- ပြုပြင်ထားသည့် အဆီပါဝင်သည့် အစားအစာများ
သဘာဝ အဆီမဟုတ်ဘဲ စက်ရုံတွေကနေ ဓာတုဗေဒနည်းနဲ့ ပြုပြင်ပြီးထုတ်လုပ်ထားတဲ့ အဆီတွေဟာလည်း ဆီးချိုသမားတွေရဲ့ ကျန်းမာရေးအခြေအနေကို ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ဒီအဆီတွေဟာ ဟိုက်ဒရိုဂျင်ပမာဏကို မြင့်တက်စေပြီး ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ unsaturated fatty acids ကို ဖန်တီးနိုင်ပါတယ်။ ပြုပြင်ယူထားတဲ့ အဆီတွေကို ထောပတ်၊ မြေပဲထောပတ်၊ ဒိန်ခဲအပျော့၊ နို့မှုန့်နဲ့ အေးခဲအစားအစာတစ်ချို့မှာ ပါရှိပါတယ်။
- ပေါင်မုန့်ဖြူ၊ ပါစတာနှင့် ဆန်
အဖြူရောင် အဆင်းရှိတဲ့ ပေါင်မုန့်၊ ဆန်နဲ့ ပါစတာခေါက်ဆွဲတွေဟာ ကာဘိုဟိုက်ဒြိတ်ဓာတ်များပြားတာမို့ ဆီးချိုသမားတွေနဲ့ မသင့်လျော်ပါဘူး။ ဒီလို အစားအစာမျိုးတွေဟာ သွေးတွင်း သကြားဓာတ်ကို သိသိသာသာ တိုးစေပြီး Type 1 ဆီးချိုသမားတွေရော Type 2 ဆီးချိုသမားတွေအတွက်ပါ မသင့်လျော်တာဖြစ်ပါတယ်။ ဒါ့အပြင် ပိုမိုဆိုးရွားတဲ့ အခြေအနေမှာ ဦးနှောက်လုပ်ဆောင်ချက်တွေကိုပါ ကျဆင်းစေမှာဖြစ်ပါတယ်။
အဆိုပါအစားအစာတွေမှာ ဖိုက်ဘာဓာတ် အနည်းအကျဉ်းသာပါဝင်တာမို့ သွေးတွင်းက သကြားဓာတ် ကို ခန္ဓာကိုယ်က စုပ်ယူနိုင်အားနည်းပါးစေပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ဖိုက်ဘာဓာတ်ဖြည့်တင်းထားတဲ့ ပေါင်မုန့်ဖြူမျိုးတွေ တီထွင်ဖန်တီးလာတာဖြစ်ပြီးတော့ အဆိုပါ ပေါင်မုန့်မျိုးတွေကတော့ သွေးတွင်းသကြားပမာဏ လျော့နည်းစေဖို့ အထောက်အကူပြုနိုင်ပါတယ်။
- သစ်သီးအရသာ ဖြည့်စွက်ထားသည့် ဒိန်ချဉ်များ
သဘာဝ ဒိန်ချဉ်ဟာ ဆီးချိုဝေဒနာရှင်တွေကို အကျိုးပြုတဲ့ အစားအစာ အမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် သစ်သီးအရသာ ဖြည့်စွက်ထားတဲ့ ဒိန်ချဉ်တွေကတော့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုရှိတာကို သတိထားဖို့ လိုအပ်ပါတယ်။
အရသာဖြည့်စွက်ထားတဲ့ ဒိန်ချဉ်တွေမှာ သဘာဝအတိုင်း မဟုတ်ဘဲ ပြုပြင်ဖန်တီးထားတဲ့ နို့ထွက်ပစ္စည်းတွေ ပါဝင်နေပါတယ်။
အဆိုပါ လူလုပ်နို့ထွက်ပစ္စည်းတွေဟာ သကြားဓာတ်ရော၊ ကာဘိုဟိုက်ဒြိတ်ဓာတ်ပါ ပမာဏ အများအပြားပါရှိနေတာမို့ ဆီးချိုသမားတွေအတွက်တော့ လုံးဝမသင့်တော်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။