ပီကေဝါးပါ – ဆေးလိပ်သောက်တဲ့အခါ ခံတွင်းခြောက်ပြီး ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားနိုင်တာကြောင့် သွား နဲ့ ခံတွင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် ပီကေဝါးပေးတာကလည်း နည်းလမ်းကောင်းတစ်ရပ်ပါ။ အချိုပါဝင်မှုနည်းတဲ့ ပီကေကို ဝါးပေးပါတာက တံထွေးထွက်ရှိမှုကိုကောင်းစေပြီး ခံတွင်းထဲက ဘက်တီးရီးယားတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်မှာပါ။
ဆေးသကြားလုံး ငုံပါ – ဆေးလိပ်သောက်တာကြောင့် ခံတွင်းခြောက်ပြီး ခံတွင်းပြဿနာတွေဖြစ်လာမှာကို တားဆီးပေးနိုင်တဲ့ နောက်ထပ်နည်းလမ်းကောင်းတစ်ခုက ဆေးသကြားလုံးငုံတာပါပဲ။ သဘာဝ ဆေးဖက်ဝင်ပစ္စည်းလေးတွေ ပါဝင်ထုတ်လုပ်ထားတဲ့ ဆေးသကြားလုံးတွေက ဆေးလိပ်ကြောင့်ဖြစ်တဲ့ ခံတွင်းနံ့ဆိုး ကင်းစေသလို ဆေးလိပ်ကြောင့်ထိခိုက်ခဲ့တဲ့ ခံတွင်းကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေမှာပါ။

သွားပွတ်တံ ပုံမှန် လဲလှယ်ပါ – သွားပွတ်တံကို ပုံမှန် ၃ လတစ်ကြိမ်လောက်လဲလှယ်ပေးပါ။ သွားပွတ်တံက အနားတွေဖွာနေပြီဆိုရင် ဆက်မတိုက်ပါနဲ့။ သွားပွတ်တံရွေးတဲ့အခါမှာလည်း Brush နုနုလေးဖြစ်နေတာမျိုးကို ရွေးသုံးပါ။ ဒါမှ သွားကြိုသွားကြားမကျန် သန့်စင်ပေးနိုင်မှာဖြစ်သလို သွားချေးတွေကို အကောင်းဆုံး သန့်စင်ပေးနိုင်မှာဖြစ်ပါတယ်။
၆ လတစ်ကြိမ် ပုံမှန်စစ်ဆေးမှုခံယူပါ – သွားတွေမှာ ပိုးပေါက်တွေရှိနေလား၊ ခံတွင်းပြဿနာတွေ ရှိနေလားဆိုတာကို သိစေဖို့ အနည်းဆုံး ၆ လတစ်ကြိမ် စစ်ဆေးပြီး လိုအပ်တဲ့ ကုသမှုကို ခံယူပါ။ ဒီလိုခံယူတာက သွားကျန်းမာရေးကို ဂရုစိုက်ရာကျသလို ခံတွင်းအနံ့ဆိုးမဖြစ်အောင် ကာကွယ်ရာလည်းရောက်ပါတယ်။
ဆေးလိပ်ဖြတ်ပါ – ဆေးလိပ်ကြောင့် ဖြစ်လာမယ့် ခံတွင်း ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် အကောင်းဆုံးကတော့ ဆေးလိပ်ဖြတ်တာပါပဲ။ ဆေးလိပ်မသောက်တော့ဘူးဆိုရင် ခံတွင်းမှာ သွေးစီးဆင်းမှုကောင်းပြီး အနာဖြစ်တာ၊ သွားပျက်စီးတာ၊ အရောင်ပြောင်းတာ ခံတွင်းနံ့ဆိုးတာတွေ ကင်းသွားပြီး ကျန်းမာတဲ့ သွားနဲ့ခံတွင်းကို ပိုင်ဆိုင်စေမှာပါ။
ဆေးလိပ်က ငွေကုန်ကြေးကျများသလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တာကြောင့် အကောင်းဆုံးကတော့ ဆေးလိပ်ဖြတ်တာပါပဲ။ ဆေးလိပ်မဖြတ်နိုင်ဘူးဆိုရင် ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်ဖို့ ပြောပါရစေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။