backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 05/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ

ခေတ်စနစ်တွေတိုးတက်လာနေသလို ရောဂါဖြစ်ပွားမှုနှုန်းတွေကလည်း အဆက်မပြတ် တိုးလာနေပါတယ်။ လေ့လာမှု စစ်တမ်းတွေအရ ကမ္ဘာတလွှားမှာ ဆီးချိုဝေဒနာ ခံစားနေရသူအရေအတွက်က သိသိသာသာကို မြင့်တက်လာနေပါတယ်။ ဆီးချိုဝေဒနာက မျိုးဗီဇဖွဲ့စည်းမှု၊ မျိုးရိုးလိုက်တာ၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်က အကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါက လူတစ်ဦးချင်းစီနဲ့ ခံစားနေရတဲ့ ဆီးချိုအမျိုးအစားပေါ်မှာလိုက်ပြီး ကွာခြားနိုင်ပါတယ်။ အခုတစ်ခေါက် ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။

ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ

ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း တွေကို သေချာလေး လေ့လာကြည့်ရအောင်နော်။

အမျိုးအစား – ၁ ဆီးချိုရောဂါဘာကြောင့်ဖြစ်ရတာလဲ

ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်အတွက် အင်ဆူလင် ထုတ်ပေးတဲ့ ပန်ကရိယဆဲလ်တွေကို ဖျက်ဆီးလိုက်တဲ့ အချိန်မှာ အမျိုးအစား – ၁ ဆီးချိုရောဂါဖြစ်လာရတာပါ။ ခန္ဓာကိုယ်က အင်ဆူလင်ပမာဏကို လုံလောက်အောင်မထုတ်နိုင်တဲ့အခြေအနေကြောင့် အမျိုးအစား – ၁ ဆီးချိုရောဂါစဖြစ်လာပါတယ်။

အမျိုးအစား – ၁ ဆီးချိုရောဂါက အသက် ၄၀ မတိုင်ခင်မှာဖြစ်တာများပါတယ်။ ဆယ်ကျော်သက်အရွယ်မှာဖြစ်တာမျိုးလည်းရှိပါတယ်။ ဆီးချိုဝေဒနာရှင် အများစုရဲ့ ၁၀ ရာခိုင်နှုန်းက အမျိုးအစား – ၁ ဆီးချိုရောဂါရှင်တွေပါ။ အမျိုးအစား – ၁ ဆီးချိုဝေဒနာသည်တွေက အင်ဆူလင်ထိုးဖို့ လိုအပ်မှာဖြစ်ပါတယ်။

အမျိုးအစား -၁ ဆီးချိုရောဂါ ဖြစ်နိုင်တယ်လို့ ယူဆတဲ့ တခြားအကြောင်းအရင်းတွေက –

  • ရောဂါပိုး ဒါမှမဟုတ် ဘက်တီးရီးယားပိုးကူးစက်ခံရတာ
  • အစားအသောက်တွေထဲမှာပါတဲ့ ဓာတုဆေးဝါးတွေ
  • မျိုးရိုးလိုက်တာ

အမျိုးအစား – ၂ ဆီးချိုရောဂါဘာကြောင့်ဖြစ်ရတာလဲ

အမျိုးအစား -၂ ဆီးချိုရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ မိသားစုဝင်တစ်ဦးဦးမှာ အမျိုးအစား – ၂ ဆီးချိုရောဂါ ဖြစ်ဖူးရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။

မျိုးရိုးရှိတာကြောင့် အမျိုးအစား – ၂ ဆီးချိုရောဂါ ဖြစ်ရတာကအများဆုံးပါ။

မျိုးရိုးရှိတာနဲ့ ဆီးချိုဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ်ရဲ့ နေထိုင်စားသောက်ပုံနဲ့လည်း ဆိုင်ပါသေးတယ်။ အမျိုးအစား -၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ များစေတဲ့ တခြားအကြောင်းရင်းတွေကတော့

ကိုယ်ဝန်ဆောင်ဆီးချို ဘာကြောင့်ဖြစ်ရတာလဲ

ကိုယ်ဝန်ဆောင် ဆီးချိုရောဂါဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာ မသိရသေးပါဘူး။ ဒါပေမယ့် ဒီအချက်တွေကြောင့်တော့ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်နိုင်ပါတယ်။

  • ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးတဲ့ မျိုးရိုးရှိနေတာ
  • အဝလွန်နေတာ
  • မျိုးဥအိမ်မှာ အလုံးအကျိတ်လေးတွေအများကြီးဖြစ်နေတာတွေကြောင့် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်နိုင်ပါတယ်။

ဆီးချိုရောဂါ အကြိုလက္ခဏာတွေက

ဆီးချိုရောဂါ အကြိုအဆင့်ဆိုတာ သွေးတွင်း သကြားဓာတ်က ပုံမှန်ထက်မြင့်တက်နေပြီး ဆီးချို ဖြစ်နေပြီလို့ ပြောရလောက်တဲ့အထိ မြင့်တက်နေတာမျိုး မဟုတ်တာ။ ခန္ဓာကိုယ်က ဆဲလ်တွေက အင်ဆူလင်ကို ခုခံနိုင်စွမ်းများလာတာ ဖြစ်ပါတယ်။

လေ့လာမှုတွေအရ ဆီးချိုရောဂါ အကြိုလက္ခဏာ အဆင့်မှာတင် သွေးကြောစနစ်တွေ ထိခိုက်ပျက်စီးတာနဲ့ နှလုံးထိခိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

အမျိုးအစား – ၁ ဆီးချိုရောဂါ နဲ့ အမျိုးအစား – ၂ ဆီးချိုရောဂါလက္ခဏာတွေက –

  • ဆီးခဏခဏသွားတာ
  • ရေအရမ်းငတ်တာ
  • ကိုယ်အလေးချိန်ကျလာတာ
  • ခဏခဏဆာတာ
  • ခြေကုန်လက်ပန်းကျတာ
  • အရေပြားပြဿာနာတွေခံစားရတာ
  • အနာကျက်နှေးတာ
  • မှိုပိုးကူးစက်တာ
  • ခြေဖျားလက်ဖျားတွေ ထုံကျဉ်တာ

ဆီးချို ရောဂါ အကြိုလက္ခဏာ ဒါမှမဟုတ် ဆီးချို ဖြစ်တဲ့ လက္ခဏာတွေ ရှိနေပြီလို့ သံသယ ရှိတယ်ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့လိုအပ်မှာဖြစ်ပါတယ်။

ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း နဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေကို သေသေချာချာ သိရှိသွားပြီ ဆိုတော့ သေချာလေး ကာကွယ်လိုက်တော့နော်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 05/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement