ဆီးချိုရှိနေလို့ ကိုယ့်ကိုယ်ကို စိတ်ပျက်အားငယ်နေတဲ့သူများရှိလား။ ဆီးချိုရှိပေမယ့် အနေအထိုင် အာဟာရစားသုံးမှုတွေကိုသေချာဂရုစိုက်မယ်ဆိုရင် သာမန်လူတစ်ယောက်လို သက်တမ်းစေ့စေ့နေလို့ရပါတယ်နော်။ ဆီးချိုဝေဒနာရှိသူအတွက် အရေးအကြီးဆုံးကတော့နေထိုင်မှုပုံစံနဲ့ နေ့စဉ်စားသောက်မှုပုံစံပါ။ ဒီအချက်တွေကို ဟန်ချက်ညီအောင်ထိန်းနိုင်မယ်ဆိုရင် ဆီးချိုသမားတွေဟာလည်း သာမန်လူတွေလိုပဲ သက်တမ်းစေ့စေ့နေနိုင်မှာပါ။
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံဆိုတာ ဘာလဲ
ဆီးချိုရှိတာနဲ့ လူဖြစ်ရှုံးသလိုကြီးမတွေးစေချင်ပါဘူး။ ဆီးချိုက ကုသလို့မရပေမယ့် အကောင်းဆုံးဂရုစိုက်မယ်ဆိုရင်တော့ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်မှာ အသေအချာပါ။ ဒီတစ်ခေါက်တော့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာကိုပြောပြပေးပါရစေနော်။
ကျန်းမာရေးနဲ့ညီညွတ်အောင်စားပါ – ဒီအချက်က ဆီးချိုရှိသူတွေအတွက်တော်တော်လေးအရေးပါတဲ့ အချက်ပါ။ အစားအသောက်က သွေးချိုအပေါ်မှာ အဓိကသက်ရောက်နေတာပါ။ အစားစားတဲ့အခါ စားကောင်းတယ်ဆိုပြီး အများကြီးတစ်ခါတည်းစားလိုက်တာမျိုးမလုပ်ပါနဲ့။ အစားစားတဲ့အခါ နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားပေးပါ။ အစား စားတဲ့အခါ ဟင်းသီးဟင်းရွက်များများပါအောင်စားပြီး သကြားနဲ့ အဆီဓါတ်ပါတဲ့ အစားအစာတွေကို နည်းနည်းလောက်ပဲစားပေးပါ။ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေကိုလည်း အကန့်အသတ်နဲ့စားပါ။
အစားပုံမှန်စားပါ –အစား စားတဲ့အချိန်ကို တိတိကျကျလေးသတ်မှတ်ပြီး စားပေးပါ။ မနက်စာ၊ ညစာပေါင်းစားတာမျိုးမလုပ်ပါနဲ့။သွေးတွင်းသကြားဓါတ်အပေါ်မှာ ထိခိုက်မှုရှိနိုင်တာကြောင့် မနက်စာ၊ နေ့လယ်စာနဲ့ ညနေစာတို့ကို အချိန်အတိအကျလေးသတ်မှတ်ပြီးစားပေးပါ။
လေ့ကျင့်ခန်းလုပ်ပါ – အရင်ကကိုယ်လက်လှုပ်ရှားမှု မလုပ်ခဲ့ဘူးဆိုရင်တောင်မှာ အခုချိန်မှာ လှုပ်လှုပ်ရှားရှားလေးနေဖို့ပြောပါရစေ။ ဆီးချိုထိန်းဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ မဖြစ်မေနလိုအပ်တာပါ။ မနက်ခင်းမှာ လမ်းလျှောက်တြာဖစ်ဖြစ်၊ စက်ဘီးစီးတာမျိုးဖြစ်ဖြစ် သက်တောင့်သက်သာလုပ်လိုပရတဲ့ လေ့ကျင့်ခန်းလေးတွေကို တစ်နေ့ကို ၁၅ မိနစ်လောက်လုပ်ပေးပါ။ ခန္ဓါကိုယ်ကျန်းမာစေပြီး သွေးတွင်းသကြားဓါတ်ကို ပါထိန်းညှိပြီးသားဖြစ်မှာပါ ဒီလိုလုပ်ပေးတာက နောက်ထပ်အကျိုးကျေးဇူးတစ်ရပ်အနေနဲ့ နှလုံးရောဂြါဖစ်နိုင်ခြေကို ပါကျဆင်းစေတာပါ။
စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ပါ – စိတ်ဖိစီးတဲ့အခါသွေးတွင်းသကြားဓါတ်ကမြင့်တက်လာတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဆီးချိုရောဂါခံစားနေရတယ်ဆိုရင် စိတ်ဖိစီးစေမယ့်အရာတွေကို တတ်နိုင်သမျှရှောင်ပါ။ယောဂကစားတာ၊ အသက်ရှုလေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာလိုမျိုး စိတ်တည်ငြိမ်စေမယ့် အရာတွေကိုလုပ်ပြီး စိတ်ဖိစီးမှုတွေကိုရှောင်ရှားပေးပါ။
ဆေးလိပ်ဖြတ်ပါ – ဆီးချိုရှိသူတွေက အခြားသူတွေထက်နှလုံးရောဂါ၊ မျက်စိရောဂါ၊လေဖြတ်တာ၊ကျောက်ကပ်ရောဂါနဲ့သွေးကြောဆိုင်ရာရောဂါ၊ အာရုံကြောတွေထိခိုက်တာ၊ခြေထောက်ပြဿနာတွေခံစားရနိုင်ခြေပိုများပါတယ်။ဆေးလိပ်သောက်မယ်ဆိုရင် ဒီဖြစ်နိုင်ခြေတွေကို ပိုဆိုးသွားစေမျာ အသေအချာပါ။ ဒါကြောင့်ဆေးလိပ်ဖြတ်လိုက်တာက ကျန်းမာစေဖို့ အထောက်အကူပြုနိုင်မှာပါ။
အရက်လျှော့သောက်ပါ – အရက်၊ဘီယာနဲ့ ဝိုင်တွေသောက်မထားဘူးဆိုရင်သွေးတွင်းသကြားဓါတ်ကိုထိန်းညှိရတာပိုမိုလွယ်ကူပါတယ်။ ဆီးချိုရှိသူတွေအနေနဲ့ အရက်ကိုကြိုက်လို့သောက်မယ်ဆိုရင်တောင်မှ တစ်နေ့ကို နှစ်ခွက်ထက်ပိုမသောက်သင့်ပါဘူး။ အယ်လ်ကိုဟောကသွေးတွင်းသကြားဓါတ်ကို အရမ်းမြင့်သွားစေနိုင်သလို အရမ်းကျသွားတာမျိုးလည်းဖြစ်စေနိုင်ပါတယ်။
ဆေးပုံမှန်သောက်ပါ – ဆီးချိုရောဂါအတွက် ဆရာဝန်က ညွှန်ကြားထားတဲ့ဆေးတွေကိုဆေးညွှန်းအတိုင်း အတိအကျလိုက်နာသောက်သုံးဖို့လိုအပ်ပါမယ်။ ဒါကလည်း ဆီးချိုသမားတစ်ယောက် ကျန်းမာနေစေဖို့ မဖြစ်မနေ လိုက်နာသင့်တဲ့ အချက်တစ်ချက်ပါ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။