ခံတွင်းနံ့ဆိုး ဖြစ်စေတဲ့အကြောင်းရင်းတွေမှာ ဆေးလိပ်သောက်ခြင်းလည်း ပါဝင်တယ်နော်။ ဆေးလိပ်သောက်တတ်တဲ့လူတွေမှာ ခံတွင်းမပြောနဲ့၊ ချွေးနံ့ကပါ ဆေးလိပ်နံ့ထွက်နေတတ်တာပါ။ ခံတွင်းနံ့ဆိုးတာက အလုပ်ခွင်မှာ၊ လူမှုဆက်ဆံရေးမှာ အတော်လေး ကသိကအောက်ဖြစ်ရတဲ့ ပြဿနာဆိုတာ ကြုံဖူးသူတွေသိပါတယ်။