သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

လူကြီးဖြစ်တဲ့အထိ လက်မစုပ်တဲ့အကျင့် မပျောက်သေးဘူးလား

လက်မ သို့မဟုတ် လက်ချောင်းလေးတွေ စုပ်တယ်ဆိုတာ ပုံမှန် အသက် မွေးကင်းစ နို့စို့တဲ့ ကလေးအရွယ်ကနေ ၅ နှစ်လောက်ထိ သူ့အလိုလို ဖြစ်တတ်တဲ့ အကျင့်ပါ။ ၅ နှစ်နောက်ပိုင်း ကျောင်းစတက်တဲ့အခါ ဒီအကျင့်က ပျောက်သွားတတ်သလို မပျောက်ဘဲ ကြီးတဲ့အထိ လက်မစုပ်နေတတ်တဲ့ သူတွေလည်း ရှိပါတယ်။ လူကြီးဖြစ်တဲ့အထိ လက်မစုပ်တဲ့ အကျင့်က ဘာလို့ မပျောက်သွားတာလဲ။ လက်မစုပ်ရတဲ့ အကြောင်းရင်းကို အခုချိန်ထိ တိတိကျကျ ရှာဖွေဖော်ထုတ်နိုင်ခြင်းတော့ မရှိသေးပေမဲ့ လူကြီးတွေမှာ ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ စိုးရိမ်ပူပန်ခြင်း လျော့ကျစေပြီး စိတ်ကို သက်သောင့်သက်သာ ဖြစ်စေဖို့ ကူညီပေးနိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။ ကလေးအရွယ်မှာ များသောအားဖြင့် အကြောင်းရင်းမရှိဘဲ ပါးစပ်ထဲ လက်မထည့် စုပ်နေတတ်ပြီး နို့ဆာတဲ့ အခါမျိုး၊ ကိုယ့်ဦးနှောက် အသိဉာဏ်ထဲမှာ ရင်းနှီးနေတဲ့ […]


သွားပြဿနာများ

ငယ်ငယ်ရွယ်ရွယ်နဲ့ သွား မကျိုးချင်ရင် ဒါတွေရှောင်ပါ

သွား လေးတွေ လှပချင်တာတော့ လူတိုင်းပါပဲ။ သွားကျန်းမာချင်၊ သွားလှချင်ရင် သွားမှန်မှန်တိုက်ရုံနဲ့ မလုံလောက်ပါဘူး။ သွားထိခိုက်ပျက်စီးစေမယ့် အမူအကျင့်တွေကို ရှောင်သင့်ပါတယ်။ သွားတွေကို ထိခိုက်စေတဲ့ အရာ ကိုယ် ဘာတွေ လုပ်မိနေလဲ ဆက်ပြီး ဖတ်ကြည့်ပါနော်။ (၁) လက်သည်း ကိုက်ခြင်း တချို့က စိတ်လှုပ်ရှားနေတဲ့အချိန် လက်သည်းကိုက်တတ်တယ်ဆိုပေမယ့် တချို့ကျတော့ လက်သည်းညှပ်နဲ့ ညှပ်ရမှာ ပျင်းလို့ သွားနဲ့ကိုက်ပြီး တိပစ်ကြတာပါ။ လက်သည်း ကိုက်ခြင်းက လက်သည်းတိုသွားဖို့ အလွယ်ဆုံးနည်းလမ်း ဖြစ်နိုင်ပေမယ့် တကယ်တမ်း သင်မသိတာက သွားကို ထိခိုက်စေတယ် ဆိုတဲ့ အချက်ပါပဲ။ လက်သည်း ကိုက်တာက တကိုယ်ရည်သန့်ရှင်းမှုအတွက် မကောင်းတဲ့ အပြင် သွားအပေါ်ယံကြွေလွှာ ကိုပါ ထိခိုက်စေနိုင်ပါတယ်။ လက်သည်း မကိုက်မိအောင် သတိထားဖို့ အတွက် လက်သည်း အတုတပ်ခြင်း၊ အရသာခါးတဲ့ လက်သည်းဆိုးဆေး […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ပြုံးအလှပိုင်ရှင်လေးတွေ ဖြစ်ဖို့ဆိုရင်

‘သူ့ အပြုံးလေးက လှလိုက်တာ’ လို့ ချီးမွမ်းခံရရင် လူတိုင်းနီးပါး ကြေနပ်ပီတိဖြာနေတတ်ကြတယ်မဟုတ်လား။ လှပတဲ့ အပြုံးလေးတွေ ပိုင်ဆိုင်ချင်စိတ်ဟာ လူတိုင်းရဲ့ အတွင်းစိတ်သန္နန်ထဲမှာ ရှိနေတတ်တဲ့ မျှော်လင့်ချက်လေးတစ်ခုလို့ဆိုပါတယ်။ အပြုံးလှလှလေးတွေ ပိုင်ဆိုင်ဖို့ဆိုတဲ့ ကိစ္စဟာ ရုပ်ရည်ချောမောလှပခြင်း၊ မလှပခြင်းနဲ့ တိုက်ရိုက်ကြီး မဆိုင်ပါဘူး။ ကြည်လင်သန့်စင်ပြီး နှစ်လိုဖွယ်ရှိတဲ့ အပြုံးမျိုးပိုင်ဆိုင်ဖို့ဆိုတာက ပြုပြင်လုပ်ယူလို့ရတဲ့ ကိစ္စတစ်ခုပါ။ လှပတဲ့အပြုံးတစ်ခုပိုင်ဆိုင်နိုင်ဖို့ဆိုရင် အဓိက အချက် ၂ ချက်ရှိပါတယ်။ ဒါတွေကတော့ စိတ်ထဲကနေ နှစ်နှစ်ခြိုက်ခြိုက် စိတ်ပါလက်ပါပြုံးဖို့နဲ့ ဖြူဖွေးညီညာ လှပတဲ့သွားလေးတွေ ပိုင်ဆိုင်ထားဖို့ပါပဲ။ ဒီအချက် နှစ်ချက်ဟာ အရေးအပါဆုံး အချက်တွေဖြစ်ပါတယ်နော်။ လှပတဲ့ နှစ်လိုဖွယ် အပြုံးလေးတွေဖန်တီးနိုင်ဖို့ စိတ်ပါလက်ပါပြုံးပြရတာက သိပ်ခက်ခဲလှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ညီညာပြီး ဖြူဖွေးလှပတဲ့ သွားလေးတွေပိုင်ဆိုင်ဖို့ကတော့ အချိန်ယူရတတ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ နည်းလမ်း ၆ သွယ်ကတော့ […]


သွားပြဿနာများ

မထင်မှတ်ပဲ သင့်ရဲ့သွားလှလှလေးတွေကို ပျက်စီးစေမယ့် အရာ ၆ ခု

လူတိုင်းနီးပါးဟာ ဖြူဖွေးလှပတဲ့ သွားလေးတွေနဲ့ ယုံကြည်ချက်ရှိရှိလှပနေတဲ့ အပြုံးမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒီအပြုံးနဲ့ ဒီသွားတွေဟာ ဆက်စပ်နေတယ်ဆိုတာကိုတော့ လူတိုင်း သိကြမှာပါ။ ဒီလို သွားလှလှလေးတွေကို ပိုင်ဆိုင်ဖို့ ကြိုးစားကြရင်း တစ်ခါတစ်ရံမှာ ကိုယ်မထင်မှတ်ထားတဲ့ အစားအစာတွေနဲ့ သွားကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းတစ်ချို့က ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကို တားဆီးနေတယ်ဆိုတာကို သိပါရဲ့လား။ တစ်ချို့သော အစားအစာတွေနဲ့ သွားတိုက်ဆေးတွေဟာ သင့်ရဲ့ သွားလေးတွေ လှလှပပဖြစ်မလာအောင်၊ ဖျက်ဆီးနိုင်စွမ်းရှိနေပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုတာ သိထားရင် သတိထားပြီး ရှောင်ကျဉ်လို့ရနိုင်မှာမို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။ သံပုရာရေနွေး ရေနွေးထဲကို သံပရာတစ်ခြမ်းလောက် ထည့်ပြီး သောက်ပေးတာက ခန္တာကိုယ်ရဲ့ Immune System ကို အလွန်အကျိုးရှိစေနိုင်သလို ခန္တာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်၊ ဝိတ်ကျတယ်လို့လည်း ယုံကြည်ကြပါတယ်။ လူသုံးများတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သိပ္ပံနည်းကျ လေ့လာချက်တွေအရ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ဆေးလိပ်သောက်တတ်ပါသလား။ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ခံတွင်းနံ့ဆိုးမဖြစ်အောင် ဒီလိုလုပ်ပါ

တကယ်လို့ ကိုယ်က ဆေးလိပ်သောက်တတ်သူတစ်ယောက်ဆိုပါစို့။ ခံတွင်းကနေ ရနံ့ဆိုးတွေ ထွက်ဖို့ လုံးဝ သေချာနေပါပြီ။ ခံတွင်းနံ့ဆိုးတာဟာ ဖြစ်နေကြပြဿနာတစ်မျိုးဖြစ်ပေမယ့် နည်းနည်းတော့ စိတ်ညစ်စရာကိစ္စလို့ ဆိုရပါမယ်။ ဟုတ်တယ်လေ၊ ပုံပြင်တွေထဲကလို ကြာညိုနံ့လေးသင်းနေတဲ့ ခံတွင်းရနံ့မျိုးလေးပဲ ဘယ်သူမဆို လိုချင်ကြမှာပေါ့။ တကယ်လို့ သင့်ခံတွင်းကနေ အနံ့ဆိုးတွေ ထွက်နေပြီဆိုရင် ပတ်ဝန်းကျင်က လူတွေဆီကနေ မသိမသာနဲ့ ရှောင်ဖယ်လိုတဲ့ လက္ခဏာတချို့ စမြင်လာရပါလိမ့်မယ်။ ကိုယ်နဲ့ စကားမပြောချင်တာလိုမျိုး၊ စကားခဏတဖြုတ်ပြောပြီး စကားစပြတ်သွားတာလိုမျိုးပေါ့။ ကိုယ်က သူတို့ကို နှုတ်ဆက်တဲ့ အနေနဲ့ နမ်းရှုံ့မိမယ်ဆိုရင်တော့ သူတို့ မချိပြုံး ပြုံးသွားတာမျိုး၊ ခပ်တွန့်တွန့်ဖြစ်သွားတာမျိုးကိုပါ မြင်ရပါလိမ့်မယ်။ တကယ်လို့များ ကိုယ့်ခံတွင်းက အနံ့ဆိုးထွက်နေပြီလားလို့ သံသယဝင်မိလာရင် ဘယ်လို သိနိုင်မလဲ... ကိုယ့်ရဲ့လက်ကောက်ဝတ်ကို ပါးစပ်နားကပ်ပြီး “ဟား” ခနဲ ခံတွင်းနံ့ နည်းနည်းမှုတ်ထုတ်ပေးလိုက်ပါ။ ပြီးရင်း နမ်းကြည့်၊ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ခံတွင်းအနံ့ဆိုး တာကို သက်သာစေမယ့် သကြားလုံး

ခံတွင်းအနံ့ဆိုး လို့ လူအများကြားမှာ စကားမပြောရဲတာမျိုး၊ စကားပြောရင်း အခြားသူက နှာခေါင်းကို ပွတ်လိုက်တဲ့အခါဖြစ်ဖြစ်၊ မျက်နှာ နည်းနည်းမဲ့သွားရင်တောင် ကိုယ့်ခံတွင်းက အနံ့ဆိုးထွက်နေလို့လားဆိုပြီး စိတ်မလုံခြုံသလို ခံစားနေရတာမျိုးရှိလား...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ခံတွင်းနံ့ဆိုးတာကို သက်သာစေမယ့် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလေးတွေကို ပြောပြပေးထားပါတယ်။ ခံတွင်းအနံ့ဆိုး ဆိုတာဘာလဲ.... ခံတွင်းနံ့ဆိုး ဆိုတာက ပါးစပ်ကနေ အနံ့ဆိုးတစ်ခုခုထွက်နေတာပါ။ မနက်ခင်း အိပ်ရာထချိန်မှာတော့ တစ်ညလုံးအိပ်စက်နေချိန်မှာ ခံတွင်းထဲမှာ တံထွေးထွက်ရှိမှု နည်းတာကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားတာကနေတဆင့် ခံတွင်းအနံ့ဆိုးဖြစ်နိုင်ပါတယ်။ မနက်ခင်း သွားမတိုက်ရသေးခင် မဟုတ်ဘူး၊ အနံ့ပြင်းတဲ့အစားအစာ တစ်ခုခု စားပြီးချိန်မဟုတ်ဘူး။ ဒါပေမယ့် ခံတွင်းအနံ့မကောင်းဘူးဆိုရင် သေချာတာက သင့်မှာ ခံတွင်းအနံ့ဆိုးရှိနေပါပြီ။ ဘာတွေကများ ခံတွင်းအနံ့ဆိုးစေတာလဲ...... ခံတွင်းအနံ့ဆိုးစေတဲ့ အချက်တွေကတော့ အများကြီးပါပဲ။ အစားအစာကြောင့် စားသောက်မှုပုံစံကြောင့် ခံတွင်းသန့်ရှင်းမှု အားနည်းလို့ သွား နဲ့ သွားဖုံးကျန်းမာရေး […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ခံတွင်းအနံ့ဆိုး စေသော အစားအစာ ၁၀မျိုး

တစ်နေ့တစ်နေ့ သွားလာလှုပ်ရှား အလုပ်လုပ်နေသူတွေအတွက် ခံတွင်းအနံ့ဆိုး တာက စိတ်ရှုပ်စရာပါ။ ကိုယ်တိုင်လည်း စိတ်ညစ်ရသလို သူများကိုလည်း အားနာရပါတယ်။ ခံတွင်းအနံ့ဆိုး တာက ခံတွင်းထဲမှာရှိတဲ့ စားကြွင်းစားကျန်တွေကို ဘက်တီးရီးယားတွေက ဖြိုခွဲလိုက်တဲ့အခါ အနံ့ဆိုးတွေ ထွက်လာလို့ပါ။ ဒါက ပုံမှန်ဖြစ်စဉ်ပါ။ တချို့သောအစားအစာတွေကတော့ ခံတွင်းနံ့ကို ပိုဆိုးစေပါတယ်။ သူတို့ကို ချေဖျက်ပြီးတဲ့အခါ ဓာတ်တွေက သွေးထဲကိုရောက်သွားပါတယ်။ အဲဒီကနေတဆင့် အဆုတ်ကိုရောက်ပြီး အသက်ရှူထုတ်လိုက်တဲ့အခါ အနံ့ပြန်ထွက်လာပါတယ်။ ဒါဆို ခံတွင်းနံ့ဆိုးထွက်စေတဲ့ ထိပ်တန်းအစားအစာ ၁၀ မျိုးကို ပြောပြပေးပါမယ်။ (၁) ကြက်သွန်ဖြူ ပါးစပ်နံစေတဲ့ အစားအစာကို ပြောပါဆိုရင် ပရိတ်သတ်အယောက် ၁၀၀ရဲ့အဖြေက ကြက်သွန်ဖြူပါပဲ။ ကြက်သွန်ဖြူ မှာပါတဲ့ ဆာလ်ဖာဓာတ်က ခံတွင်းအနံ့ဆိုးကို ဖြစ်စေပါတယ်။ (၂) ကြက်သွန်နီ နောက်တစ်ခုကတော့ ကြက်သွန်နီပါ။ ကြက်သွန်နီကလည်း ကြက်သွန်ဖြူလိုပဲ ဆာလ်ဖာပါတဲ့အတွက် ခံတွင်းအနံ့ကို ဆိုးစေပါတယ်။ […]


သွားနှင့်မေးရိုးခွဲစိတ်ကုသမှုများ

အံဆုံးသွားက နှုတ်ကိုနှုတ်မှ ဖြစ်မှာလား

အံဆုံးသွားဆိုတာ ဆယ်ကျော်သက်အရွယ် ကျွန်တော်တို့အံသွားတွေရဲ့ နောက်ဆုံးဘက်မှာ ပေါက်တဲ့ သွားကိုခေါ်တာပဲဖြစ်ပါတယ်။ အပေါ်နဲ့ အောက်၊ ဘယ်နဲ့ ညာ စုစုပေါင်း အံဆုံးသွား ၄ချောင်းပေါက်နိုင်ပြီး အခြေအနေပေါ် မူတည်၍ နှုတ်ရတာလည်းရှိသလို နှုတ်ဖို့မလိုတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုအခြေအနေမှာ အံဆုံးသွားက ပြဿနာဖြစ်တာလဲ။ အံဆုံးသွားပေါက်ကာစတော့ အနည်းနဲ့အများနာတတ်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ အံသွားအနောက်သွားဖုံးအတွင်းကနေ ဖောက်ပြီး အပြင်ကိုထွက်လာတာကြောင့် ဖြစ်ပါတယ်။ မေးရိုးက အံဆုံးသွား ထွက်လာနိုင်တဲ့အထိ မကြီးတဲ့အခါ ပုံမှန်အတည့်အတိုင်းထွက်မလာဘဲ အရှေ့မှာရှိနေတဲ့ အံသွားတွေနဲ့ တိုက်မိတာ၊ ဘေးကနေ ဖောက်ထွက်တာ၊ သွားဖုံးပေါက်နေတဲ့နေရာမှာ ဘက်တီးရီးယားပိုးဝင်ပြီး ကိုက်ခဲတာ၊ အလွန်အမင်းနာကျင်တာမျိုး ဖြစ်စေပါတယ်။ သွားဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ အံဆုံးသွားပေါက်နေတဲ့အနေအထားက ပုံမှန်မဟုတ်ဘူးဆိုတာ သိရတဲ့အချိန် အံဆုံးသွားဖယ်ရှားဖို့ကို အကြံပေးမှာဖြစ်ပါတယ်။ အံဆုံးသွား မနှုတ်ရင်ရော ရလား။ အံဆုံးသွားက ပုံမှန်လမ်းကြောင်းအတိုင်း ပေါက်နေတာမျိုး၊ အပြီးအစီးပေါက်ပြီးသွားလို့ နာကျင်တာ၊ သွေးထွက်တာမျိုး […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ဆားငန်ရည်နဲ့ ခံတွင်းကျန်းမာရေး အကျိုးပြုပုံ

ဆားငန်ရည်ဆိုတာ ခံတွင်းကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်တဲ့ အိမ်တွင်းဆေးဝါးတစ်လက်ပါပဲ။ သွား၊ လျှာ၊ သွားဖုံး၊ လည်ချောင်းကိုလည်း သန့်ရှင်းပေးတယ်။ သွားကိုက်၊ သွားနာ၊ အနာပေါက်တာ၊ ခံတွင်းအနံ့ဆိုးဖြစ်တာ၊ လည်ချောင်းနာတာ၊ သွားနှုတ်ပြီးချိန်မှာ သွားဖုံးထဲ ပိုးမဝင်စေဖို့နဲ့ အနာကျက်မြန်စေဖို့ ဆားငန်ရည်နဲ့ ပလုတ်ကျင်းတတ်ကြပါတယ်။ ဆားငန်ရည်နဲ့ ပလုတ်ကျင်းဖို့ သွားနဲ့ခံတွင်းဆရာဝန်တိုင်း ဘာလို့အကြံပြုတာလဲ။ အလွယ်ကူဆုံးနဲ့ ဘေးထွက်ဆိုးကျိုးမရှိသလောက် နည်းသလို အိမ်တိုင်းမှာလည်း ဆားတွေ အလွယ်တကူဆောင်ထားတတ်ကြတာဆိုတော့ သုံးဖို့လည်း အဆင်ပြေစေပါတယ်။ ကုန်ကျစရိတ်လည်း နည်းတယ်။ လုပ်ဖို့အတွက် အချိန်စက္ကန့်ပိုင်းလောက်ပဲ ပေးရတာကြောင့် ဆားငန်ရည်နဲ့ အမြဲပလုတ်ကျင်းဖို့ အကြံပြုရခြင်း ဖြစ်ပါတယ်။ ဆားငန်ရည်ဟာ ခံတွင်းကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုပေးနိုင်လဲ။ ၁။ ပါးစပ်ထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သန့်စင်ပေးတယ်။ သွားတိုက်တံနဲ့ အလွယ်တကူ မရောက်နိုင်တဲ့ သွားကြားထဲက ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးနိုင်တယ်။ ၂။ သွားသေချာမတိုက်ခြင်းကြောင့် အပေါ်ယံသွားကြွေလွှာပေါ် အကျိအချွဲတက်ခြင်းကို […]


သွားပြဿနာများ

ရေခဲဝါးစားတတ်တာ အကျင့်ဖြစ်နေပြီလား။ သွားပျက်စီးမယ် သတိထား

ကလေး၊ လူငယ်၊ လူကြီးမရွေး တော်တော်များများမှာ ရှိနေတတ်တဲ့ အမူအကျင့်တစ်ခုပါ။ အအေးခွက်လေး သောက်နေရင်း ကုန်သွားတဲ့အခါ ခွက်အောက်မှာ ကျန်နေတဲ့ ရေခဲတုံးလေးတွေကို ပါးစပ်ထဲကောက်ထည့်ပြီး ဝါးစားပစ်လိုက်ရင် အရမ်းအရသာရှိတာပေါ့။ အဲ့လို ရေခဲလေး ဝါးစားလိုက်လို့ ကိုယ့်အတွက် ဘာအန္တရာယ်မှ မရှိလောက်ဘူးလို့ ထင်ရင်တော့ မှားသွားလိမ့်မယ်ဗျ။ ရေခဲဝါးစားခြင်း နောက်ကွယ်က ကြောက်စရာကောင်းတဲ့ အရာတွေ ၁။ ရေခဲတစ်တုံးရဲ့ အပြင်ထုထည်သည် အရမ်းမာလွန်းပါတယ်။ အဲ့လိုမာလွန်းတဲ့အရာတွေကို သွားနဲ့ မကြာခဏ ကိုက်ပြီးဝါးတဲ့အခါ သွားရဲ့ အပေါ်ယံကြွေလွှာကို ပျက်စီးစေသလို အသက်ငယ်ငယ်နဲ့ သွားတွေပွန်းပဲ့တာ၊ သွားကျိုးလွယ်တာ၊ သွားမကောင်းတာတွေ ဖြစ်တတ်ပါတယ်။ ၂။ ရေခဲကိုမှ တမ်းတမ်းစွဲ ဝါးမစားရမနေနိုင်ဖြစ်ခြင်းဟာ စားသောက်ပုံစံမမှန်တဲ့ စိတ်ရောဂါ (Eating Disorder) တွေထဲမှာ ပါဝင်ပါတယ်။ သူ့ကို Pagophagia သို့မဟုတ် Pica လို့လည်း […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)