backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အိမ်မှာ အင်ဆူလင် ဘယ်လိုထိုးမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အိမ်မှာ အင်ဆူလင် ဘယ်လိုထိုးမလဲ။

အိမ်မှာ အင်ဆူလင် ဘယ်လိုထိုးမလဲ။ ဆီးချို ရှိတဲ့အခါ ဆေးသောက်တာအပြင် အင်ဆူလင်ထိုးတာကလည်း ဆီးချိုအတွက် ကုသမှု နည်းလမ်းတစ်ရပ်ပါ။ ဒီလို အင်ဆူလင် ထိုးတာကို ဆရာဝန် အကူအညီမလိုဘဲ အိမ်မှာတင် ကိုယ်တိုင် ထိုးလို့ ရပါတယ်။ ဒီတစ်ခေါက်တော့ အင်ဆူလင်ကို အိမ်မှာထိုးတဲ့အခါ အမှန်ကန်ဆုံး ဖြစ်အောင် ဘယ်လို ထိုးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

အင်ဆူလင် ဆိုတာ

အင်ဆူလင်ဆိုတာ ဟော်မုန်း တစ်မျိုးပါ။ ဆဲလ်တွေက ဂလူးကို့စ်ကို စွမ်းအင်အဖြစ် ပြောင်းလဲနိုင်စေဖို့ ကူညီပေးတဲ့ ဟော်မုန်းပါ။ အင်ဆူလင်က သကြားဓာတ်ကို သွေးထဲကနေတဆင့် ဆဲလ်တွေဆီ ဝင်ရောက်နိုင်စေဖို့ ထောက်ကူပေးတာပါ။

အမျိုးအစား -၁ ဆီးချိုရှိသူတွေမှာဆိုရင် ခန္ဓာကိုယ်က အင်ဆူလင်ကို မထုတ်ပေးနိုင်ပါဘူး။ အမျိုးအစား -၂ ဆီးချို ရှိသူတွေမှာတော့ အင်ဆူလင်ကို မှန်မှန်ကန်ကန် အသုံးမချနိုင်တာပါ။ ပန်ကရိယက အင်ဆူလင်ကို ခန္ဓာကိုယ်က မတုံ့ပြန်နိုင်တာ ဖြစ်ပါတယ်။

များသောအားဖြင့်ကတော့ ဆီးချိုကို လေ့ကျင့်ခန်း လုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာ၊ ဆေးသောက်တာ၊ အင်ဆူလင် ထိုးတာတွေ လုပ်ပြီး ထိန်းချုပ်နိုင်ပါတယ်။ အမျိုးအစား – ၁ ဆီးချိုရှိမယ်ဆိုရင်တော့ အင်ဆူလင် ထိုးတာက နည်းလမ်းကောင်း တစ်ခုပါ။

အင်ဆူလင် ထိုးခြင်း

အင်ဆူလင် ထိုးတဲ့အခါ

  • syringes နဲ့
  • pens ဆိုပြီး (၂) မျိူးရှိပါမယ်။ ဆရာဝန်က အသင့်တော်ဆုံး ဖြစ်မှာကို ညွှန်ကြားပေးပါလိမ့်မယ်။ လူနာကိုယ်တိုင် ထိုးမယ်ဆို syringes က လွဲချော်နိုင်ခြေ များပေမယ့် pens ကတော့ အသုံးရလွယ်သလို မှားနိုင်ခြေလည်း နည်းပါတယ်။

အိမ်မှာ အင်ဆူလင် ဘယ်လိုထိုးမလဲ။

အင်ဆူလင် ထိုးတော့မယ်ဆိုရင်

အင်ဆူလင် မထိုးခင်မှာ

  • လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာ သန့်စင်အောင် ဆေးကြောပါ။
  • အင်ဆူလင် pen မှာ အပ်အသစ်ကို တပ်ပါ။
  • အပ်အဖုံးကို ဖြုတ်ပါ။
  • အင်ဆူလင် pen ကို ဘောလ်ပင်လိုမျိုး ကိုင်ပါ။
  • ထိုးရမယ့် အင်ဆူလင်ပမာဏကို သေချာချိန်ပါ။
  • ပြီးရင် ဆေးထိုးမယ့်နေရာကို အရက်ပြန်ဂွမ်းစနဲ့ သုတ်ပေးပါ။ ‌ခြောက်အောင်စောင့်ပါ။
  • လေမခိုနေစေဖို့ ဂရုပြုပါ။
  • အပ်ကို ထောင့်မှန်ထားပြီး ထိုးပေးပါ။ အရေပြားအောက် အဆီလွှာကိုရောက်ရှိစေဖို့ပါ။
  • ပြီးရင်  အင်ဆူလင် pen နောက်ကခလုတ်လေးကို နှိပ်လိုက်ပါ။
  • ၁၀စက္ကန့်လောက်စောင့်ပြီးမှ ပြန်လွှတ်လိုက်ပါ။
  • ပြီးတာနဲ့ အပ်ကို သေချာပြန်ဖုံးပါ။
  • ဆေးထိုးရာမှာ အသုံးပြုထားတဲ့ ဂွမ်းစ၊ အပ်စတာတွေကို သေချာလေး စွန့်ပစ်ပါ။

ဆေးပမာဏကိုတော့ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သေချာ ဂရုစိုက်ပေးပါ။

အင်ဆူလင် ထိုးခြင်းနဲ့ သတိထားရမယ့် အချက်

အင်ဆူလင် ထိုးဖို့ ဆရာဝန်က ညွှန်ကြားထားတယ်ဆိုရင် ဆေးအာနိသင်ထိရောက်စေဖို့နဲ့ ဘေးထွက်ဆိုးကျိုး မရှိစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။

အင်ဆူလင် pen ကိုအေးမြတဲ့နေရာမှာ သိမ်းဆည်းပါ။

အ်ဆူလင်ကို အခန်း အပူချိန်မှာ ထားနိုင်သလို ပိုကောင်းတာက ရေခဲသေတ္တာထဲ မခဲတဲ့ အကန့်ထဲမှာ ထည့်သိမ်းတာပါ။ ဆေးတွေမှာ မဖောက်ခင်ဆို ရေခဲသေတ္တာထဲ ထည့်သိမ်းရပြီး ဖောက်ပြီးရင်တော့ အခန်းအပူချိန်ပဲ ထားလို့ရတာမျိုးလည်း ရှိပါတယ်။ နောက်ပိုင်း preparationတွေမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ လျှပ်စစ်မီးမရတဲ့ နိုင်ငံတွေမှာ အသုံးပြုဖို့ အခန်းအပူချိန်မှာတင် သိမ်းလို့ရတဲ့ ဆေးတွေလည်း ရှိလာပါပြီ။ ဒီတော့ ဆေးအညွှန်းကို သေချာဖတ်ပါ။

ဆေးကို တစ်နေရာတည်းမှာပဲ မထိုးပါနဲ့။

အင်ဆူလင်က ဗိုက်၊ လက်မောင်း၊ ပေါင် စတဲ့နေရာတွေမှာ ထိုးပေးလို့ ရပါတယ်။ ဆေးထိုးတဲ့အခါ တစ်နေရာထဲမှာ အမြဲထိုးတာမျိုး မလုပ်ပါနဲ့။ အမြဲလိုလို တစ်နေရာတည်းကိုပဲ အင်ဆူလင် ထိုးတာက အရေပြားကို ထူစေတာ၊ အသားမာတက်စေတာ၊ အဆီပြင်လွှာမှာ အဖုလေးတွေ ဖြစ်စေတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။

ဒါကြောင့် အင်ဆူလင်ကို မနက်ခင်း မနက်စာ မစားခင်မှာ လက်မောင်း၊ နေ့လယ်စာ မစားခင်မှာ ဗိုက်၊ ညနေစာ မစားခင်မှာ ပေါင်စတဲ့နေရာတွေမှာ ထိုးပေးတာမျိုး လုပ်ပေးပါ။ လက်၊ ခြေထောက် စတဲ့နေရာတွေကို ထိုးတဲ့အခါ ဘယ်၊ ညာ ပြောင်းထိုးပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ တင်ပါးမှာလည်း ထိုးလို့ ရပါတယ်။

နံပါတ်ကို သေချာ စစ်ဆေးပါ။

အင်ဆူလင် မထိုးခင်မှာ အရင်ဆုံး သွေးချိုကို စစ်ဆေးရပါမယ်။ စစ်ဆေးရရှိတဲ့ အဖြေပေါ်မူတည်ပြီး အင်ဆူလင်ကို ထိုးရမှာပါ။ ဒီလိုမှ မဟုတ်ဘူးဆိုရင် သွေးတွင်းသကြားဓာတ် အရမ်းကျသွားတာ၊ တအားမြင့်တက်တာတွေ ဖြစ်ပြီး မလိုအပ်ဘဲ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်တာကြောင့်ပါ။ အာနိသင်မြန်မြန်ပြတဲ့ အင်ဆူလင်တွေဆိုရင် ထိုး-ဖောက်-စား ဆိုပြီး လူနာတွေကို မှာထားပါတယ်။ တကယ်လို့ မထိုးခင် စစ်လိုက်လို့ သွေးတွင်းသကြားဓာတ် များလွန်းတာ၊ နည်းလွန်းတာ ဖြစ်နေမယ်ဆိုရင် ဆရာဝန်ကို ပြန်ပြောဖို့ လိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement