နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!

ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှုပုံစံတွေကြောင့် အခုနောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းတဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေးကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေအနေက […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွေးတိုးရောဂါ

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

နှလုံးရောဂါ

သင်၏နှလုံးကျန်းမာရေးအတွက်အစားအစာလမ်းညွှန်

နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများမှ ကာကွယ်ရန်မှာ လေ့ကျင့်ခန်းလုပ်ခြင်း၊ အစာအာဟာရစသော နေထိုင်မှုပုံစံများ လိုအပ်ပါသည်။ သင့်တင့်လျောက်ပတ်သော အစာအာဟာရသည် နှလုံးကို ကျန်းမာအောင် ထိန်းသိမ်းထားခြင်းဖြင့် နှလုံးရောဂါဖြစ်မည့်အန္တရာယ်ကို လျှော့ချပေးသည့်အပြင် နှလုံးနှင့် သွေးကြောရောဂါများအတွက် အဓိကဗဟိုကျသော ကုသမှုတစ်ခုလည်းဖြစ်သည်။ ကျန်းမာသောနှလုံး ပိုင်ဆိုင်နိုင်ရန်အတွက် သင်၏နေ့စဉ်အာဟာရတွင် ပါဝင်သင့်သည့်အစားအစာများကို ဤဆောင်းပါးတွင်ဖော်ပြသွားမည်။ နှလုံးကျန်းမာစေမည့် အစားအစာများ နှံစားပင်တို့၏အစေ့အဆန်များ နှံစားပင်တို့၏ အစေ့အဆန်များသည် အမျှင်နှင့်အာဟာရဓာတ်များကြွယ်ဝပြီး သွေးဖိအားနှင့်နှလုံးရောဂါတို့ကို ပုံမှန်ဖြစ်အောင် ထိန်းပေးပြီး သွေးလွှတ်ကြောများပိတ်ခြင်းကိုလည်း ကာကွယ်ပေးသည်။ ကိုလက်စထရော (သွေးတွင်းအဆီဓာတ်) ကျစေရန် အစားအစာများတွင် အစေ့အဆန်မျိုးစုံကို တွဲဖက်စားသောက်ပေးပါ။ ဆန်လုံးညို၊ ဘာလီ၊ ပန်းဂျုံ၊ ပြောင်း၊ အုတ်ဂျုံစသော အစေ့အဆန်များကို စားသုံးသင့်သည်။ အိုမီဂါသရီးပါဝင်သောအစားအစာများ အိုမီဂါသရီးသည် ရောင်ရမ်းခြင်းကို ကျစေသည့်အပြင် ကိုလက်စထရောကိုလည်း ကျစေပြီး သွေးကြောများပိတ်ခြင်း၊ သွေးကြောများမာကြောခြင်းကိုလည်း ကာကွယ်ပေးကာ သွေးပေါင်ကိုကျစေ၍ နှလုံးခုန်နှုန်းမမှန်ခြင်းကိုလည်း ကာကွယ်ပေးသည်။ အိုမီဂါသရီးပါဝင်သော အစားအစာများမှာ ပုစွန်၊ […]


သွေးတိုးရောဂါ

သွေးတိုးတက်စေနိုင်တဲ့ လက်နက်ပုန်းတွေ သင်သတိထားမိရဲ့လား

အငန်များတာတွေမစားပါနဲ့ ဆိုလို့ ဟင်းထဲ ဆားလျှော့ချက်တယ်။ ငါးပိ၊ငါးခြောက် မစားဘူး၊ အငန်လျှော့စားတယ်ဆိုပေမယ့်သွေးပေါင်တက်နေတုန်းပဲ။ ဆိုတော့သွေးပေါင်တက်စေတဲ့ တရားခံတွေကရှိနေတာသေချာပါပြီ။နေထိုင်မှုပုံစံနဲ့ စိတ်ဖိစီးမှုကလွဲရင် အစားအသောက်ကို အရင်ဆင်ခြင်ရမှာပါပဲ။ ကိုယ် စားနေတဲ့ အစားအသောက်တွေထဲက ကိုယ်မသိလိုက်တဲ့ အငန်ဓါတ်များတာတွေပါနေနိုင်ပါတယ်။ ပေါင်မုန့် ကာဗိုဟိုက်ဒရိတ်နဲ့ အမျှင်ဓါတ်ပါဝင်မှုမြင့်မားပြီး ခွန်အားပြည့်စေတာကြောင့် အရေးပါတဲ့အာဟာရတစ်ခုပါ။ ဒါပေမယ့် ပေါင်မုန့်တွေက အရသာငန်မနေရင်တောင် အငန်ဓါတ်ပါဝင်မှုနဲ့ဆိုဒါတွေကြောင့်သွေးဖိအားမြင့်တက်စေနိုင်ပါတယ်။ သကြားလျှော့၊ အငန်လျှော့တဲ့ ပေါင်မုန့်တွေကလွဲလို့ ဈေးကွက်မှာဖြန့်ချိထားတဲ့ပေါင်မုန့်အများစုမှာတော့ ထုတ်လုပ်မှုမှာတည်းက ဆားပါဝင်မှုများတတ်ပါတယ်။ ပီဇာ ပေါင်မုန့်လိုပဲ ပီဇာမှာ အငန်ဓါတ်ပါဝင်မှုများပါတယ်။ အငန်လျှော့စားနေတဲ့သူတစ်ယောက်ဆိုရင်တော့ ပီဇာကိုပါရှောင်ပါတော့။ ခရမ်းချဉ်သီးအနှစ်တွေနဲ့ ဆော့စ်အတော်များများမှာ အငန်ဓါတ်များတယ်(အကင်ဆော့စ်ဆိုပိုဆိုးပါတယ်)၊ ချိစ်မှာလည်း အငန်ပါတယ်၊ ပီဇာမှာထည့်တဲ့ toppingတွေ(ပြုပြင်စီမံထားတဲ့ အသားပြား/ကြက်အူချောင်းစတာတွေပါဝင်နိုင်)မှာလည်း အငန်ဓါတ်က ပါနေမှာဆိုတော့ ပစ်မလွဲတရားခံဖြစ်နေပါတယ်။ အေးခဲအသား စူပါမားကတ်တွေမှာရေခဲရိုက်ပြီး ကြာကြာထားထားတဲ့အသားတွေ၊ဈေးထဲကရေခဲရိုက်ငါးတွေမှာ အငန်ပါနေတတ်ပါတယ်။ ဆားသိပ်မထည့်ဘဲ ငန်နေတတ်တဲ့ ငါးတွေ စားဖူးကြတယ်မဟုတ်လား။နောက်တစ်ခုကပြုပြင်စီမံထားတဲ့ ကြက်အူချောင်း၊ဟော့ဒေါ့၊ အသားပြားတွေ၊ နိုင်ငံခြားကဝင်တဲ့ အသားတွေ […]


သွေးတိုးရောဂါ

သွေးတိုးကျအောင် စားပေးသင့်တဲ့ အစားအစာများ

ပေါ့ဆလို့ မရတဲ့ ရောဂါတွေထဲမှာ သွေးတိုးရောဂါလည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ့်မှာ သွေးတိုးရှိလို့ ရှိမှန်းတောင် မသိနိုင်ပဲ ရောဂါအခြေအနေဆိုးကာမှ ကျန်းမာရေးကို ဆိုးရွားစွာ ဒုက္ခပေးနိုင်တာကြောင့် သွေးတိုးရောဂါကို အသံတိတ်လူသတ်သမားလို့တောင် ခေါ်စမှတ်ပြုကြပါတယ်။ ကိုယ့်မှာ သွေးတိုးရှိပြီဆိုတာ သိရပြီဆိုတာနဲ့ သွေးတိုးကျဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့ အလွန်အရေးကြီးပါတယ်။ အစာအာဟာရကို ဂရုစိုက်ပြီး စနစ်တကျ ပြင်ဆင်ချက်ပြုတ်ဖို့ အရေးကြီးသလို ဆီ၊ ဆား၊ သကြား လျှော့စားဖို့လည်း မမေ့သင့်ပါဘူး။ သွေးတိုးကနေတစ်ဆင့် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါတွေအပြင် ရုတ်တရက်တက်ခြင်း၊ သတိလစ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်သည်အထိ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ကြုံလာရနိုင်ပါတယ်။ ကျား၊ မ မရွေး၊ လူမျိုးမရွေး၊ အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ကုသမှုမရှိ၊ နေထိုင်စားသောက်မှု ပုံစံကို ဂရုမစိုက်ဘူးဆိုရင်တော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေအထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်က သွေးတိုးရှိလို့ […]


သွေးတိုးရောဂါ

သွေးတိုးရောဂါရှိတာလား ဒါတွေစားပါ

သွေးတိုးပြောတော့သာ ဘာမှမဟုတ်သလို တကယ်တော့သွေးတိုးက အသံတိတ်လူသတ်သမားလို့တောင်ဆိုလို့ရပါတယ်။ အချို့ဆိုသွေးတိုးရှိလို့ ရှိနေမှန်းမသိဘဲ စားသောက်နေထိုင်မှုကိုသေချာဂရုမစိုက်မိတာကြောင့် မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။သွေးတိုးကြောင့် ဆိုးရွားတဲ့ ထိခိုက်မှုတွေ မဖြစ်စေဖို့ ဒီဆောင်းပါးလေးကနေ သိထားရင်မမှားတဲ့ အကြောင်းအရာလေးတွေကိုပြောပြပေးမယ်နော်။ သွေးတိုးဆိုတာ ဘာလဲ သွေးတိုးဆိုတာကသွေးကြောတွေထဲမှာသွေးဖိအားတွေ အရမ်းများလာတဲ့အခြေအနေတစ်ခုပေါ့။သွေးကြောနံရံတွေကို အားနဲ့ ဖိတိုးမိနေတာမျိုးပါ။ ဒီလိုမျိုး ကြိမ်ဖန်များစွာဖြစ်လာတဲ့ အခါသွေးကြောနံရံတွေ ထိခိုက်ပျက်စီးလာပါတယ်။ ဒီလိုကနေတဆင့် နှလုံးရောဂါ၊လေဖြတ်တာ၊ကျောက်ကပ်ထိခိုက်တာနဲ့ အခြားသောကျန်းမာရေးပြဿနာတွေရင်ဆိုင်ရနိုင်ပါတယ်။သွေးတိုးရောဂါက လက္ခဏာတွေမပြတတ်သလို၊ ရှိလို့ရှိနေမှန်းတောင်မသိလိုက်ရဘဲ အချိန်ကြာမြင့်စွာခံစားနေရတတ်ပါတယ်။ ဒါကြောင့်လည်းသွေးတိုးကို အသံတိတ်လူသတ်သမားလို့ခေါ်တာပေါ့။ ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံလောက်ကသွေးတိုးရောဂါခံစားနေရတာပါ။ ဒါကြောင့်သွေးတိုးရောဂါကမဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးဖြစ်မှာပါ။ တကယ်လို့သွေးတိုးရောဂါရှိနေပြီ ဆိုရင်လည်း အစားအသောက်ကိုသေချာလေးစားသုံးပြီး ကျန်းမာရေးကိုဂရုစိုက်ပါနော်။ သွေးတိုးရှိနေသူတွေ စားသုံးပေးသင့်သည်များ သွေးတိုးရှိနေပြီဆိုရင် အစားအသောက်ကို ပုံမှန်ထက်ပိုဂရုစိုက်ဖို့ လိုအပ်မှာပါ။ ဒီတော့နေ့စဉ်စားသုံးမှုမှာ အခုပြောတဲ့ စားစရာလေးတွေပါဝင်အောင် စားသုံးပေးနော်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ - ပိုတက်ဆီယမ်ကသွေးတိုးကျစေပြီး ကိုယ်တွင်း ကပိုလျှံနေတဲ့ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ဆိုတာဘာလဲ။

နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ က ခြေထောက်မှာပဲ အဖြစ်များတဲ့ အတွက် ခြေထောက်က သွေးပြန်ကြောေလးတွေအကြောင်း အရင်ပြောပြချင်ပါတယ်။ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောတွေက နှလုံးဆီကို သွေးတွေပြန်ပို့တဲ့ တာဝန်ကိုလုပ်ဆောင်ရပါတယ်။ သူတို့မှာ နှလုံးဆီကိုပဲ မူတည်တဲ့ တစ်ဖက်ပွင့်အဆို့ရှင်တွေပါပြီး သွေးတွေ ခြေထောက်ထဲကို ပြန်စီးဝင်ခြင်းကို တားဆီးပေးပါတယ်။ ဒါကြောင့် ခြေသလုံးကို ကိုယ်ခန္ဓါရဲ့ ဒုတိယ နှလုံးလို့လည်းခေါ်ကြပါတယ်။ နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ဆိုတာဘာလဲ။ ။ နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ဆိုတာ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောတွေ ပုံမှန်မဟုတ်တော့ဘဲ ရောဂါ ဖြစ်နေတာကို ခေါ်တာပါ။ နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ထဲမှာဆို သွေးတွေကို နှလုံးဆီပို့ဖို့ ညှစ်လိုက်တဲ့ အခါတိုင်း သွေးပြန်ကြောထဲက အဆို့ရှင်တွေ မလုံတာကြောင့် ခြေထောက်မှာ သွေးတွေပြန်အိုင်လာတဲ့ အတွက် ခြေထောက်တွေ ဖောလာတာ၊ ( Venous insufficiency) […]


သွေးတိုးရောဂါ

သွေးတိုးရဲ့ နောက်ဆက်တွဲကြောင့် နှလုံးအမောဖောက်ခြင်း (Hypertensive Heart Failure)

HypertensiveHeart Failure ဆိုတာ သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ နှလုံးကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘဲ အမောဖောက်လာတာဖြစ်ပါတယ်။ သွေးတိုးဆိုတာကလည်း ကမ္ဘာ့လူဦးရေရဲ့ ၃၀ရာခိုင်နှုန်းလောက်ကို ကောင်းကောင်းကြီး ဒုက္ခပေးနေတဲ့ ရောဂါတစ်ခုပါ။ မြန်မာနိုင်ငံမှာလည်း လူတိုင်းနီးပါးမှာကို တွေ့နေရတဲ့ရောဂါတစ်ခုဖြစ်နေပါတယ်။ သွေးတိုးရောဂါကို ကောင်းကောင်း မထိန်းနိုင်သူတွေ အဖို့ သွေးတိုးခြင်းက အခြားအစိတ်ပိုင်းတွေဖြစ်တဲ့ နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်၊ မျက်စိ၊ ကိုယ်ခန္ဓါရှိသွေးကြောတွေကိုထိခိုက်စေပြီး နောက်ဆက်တွဲ အနေနဲ့ ဆိုးကျိုးတွေဖြစ်စေပါတယ်။ ခုပြောပြချင်တာကတော့ သွေးတိုးရဲ့ နောက်ဆက်တွဲဆိုးကျိုးထဲက အဖြစ်အများဆုံးဖြစ်တဲ့ သွေးတိုးကြောင့် နှလုံးကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘဲ နှလုံးအမောဖောက်လာတဲ့ အကြောင်းဖြစ်ပါတယ်။ Heart Failure (နှလုံးအမောဖောက်လာတယ်ဆိုတာဘာလဲ။ ။) အရင်ဆုံး နှလုံး အမောဖောက်တဲ့ အကြောင်း ပြောပြပေးချင်ပါတယ်။ နှလုံး အမောဖောက်တယ်ဆိုတာ နှလုံးကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာဖြစ်ပါတယ်။ နှလုံးနံရံက ကြွက်သားတွေကျုံ့ နိုင်ဆန့်နိုင်အားတွေ လျော့လာလို့ […]


ကိုလက်စထရောလ်

Xanthoma (ဇန်သိုးမား)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဇန်သိုးမား ဆိုတာဘာလဲ။ ဇန်သိုးမားဆိုတာ အရေပြားအောက်တွင် အဆီဖုများထွက်သော ရောဂါတစ်မျိုးဖြစ်ပါတယ်။ ထိုအဖုတွေဟာ ခန္ဓါကိုယ်အနှံ့ဖြစ်ပေါ်နိုင်သော်လည်း အောက်ပါတို့တွင်တော့ အများဆုံးဖြစ်ပေါ်တတ်ပါတယ်။ အဆစ်များ အထူးသဖြင့် ဒူးဆစ်၊ တံတောင်ဆစ် ခြေထောက် လက် တင်ပါး ဇန်သိုးမားဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများဇန်သိုးမားရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဇန်သိုးမားတွေဟာ အရွယ်အစားအမျိုးမျိုးရှိကြပါတယ်။ ပင်အပ်ခေါင်းအရွယ်ကနေပြီးတော့ စပျစ်သီးအရွယ်လောက်ထိ ရှိနိုင်ပါတယ်။ အရေပြားအောက်ရှိ အဖုပြားလေးတွေ ပုံသဏ္ဍန်ရှိပြီး တစ်ခါတစ်ရံ အဝါရောင်/လိမ္မော်ရောင် ရှိပါတယ်။ များသောအားဖြင့် နာကျင်မှုတော့ မဖြစ်စေပါဘူး။ ဒါပေမယ့်လည်း ကျိန်းစပ်စပ်နဲ့ ယားယံတာမျိုးတော့ ဖြစ်နိုင်ပါတယ်။ ခန္ဓါကိုယ်အနှံ့များစွာသော်လည်းကောင်း အစုလိုက်အပြုံလိုက်သော်လည်းကောင်း ပေါက်ကြပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

Bounding pulse (သွေးခုန်နှုန်းပြင်းထန်ခြင်း (ဘောင်းဒင်းပါ့စ်))

အဓိပ္ပါယ်ဖွင့်ဆိုချက်သွေးခုန်နှုန်းပြင်းထန်ခြင်းဆိုတာဘာလဲ။ သွေးခုန်နှုန်းပြင်းထန်ခြင်းဆိုတာ နှလုံးခုန်နှုန်းအရမ်းမြန်ပြီး ပြင်းထန်နေတာကို သွေးခုန်နှုန်းမှာ ခံစားရတာပါ။ သွေးခုန်နှုန်းက ပြင်းထန်နေမယ်ဆိုရင် ဘောင်းဒင်းပါ့စ်လို့ခေါ်နိုင်ပါတယ်။ ဆရာဝန်က ထိုကဲ့သို့သော သွေးခုန်နှုန်းကို နှလုံးခုန်ရင်တုန်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သောနှလုံးခုန်နှုန်းပြင်းထန်ခြင်းလို့ယူဆနိုင်ပါတယ်။ သွေးခုန်နှုန်းပြင်းထန်ခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများသွေးခုန်နှုန်းပြင်းထန်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဘောင်းဒင်းပါ့စ်ရှိမယ်ဆိုရင် နှလုံးက ပုံမှန်ထက်ပိုခုန်နေမယ်လို့ ခံစားရပါလိမ့်မယ်။ သင့်သွေးခုန်နှုန်းကို လည်ပင်းမှာ ခံစားရနိုင်ပါတယ်။ တစ်ခါတစ်ရံ အရေပြားအောက်မှာတောင် လှုပ်နေတဲ့သွေးခုန်နှုန်းလေးကို အားပြင်းတာကြောင့် မြင်ရနိုင်ပါတယ်။ နှလုံးက စည်းချက်မမှန်စွာခုန်နေမယ် သို့မဟုတ် နှလုံးခုန်းသံ တစ်ခုကို ကျော်ပြီးခုန်သွားမယ် သို့မဟုတ် အားပြင်သော အပိုနှလုံးခုန်သံတစ်ခုတိုးလာမယ် စသည်တို့ကို ခံစားရနိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ ဘောင်းဒင်းပါ့စ် အများစုက ရုတ်ချည်းဖြစ်ပေါ်လာပြီး စက္ကန့်အနည်းငယ်အတွင်းမှာ ပျောက်ကွယ်သွားကြကာ စိတ်ပူစရာမရှိပါဘူး။ […]


နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

Wolff-Parkinson-White Syndrome (ဝုဖ်-ပါကင်ဆန်-ဝိုက် ဆင်ဒရုန်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်ဝုဖ်-ပါကင်ဆန်-ဝိုက် ဆင်ဒရုန်း ဆိုတာဘာလဲ။ ဝုဖ်-ပါကင်ဆန်-ဝိုက် ဆင်ဒရုန်း (WPW) ဆိုတာ နှလုံးအပေါ်ခန်းနဲ့ အောက်ခန်းတို့ကြားမှာ အပိုလျှပ်စစ်စီးကြောင်းတစ်ခုပေါ်လာပြီး နှလုံးခုန်မြန်စေခြင်းဖြစ်ပါတယ်။ အပိုလျှစ်စစ်စီးကြောင်းက မွေးကတည်းကပါလာပြီး အတော်အသင့် ရှားပါးပါတယ်။ နှလုံးခုန်းမြန်ခြင်းတို့က အန္တရယ်မရှိကြသော်လည်း ဆိုးရွားတဲ့ နှလုံးပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကုသမှုတွေက ထိုနှလုံးခုန်မြန်ခြင်းကို ရပ်တန့်နိုင်စွမ်း/ကာကွယ်နိုင်စွမ်းရှိကြပါတယ်။ အပိုလျှပ်စစ်စီးကြောင်းရှိတဲ့ လူအများစုက နှလုံးခုန်မမြန်ကြပါဘူး။ ထိုအခြေအနေကို ဝုဖ်-ပါကင်ဆန်-ဝိုက် ပုံစံလို့ခေါ်ပြီး နှလုံးစစ်ဆေးမှုတွေမှာ ကံကောင်းလို့သာ တွေ့ရတတ်ပါတယ်။ များသောအားဖြင့် အန္တရယ်မရှိသော်လည်း ထိုပုံစံရှိတဲ့ကလေးတွေကို ပြင်းထန်တဲ့အားကစားတွေမပြုလုပ်ခင်မှာ နောက်ထပ်စစ်ဆေးမှုတွေ ထပ်လုပ်ဖို့လိုပါတယ်။ ဝုဖ်-ပါကင်ဆန်-ဝိုက် စင်ဒရုန်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ မွေးကင်းစကလေးငယ်တွေ အပါအဝင် အသက်အရွယ်မရွေး ထိုရောဂါဖြစ်ပွားနိုင်ပါတယ်။ အများစုပေါ်တဲ့ အသက်အရွယ်ကတော့ ဆယ်ကျော်သက်တွေနဲ့ အသက်၂၀ ဝန်းကျင်တွေ ဖြစ်ပါတယ်။ WPW စင်ဒရုန်းလူနာ ၁၀ကနေ ၃၀ရာခိုင်နှုန်းလောက်မှာ အေထရီရယ်ဖိုက်ဘရီလေးရှင်းလို့ခေါ်တဲ့ နှလုံးခုန်မမှန်ခြင်းမျိုးဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ […]


နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးကြွက်သားပုပ်ခြင်း အရေးပေါ်အခြေအနေ

နှလုံးဆိုတာ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေ အတွက် လိုအပ်တဲ့ အောက်စီဂျင်နဲ့ သွေးတွေကို ဖြန့်ဝေပေးသလို သူကိုယ်တိုင်အတွက်လည်း သွေးတွေ အောက်ဆီဂျင်တွေ ရဖိုရှိဖို့ လိုအပ်ပြီး နှလုံးသွေးကြောတွေကနေ ထောက်ပံ့ပေးပါတယ်။ အကြောင်းတစ်ခုခုကြောင့် နှလုံးသွေးကြောတွေ ပိတ်သွားမယ်၊ ကျဉ်းသွားမယ်ဆို နှလုံးကြွက်သားအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ ၊ အောက်စီဂျင်တွေကို မရနိုင်တော့ပါဘူး။ ဒီလို အောက်ဆီဂျင်ပြတ်တာ ကြာသွားရင် နှလုံးကြွက်သား ပုပ်သွားနိုင်ပါတယ်။ ဒါကို ဆေးပညာအရ Myocardial Infarction (နှလုံးကြွက်သားပုပ်သွားခြင်း) လို့ခေါ်ပါတယ်။ နှလုံးကြွက်သား ပုပ်ခြင်းကို အဓိက ဖြစ်စေတဲ့ အကြောင်းကဘာလဲ။ ။ နှလုံးကြွက်သား ပုပ်တာဟာ လုံလောက်တဲ့ အာဟာရဓါတ်တွေ၊ အောက်ဆီဂျင်တွေကို နှလုံးက မရတော့လို့ဖြစ်တာပါ။ ဘာကြောင့် မရတော့တာလဲဆိုရင် အောက်ဆီဂျင် သယ်လာတဲ့ သွေးကြောတွေက တစ်နေရာမှာ ကျဉ်းနေတာ၊ သွေးကြောပိတ်နေတာ ဆိုရင် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း