backup og meta

နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!

နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!

နှလုံးကြီးတာက အဖြစ်များတဲ့ နှလုံးကျန်းမာရေး ပြဿနာ တစ်မျိုးပါ။ နှလုံးက ပုံမှန်အရွယ်အစားထက် ကြီးလာတဲ့ အနေအထားပါ။ ဒီတစ်ခေါက်တော့ နှလုံးကြီးနေသူတွေ အနေနဲ့ နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့အတွက် နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ! ဆိုတာကို သိရှိနိုင်စေဖို့ ဒီဆောင်းပါးလေးကနေ ဖော်ပြပေးလိုက်ပါတယ်။ 

နှလုံးကြီးရခြင်းရဲ့ အကြောင်းရင်းများ

နှလုံးဆိုတာ ကြွက်သားပါပဲ။ ကြွက်သားတွေရဲ့ သဘာဝအရ များများအလုပ်လုပ်ရရင် ကြီးတတ်တဲ့ သဘောရှိပါတယ်။ နှလုံးကြီးတာက နှလုံးရောဂါကြောင့်ဖြစ်နိုင်သလို တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ

  • နာတာရှည် သွေးတိုးရောဂါ
  • နာတာရှည် နှလုံးခုန်မြန်တာ
  • နှလုံးသွေးကြောပိတ်ပြီး နှလုံးပျက်စီးထားတာ
  • နှလုံးအဆို့ရှင်ရောဂါ
  • နှလုံးရောင်တာ စတဲ့ နှလုံးရောဂါတွေကြောင့် ဖြစ်တတ်သလို
  • အဝလွန်တာ၊ ဆီးချိုနဲ့ သိုင်းရွိုက်ရောဂါ
  • သွေးအားနည်းတာ
  • ဗီတာမင်B1ချို့တဲ့တဲ့ ဘယ်ရီ ဘယ်ရီရောဂါ
  • အရက်တွေ အများကြီးသောက်တာ
  • SLEလိုမျိုး ခုခံအားတုံ့ပြန်မှု ပုံမှန်မဟုတ်တဲ့ရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။

နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!

နှလုံးကြီးနေတဲ့ လူနာတွေက ကိုယ်ဖြစ်တဲ့ ရောဂါအခံအလိုက် ထိရောက်တဲ့ ကုသမှုတွေ ခံယူဖို့ လိုပါတယ်။ တစ်ဖက်မှာလည်း ကိုယ့်ရဲ့ စားသောက်နေထိုင်မှုကို ဂရုစိုက်ရင် ရောဂါကို ပိုမဆိုးအောင် ထိန်းနိုင်မှာပါ။ ဒါကြောင့် နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ! ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ 

  • ဘယ်ရီသီးတွေ

နှလုံးကြီးနေသူတွေ အနေနဲ့ နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ အသီးတွေ ဖြစ်တဲ့ ဘယ်ရီသီးတွေကို စားပေးဖို့ လိုပါမယ်။ စတော်ဘယ်ရီသီးတွေ၊ ဘလူးဘယ်ရီသီးတွေ၊ ဘလက်ခ် ဘယ်ရီသီးတွေ၊ ရက်စ်ဘယ်ရီသီးတွေကို စားပေးဖို့ လိုပါမယ်။

ဘယ်ရီသီးတွေမှာ anthocyanins လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ရောင်ရမ်းမှုတွေကို ကျဆင်းစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးနဲ့ အဆီပါဝင်မှုများတဲ့ ပင်လယ်ငါးတွေ ဖြစ်ကြတဲ့ ဆာဒင်းငါး၊ မက်ကာရယ်ငါး စတာတွေမှာ အိုမီဂါသရီး ဖက်တီးအက်ဆစ် ပါဝင်နေတာကြောင့် နှလုံးစည်းချက် မမှန်တာကို သက်သာစေနိုင်သလို သွေးကြောတွေထဲက  စုပုံနေတဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သွေးတွင်းအဆီ ကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ်လောက် စားပေးရင်ကို လုံလောက်ပါတယ်။

  • အနက်ရောင် ချောကလက်

လေ့လာမှုတွေအရ အနက်ရောင် ချောကလက် ကိုကိုး 60 – 70 % လောက် ပါဝင်နေတဲ့ အနက်ရောင် ချောကလက်တွေက နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အနက်ရောင် ချောကလက်မှာပါတဲ့ ဖလေဗာနွိုက်က သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးခဲတာမျိုး၊ ရောင်ရမ်းတာမျိုးတွေကို သက်သာ စေနိုင်ပါတယ်။ 

  • အချဉ်ဓာတ်ပါတဲ့ အသီးတွေ

အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာ ဖလေဗာနွိုက် ကြွယ်ဝစွာ ပါဝင်နေပြီး နှလုံးကြီးတာကို သက်သာစေနိုင်သလို နှလုံးရောဂါနဲ့ လေဖြတ်တာမျိုး ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ 

နေ့စဉ် စားသုံးမှုမှာ သံပုရာသီး နည်းနည်းလောက် ပါအောင် စားသုံးပေးပါ။ 

  • အာလူး

အာလူးမှာ ကစီဓာတ် ပါဝင်တယ်ဆိုပေမယ့် အာလူးကို ကြော်စားတာမျိုး မဟုတ်ဘူးဆိုရင် စားပေးသင့်ပါတယ်။ အာလူးမှာ နှလုံးကျန်းမာစေနိုင်တဲ့ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေသလို သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကလည်း သွေးတွင်းအဆီကို ကျဆင်းစေပြီး နှလုံးကြီးသူတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • ခရမ်းချဉ်သီး

အာလူးလိုပဲ ခရမ်းချဉ်သီးမှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေသလို နှလုံးကျန်းမာစေနိုင်ပြီး လေဖြတ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ သွေးတွင်းအဆီကို ကျဆင်းစေနိုင်တာကြောင့် နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ 

  • အခွံမာသီးတွေ

အခွံမာသီးတွေ ဆိုရာမှာ အယ်လ်မွန်စေ့၊ သစ်ကြားသီး၊ ပီစတာချီယို၊ မြေပဲ၊ မက်ကာဒေးမီးယားတို့မှာ နှလုံးကျန်းမာစေနိုင်တဲ့ အမျှင်ဓာတ် ပါဝင်နေသလို ဗီတာမင် E တို့ ပါဝင်နေတာက သွေးထဲက အဆီတွေကို ကျဆင်းစေနိုင်ပါတယ်။ အရောင်ကျစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ ဆားနည်းတာကို ရွေးချယ်ဖို့တော့ လိုပါမယ်။

  • ပဲအမျိုးမျိုး

ပဲနီလေး၊ ပဲဝါလေး၊ ပဲစင်းငုံစတဲ့ ပဲအမျိုးမျိုးက အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေသလို ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကျန်းမာရေးကို ထိခိုက်စေတဲ့ အဆီတွေ ပါဝင်မှု နည်းနေပါတယ်။ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို  ကောင်းစေသလို နှလုံးကြီးတာကိုလည်း သက်သာစေနိုင်ပါတယ်။ 

  • လက်ဖက်စိမ်း ရေနွေးကြမ်း

လက်ဖက်စိမ်း ရေနွေးကြမ်းက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေကို ၂၀% အထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ နှလုံးကြီးသူတွေအနေနဲ့ နေ့စဉ် လက်ဖက်စိမ်း ရေနွေးကြမ်း သောက်ပေးတာက နှလုံးကျန်းမာစေဖို့အတွက် ထောက်ကူပေးနိုင်ပါတယ်။ 

  • အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ဟင်းနုနွယ် စတာတွေက နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒီဟင်းသီးဟင်းရွက်တွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေသလို အမျှင်ဓာတ်၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေဖို့ရော နှလုံးကြီးတာကို သက်သာစေဖို့ပါ ထောက်ကူပေးပါတယ်။ 

  • ကော်ဖီ

ကော်ဖီ စစ်စစ်ကို နှပ်ထားတဲ့ ကော်ဖီကို တစ်နေ့ကို ၂ ခွက်လောက် ပုံမှန်လေး သောက်သုံးပေးတာက နှလုံး ကျန်းမာစေပြီး နှလုံးကြီးတာကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ ကော်ဖီ ကြိုက်တတ်တယ်ဆိုရင်တော့ သောက်ပေးလို့ ရပါတယ်။

နှလုံးကြီးနေတယ်ဆိုရင် နေ့စဉ် ဘဝမှာ ကျန်းမာစေဖို့အတွက် ဒီအစားအစာလေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။

ဘာတွေ မစားသင့်ဘူးလဲ။

နှလုံးကြီးနေသူတွေ အနေနဲ့ ကျန်းမာရေးကို မထိခိုက်စေဖို့ ဆိုရင် ဒါတွေကို ရှောင်ဖို့ လိုပါမယ်။ ဘာတွေလဲဆိုတော့
  • အနီရောင် အသားတွေ (လျှော့စားပါ)
  • ဘေကွန်
  • ဟော့ဒေါ့
  • ပြုပြင်ထားတဲ့ အသားတွေ
  • ဆီကြော်စာတွေ
  • အာလူးချောင်းကြော်
  • အချိုရည်တွေ
  • အဆီပြည့်နို့ (အဆီထုတ်နို့ သောက်နိုင်ပါတယ်)
  • ကင်ထားတဲ့ အစားအစာတွေ
  • ကွတ်ကီး စတာတွေပါ။

# စိတ်ဖိစီးမှုကို လျှော့ချပါ

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

25 Healthiest Foods for Heart Health https://www.prevention.com/health/a20502183/best-foods-for-heart-health/ Accessed Date 27 June 2023

10 Foods That Are Good for Your Heart https://www.verywellhealth.com/foods-that-are-good-for-your-heart-2507169  Accessed Date 27 June 2023

21 Foods for a Healthy Heart https://www.health.com/condition/heart-disease/22-heart-healthy-foods-to-start-eating-asap Accessed Date 27 June 2023

12 Heart-Healthy Foods to Work into Your Diet https://health.clevelandclinic.org/12-heart-healthy-foods-to-work-into-your-diet/ Accessed Date 27 June 2023

5 Eating Tips for a Healthy Heart https://www.michiganmedicine.org/health-lab/5-eating-tips-healthy-heart Accessed Date 27 June 2023

ယခုပုံစံ

09/05/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ မနက်ခင်း အလေ့အထ ၅ ခု

၂၀၂၂ မြန်မာနိုင်ငံ နှလုံးရောဂါစစ်တမ်း ရဲ့ စိတ်ဝင်စားစရာအချက်များ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 09/05/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement