-အက်စစ်ဓာတ်များတဲ့ အစားအစာတွေ၊ အရည်တွေကို မကြာခဏသောက်တာ
GERD လို့ ခေါ်တဲ့ စားချဉ်ရည်ပြန်တဲ့ ရောဂါမှာဆိုရင် အစာအိမ်ထဲက အက်စစ်တွေ အပေါ်ကို ဆန်တက်လာတဲ့ အတွက် သွားနဲ့ အက်စစ်နဲ့ ထိတွေ့ပြီး ပျက်စီးလာပါတယ်။ နောက်ပြီး မကြာခဏ အန်တတ်တဲ့ အူလမ်းကြောင်းရောဂါ gastroparesis နဲ့ အစားအသောက်မူမှန်ရောဂါ bulimia မှာလည်း အက်စစ်ဓာတ်တွေ ပြန်ပြန်ထွက်တဲ့အတွက် ကြွေလွှာတွေပါးပြီး သွားကျဉ်တတ်ပါတယ်။
ရေစီးကမ်းပြိုတဲ့အခါ သွားအမြစ်တွေ ပေါ်လာတာကြောင့် အလွယ်တကူ သွားကျဉ်တတ်ပါတယ်။
သွားပိုးစားတာ၊ သွားကျိုးတာ၊ သွားပဲ့တာ စတာတွေမှာလည်း သွားအမြစ်တွေ ပေါ်လာတဲ့အတွက် သွားကျဉ်တတ်ပါတယ်။
သွားပေါက်ဖာတာ၊ သွားချေးခြစ်တာ၊ အရောင်ချွတ်တာ စတာတွေ လုပ်နေတဲ့ အချိန်မှာ ခဏ တစ်ဖြုတ် သွားကျဉ်တတ်ပါတယ်။ လုပ်တဲ့ သွားပဲ ကျဉ်နိုင်သလို၊ ဘေးက သွားတွေပါ လိုက်ကျဉ်နိုင်ပါတယ်။ ရက်အနည်းငယ်ကြာရင်တော့ အလိုလို သက်သာသွားပါတယ်။
သွားကျဉ်တာကို ဘယ်လို စစ်ဆေးမလဲ။
သွားကျဉ်တာကို ခံစားနေရပြီဆိုရင် သွားဆရာဝန်နဲ့ အရင်ဆုံးပြသင့်ပါတယ်။ ဒါမှ သွားကို စစ်ဆေးပြီး အပေါက်ရှိလား၊ သွားနဲ့နေတာလား၊ ရေစီးကမ်းပြိုနေတာလားဆိုတာ သိနိုင်မှာပါ။ လိုအပ်ရင် ဓာတ်မှန်လည်း ရိုက်ရပါမယ်။
သွားကျဉ်တာကို ဘယ်လိုကုကြမလဲ။
- သွားကျဉ်တာက သိပ်မပြင်းထန်ဘူးဆိုရင် အပြင်မှာ အလွယ်ဝယ်လို့ရတဲ့ ဆေးတွေနဲ့တင် အဆင်ပြေပါတယ်။ (ဥပမာ အကိုက်အခဲပျောက်ဆေး)
- သွားကျဉ်တာအတွက် သီးသန့်ထုတ်ထားတဲ့ သွားတိုက်ဆေးကို သုံးနိုင်ပါတယ်။ ဒီသွားတိုက်ဆေးတွေမှာ သွားကျဉ်တာကို သက်သာစေတဲ့ ပစ္စည်းတွေ ပါဝင်ပြီး သွားအမြစ်မှာ ကျဉ်တာမခံစားရအောင် လုပ်ပေးပါတယ်။
- အာလုပ်ကျင်းဆေးရည် သုံးမယ်ဆိုရင်လည်း alcohol မပါတာကို ရွေးဝယ်ပါ။ Alcoholက သွားကို ကျဉ်စေပါတယ်။
- သွားကျဉ်တဲ့ သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ သွားပွတ်တံ အပျော့စားကို ရွေးဝယ်ပါ။ သွားကို ညင်ညင်သာသာတိုက်ပါ။
တော်တော်များများကတော့ ဒီနည်းလမ်းတွေနဲ့ သက်သာသွားကြပါတယ်။ ဒါနဲ့မှ မသက်သာရင် သွားဆရာန်နဲ့ ပြသပြီး ကုသမှု ခံယူပါ။ နောက်ပြီး ကြွေလွှာတွေ ပျက်စီးစေတဲ့ ရောဂါကိုလည်း ကုသရမှာပါ။ ဥပမာပြောရရင်
- GERD အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း ဆရာဝန်နဲ့ ပြသပါ။
- အစာစားလွန်းသောရောဂါ bulimiaအတွက် စိတ်ရောဂါ ဆရာဝန်နဲ့ ပြသပါ။
- သွားပေါက်ရှိတာ၊ ရေစီးကမ်းပြိုတာ၊ သွားပိုးစားတာတွေအတွက် သွားဆရာဝန်နဲ့ ပြသပါ။
- သွားမကြိတ်အောင် အိပ်ရာမဝင်ခင် ကဖင်းရှောင်ပါ။ စိတ်ဖိစီးမှု လျှော့ချပါ။ လိုအပ်ရင် mouthguard တပ်အိပ်ပါ။
သွားကျဉ်တာ ဘယ်လောက်ဆိုးလဲ ဆိုတာ ကျဉ်ဖူးတဲ့ သူတွေ ကောင်းကောင်း သိပါတယ်။ တစ်ခါကျဉ်လိုက်ရင် အသက်ရှူဖို့ မေ့မေ့သွားပါတယ်။ သွားကျဉ်တာက နောက်ကွယ်မှာ တခြားရောဂါတွေ ရှိနေနိုင်တဲ့ အတွက် ဒါတွေကို ကုဖို့ မမေ့သင့်ပါဘူး။ မကုဘဲ ထားရင် ပိုဆိုးဖို့ပဲ ရှိတာပါ။ ဒါကြောင့် ဒီထက်ပိုပြီး မပျက်စီးရင် ကုသကြပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။