ဆီးချိုရောဂါ အကြောင်း
ဆီးချိုရောဂါ အကြောင်း ......... ဆီးချိုသွေးချိုရောဂါဆိုတာက နာတာရှည်ရောဂါတစ်မျိုးပါ။ သွေးတွင်းမှာ ဂလူးကို့စ်ပမာဏတွေ (သွေးတွင်းသကြားဓာတ်) အလွန်အကျွံ များနေတာကို ဆိုလိုတာပါ။ သွေးချိုဆီးချိုမှာ အမျိုးအစားတွေက ၅ မျိုးအထိ ရှိပါတယ်။ အမျိုးအစား (၁) ဆီးချို၊ အမျိုးအစား (၂) ဆီးချို၊ ကိုယ်ဝန်ဆောင်ဆီးချို၊ လူငယ်တွေမှာဖြစ်တတ်တဲ့ ဆီးချို maturity onset diabetes of young (MODY)နဲ့ ခုခံအားတုံ့ပြန်မှု မမှန်တာကြောင့် လူငယ်တွေမှာ ဖြစ်တဲ့ ဆီးချို (LADA) ဆိုပြီးပေါ့။ သုတေသီတွေက အခုလက်ရှိမှာ သွေးတွင်းသကြားဓာတ် ပမာဏက ဦးနှောက်ကျန်းမာရေးနဲ့ အတော်လေး ဆက်စပ်နေတာကြောင့် အယ်လ်ဇိုင်းမားကို တစ်ခါတလေမှာ အမျိုးအစား (၃) ဆီးချိုရောဂါလို့ သတ်မှတ်တာမျိုး ရှိကြပါတယ်။ ဒီရောဂါက နေထိုင်မှုပုံစံ၊ မျိုးဗီဇအကြောင်းအရာတွေ၊ အသက်အရွယ်တွေနဲ့ […]