backup og meta

ချစ်ခင်ရတဲ့သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေရင် ဘယ်လိုကူညီဖေးမ မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချစ်ခင်ရတဲ့သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေရင် ဘယ်လိုကူညီဖေးမ မလဲ

    ချစ်ခင်ရတဲ့သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေရင် ဘယ်လိုကူညီဖေးမ မလဲ …… ဆီးချိုဝေဒနာကို ထိန်းချုပ်ဖို့ဆိုတာက တော်ရုံတန်ရုံကိစ္စတော့မဟုတ်ပါဘူး။ ဆီးချိုဝေဒနာသည်တွေအနေနဲ့ ဆေးဝါးတွေ သောက်သုံးနေရုံသာမက အစားအသောက်နဲ့ သွေးတွင်းသကြားဓာတ်ပမာဏကိုလည်း ဂရုတစိုက်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ တကယ်လို့ ကိုယ်ချစ်ရတဲ့ သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေတယ်ဆိုရင် ဂရုစိုက်ပေးရာမှာ အထောက်အပံ့ပေးနိုင်မယ့် နည်းလမ်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

    ချစ်ခင်ရတဲ့သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေရင် ဘယ်လိုကူညီဖေးမ မလဲ

    ချစ်ခင်ရတဲ့သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေရင် ဘယ်လိုကူညီဖေးမ မလဲ ….. ဆိုတော့

    ၁) ဆီးချိုဝေဒနာအကြောင်း နားလည်အောင်လုပ်ပါ

    ဆီးချို ဝေဒနာသည်တွေကို စောင့်ရှောက်ပေးတဲ့သူတွေအနေနဲ့ ပထမဆုံးသိထားသင့်တဲ့အချက်က ဆီးချိုဝေဒနာခံစားနေရတဲ့ ကိုယ်ချစ်ခင်ရသူမှာ မျှော်လင့်မထားတဲ့ အခြေအနေမျိုးတွေ့ကြုံလာနိုင်ပါတယ်။ ဒီအခါမှာ အကူအညီပေးနိုင်စေဖို့ ဆီးချို ဝေဒနာနဲ့ပတ်သက်ပြီး များများသိရှိနိုင်အောင်ကြိုးစားရပါမယ်။ ဒီလိုမျိုးလေ့လာတာက ဆီးချို ဝေဒနာ အကြောင်းကို သိရှိနိုင်ပြီး အရေးပေါ်အခြေအနေတွေနဲ့ နောက်ဆက်တွဲဝေဒနာတွေဖြစ်တဲ့အခါ ဘယ်လိုစောင့်ရှောက်မှုပေးရမလဲဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။ ကိုယ်ချစ်ခင်ရသူကဆရာဝန်ဆီ သွားရောက်ပြသတဲ့အခါမှာလည်း အတူလိုက်ပါခွင့်ပြုဖို့ ခွင့်တောင်းပါ။

    ၂) ဆီးချိုရောဂါအကြောင်းဆွေးနွေးပါ

    ဆီးချို ဝေဒနာခံစားနေရတဲ့ သင်ချစ်ရတဲ့သူကို သင်က သူနဲ့ အတူရှိနေတယ်ဆိုတာကို သိအောင်ပြောပြပေးပါ။ သူ့ရဲ့ ခံစားချက်တွေ၊ အတွေးတွေကို နားထောင်ပေးချင်တယ်ဆိုတာကိုလည်း သိအောင်ပြောပြပေးရပါမယ်။ အချို့သူတွေမှာ သူတို့ ဘယ်လိုခံစားနေရလဲဆိုတာကိုပြောပြဖို့ ခက်ခဲတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သူ့အတွက် ပြောဖို့ဆိုဖို့ သက်သောင့်သက်သာရှိစေမယ့် အခြေအနေတစ်ရပ်ကို ဖန်တီးပေးသင့်ပါတယ်။ သူတို့ကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားဆက်ဆံပါ။

    ၃) အိမ်မှုကိစ္စအချို့ကို ဝိုင်းကူလုပ်ခွင့်ပေးလိုက်ပါ

    သင်ချစ်ရတဲ့သူကို သူ့မှာ နာတာရှည်ဝေဒနာတစ်ခုခုခံစားနေရတာကြောင့် အသုံးမကျတဲ့သူတစ်ယောက်လို ခံစားရတာမျိုးမဖြစ်ပါစေနဲ့။ သင်ချစ်ရသူက သူဟာသင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ရတဲ့သူတစ်ဦး ဘယ်တော့မှမဖြစ်ချင်ဘူးဆိုတာကို သတိရပါ။ သူ့ကိုလည်း သာမန်လူတစ်ယောက်လိုပဲ အိမ်အလုပ်တွေဝိုင်းကူလုပ်ခွင့်ပေးလိုက်ပါ။ ဒီလိုလုပ်ပေးတာက သင်ချစ်ခင်ရတဲ့သူအနေနဲ့ သူကအခြားသူတွေအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့သူဆိုပြီး စိတ်ဒုက္ခရောက်တာမျိုးရှိမှာမဟုတ်တော့ပါဘူး။

    ၄) ပျော်အောင်ထားပါ

    နာမကျန်းဖြစ်မှုတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အရေးကြီးဆုံးအချက်က အကောင်းမြင်ခြင်းပါ။ အကောင်းမြင်တဲ့ စိတ်သဘောထားက ရောဂါတွေကို တိုက်ထုတ်နိုင်အောင် အကူအညီပေးပါတယ်။ သင့်ချစ်ခင်ရတဲ့သူကို သူစိတ်ပျော်ရွှင်စေမယ့် လှုပ်ရှားမှုလေးတွေ လုပ်ဆောင်ရာမှာ ပါဝင်ခွင့်ပေးတာက အကောင်းမြင်စိတ်တွေဖြစ်ပေါ်နေစေမှာဖြစ်ပါတယ်။ အဆိုပါ လုပ်ဆောင်မှုတွေကပဲ သူတို့ကို ကျန်းကျန်းမာမာနေနိုင်စေမှာဖြစ်ပါတယ်။ ဒါမှလည်း သူတို့ကဝေဒနာကိုခံစားနေရပေမယ့် ဘဝကိုအဓိပ္ပာယ်ရှိရှိ ဆက်လက်ဖြတ်သန်းဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

    ၅) ကိုယ်ချစ်ခင်ရတဲ့သူကို ပွင့်ပွင့်လင်းလင်းပြောပြပေးနိုင်အောင်ကူညီပါ

    ဆီးချို ဝေဒနာက မျိုးပွားစနစ်အပါအဝင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုဝေဒနာသည် အမျိုးသမီးတွေမှာဆိုရင် မွေးလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းပိုးဝင်တာမျိုးတွေ ဖြစ်နိုင်ခြေက ပုံမှန်ထက်ပိုများနေပါတယ်။ ဆီးချို ဝေဒနာက အာရုံကြော ထိခိုက်ပျက်စီးတာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးအင်္ဂါ ခြောက်သွေ့ပြီး လိင်ဆက်ဆံတဲ့အခါ နာကျင်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။

    ဆီးချို ဝေဒနာသည် အမျိုးသားတွေမှာဆိုရင် ပန်းသေပန်းညှိုးဝေဒနာ ခံစားရစေနိုင်ပါတယ်။ တကယ်လို့ ဒီလိုမျိုးဝေဒနာတွေ မဖြစ်ဘူးဆိုရင်တောင်မှ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းလာနိုင်ပါတယ်။ ဒီအနေအထားက လိင်မှုရေးရာ ကိစ္စရပ်တွေမှာ စိတ်ပါဝင်စားမှုလျော့နည်းလာစေပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ လက်တွဲဖော်က ဆီးချို ဝေဒနာခံစားနေရတယ်ဆိုရင် သူ့မှာ ခံစားနေရတဲ့ ဆီးချိုကြောင့် ဖြစ်တဲ့ မျိုးပွားမှုစနစ်နဲ့ပတ်သက်တဲ့ ပြဿနာ တစ်ခုခု ခံစားနေရတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပြဖို့ အားပေးရပါမယ်။ လိုအပ်ခဲ့မယ်ဆိုရင် ဆေးကုသမှု ခံယူဖို့ လုပ်ပေးရပါမယ်။

    ဘယ်လိုပဲဖြစ်ဖြစ် သင်ချစ်ရတဲ့သူက သင့်ထံကနေ ချစ်ခင်ကြင်နာမှု နဲ့ ကူညီအားပေးမှုတွေကိုလိုအပ်နေတယ်ဆိုတာကို သိထားပါ။ သူတို့ကို ဆူငေါက်တာမျိုး၊ တစ်ခုခုကိုရွေးချယ်ခိုင်းတာမျိုးတွေမလုပ်ပါနဲ့။ သူတို့မှာ ဆီးချို ရောဂါရှိနေတယ်ဆိုတာနဲ့ ဆီးချိုရောဂါက ပျောက်သွားမယ့်ဝေဒနာမဟုတ်ဘဲ ဂရုတစိုက်စောင့်ရှောက်ပေးဖို့ လိုတယ်ဆိုတာကို သတိရပေးပါ။

    သူတို့ကိုလည်း ကျန်းမာနေတဲ့ သူတွေလိုပဲ နေထိုင်နိုင်အောင် ကူညီပေးပါ။ တကယ်လို့ သင်ဘာလုပ်ရမလဲ မသေချာတာမျိုး ဖြစ်နေမယ်ဆိုရင် သင့်အနေနဲ့ သူ့ကိုဘယ်လိုမျိုး အကောင်းဆုံး ဖြစ်အောင်ကူညီပေးနိုင်မလဲ ဆိုတာကို သင်ချစ်ခင်ရတဲ့သူကို မေးကြည့်ကြည့်ပါ။ အဓိကကျတဲ့ အချက်က အကောင်းမြင်တဲ့သဘောထား ရှိဖို့ နဲ့ ချစ်ခင်ရတဲ့သူကို ဘယ်လိုလုပ်ပါလို့ ပြောနေမယ့်အစား သူတို့ကို စိတ်အားထက်သန်လာအောင် လုပ်ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement