ အင်ဆူလင်ပမာဏ နဲ့ကိုက်ညီတဲ့ အတိုင်းအတာထက်ကျော်လွန်တဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏကိုစားသုံးမိတာ
- ရောဂါတစ်စုံတစ်ခု ကူးစက်ခံရတာ
- နာမကျန်းဖြစ်တာ
- စိတ်ဖိစီးမှုခံစားနေရတာ
- လှုပ်ရှားမှုနည်းတာ ဒါမှမဟုတ် ပုံမှန်လောက်လေ့ကျင့်ခန်းမလုပ်ဖြစ်တာ
- အားစိုက်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ (အထူးသဖြင့် သွေးတွင်းသကြားဓာတ်မြင့်နေချိန်နဲ့ အင်ဆူလင်ပမာဏကျဆင်းနေချိန်)
လက္ခဏာများ
သွေးတွင်းသကြားဓါတ်မြင့်လာချိန်မှာဖြစ်လာနိုင်တဲ့ လက္ခဏာတွေက
- ရေငတ်လာခြင်း
- ခေါင်းကိုက်ခြင်း
- အာရုံစိုက်မရခြင်း
- အမြင်အာရုံဝေဝါးခြင်း
- မကြာခဏဆီးသွားခြင်း
- မောပန်းနွမ်းနယ်ခြင်း (အားနည်းခြင်း၊ပင်ပန်းနေသလိုခံစားရခြင်း)
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- သွေးတွင်းသကြားဓာတ်က 180 mg/dL ထက်ကျော်လွန်ခြင်း
သွေးတွင်းသကြားဓာတ် မကြာခဏ မြင့်တဲ့သူတွေက
- မိန်းမကိုယ် နဲ့ အရေပြား ပိုးဝင်ခြင်း
- အနာကျက်နှေးခြင်း
- အမြင်အာရုံမကောင်းခြင်း
- ခြေဖျားအေးစက်ခြင်း၊ ထုံကျဉ်ခြင်းဖြစ်စေတဲ့ အာရုံကြောထိခိုက်မှု၊ ခြေချောင်းလက်ချောင်းတွေမှာ အမွေးကျွတ်ခြင်း ဒါမှမဟုတ် ပန်းသေပန်းညှိုးဖြစ်ခြင်း
- ကာလတာရှည်ဝမ်းချုပ်နေခြင်း သို့မဟုတ် ဝမ်းပျက်ခြင်းတို့လို အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာများ
- မျက်စိ၊ သွေးကြောနဲ့ ကျောက်ကပ်ထိခိုက်ခြင်း
Hyperglycemia အခြေအနေပြင်းထန်တဲ့အခါ အရေးပေါ်ကုသမှု
ပြင်းထန်တဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်မှု လက္ခဏာတွေ ဖြစ်လာရင် အရေးပေါ်ခန်း သို့မဟုတ် ဆေးရုံတင် ကုသရနိုင်ပါတယ်။ ကုသနည်းကတော့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပြန်ဖြစ်စေဖို့ပဲဖြစ်ပါတယ်။
- အရည်ဓာတ်ပြန်လည်ဖြည့်တင်းခြင်း
ရေဓာတ်ပြန်လည်ပြည့်ဝလာတဲ့အထိ ပါးစပ်မှတဆင့် သို့မဟုတ် သွေးကြောမှတဆင့် အရည်ဓာတ် သွင်းပေးရပါလိမ့်မယ်။ ဒီအရည်ဓာတ်တွေက ဆီးမကြာခဏသွားခြင်းကြောင့် ဆုံးရှုံးသွားတဲ့ အရည်ပမာဏကို ပြန်လည်ဖြည့်တင်းပေးမှာ ဖြစ်ပြီး သွေးထဲမှာ ပိုလျှံနေတဲ့ သကြားဓာတ်တွေကို လျော့ကျသွားစေနိုင်ပါတယ်။
ဓာတ်ဆား(electrolytes )တွေက ခန္ဓာကိုယ်တစ်ရှူးတွေကို လုပ်ဆောင်ချက် မှန်ကန်စေဖို့ လိုအပ်တဲ့ သွေးတွင်းသတ္တုဓာတ်တွေ ဖြစ်ပါတယ်။ အင်ဆူလင် မရှိတဲ့အခါ သွေးထဲက ဓာတ်ဆားပမာဏကို လျော့ပါးစေနိုင်ပါတယ်။ ဒါ့ကြောင့် နှလုံး၊ ကြွက်သားနဲ့ အာရုံကြောဆဲလ်တွေကို ပုံမှန်အတိုင်းလုပ်ဆောင်ချက်ရှိစေဖို့ သွေးကြောကတဆင့် electrolytes တွေကို သွင်းရပါတယ်။
အင်ဆူလင်က သွေးထဲမှာ ketonesတွေ များပြားစုပုံစေတဲ့ ဖြစ်စဉ်တွေကို ပြောင်းလဲကုသပေးနိုင်ပါတယ်။ အရည်ဓာတ်နဲ့ ဓာတ်ဆားတွေအပြင် အင်ဆူလင်ကုထုံးကိုလည်း သွေးကြောကတဆင့် သွင်းရနိုင်ပါတယ်။
ဘယ်လိုကြိုတင်ကာကွယ်မလဲ
Hyperglycaemia အခြေအနေပြင်းထန်တာ သို့မဟုတ် တာရှည်နေတာတွေမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းတွေရှိပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။