backup og meta

ဆီးချိုရောဂါရှိသူများ ကျန်းမာစွာ ခရီးသွားနိုင်ရန် နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရောဂါရှိသူများ ကျန်းမာစွာ ခရီးသွားနိုင်ရန် နည်းလမ်းများ

    ဆီးချို ရှိတဲ့သူ ဆိုရင်တော့ ဒီရောဂါအတွက် အမြဲသတိရှိသင့်ပါတယ်။ ခရီးတစ်ခု သွားရတော့မယ်ဆိုရင် ကျန်းမာအောင် နေထိုင်ဖို့နဲ့ ဆီးချိုကို ထိန်းချုပ်ဖို့အတွက် အစီအစဉ်တွေကို ကြိုတင် ပြုလုပ်သင့်ပါတယ်။ အစာစားချိန်တွေ ပြောင်းလဲတာ၊ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ အချိန်ကွာခြားမှုတွေဟာ ရောဂါထိန်းချုပ်မှုမှာ အရေးပါပါတယ်။ ဒါ့ကြောင့် ခရီးမသွားခင် အောက်ပါ အချက်တွေကို သိထားသင့်ပါတယ်။ ဆီးချိုရောဂါရှိသူများ ကျန်းမာစွာ ခရီးသွားနိုင်ရန် နည်းလမ်းများ အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။

    ဆီးချိုရောဂါရှိသူများ ကျန်းမာစွာ ခရီးသွားနိုင်ရန် နည်းလမ်းများ

    ဆီးချိုရောဂါရှိသူများ ကျန်းမာစွာ ခရီးသွားနိုင်ရန် နည်းလမ်းများ ကတော့

    • ခရီးမသွားခင် ဆရာဝန်နဲ့ ပြပါ။

    ခရီးမသွားခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အရေးကြီးပါတယ်။ ဆီးချို ထိန်းချုပ်ဖို့အတွက် အစီအစဉ် ဆွဲဖို့ အချိန်အလုံအလောက် ပေးဖို့လည်း လိုပါတယ်။ တကယ်လို့ လိုအပ်မယ်ဆိုရင် ခရီးမသွားခင် တစ်လလောက် အနည်းဆုံးကြိုပြီး ကာကွယ်ဆေးတွေ ထိုးသွားသင့်ပါတယ်။ ဒီကာကွယ်ဆေးတွေက သင့်ကို ဖျားနာစေတယ်ဆိုရင် ခရီးမစခင် ပြန်ကောင်းဖို့အတွက် အချိန်လိုအပ်ပါတယ်။

    ဆရာဝန်နဲ့ ပြသပြီးတဲ့အခါမှာ ဆီးချိုကို ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ အကြံဉာဏ်တွေ ရလာမှာ ဖြစ်ပါတယ်။ ဒီမှာ ဆေးနဲ့ လိုအပ်တဲ့ ကိရိယာတွေ၊ အစားအသောက် အစရှိတာတွေ ပါတင်မှာ ဖြစ်ပါတယ်။

    ဆေးညွှန်း‌အနေနဲ့ အင်ဆူလင် (သို့) ဆီးချိုကျဆေးတွေ ပါဝင်နိုင်ပါတယ်။ သင့်မှာ အင်ဆူလင်၊ ဆေးထိုးပြွန်နဲ့ ဆေးတွေကို လိုတာထက် ပိုယူသွားသင့်ပါတယ်။

    • ခရီးသွားရန် အထုတ်အပိုး ပြင်ခြင်း

    လိုအပ်မယ်ထင်တဲ့ ဆီးချို စစ်တဲ့ကိရိယာတွေနဲ့ ဆေးတွေကို နှစ်ဆ ပိုမိုသယ်သွားပါ။ အလွယ်တကူ ထုတ်လို့ရအောင် ကိုယ်နဲ့ အတူ သယ်သွားရတဲ့ အိတ်ထဲကိုပဲ ထည့်ပါ။ ဘာနဲ့ပဲ ခရီးသွားသွား သင်နဲ့ အတူ ယူသွားရတဲ့အိတ်ကတော့ အနားမှာ အမြဲရှိနေသင့်ပါတယ်။ သူ့ထဲမှာ

    • အင်ဆူလင်နဲ့ ဆေးထိုးပြွန်တွေ
    • ဆီးချိုတိုင်းစက်၊ stripပြားနဲ့ ဘက်ထရီအပို
    • သောက်ဆေးများ
    • မှတ်ပုံတင်နဲ့ ဆီးချိုရှိကြောင်း ပြသတဲ့ ကတ်
    • သွေးအတွင်း သကြားပမာဏ နည်းခြင်းကို ကုသဖို့ ကွတ်ကီး၊ ချိစ့်၊ အသီးနဲ့ ချိုသောအရာများ (သကြားလုံး၊ glucose ဆေးပြား) ပါဝင်တဲ့ မုန့်များ

    ဒါ့ပြင် လိုအပ်ရင်ပြသဖို့ ကိုယ်တည်းမယ့်နေရာနဲ့ အနီးစပ်ဆုံးမှာ ဆေးရုံ၊ ဆေးခန်းကိုပါ ရှာထားသင့်ပါတယ်။

    • အစာကောင်းကောင်းစားပါ။

    ကားနဲ့ ခရီးသွားမယ်ဆိုရင် လမ်းမှာ စားဖို့နဲ့ ကိုယ်လိုအပ်တဲ့အချိန်စားဖို့ပါ မုန့်တွေကို သယ်သွားသင့်ပါတယ်။ လမ်းမှာ စားမယ်ဆိုရင်လည်း ဘယ်လိုစားသောက်ဆိုင်မျိုးကို ဖြတ်သွားရမယ်ဆိုတာနဲ့ သူတို့ရဲ့ အစားအသောက်စာရင်းကို ကြိုတင် လေ့လာထားသင့်ပါတယ်။

    လေယာဉ်နဲ့ ခရီးသွားမယ် ဆိုရင်တော့ လေယာဉ်ပေါ်မှာ ဘယ်လိုအစားအစာမျိုးစားလို့ရတယ်ဆိုတာ လေ့လာပါ။ ဖြစ်နိုင်မယ်ဆိုရင် သကြား၊ အဆီနဲ့ ကိုလက်စထရောဓာတ်နည်းတဲ့ အရာတွေကို စားသောက်သင့်ပါတယ်။

    လိုရမယ်ရ ဗိုက်မဆာအောင် မုန့်အနည်းငယ်ကိုလည်း ထည့်ယူသွားပါ။ ခရီးသွားစဉ် အလွယ်တကူယူသွားနိုင်ပြီး မပျက်ဆီးနိုင်တဲ့ အစာတွေကို ထည့်သွားပါ။

    ရောက်တဲ့နေရာမှာလဲ ဘယ်လိုအစားအစာတွေ ဝယ်လို့ရတယ်ဆိုတာ ကြိုရှာထားသင့်ပါတယ်။ ဒါမှသာ ကာဗိုဟိုက်ဒရိတ်နဲ့ အခြား အာဟာရပမာဏတွေကို ကြိုတင်မှန်းဆလို့ ရမှာ ဖြစ်ပါတယ်။

    • အင်ဆူလင် ယူဆောင်သွားပါ။

    အင်ဆူလင်ကို တိုက်ရိုက်နေရောင်အောက် (သို့) ပူနေတဲ့ ကားပေါ်မှာ မထားသင့်ပါဘူး။ အေးတဲ့နေရာမှာထားပါ။ လေယာဉ်ပေါ်မှာ အင်ဆူလင် ထိုးမယ်ဆိုရင် အင်ဆူလင် ပုလင်းထဲကို လေမထိုးထည့်ပါနဲ့။

    • အချိန်မတူတဲ့ နေရာတွေကို ခရီးသွားမယ်ဆိုရင်

    တကယ်လို့ အချိန်မတူတဲ့နေရာတွေကို ခရီးသွားမယ်ဆိုရင် အင်ဆူလင်ထိုးချိန်တွေအတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ခရီးသွားစဉ် ဘယ်လိုထိုးရမယ်ဆိုတာကို ပြောပေးနိုင်ပါတယ်။

    အစားအစာတွေ ပုံမှန်စားဖို့နဲ့ အင်ဆူလင်ထိုးချိန်တွေအတွက် သင်ရောက်ရှိတဲ့ မနက်အထိ ခရီးစတင်ထွက်ခွာလာတဲ့ နိုင်ငံရဲ့ အချိန်ကိုသာ အသုံးပြုသင့်ပါတယ်။ ဒါတွေအပြင် ခရီးစဉ်တလျှောက်မှာ

    • ကျန်းမာအောင် နေထိုင်ပါ။
    • သွေးတွင်းသကြားဓာတ် ပမာဏကို ပုံမှန် စစ်ဆေးပါ။
    • အစားအစာတွေကို ယူဆောင်လာပါ။
    • လှုပ်လှုပ်ရှားရှားနေပါ။
    • သက်သောင့်သက်သာ ရှိမယ့်ဖိနပ်တွေကို စီးပါ။ ဖိနပ်မပါဘဲ လျှောက်မသွားပါနဲ့။
    • နေ့စဉ် ခြေထောက်ကို စစ်ဆေးပါ။ အရေကြည်ဖုတွေ၊ ပြတ်ရှဒဏ်ရာတွေ၊ ရောင်ရမ်းမှုတွေ၊ အနီရောင်သန်းတာတွေ၊ ကုတ်ခြစ်ဒဏ်ရာတွေ ဖြစ်ရင် ဆေးကုသမှု ခံယူပါ။

    ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ပျော်ရွှင်ဖွယ် ခရီးတစ်ခု ဖြစ်ပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement