home

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နေ့စဉ် စားသောက်မှုတွေက နှလုံးသွေးကြော ကျန်းမာရေးအပေါ် အများကြီး သက်ရောက်နေတယ်ဆိုတာကို ကြားဖူးပြီးသား ဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့် နှလုံး ကျန်းမာပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ကင်းစေဖို့ဆိုရင် အစားအစာတွေကို သေချာလေး စိစစ် စားသုံးဖို့ လိုပါမယ်။ အစားအစာတွေကို သေချာ ဂရုစိုက် စားသောက်တာက နှလုံးသွေးကြောတွေထဲ အညှိတက်ပြီး သွေးကြောကျဉ်းတာ၊ သွေးကြောပိတ်တာတွေ အပါအဝင် နှလုံးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ နှလုံးသွေးကြော ကျဉ်းတာ ဘယ်ကစ အချို့သော အစားအစာတွေက အလွန်အကျွံ စားသုံးမယ်ဆိုရင် သွေးထဲမှာ ကိုလက်စထရော များစေပါတယ်။ ကိုလက်စထရော များရုံနဲ့ ပြီးသွားတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကိုလက်စထရောက အဆီ၊ ကယ်လ်ဆီယမ် နဲ့ သွေးထဲမှာပါတဲ့ အချို့သောအရာတွေနဲ့ ပေါင်းမိပြီး အညှိတွေ ဖြစ်လာပြီး […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

သွေးတိုးရောဂါ

ဒီနှစ်ခုက ခဏခဏ မှားတတ်ပြီး တစ်ခုနဲ့ တစ်ခုကလည်း ဆက်စပ်နေတာမျိုး ရှိတော့ လူနာကို ရှင်းပြရ အတော်ခက်ပါတယ်။ စိတ်ဖိစီးတာကြောင့် နဂိုသွေးမတိုးတဲ့သူက သွေးတက် နိုင်သလို၊ သွေးတိုးလို့လည်း သွေးတက်နိုင်ပါတယ်။ ဒီနှစ်ခုဘာကွာသလဲ။ ဘယ်လိုကုသနိုင်သလဲဆိုတာ ပြောပြပေးပါ့မယ်။ စိတ်ဖိစီးလို့ သွေးတက် တယ်ဆိုတာ အရင်က သွေးတိုးရှိကောင်း ရှိမယ် ဒါမှမဟုတ် သွေးတိုးမရှိတဲ့ လူတစ်ယောက်က စိတ်ဖိစီးတဲ့အခါ သွေးတက်တတ်ပါတယ်။ ဖြစ်ပုံက စိတ်ဖိစီးတဲ့အခါ ကိုယ်ထဲက ကော်တီစောလိုမျိုး သွေးတိုးစေတဲ့ ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေက သွေးကြောတွေကို ကျဉ်းစေတာကြောင့် သွေးဖိအားများလာပါတယ်။ သွေးတိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီဟော်မုန်းတွေထွက်လာတဲ့အခါ သွေးတိုးပါတယ်။ နောက်တစ်ခုက စိတ်ဖိစီးမှုက ခန္ဓာကိုယ်ရဲ့တစ်ခုလုံးကို ထိခိုက်နိုင်ပါတယ်။ ကြွက်သားတွေ တောင့်တင်းနေတာကြောင့် ဇက်ကြောတွေတက်၊ ခေါင်းတွေကိုက်ပါတယ်။ ဒီလိုနဲ့ လူနာက ခေါင်းတွေထိုးနေတယ်။ သွေးတိုးနေသလား မသိဘူးဆိုပြီး […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။ ဒီရောဂါ တွယ်ကပ်လာပြီဆိုရင် တခြားဆက်နွယ်ရောဂါတွေပါတွယ်ငြိလာနိုင်တာမို့ အလွန် အန္တရာယ်များတဲ့ရောဂါတစ်ခုပါ။ အကြမ်းဖျဉ်းအားဖြင့် ကိုယ်ရဲ့ နှလုံးကျန်းမာခြင်းရှိမရှိသိထားမယ်ဆိုရင် ရောဂါကာကွယ်ရေးမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ နှလုံးရောဂါကို ကြိုတင်စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေအမျိုးမျိုးရှိထားပေမယ့် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းကတော့ stair-climbing test လို့ခေါ်တဲ့ လှေကားတက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ Stair-climbing test ဆိုတာ ကိုယ့်ရဲ့ နှလုံးကျန်းမာရေးကို အလွယ်ကူဆုံးသိနိုင်စေမယ့်နည်းလမ်းက အထပ်မြင့်အဆောက်အအုံတစ်ခုရဲ့ လေးလွှာအထိကို ခြေလျှင်တက်ကြည့်တာပါပဲ။ စပိန်နိုင်ငံမှာ ပြုလုပ်ထားတဲ့ သုတေသနရလဒ်အရ အထပ် ၄ ထပ်စာလှေကားကို အတက်အဆင်းလုပ်ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ နှလုံးအခြေအနေ ဘယ်အနေအထားရှိလဲဆိုတာကို အမြန်ဆုံးသိနိုင်စေလိမ့်မယ်လို့ဆိုပါတယ်။ ဒါက ပုံမှန်မဟုတ်တဲ့ စမ်းသပ်မှုနည်းလမ်းတစ်ခုဖြစ်ပြီး ဒီနည်းကို လေ့ကျင့်ခန်းတစ်ခုလို အသုံးချနေစရာတော့ […]

သွေးတိုးရောဂါ

သွေးတိုးဝေဒနာက အဖြစ်များတဲ့ ဝေဒနာတစ်မျိုးပါ။ WHO ရဲ့ မှတ်တမ်းမှတ်ရာတွေအရဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ၁၄% (၁.၁၃ ဘီလီယံ) ဟာ သွေးတိုးဝေဒနာခံစားနေရသူတွေပါတဲ့။ အမေရိကန်မှာဆိုရင်လည်း တိုင်းပြည်လူဦးရေရဲ့ ၄၅% လောက်က သွေးတိုးသမားတွေပါ။ သွေးတိုးဝေဒနာဆိုတာက နှလုံးသွေးကြောနံရံတွေကို ပြင်းထန်တဲ့ဖိအားသက်ရောက်တာဖြစ်ပြပါတယ်။ သွေးဖိအားဟာ ပုံမှန်အတက်အကျရှိနေတဲ့ အခြေအနေမျိုးဖြစ်ပေမယ့် သဘာဝကိုဆန့်ကျင်ပြီး ဖြစ်ပျက်လာတဲ့ ပြင်းထန်တဲ့ ဖိအားမျိုးကို သွေးတိုးတယ်လို့ဆိုလိုပါတယ်။ ဒီဝေဒနာဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်းတွေနဲ့ဆက်စပ်နေတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဒီတော့ အဖြစ်များတဲ့ ရောဂါတွေရဲ့ ထုံးစံအတိုင်း ဆေးမြီးတိုတွေ၊ အိမ်တွင်းကုထုံးတွေ၊ ယုံတမ်းစကားတွေလည်း များတယ်ဆိုပါတော့။ ဒီလိုမျိုး ယုံတမ်းတွေ၊ တဆင့်စကားတွေများတာမို့ မလိုလားအပ်တဲ့အမှားတွေ ပြုမူမိတတ်ကြပါတယ်။ တခါတလေရောဂါပျောက်မယ်ထင်ပြီး ယုံတမ်းစကားတွေ ဆေးမြီးတိုတွေကို အသုံးချမိတာမို့ အခြေအနေပိုဆိုးသွားတာ ဒါမှမဟုတ် တခြားဘေးထွက်ဆိုးကျိုးတွေ ကြုံရတာတွေလည်း ဖြစ်တတ်ပါသေးတယ်။ နောက်ပြီး နားလည်မှုလွဲမှားတာတွေလည်း အဖြစ်များတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါသေးတယ်။ […]

သွေးတိုးရောဂါ

သွေးတိုးတယ်လို့ဆိုလိုက်ရင် လူအများစုက သေနိုင်လောက်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ အသက်အန္တရာယ်မစိုးရိမ်ရတဲ့ အပယိကရောဂါလိုမျိုး သဘောထားတတ်ကြပါတယ်။ တကယ်ကတော့ သွေးတိုးက အသက်အန္တရာယ်ကို ထိခိုက်စေသည်အထိ ပြင်းထန်ပါတယ်။ သွေးတိုးခြင်းဟာ နှလုံးကို ထိခိုက်ပျက်စီးစေတဲ့ အခြေအနေဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ လူပေါင်း တစ်ဘီလျံခန့်ကို ဒုက္ခပေးနေတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ ထိရောက်စွာ မကုသခဲ့ရင် နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့အခြေအနေတွေ တွေ့ကြုံနိုင်ပါတယ်။ သွေးတိုးရောဂါ (သွေးပေါင်တက်ခြင်း) သွေးတိုးရောဂါ (သွေးပေါင်တက်ခြင်း) ဆိုတာ အပေါ်သွေး သွေးပေါင်ချိန် ၁၄၀ နဲ့ထက်၊ အောက်သွေး ၉၀ နဲ့ အထက် (သွေးပေါင်ချိန် ၁၄၀/ ၉၀ mmHg) အထက်ဖြစ်နေတဲ့အချိန်မှာ တွေ့ရတဲ့ နှလုံးသွေးကြောဆိုင်ရာ အခြေအနေတစ်ရပ်ပါ။ ကျန်းမာတဲ့ သွေးပေါင်ချိန်ဆိုတာက သွေးပေါင်ချိန်တိုင်းတဲ့အခါ ၁၂၀/၈၀ mmHg အောက်ရှိရမှာပါ။ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ။ သွေးတိုး တယ်ဆိုတာက […]

နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးက တစ်ကိုယ်လုံးကို သွေးတွေ ညှစ်ပေးနေတဲ့ မိခင်ဌာနကြီး ဆိုပေမယ့် သူကိုယ်တိုင်လည်း ဒီလို ညှစ်ထုတ်နိုင်ဖို့ သွေးလိုအပ်ပါတယ်။ ဒီသွေးတွေကိုတော့ နှလုံးသွေးကြာမကြီးတွေက ထောက်ပံ့ပေးထားတာပဲ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နှလုံးသွေးကြော တွေ ပိတ်ခဲ့၊ ကျဉ်းခဲ့ရင် နှလုံးက သွေးမရတော့ဘဲ သွေးငတ်ပြီး ကြွက်သားတွေပုပ်၊ နှလုံးပျက်စီးပြီး အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဒီလို နှလုံးသွေးကြောပိတ်လို့၊ ကျဉ်းလို့ ဖြစ်လာတဲ့ ရောဂါတွေကို Coronary artery diseaseလို့ ခေါ်ပါတယ်။ နှလုံးသွေးကြော ဘာကြောင့် ပိတ်ရတာလဲ။ သာမန်ကျန်းမာတဲ့ သူရဲ့ နှလုံးသွေးကြောက သန့်ပြီး ချောနေပါတယ်။ ဒါကြောင့် သွေးတွေက သွေးကြောတစ်လျှောက် ကောင်းကောင်း စီးဆင်းနိုင်ပါတယ်။ အသက်ကြီးလာလေလေ သွေးကြောထဲမှာ အဆီတွေ စုပုံလာပါတယ်။ ရေပိုက်တွေ သုံးတာကြာလာရင် ချေးကိုက်လာသလိုပေါ့။ ဒီလိုအဆီဖတ်လေး သွေးကြောနံရံမှာ လာကပ်တဲ့အခါ […]

သွေးတိုးရောဂါ

လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေရဲ့ စိတ်ချရမှုအတိုင်းအတာနဲ့ စနစ်တကျအသုံးပြုပုံတွေကို ပြောပြပေးချင်ပါတယ်။ အသံတိတ်လူသတ်ရောဂါတစ်မျိုးဖြစ်တဲ့သွေးတိုးရောဂါကို အထိရောက်ဆုံးကာကွယ်နိုင်တဲ့နည်းကတော့ သွေးပေါင်ချိန်မှန်မှန်တိုင်းတာဖို့ပဲဖြစ်ပါတယ်။ဒီလိုလုပ်ဖို့အတွက်လည်း အလွယ်တကူသုံးစွဲနိုင်တဲ့  အိမ်သုံးသွေးပေါင်ချိန်တိုင်းစက်မျိုးစုံဈေးကွက်ထဲမှာရှိနေပါပြီ။ တီထွင်မှုအားကောင်းလာတဲ့အတွက် အရင်လိုသွေးပေါင်ချိန်တစ်ခါတိုင်းဖို့အတွက်လက်ပတ်တွေ၊ လက်ညှစ်ပူဖောင်းတွေ၊ နားကြပ်တွေနဲ့ရှုပ်ယှက်ခပ် နေစရာမလိုတော့ပါဘူး။ နောက်ဆုံးပေါ်သွေးပေါင်ချိန်တိုင်းစက်တွေမှာ လက်ပတ်လေးပတ်ပြီး ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့တင် စက္ကန့်ပိုင်းအတွင်းအဖြေထုတ်ပေးနိုင်တဲ့အထိ အဆင့်မြင့်လာပါပြီ။ တချို့စက်တွေက သွေးပေါင်ချိန်ရလဒ်ကို ကိုယ့်ဖုန်းထဲအထိအလိုအလျောက်ပို့ပေးနိုင်တဲ့အပြင် အဖြေကစိုးရိမ်စရာရှိနေခဲ့ရင် ကိုယ်နဲ့ချိတ်ဆက်ထားတဲ့ဆရာဝန်ကိုပါ တိုက်ရိုက်အသိပေးတဲ့အထိတိုးတက်လာပါပြီ။ ဒါပေမဲ့တစ်ခုရှိတာက တိုင်းတာရရှိတဲ့သွေးပေါင်ချိန် ရလဒ်တွေမှန်ဖို့လည်းလိုပါသေးတယ်။ လက်မောင်းပတ်သွေးပေါင်ချိန်တိုင်းစက် တွေကအရင်တုန်းကသုံးခဲ့တဲ့သွေးပေါင်ချိန်တိုင်းစက်နဲ့အလုပ်လုပ်ပုံသိပ်မကွာတဲ့အတွက် နည်းမှန်လမ်းမှန် တိုင်းတာမယ်ဆို အတော်လေးတိကျတဲ့အဖြေရရှိမှာပါ။ လက်မောင်းပတ်တိုင်းတာတဲ့စက်တွေကို အခုချိန်မှာ အတော်ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြပြီး လက်ကောက်ဝတ်ပတ်သွေးပေါင်ချိန်တိုင်းစက်နဲ့ လက်ချောင်းမှာ သွေးပေါင်ချိန်တိုင်းတာပေးတဲ့စက်တွေကိုလည်း အသုံးပြုလာတာတွေ့ရလာရပါတယ်။ ဒီတစ်ခေါက်မှာတော့ လက်ကောက်ဝတ်ပတ်သွေး ပေါင်ချိန်တိုင်းစက်တွေရဲ့တိကျမှုနဲ့ အသုံးပြုမယ်ဆိုသတိထားသင့်တဲ့ အချက်တွေကို ပြောပြပါ့မယ်။ အားနည်းချက်များ - လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေရဲ့အဓိကအားနည်းချက်ကတော့ တိုင်းတာနေချိန်မှာ ခန္ဓာကိုယ်အနေအထားနည်းနည်းလေးပြောင်းလိုက်တာနဲ့ အဖြေပြောင်းလဲသွားတာပါပဲ။ဒီစက်တွေကလူနာရဲ့ အနေအထားကို အရမ်း Sensitive ဖြစ်ပါတယ်။ သွေးပေါင်ချိန်တိုင်းတဲ့နေရာက […]

နှလုံးအဆို့ရှင်ရောဂါများ

လူသားတို့ရဲ့နှလုံးမှာ အခန်းလေးခန်းပါဝင်ပြီး အဆို့ရှင်လည်း လေးခုပါဝင်ပါတယ်။ အဆို့ရှင်များရဲ့ တာဝန်ကတော့ သွေးလည်ပတ်မှုလမ်းကြောင်းကို ဖြောင့်ဖြူးစွာ ပြုလုပ်နိုင်ဖို့ ဖြစ်ပါတယ်။ သွားလိုရာနေရာကို ညှစ်ထုတ်ပေးပြီးသွားရင် သွေးများကို နောက်ပြန်စီးလာခြင်း မဖြစ်အောင် ဖွင့်တလှည့် ပိတ်တလှည့်နဲ့ တံခါးရွက်တွေလိုမျိုး လုပ်ဆောင်ပေးပါတယ်။ အဆိုပါ အဆို့များဟာ သူတို့ရဲ့ပုံမှန်လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ခြင်းမရှိတော့ရင် နှလုံးအဆို့ရှင်ရောဂါ (valvular heart disease) ဖြစ်ပွားပါတယ်။ နှလုံးအဆို့ရှင် အစားထိုးခွဲစိတ်ခြင်း ဘာကြောင့်လုပ်ဆောင်ဖို့လိုသလဲ နှလုံးကနေ သွေးများကို ညှစ်ပို့ခြင်း၊ ပြန်လည်လက်ခံခြင်း စတာတွေကို လုပ်ဆောင်ချိန်မှာ အဆို့ရှင်များဟာ အရေးပါပါတယ်။ တွန်းပို့လိုက်တဲ့ သွေးတွေကို နောက်ကြောင်းပြန်မလာအောင် တားဆီးပေးခြင်းအားဖြင့် အရပ်မျက်နှာတဖက်တည်းကိုပဲ စီးစေပါတယ်။ အကယ်၍ အဆို့ရှင်ပျက်စီးရင်တော့ သွေးလည်ပတ်မှုမှာ ထိခိုက်လာနိုင်ပါတယ်။ သွေးကြောများမာကြော ကျဉ်းမြောင်းလာချိန်မှာ ကြွက်သားတွေဟာ ပိုမိုလုပ်ဆောင်လာရပါတယ်။ အဆို့ရှင်ရဲ့ ကြွက်သားတွေ အားနည်းလာတဲ့အခါ အဆို့ရှင်တံခါးရွက်များဟာ တောင့်တင်းစွာ ပိတ်ထားရမယ့်အချိန်မှာပါ […]

သွေးတိုးရောဂါ

ပိုတက်ဆီယမ်ဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ပိုတက်ဆီယမ်ဓာတ် စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို ကြွက်သားဆဲလ်တွေမှာ တွေ့နိုင်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ အရိုးများ၊ အသည်းနဲ့ သွေးနီဥဆဲလ်တွေမှာ တွေ့နိုင်ပါတယ်။ ပိုတက်ဆီယမ်ဟာ ရေမှာပျော်ဝင်လွယ်ပြီး ဓာတ်ပြုမှုမြန်ဆန်ပါတယ်။ ရေထဲပျော်ဝင်သွားတဲ့အခါ အဖိုဓာတ်အိုင်းယွန်းတွေ ဖြစ်ပေါ်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာအတွင်း လျှပ်စီးခြင်းကို အားပေးခြင်း ဇီဝဖြစ်စဉ်အများအပြားအတွက် အထောက်အကူပြုပါတယ်။ ယခုဆက်လက်ဖော်ပြမယ့်အကြောင်းအရာတွေကတော့ ပိုတက်ဆီယမ်ကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများပဲ ဖြစ်ပါတယ်။ အရည်ဓာတ်ကို မျှတအောင်ထိန်းပေးခြင်း ကိုယ်ခန္ဓာရဲ့ ၆၀ ရာခိုင်နှုန်းကို အရည်များနဲ့ ဖွဲ့စည်းထားပါတယ်။ အဆိုပါအရည်စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို ဆဲလ်တွေထဲမှာ တွေ့ရပြီး အဆိုပါအရည်များကို ICF လို့ အတိုကောက်ခေါ်ပါတယ်။ ကျန်တဲ့အရည်များကို ဆဲလ်ရဲ့ပြင်သမှာ သွေး၊ ခါးရိုးဆစ်တွင်းအရည် စတာတွေအနေနဲ့ တွေ့ရှိရပြီး ECF […]

သွေးတိုးရောဂါ

သွေးတိုးရောဂါ ဟာ အဖြစ်များပြီး လူတိုင်းမှာဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ အမေရိကန်နှလုံးရောဂါအသင်းကြီးရဲ့ အဆိုအရ အသက် ၄၀ ကျော်ချိန်မှာ သွေးတိုး မဖြစ် စေဖို့အတွက် အသက် ၃၀ မတိုင်ခင်ကာလ နေထိုင်စားသောက်ပုံက အရေးကြီးတယ်လို့ဆိုပါတယ်။ အသက် ၃၀ မတိုင်ခင်မှာ စနစ်ကျတဲ့နေထိုင်စားသောက်ပုံရှိခဲ့မယ်ဆိုရင် အသက်ကြီးလာချိန်မှာ သွေးတိုးရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်တဲ့။ ကျန်းမာရေးနဲ့ကိုက်ညီစွာမ နေထိုင်ဘူးဆိုရင်တော့ အသက် ၄၀ ကျော်ချိန်မှာ သွေးတိုးဖြစ်နိုင်ခြေ ၄၂% ရှိတယ်လို့ဆိုပါတယ်။ American Heart Association ဟာ ဒီလိုသွေးတိုးဝေဒနာကို ရှောင်လွှဲနိုင်ဖို့ဆိုရင် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာကို လမ်းညွှန်ချက်လည်း ထုတ်ပြန်ထားပါတယ်။ Life’s Simple 7 နဲ့ကိုက်ညီအောင်နေပါ “Life’s Simple 7” လို့ခေါ်ဆိုတဲ့ AHA ရဲ့ ဒီလမ်းညွှန်ချက်မှာတော့ နေထိုင်ပုံဆိုင်ရာ အကြံပြုချက်တွေ ပါဝင်နေပါတယ်။ ဒီအချက် ၇ ချက်ကတော့ […]

နှလုံးရောဂါ

နှလုံးရောဂါဆိုတာ ဒီနေ့အထိ တစ်ကမ္ဘာလုံးမှာ လူသေဆုံးမှုအများဆုံးဖြစ်စေတဲ့ရောဂါဖြစ်နေဆဲပါ။ ၂၀၁၆ တစ်နှစ်တည်း မှာတင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါကြောင့် သေဆုံးသူတစ်ကမ္ဘာလုံးမှာ ၁၈ သန်းနီးပါးရှိပါတယ်။ သေဆုံးသူ တွေထဲက ၄ပုံ ၃ပုံလောက်က ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေကဖြစ်တာကိုတွေ့ရပါတယ်။ ကိုယ့်ရဲ့စားသောက်မှုပုံစံကို ဆင်ခြင်လိုက်မယ်ဆို ကြောက်စရာကောင်းတဲ့နှလုံးရောဂါအန္တရာယ်က ကာကွယ်နိုင်မှာပါ။ ဒါကြောင့် နှလုံးကျန်းမာရေးအတွက် စားသောက်သင့်တဲ့အစားအစာတွေနဲ့ ရှောင်ကျဉ်သင့် တဲ့အစားအစာတွေကို ပြောပြချင်ပါတယ်။ လိုရင်းနဲ့တိုတိုပြောရရင် နှလုံးကျန်းမာရေးအတွက် အဓိကစားသုံးပေးရမယ့်အစားအစာအုပ်စု (၃) မျိုးရှိပြီး ဒါတွေက ဟင်းသီးဟင်းရွက်တွေရယ်၊ ငါးကြီးဆီရယ်နဲ့ မပြုပြင်ထားတဲ့အစေ့အဆံ၊ဂျုံကြမ်း၊ ဆန်ကြမ်းတွေဘဲဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်များ - အစားအစာကို အရောင်အသွေးစုံလင်အောင်စားသောက်ပါ ဆိုတဲ့စကားအတိုင်းပဲ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံမျိုးစုံကို နေ့စဥ်စားသောက်ပေးသင့်ပါတယ်။ တစ်မျိုးချင်းစီမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေက နှလုံးကျန်းမာရေးကိုထိန်းညှိဖို့ အထောက်အပံ့ပေးပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ် မျိုးစုံပါဝင်သလို ကယ်လ်လိုရီဓာတ်လည်းနည်းတာကြောင့် လိုအပ်တဲ့အာဟာရတွေလည်း ရရှိစေမှာပါ။ နောက်ပြီး အမျှင်ဓာတ်ပါဝင်တာကြောင့် အူလမ်းကြောင်းကျန်းမာရေးကိုကောင်းမွန်စေပြီး နည်းနည်းစားရုံနဲ့ဗိုက်ပြည့်စေပါတယ်။ ဒါပေမဲ့တွေ့သမျှအကုန်လျှောက်စားလို့လည်း […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Phio Thiha

သားဖွားပညာ

Phyo Clinic (Pazundaung)

expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy