backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Xanthoma (ဇန်သိုးမား)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ဇန်သိုးမား ဆိုတာဘာလဲ။

ဇန်သိုးမားဆိုတာ အရေပြားအောက်တွင် အဆီဖုများထွက်သော ရောဂါတစ်မျိုးဖြစ်ပါတယ်။ ထိုအဖုတွေဟာ ခန္ဓါကိုယ်အနှံ့ဖြစ်ပေါ်နိုင်သော်လည်း အောက်ပါတို့တွင်တော့ အများဆုံးဖြစ်ပေါ်တတ်ပါတယ်။

  • အဆစ်များ အထူးသဖြင့် ဒူးဆစ်၊ တံတောင်ဆစ်
  • ခြေထောက်
  • လက်
  • တင်ပါး

ဇန်သိုးမားဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

ဇန်သိုးမားရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဇန်သိုးမားတွေဟာ အရွယ်အစားအမျိုးမျိုးရှိကြပါတယ်။ ပင်အပ်ခေါင်းအရွယ်ကနေပြီးတော့ စပျစ်သီးအရွယ်လောက်ထိ ရှိနိုင်ပါတယ်။ အရေပြားအောက်ရှိ အဖုပြားလေးတွေ ပုံသဏ္ဍန်ရှိပြီး တစ်ခါတစ်ရံ အဝါရောင်/လိမ္မော်ရောင် ရှိပါတယ်။ များသောအားဖြင့် နာကျင်မှုတော့ မဖြစ်စေပါဘူး။ ဒါပေမယ့်လည်း ကျိန်းစပ်စပ်နဲ့ ယားယံတာမျိုးတော့ ဖြစ်နိုင်ပါတယ်။

ခန္ဓါကိုယ်အနှံ့များစွာသော်လည်းကောင်း အစုလိုက်အပြုံလိုက်သော်လည်းကောင်း ပေါက်ကြပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက ဇန်သိုးမား ဖြစ်ပွားစေသလဲ။

ဇန်သိုးမားက သွေးတွင်း အဆီဓါတ်များခြင်းကြောင့် ဖြစ်ရတာပါ။ အောက်ပါရောဂါရင်းမြစ်တို့ ဖြစ်နေနိုင်ပါတယ်။

  • သွေးတွင်းအဆီဓါတ်များခြင်း၊ ကိုလက်စထရောများခြင်း
  • ဆီးချိုသွေချိုနှင့် သွေးတွင်းသကြားဓါတ်မြင့်စေသော အခြားရောဂါများ
  • သိုင်းရွိုက်ဟော်မုန်းနည်းခြင်း
  • အသည်းရှိ သည်ခြေပြွန်ပျက်စီးခြင်း
  • သည်ခြေရည်စီးဆင်းမှုရပ်တန့်ခြင်း/နှေးခြင်း
  • ကျောက်ကပ်တွင်းသွေးကြောများပျက်စီးခြင်း (Nephrotic Syndrome)
  • မိုနိုကလိုနယ်ဂမ်မိုပက်သီ အဆီနှင့်ဆိုင်သောဇီဝကမ္ပစနစ်ချို့ယွင်းခြင်းတို့လိုမျိုး သွေးရောဂါများ – အဆီများကိုခြေဖျက်ခြင်းလိုမျိုး ဒြပ်ပစ္စည်းများခြေဖျက်ခြင်းနှင့် ခန္ဓါကိုယ်အရေးကြီးလုပ်ငန်းဆောင်ဆာများအား ထိန်းသိမ်းမှုချို့ယွင်းသော မျိုးရိုးဗီဇရောဂါတစ်မျိုးဖြစ်ပါတယ်။
  • ကင်ဆာ – ဆဲလ်များအဆမတန်ပွားများခြင်း
  • Tamoxifen, prednisolone နှင့် Cyclosporine လိုမျိုးဆေးများ၏ ဘေးထွက်ဆိုးကျိုးများ

ဇန်သိုးမားကိုယ်တိုင်က အန္တရယ်မရှိပါဘူး။ ဒါပေမယ့် ယင်းအခြေအနေရဲ့ ရောဂါအရင်းမြစ်ကတော့ အရေးကြီးပါတယ်။ ဇန်သယ်လက်စ်မားလို့ခေါ်တဲ့ ဇန်သိုးမားအမျိုးအစားတစ်မျိုးလည်းရှိပါသေးတယ်။ မျက်ခွံမှာဖြစ်တာပါ။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက ဇန်သိုးမား ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

အထက်တွင်ဖော်ပြခဲ့သော ကျန်းမာရေးအခြေအနေတွေရှိနေမယ်ဆိုရင် ဇန်သိုးမားဖြစ်နိုင်ခြေများပါတယ်။ ကိုလက်စထရော သို့မဟုတ် ထရိုင်ဂလစ်စရွိုက်များရင်လည်း ဖြစ်နိုင်ခြေများပါတယ်။ နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ဇန်သိုးမား ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ဆရာဝန် သို့မဟုတ် အရေပြားအထူးကုက ဇန်သိုးမားကို အဖြေရှာအတည်ပြုပေးနိုင်ပါတယ်။ အရေပြားကိုစစ်ဆေးခြင်းဖြင့် သိရှိနိုင်မှာပါ။ အရေပြားအောက်မှာ အဆီများစုပုံနေခြင်းကို အရေပြားအသားစယူပြီး စစ်ဆေးနိုင်ပါတယ်။ ထိုစစ်ဆေးမှုမှာ ဆရာဝန်က အရေပြားအသားစအနည်းငယ်ကိုယူပြီး ဓါတ်ခွဲခန်းသို့ပို့ကာ ခွဲခြမ်းစိတ်ဖြာစေခြင်းဖြစ်ပါတယ်။ ရလဒ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ရက်ချိန်းခေါ်ပါလိမ့်မယ်။ သွေးတွင်းအဆီပမာဏ၊ အသည်းစွမ်းရည်နဲ့ ဆီးချိုသွေးချိုရှိမရှိကို သိရှိဖို့ သွေးစစ်ခိုင်းနိုင်ပါတယ်။

ဇန်သိုးမားကို ဘယ်လိုကုသလဲ။

ဇန်သိုးမားက ရောဂါတစ်ခုခုကြောင့်ဖြစ်တာဆိုရင် ထိုရောဂါကို ကုသရပါမယ်။ ရောဂါကိုကုသလိုက်မယ်ဆိုရင် အဖုလေးတွေပျောက်သွားနိုင်ပြီး နောက်ထပ်ပြန်ဖြစ်နိုင်ခြေလည်း နည်းသွားစေပါတယ်။ ဆီးချိုသွေးချိုနဲ့ ကိုလက်စထရောပမာဏက ကောင်းကောင်းကြီးထိန်းချုပ်ထားနိုင်မယ်ဆိုရင် ဇန်သိုးမားဖြစ်နိုင်ခြေနည်းပါတယ်။ ဇန်သိုးမားအတွက် အခြားကုသနည်းတွေက ခွဲစိတ်ဖယ်ရှားခြင်း၊ လေဆာပြစ်ခြင်းနှင့် ထရွိုင်ကလိုရိုအက်စစ်တစ်အက်စစ်လိုမျိုး ဓါတုပစ္စည်းများဖြင့် ဖယ်ရှားခြင်းတို့ဖြစ်ပါတယ်။ ဇန်သိုးမားက ဖယ်ရှားလိုက်ပေမယ့်လည်း ပြန်ဖြစ်နိုင်တဲ့အတွက်ကြောင့် ထိုနည်းလမ်းတွေက အရှင်းတော့မပျောက်စေနိုင်ပါဘူး။ ဘယ်ကုသနည်းက သင့်အတွက်သင့်တော်မယ်ဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးပါ။ ရောဂါရင်းမြစ်တွေကို ကုသခြင်းဖြင့် ဇန်သိုးမားကို ထိန်းချုပ်နိုင်မလားဆိုတာကို ဆုံးဖြတ်ပေးပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဇန်သိုးမားကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဇန်သိုးမားကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • သွေးတွင်းအဆီများခြင်းနဲ့ ဆီးချိုသွေးချိုရောဂါရှိနေမယ်ဆိုရင် ထိုရောဂါတွေကို ဘယ်လိုကုသရမယ်နဲ့ ပတ်သက်ပြီး ဆရာဝန်ညွှန်ကြားချက်များကို လိုက်နာပေးပါ။ ဆရာဝန်ဖြင့် ရက်ချိန်းလည်း မှန်မှန်ပြရပါမယ်။ သင်သောက်သုံးနေသမျှဆေးတွေအားလုံးကို ဆရာဝန်အား ပြောပြပေးပါ။
  • သွေးတွင်းအဆီဓါတ်နဲ့ ကိုလက်စထရောပမာဏကို ပုံမှန်ဖြစ်နေအောင် ထိန်းသိမ်းပေးပါ။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကိုစားခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနဲ့ သောက်ရမည့်ဆေးများကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် ထိန်းသိမ်းနိုင်ပါတယ်။ သွေးစစ်မှုများကို ပုံမှန်ပြုလုပ်သွားခြင်းဖြင့် သွေးတွင်းအဆီဓါတ်နဲ့ ကိုလက်စထရောဓါတ်များကို စောင့်ကြည့်သွားနိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement