နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!

ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှုပုံစံတွေကြောင့် အခုနောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းတဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေးကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေအနေက […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွေးတိုးရောဂါ

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

သွေးတိုးရောဂါ

စားချင်တာစား သွေးကျဆေးသောက်ရင်ပြီးတာပဲဆိုသူများ သတိပြုရန်

အငန်တွေသိပ်မစားနဲ့သွေးတိုးမယ်နော်၊ အချိုမှုန့်တွေမစားနဲ့ တက်မယ် ဆိုတဲ့စကားတွေကို တချို့တွေ ဘယ်လိုတုံ့ပြန်လဲသိလား။ ရတယ် စားပြီးရင် ဟိုဆေးလေးသောက်လိုက်မယ်၊ ဒီအသီးလေးစားလိုက်မယ်၊ ဒီအရွက်လေးကြိတ်သောက်လိုက်၊သွေးပေါင်ကျသွားလိမ့်မယ် ဆိုပဲ။ ဒါပေမယ့် သင်သိပါသလား.. သွေးပေါင်အတက်အကျ၊ အနိမ့်အမြင့်ဆိုတာ ကစားကွင်းမှာ seesaw စီးသလောက် မရိုးရှင်းဘူးဆိုတာ။ သွေးပေါင်တက်ရင် ဘာတွေဖြစ်လာမလဲ သွေးပေါင်တက်လို့ဆေးသောက်လိုက်ရင်သွေးပေါင်ပြန်ကျပြီး ပုံမှန်ပြန်ဖြစ်သွားမယ်ဆိုတာ အလွယ်လေးတွေးလိုက်ကြတာပါ။သွေးဖိအားမြင့်တက်လာတဲ့အချိန် ခန္ဓါကိုယ်မှာ ဘယ်လိုတွေထိခိုက်သလဲ၊ ခဏခဏသွေးပေါင်တက်တာ ကြာလာရင် ဘယ်လိုဆိုးကျိုးတွေဖြစ်ကျန်နေခဲ့လဲဆိုတာ သိဖို့အရေးကြီးပါတယ်။ ဒါမှသွေးတိုးနဲ့ပတ်သက်တဲ့နောက်ဆက်တွဲတွေနဲ့ရောဂါပေါင်းစုံကို ပိုက်မထားရမှာပေါ့။ သွေးကြောပျက်စီးခြင်း သွေးကြောတွေဆိုတာ အဆုတ်နဲ့နှလုံးကသွေးတွေ လွယ်လွယ်စီးဆင်းလည်ပတ်နိုင်ဖို့၊ ကိုယ်တွင်းအင်္ဂါနဲ့တခြားအစိတ်အပိုင်းတွေဆီ အောက်ဆီဂျင်ပို့လွှတ်နိုင်ဖို့ အပြစ်အနာအဆာကင်းတဲ့ ကျန်းမာခြင်းရှိနေရပါမယ်။သွေးတိုးတက်တဲ့အခါသွေးကြောနံရံတွေအရမ်းမာသွားစေပြီး အတွင်းမှာ ပျက်စီးစေတယ်၊ အဆီချေးတွေဖြစ်နေစေတယ်။ အဲဒီအဆီချေးတွေကြောင့်သွေးကြောတွေကိုမာစေ၊ကျဉ်းစေနိုင်ပါတယ်။ သွေးကြောဖောင်းခြင်း(Aneurysm) သွေးကြောနံရံကို ဖိအားဖြစ်စေပြီး အားနည်းစေတဲ့အခါAneurysmဖြစ်စေပါတယ်။သွေးကြောဖောင်းရာကနေပေါက်သွားခဲ့ရင်သွေးယိုစေပြီး အန္တရာယ်ရှိလာနိုင်ပါတယ်။ ဘယ်သွေးကြောမှာမဆိုဖြစ်နိုင်တယ်ဆိုပေမယ့် နှလုံးသွေးလွှတ်ကြောမကြီးမှာ အဖြစ်များဆုံးပါ။ နှလုံးသွေးကြောဆိုင်ရာရောဂါ (CAD) နှလုံးနဲ့နီးတဲ့သွေးကြောတွေမှာ အဆီချေးတွေစုလာတဲ့အခါCoronary Artery Disease (CAD) ဆိုတာဖြစ်လာပါတယ်။ဖြစ်လာရင်သွေးလည်ပတ်မှုကိုနှေးစေပြီး ရင်ဘတ်အောင့်တာ၊ နှလုံးခုန်မမှန်တာတွေဖြစ်စေနိုင်တယ်။သွေးကြောပိတ်ရင်တော့ […]


သွေးတိုးရောဂါ

သင့်မှာ သွေးတိုးရှိရင် ဒီအစားအစာတွေ မစားသင့်ပါဘူး

နာတာရှည် သွေးတိုးရောဂါဆိုတာ ကျား၊ မ မရွေး ဖြစ်နိုင်ပြီး အသက်ကြီးတဲ့သူတွေမှာ ပိုပြီး အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။ နေထိုင်စားသောက်မှုပုံစံမမှန်တာ၊ အစာအာဟာရမျှတအောင် မစားတဲ့ လူငယ်ပိုင်းတွေမှာ သွေးတိုးဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ သွေးတိုးရောဂါ ရှိပြီဆိုရင် ဆရာဝန်နဲ့ အမြဲ ပြသပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို လေ့လာစစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။ သွေးတိုးကျစေမယ့် ဆေးကို အမြဲသောက်ပေးရမယ်။ အာဟာရရှိတဲ့ အစားအစာတွေကို စားပေးရမယ်။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးရမယ်။ ဒါဆိုရင် သက်တမ်းရှည်ကြာစွာ နေနိုင်ပြီး သွေးတိုးကြောင့် နောက်ဆက်တွဲ ရောဂါတွေ ဝင်လာနိုင်ဖို့ အခွင့်အလမ်း အလွန်နည်းသွားမှာ ဖြစ်ပါတယ်။ သွေးတိုးရှိသူတွေမှာ အစာအာဟာရကို လွန်စွာ ဂရုစိုက်ဖို့ လိုအပ်တဲ့အတွက် သွေးပေါင်ချိန်တက်စေနိုင်တဲ့ တချို့သော အစားအစာတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားပေးရမယ်။ အသားဓါတ် […]


သွေးတိုးရောဂါ

သွေးပေါင်ကျတတ်ရင် ဒါတွေစားပေးနော်

သွေးပေါင်ကျတတ်ရင် ဒါတွေစားပေးနော် .... သွေးပေါင်ကျတယ်ဆိုတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။ အကြောင်းရင်းပေါ် မူတည်ပြီး အရေးကြီးလား၊ အရေးမကြီးဘူးလားဆိုတာက ကွာသွားပါတယ်။ ဒါပေမယ့် ရောဂါအခံတစ်ခုခုရှိမယ်ဆိုရင်တော့ အမြန်ဆုံးကုသမှုခံယူတာ အကောင်းဆုံးဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ သွေးပေါင်ကျတဲ့အခါမှာဖြစ်ဖြစ်၊ သွေးပေါင်ကျတတ်ရင်ဖြစ်ဖြစ် ဘာတွေစားသင့်လဲဆိုတာကို ဆွေးနွေးပြောပြပေးပါရစေ။ သွေးပေါင်ကျရင် ဘာတွေခံစားရနိုင်လဲ ခန္ဓာကိုယ်က ဝေဒနာတစ်ခုခုကို ခံစားရတဲ့အခါ လက္ခဏာလေးတွေ ပြတတ်ပါတယ်။ ဒီလိုပါပဲ။သွေးပေါင်ကျတဲ့အခါ မှာ အခုလိုမျိုး လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ခေါင်းထဲက မူးဝေတာ ခြေကုန်လက်ပမ်းကျတာ အာရုံစိုက်ရခက်လာတာ အမြင်တွေဝါးလာတာ သတိလစ်တာ မအီမသာဖြစ်တာ အသက်ရှူရခက်တာ နဲ့ ရေငတ်တာမျိုးတွေခံစားရနိုင်ပါတယ်။ သွေးပေါင်ကျတတ်ရင် ဒါတွေစားပေးနော် သွေးပေါင်ကျတတ်ရင် ဒါတွေစားပေးနော် ဆိုတော့ ဘာတွေများ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ သကြားမုန်လာ သကြားမုန်လာမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝစွာပါဝင်နေသလို နိုက်ထရိတ်ဒြပ်ပေါင်း ပါဝင်တာကြောင့် ခန္ဓာကိုယ်အနှံ့ သွေးစီးဆင်းမှုကို တိုးစေနိုင်ပါတယ်။ အဆိုပါ နိုက်ထရိတ်ဒြပ်ပေါင်းက […]


သွေးတိုးရောဂါ

သွေးပေါင်ကျတတ်တာလား ဒါလေးတွေသတိထားနော်

သွေးတိုးမှ ကျန်းမာရေးအတွက်စိုးရိမ်ရတယ်၊လို့ လူအများက လက်ခံယူဆထားကြပါတယ်။ တကယ်တော့သွေးတိုးတာတင်စိုးရိမ်ရတာမဟုတ်ပါဘူး။သွေးပေါင်ကျတာကလည်း စိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာပါ။ တစ်နေ့တာလှုပ်ရှားသွားလာမှုအတွင်း လုပ်မိနေတဲ့အပြုအမူတွေကသွေးပေါင်ကျစေတာမျိုးဖြစ်စေနေသလား။ ဒါဆိုသွေးပေါင်မကျအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေလား။ သွေးပေါင်ကျတယ်ဆိုတာ သွေးပေါင်ကျတယ်ဆိုတာကဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အရမ်းစိုးရိမ်ရတာမျိုးမဟုတ်ပေမယ့်သေချာဂရုစိုက်ဖို့တော့လိုအပ်တဲ့ ကျန်းမာရေး အခြေအနေတစ်ခုပါ။သွေးပေါင်ချိန်တိုင်းကြည့်လိုက်လို့ အပေါ်သွေးက ၉၀ mmHgအောက်သွေးက ၆၀ mmHgဖြစ်နေမယ်ဆိုရင်သွေးပေါင်ကျနေပြီလို့ပြောပါရစေ။ ပုံမှန်အားဖြင့်တော့ လူတစ်ယောက်က အပေါ်သွေး ၁၂၀ mmHg နဲ့အောက်သွေး ၈၀ mmHg မှာရှိရမှာဖြစ်ပါတယ်။ သွေးပေါင်ကျတာကြောင့်ပြင်းပြင်းထန်ထန်လက္ခဏာတစ်ခုခုမရှိဘူးဆိုရင် စိုးရိမ်စရာမရှိပေမယ့်သွေးပေါင်ကျတာကြောင့် ခန္ဓါကိုယ် အစိတ်အပိုင်းတွေဆီကိုသွေးလုံလောက်စွာမရောက်တာမျိုးဖြစ်လာမယ်ဆိုရင် စိုးရိမ်စရာကောင်းနေပါပြီ။သွေးပေါင်ကျတာကရေရှည်မှာပြင်းထန်တဲ့ ကျန်းမာရေးအကျိုးဆက်တွေအနေနဲ့ ရုတ်တရက်မူးလဲတာ လေဖြတ်တာ ရုတ်တရက်နှလုံးရပ်တာ ကျောက်ကပ်ပျက်စီးတာမျိုးဖြစ်နိုင်ပါတယ်။ သွေးပါင်ကျတတ်သူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံ သွေးပေါင်ကျတိုင်းဆေးရုံဆေးခန်းသွားဖို့မလိုပါဘူး။ အချို့သောအပြုအမူလေးတွေကိုပြင်ဆင်မှုက ကိုယ့်ကိုကိုယ်သွေးပေါင်ကျတဲ့ကျန်းမာရေးပြဿနာနဲ့ ခပ်ကင်းကင်းနေနိုင်အောင် အထောက်အပံ့ပေးနိုင်မှာပါ။ ဘာတွေများသတိထားရမလဲ အတူတူဆက်ကြည့်လိုက်ကြမလား။ ဆား စားပေးပါ - ဆားကို အလွန်အကျွံမစားသင့်ပေမယ့် လုံးဝမစားဘဲနေတာတော့ မဖြစ်သင့်ပါဘူး။သွေးပေါင်ကျတတ်တယ်ဆိုရင် ဆားကို နည်းနည်းလောက်တော့စားပေးပါ။ ရေများများသောက်ပါ - […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

အလုပ်ခွင်ဖိအားတွေကြောင့် အဖိုးတန်နှလုံးလေးမထိခိုက်စေဖို့

ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ ကျန်းမာခြင်းကို ရွှေပေးလို့မရဆိုတာ ကြားဖူးကြမယ်ထင်ပါတယ်နော်။ ကျန်းမာနေတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာက အဖိုးမဖြတ်နိုင်တဲ့ အရာပါ။ ခန္ဓာကိုယ်ကျန်းမာနေဖို့က လူတိုင်းတောင့်တမယ်ထင်ပါတယ်။ တိုးတက်လာတဲ့ခေတ်ကြောင့် ရောဂါတွေပိုများလာသလို စိတ်ဖိစီးမှုကလည်း အများသားနော်။ အလုပ်ခွင်မှာလည်း သူအပြိုင်ကိုယ်အပြိုင်ကြိုးစားရင်း စိတ်ဖိစီးရတာက အမြဲလိုလိုပါပဲ။ ဒါပေမယ့် အချို့သောစိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှလျစ်လျူရှုလိုက်ဖို့ပြောပါရစေ။ အလုပ်ခွင်စိတ်ဖိစီးမှုကြောင့် နှလုံးလေးဝန်မပိစေဖို့ ဒီဆောင်းပါးလေးကနေတဆင့် Hello ဆရာဝန်ပရိသတ်ကြီးကို နည်းလမ်းကောင်းလေးတွေဝေမျှပေးပါရစေ။ အလုပ်ခွင်အခြေအနေတွေက ကျန်းမာရေးကို နည်းအမျိုးမျိုးနဲ့ ထိခိုက်စေနိုင်ပါတယ်။ အလုပ်ခွင်မှာတွေ့ကြုံရတဲ့ စိတ်ဖိစီးမှုတွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအပြင် နှလုံးကိုပါထိခိုက်စေနိုင်ပါတယ်။ အလုပ်ခွင်မှာ အချိန်ကြာမြင့်စွာထိုင်နေရတာက နှလုံးကို နည်းအမျိုးမျိုးနဲ့ထိခိုက်စေနိုင်ပါတယ်။ အလုပ်ခွင်ရဲ့ ဖိအားတွေက တစ်နေ့ထက်တစ်နေ့ နှလုံးရောဂါခံစားရနိုင်ခြေကိုပိုတိုးလာစေနိုင်ပါတယ်။ အချို့သော စားသောက်မှုနဲ့ နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်မယ်ဆိုရင် နှလုံးကျန်းမာရေးကို ဂရုစိုက်ပြီးသားဖြစ်သွားမှာပါ။ ဒီတော့ အလုပ်ခွင်ဖိအားတွေကြောင့် အဖိုးတန်နှလုံးလေးမထိခိုက်စေဖို့ ဘယ်လို စောင့်ရှောက်ရမလဲဆိုတာကို […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

လူတော်တော်များများသတိမထားမိတဲ့ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ

နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါကမြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာတော်တော်လေးအဖြစ်များနေကြပါတယ်။ လူတော်တော်များများက သူတို့ဆီမှာ ဒီရောဂါခံစားနေရတာကို အချိန်တော်တော်ကြာတဲ့အထိမသိဘဲဖြစ်နေတာမျိုးလည်းရှိတတ်ပါတယ်။ တကယ်တော့ ဒီရောဂါကအဖြစ်များပါတယ်။ လူတော်တော်များများက သတိမထားမိဘဲဖြစ်နေတတ်ကြတာပါ။ ပုံမှန်အားဖြင့်ကတော့ သတိပြုမိဖို့ ခက်ခဲတတ်ပါတယ်။ ဒီရောဂါက စနစ်တကျကုသဖို့လိုပြီး မကုသဘဲထားမယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်တာကို သတိလက်လွတ်ဖြစ်နေတတ်ကြပါတယ်။ ဒီတော့ ကိုယ်တိုင်မှာဖြစ်ဖြစ် မိသားစုဝင်တွေနဲ့ ချစ်ခင်ရသူတစ်ဦးဦးမှာဖြစ်ဖြစ်ရောဂါခံစားနေရလားဆိုတာကို သိရှိအောင်လုပ်ဆောင်နိုင်မယ့် အကြောင်းလေးကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးမယ်နော်။ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ဆိုတာ ခြေထောက်မှာရှိတဲ့သွေးပြန်ကြောရဲ့ အဆို့ရှင်ကကောင်းကောင်းအလုပ်မလုပ်နိုင်တာကြောင့် နှလုံးဆီသွေးပြန်ပို့တဲ့အခါသွေးတွေဘက်ပြန်စီးဆင်းမှုဖြစ်ပြီးသွေးပြန်ကြောထဲမှာသွေးတွေစုသွားတဲ့အခြေအနေမျိုးပါ။ အပေါ်ယံအရေပြားအောက်ဘက်မှာသွေးတွေစုနေတာမျိုးသွေးကြောတွေထုံးနေတာမျိုးတွေ့ရနိုင်ပါတယ်။ခြေထောက်အောက်ဘက်ပိုင်းမှာတွေ့ရများပေမယ့် ဒီဝေဒနာက ခန္ဓါကိုယ်မှာရှိတဲ့သွေးပြန်ကြောတွေတိုင်းမှာခံစားရနိုင်ပါတယ်။ ဒီဝေဒနာခံစားရတဲ့အခါမြန်နိုင်သမျှမြန်မြန်ကုသမှုခံယူဖို့လိုအပ်မှာပါ။ ကုသမှုမြန်မြန်ခံယူနိုင်မှာ ကုထုံးကထိရောက်မှုရှိပြီး သက်သာပျောက်ကင်းဖို့ အခွင့်အလမ်းများတာကြောင့်ရောဂါလက္ခဏာတွေကိုမြန်မြန်သိရှိဖို့လိုအပ်ပါမယ်။ ဒီတော့ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ CVIရောဂါခံစားရရင်ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။ ဒီလိုလက္ခဏာတွေခံစားရနိုင်ပါတယ် ခြေထောက်တွေထဲက နာကျင်နေခြင်း ခြေထောက်လေးလံခြင်း (အထူးသဖြင့် တစ်နေကုန် အလုပ်လုပ်ပြီးနောက်) ခြေထောက်ဖောရောင်ခြင်း ခြေထောက်အပ်စူးသလို ခံစားရခြင်း (သို့မဟုတ်) ထုံကျဉ်ခြင်း […]


နှလုံးရောဂါ

နှလုံးရောဂါဖြစ်နိုင်ခြေပိုများတယ် ဆိုတော့.....ပုတာ အပြစ်လား

နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေက အများကြီးရှိပါတယ်။ တချို့က ကြွက်သားမှာဖြစ်တယ်၊ တချို့က နှလုံးခုန်နှုန်းမှာဖြစ်တယ်၊သွေးကြောကျဉ်းတာ၊သွေးကြောမာတာ၊ ထူတာ၊ နှလုံးဖောက်တာ စသည်ဖြင့်ပေါ့။လေဖြတ်တာလည်း ကျန်သေးတယ်။ ကျန်းမာရေးနဲ့မညီတဲ့ အစားအစာတွေ၊ လှုပ်ရှားမှုနည်းတာ၊ဆေးလိပ်သောက်တာ စတဲ့အချက်တွေက နှလုံးရောဂါဖြစ်လာဖို့ ဆွဲဆောင်နေတဲ့အရာတွေမှန်း လူသိများကြပါတယ်။ ဒါတွေကနေသွေးတိုး၊ ဆီးချိုတွေဖြစ်လာစေပြီး နှလုံးကိုပါပြဿနာဖြစ်စေတာပါ။ ဒါပေမယ့် နှလုံးရောဂါဖြစ်စေနိုင်တဲ့ တချို့တရားခံတွေကိုတော့ လူသိနည်းပါတယ်။ အဲဒီအချက်တွေထဲမှာ အရပ်ပုသူတွေအတွက် နှလုံးရောဂါဖြစ်နိုင်ခြေပိုများတယ်ဆိုတာစိတ်မကောင်းစရာပါ။ ပုတာ အပြစ်လားနော်။ ကား၊ လေယာဉ်နဲ့ ရထားသံတွေ အသံအတိုးအကျယ်50 decibels လောက်ကစပြီး စီးတော်ယာဉ်အမျိုးမျိုးရဲ့ဆူညံသံတွေကသွေးဖိအားကိုတိုးစေပြီး နှလုံးဖောက်ခြင်းကိုဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။10-decibel ထပ်တိုးလာတိုင်းမှာ နှလုံးရောဂါနဲ့လေဖြတ်နိုင်ခြေ ရာခိုင်နှုန်းက ပိုလို့တိုးလာနိုင်ပါတယ်။ ဒါကတော့ စိတ်ရှုပ်မှု၊ စိတ်ဖိစီးမှုအပေါ် ခန္ဓါကိုယ်ရဲ့တုံ့ပြန်ချက်နဲ့ သက်ဆိုင်မယ်လို့ သိပ္ပံပညာအရ ဆိုကြပါတယ်။ ခေါင်းတခြမ်းကိုက်ခြင်း ဘာကြောင့်လဲဆိုတာ အတိအကျမသိပေမယ့်ခေါင်းတခြမ်းကိုက်တဲ့အချိန်မှာလေဖြတ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးရုတ်တရက်ရပ်ခြင်းတို့ခံစားရနိုင်ခြေပိုများပါတယ်။နောက်ပြီး ကိုယ့်မိသားစုထဲမှာ နှလုံးရောဂါရှိတဲ့သူတွေရှိရင် ဒါမှမဟုတ် ကိုယ့်မှာနှလုံးရောဂါအခံရှိရင်triptans လို့ခေါ်တဲ့ခေါင်းတခြမ်းကိုက်ခြင်းအတွက်ပေးတဲ့ဆေးကို မသောက်သင့်ပါဘူး။ သွေးကြောတွေကျဉ်းစေတဲ့ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

သင်က ခြေချိတ်ထိုင်တတ်သူလား

ယနေ့ခေတ်ရဲ့ ဘဝနေထိုင်မှုကိုက ကွန်ပျူတာရှေ့မှာ တစ်နေကုန်အောင်ထိုင်ပြီး အလုပ်လုပ်ရတာပါ။ ဒီလောက်တင်ပဲလားဆိုတော့ မဟုတ်သေးပြန်ပါဘူး။နေ့လယ်စာစားချိန်ရော ညနေစာစားချိန်တွေမှာပါခုံမှာပဲထိုင်နေရပြန်တယ်နော် ဒီလိုထိုင်တဲ့အခါ တစ်ချိန်လုံးထိုင်နေရတဲ့အတွက်ခြေထောက်ကို ချထားဖို့ထက် လုပ်မိနိုင်တာခြေထောက်ကို ချိတ်ထိုင်တာပါ။ ဒီလိုထိုင်တာက ရိုးရိုးခြေထောက်ချထိုင်တာထက် နည်းနည်းတော့ သက်တောင့်သက်သာဖြစ်တယ်နော်။ ဒီလိုထိုင်တာက ခန္ဓါကိုယ်မှာ ဘာတွေပြောင်းလဲသွားနိုင်လဲဆိုတာကို စဉ်းစားမိရဲ့လား။ ခြေချိတ်ထိုင်ခြင်းနှင့်ကျန်းမာရေး ခြေချိတ်ထိုင်တာက သက်တောင့်သက်သာဖြစ်သွားပေမယ့်ရေရှည်မှာ ကျန်းမာရေးပြဿနာရှိနိုင်ပါတယ်။ ခဏတာကတော့ပြဿနာမရှိပါဘူး။ခြေချိတ်ထိုင်တာကို အချိန်ကြာမြင့်စွာထိုင်မယ်ဆိုရင်တော့ ခြေချိတ်ထိုင်တာက နှလုံးဆီသွေးပြန်စီးဆင်းမှုများစေပြီးသွေးတိုးတာမျိုးဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေအနေနဲ့လည်းခြေချိတ်ထိုင်မယ်ဆိုရင်မွေးလာမယ့်ကလေးမှာနောက်ဆက်တွဲရောဂါတွေပါလာတာမျိုးဖြစ်စေနိုင်ပါတယ်။ ခြေချိတ်ထိုင်တာက ပုံမှန်အတိုင်းမှာတောင် အနည်းငယ်သွေးတိုးစေနိုင်ပါတယ်။ ဒီလိုသွေးတိုးမှုကနေတဆင့် သွေးခဲပိတ်ဆို့တာ၊ လေဖြတ်တာ၊ ရုတ်တရက်နှလုံးရပ်သွားတာမျိုးတွေအထိခံစားရနိုင်ပါတယ်။ ခြေထောက်တွေကို ထုံကျဉ်စေနိုင်တယ်။ ခြေထောက်ကြွက်သားတွေကို သွေးစီးဆင်းရောက်ရှိမှုနှေးစေပြီးခြေထောက်တွေကိုတောင့်တင်းစေနိုင်ပါတယ်။ နှလုံးသွေးကြောဆိုင်ရာရောဂါတွေဖြစ်စေနိုင်ပါတယ်။ ကြွက်သားတွေမှာ တင်းအားတွေများစေပြီး ခါးနာတာမျိုးဖြစ်နိုင်ပါတယ်။ ခြေထောက်ညောင်းတာ၊ ကိုက်တာမျိုးဖြစ်စေနိုင်တယ်။ ခြေသလုံးကြွက်သားတွေကို ဒဏ်ဖြစ်စေနိုင်တယ်။ အာရုံကြောတွေကို ဖိထားသလိုမျိုးဖြစ်စေနိုင်တယ်။ တင်ပါးဆုံရိုးတွေကို နာကျင်စေနိုင်တယ်။ ဇက်ကြော နဲ့ကျောရိုးကို ဝန်ပိစေနိုင်တယ်။ ခြေချိတ်ထိုင်တာကြောင့်အရွတ်တွေမှာ […]


နှလုံးရောဂါ

သင့်နှလုံးမှာ ဘယ်လို ပြဿနာတွေ ဖြစ်နိုင်သလဲ ။ ။

နှလုံးဆိုတာ လူ့ကိုယ်ခန္ဓါ တစ်ခုအတွက် တစ်ကယ်ကို အရေးအပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူနဲ့ ပက်သက်ဆက်နွယ်ပြီး ဖြစ်တဲ့ ရောဂါ တွေကလည်း အများကြီးပါ။ ကြားဖူးပြီးသားဖြစ်တဲ့သူတွေလည်း ရှိကြသလို နှလုံးရောဂါဘယ်နှစ်မျိုးရှိလဲ ။ ဘာတွေလဲဆိုတာ မသိကြသေးတဲ့သူတွေ ရှိကြမယ်လို့လည်းထင်ပါတယ်။ ဒါဆို သင့်နှလုံးမှာ ဘယ်လို ပြဿနာတွေ ဖြစ်နိုင်သလဲ ။ ။ ခန္ဓါ ဗေဒအရ နှလုံးတစ်ခုကို နှလုံးကြွက်သား (cardiac muscle) အဆို့ရှင်၊( valves) သွေးပြန်ခန်း ( atrium) နှစ်ခု သွေလွှတ်ခန်း (ventricles) နှစ်ခု သွေးခန်းတွေ ကို ခြားထားတဲ့ အလယ်က ကြွက်သား နှလုံး အပြင်ဘက်ကို ဖုံးထားပေးတဲ့ အလွှာပါး ( pericardium) နှလုံးသွေးကြော၊ ( veins နဲ့ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကို ဖြစ်စေနိုင်တဲ့ မြန်မာနိုင်ငံမှာ အတွေ့အများဆုံး အကြောင်းအရင်း ၈ ချက်။ ။

နာတာရှည်ခြေထောက်သွေးပြန်ကြော ရောဂါကဘာလဲဆိုတာ အရင်မပြောခင် ကိုယ်ခန္ဓာသွေးကြောစနစ်ရဲ့ အဖွဲ့ဝင်တွေနဲ့ အရင်မိတ်ဆက်ပေးချင်ပါတယ်။ သွေးကြောစနစ်မှာ သွေးလွှတ်ကြော ( arteries) ၊သွေးပြန်ကြော ( veins)၊ နဲ့ ပြန်ရည်ကြော ( lymphatic) ဆိုပြီး အဖွဲ့ဝင် ၃ ယောက်ရှိပါတယ်။ အဲ့ဒီတော့ သူတို့အထဲကမှ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါရဲ့ ပင်မဇာတ်လိုက်ဖြစ်တဲ့ သွေးပြန်ကြော အကြောင်းကိုပြောပြချင်ပါတယ်။ သွေးပြန်ကြောရဲ့ တာဝန်ကတော့ တစ်ကိုယ်လုံးကသွေးတွေကို နှလုံးဆီပြန်သယ်လာရတာဖြစ်ပါတယ်။ သွေးပြန်ကြောရဲ့ အဓိက ပင်မစခန်းချတဲ့ နေရာကတော့ ခြေထောက်မှာလို့ ပြောရပါလိမ့်မယ်။ ခြေထောက်မှာရှိတဲ့သွေးပြန်ကြောတွေက ကမ ္ဘာမြေကြီးရဲ့ ဆွဲအားနဲ့ ဆန့်ကျင်ပြီး နှလုံးဆီ သွေးတွေကို ပြန်ပို့ပေးနေရတာပါ။ သူ့မှာပါတဲ့ တစ်ဖက်ပွင့် အဆို့ရှင်လေးတွေက နှလုံးဆီကိုပဲသွေးတွေစီးစေပြီးတော့ ခြေထောက်ထဲသွေးတွေပြန်စီးဝင်တာကို တားဆီးပေးပါတယ်။ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဆိုတာ veins လို့ခေါ်တဲ့ သွေးပြန်ကြောတွေ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း