နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!

ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှုပုံစံတွေကြောင့် အခုနောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းတဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေးကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေအနေက […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

နှလုံးရောဂါ

Pericarditis (နှလုံးကာ အမြှေးပါး ရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pericarditis (နှလုံးကာ အမြှေးပါး ရောင်ရမ်းခြင်း) ကဘာလဲ။ နှလုံးကာ အမြှေးပါးရောင်ရမ်းခြင်း ဆိုတာ နှလုံးကို ဖုံးကာထားသော အမြှေးပါး Pericardium မှာ ရောင်ရမ်းခြင်းကို ခေါ်ပါတယ်။ Pericardium ဆိုတာ နှလုံးကို အိတ်လေးတစ်ခုလိုမျိုး ပတ်ပတ်လည်ကာထားပေးတဲ့ အလွှာပါးလေးဖြစ်ပါတယ်။ အဲဒီ အိတ်လို အလွှာပါးလေးက နှလုံးကို ရင်ဘတ်မှာ နေရာတကျဖြစ်အောင်လုပ်ပေးပြီး နှလုံးကို ချောမွေ့ စွာလှုပ်ရှားနိုင်ရန် ချောဆီကဲ့သို့ လုပ်ဆောင်ပေးပါတယ်။ ဒီ နှလုံးကာ အမြှေးပါးရောင်တဲ့ရောဂါဟာ ရုတ်တရက်ဖြစ်နိုင်သလို (သို့) နာတာရှည်လဲ ဖြစ်တတ်ပါတယ်။ ဒီရောင်ရမ်းမှုဟာ pericardium ကို ထူပြီး အမာရွတ်ဖြစ်စေကာ နှလုံးကို ညှစ်ခံရပြီး ကျဉ်းစေပါတယ်( constrictive pericarditis )။ ၎င်းဟာ နှလုံးကနေ သွေးစီးမှုနှေးစေတဲ့ နောက်ဆက်တွဲရောဂါတစ်ခု ( cardiac temponade […]


နှလုံးကြွက်သားရောဂါများ

Myocarditis (နှလုံးကြွက်သားရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Myocarditis (နှလုံးကြွက်သားရောင်ရမ်းခြင်း) ကဘာလဲ။ ရောင်ရမ်းခြင်းဆိုသည်မှာ အနာ (သို)့ ကူးစက်ရောဂါတစ်ခုခုကို ခန္ဓါကိုယ်မှ ပုံမှန် ပြန်လည်တုံ့ပြန်မှုတစ်ခု ဖြစ်ပါသည်။ လက်ကို ရှမိတယ်လို့ပဲ စဉ်းစားကြည့်လိုက်ပါ။ ပုံမှန်အားဖြင့် ရှမိတဲ့ နေရာတစ်ဝိုက်မှာ ဖောင်းပြီးနီလာခြင်းဟာ ရောင်ခြင်းရဲ့ ဖြစ်နေကျ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ သင့်ခန္ဓါမှာ ရှိတဲ့ကိုယ်ခံအားစနစ်ကနေ ဒဏ်ရာဖြစ်တဲ့နေရာကို သွားပြီးပြင်ဆင်မှုတွေပြုလုပ်ရန် အထူးဆဲလ်လေးတွေ ထုတ်ပေးပါတယ်။ တခါတရံမှာ ဒီဖြစ်စဉ်ဟာ ပြန်လည်ကုသရေးလုပ်ငန်းစဉ်ကို မြန်စေသော်လည်း ရောင်ခြင်းဟာ အန္တရာယ်ရှိတတ်ပါတယ်။ နှလုံးကြွက်သားရောင်ခြင်း နှလုံးကြွက်သားရောင်ခြင်းဆိုသည်မှာ နှလုံးနံရံရဲ့ အပြင်ဘက်ကြွက်သားအလွှာရောင်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ဒီကြွက်သားအလွှာဟာ နှလုံးမှ တခြားခန္ဓါအစိတ်အပိုင်းတွေကို သွေးတွေ အညှစ်းအထုတ်လုပ်ပေးရန် တာဝန်ယူပေးထားပါတယ်။ ဒီကြွက်သားရောင်တဲ့အခါမှာ သွေးတွေကို ညှစ်မပေးနိုင်တော့ပဲ နှလုံးခုန်မမှန်တာ၊အသက်ရှုခက်တာအပြင် ပိုဆိုးလျှင် သွေးခဲမှု၊နှလုံးရပ်ခြင်း၊လေဖြတ်ခြင်း သို့ နှလုံးကို ထိခိုက်နိုင်တဲ့ ပြသနာတွေဖြစ်လာနိုင်ပါတယ်။ လက္ခဏာများMyocarditis (နှလုံးကြွက်သားရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နှလုံးကြွက်သားရောင်ခြင်း ရဲ့ […]


နှလုံးသွေးကြောကျဉ်းရောဂါများ

Angina (နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Angina (နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း) ကဘာလဲ။ angina ဆိုတာ နှလုံးကို သွေးမရောက်နိုင်ခြင်းတို့ကြောင့် ဖြစ်လေ့ရှိတဲ့ နှလုံးအောင့်ခြင်းကို ခေါ်ပါသည်။ ဒါဟာ ခန္ဒါကိုယ်တွင်း သွေးကြောများ ကျဉ်းခြင်း သို့ ပိတ်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ သင့်ရဲ့ နှလုံးဟာ သွေးများ သယ်ယူရန် oxygen( အောက်ဆီဂျင်) လိုအပ်ပါတယ်။ Angina ၃ မျိုးရှိပါတယ်။ ၎င်းတို့မှာ— • Stable angina ကတော့ အဖြစ်အများဆုံးဖြစ်ပါတယ်။ သင့်နှလုံးက ပုံမှန်ထက် ပိုအလုပ်လုပ်တဲ့ အခါမှာ ဖြစ်တတ်ပါတယ်။ stable angina က ပုံမှန် ပုံစံအတိုင်းဖြစ်ပါတယ်။ အနားယူပြီး ဆေးသောက်လျှင် သက်သာနိုင်ပါတယ်။ • Unstable angina ကတော့ အန္တရာယ်အများဆုံးဖြစ်ပါတယ်။ သူက ဖြစ်လေ့ရှိတဲ့ ပုံစံမျိုးမရှိပဲ ရုပ်ပိုင်းဆိုင်ရာ အားစိုက်မှု မပါပဲလဲ ဖြစ်နိုင်ပါတယ်။ […]


နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ)

Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) ကဘာလဲ။ Atrial fibrillation ဆိုတာ နှလုံးရဲ့ လျှပ်စစ်ပိုင်းစနစ်ချွတ်ယွင်းမှုကြောင့် arrhythmia လို့ခေါ်တဲ့ နှလုံးစည်းချက်မမှန်ခြင်းရောဂါတစ်မျိုး ဖြစ်ပါတယ်။ နှလုံးရဲ့ လျှပ်စစ်စနစ်မှ နှလုံးရဲ့ နှလုံးခုန်ခြင်းရဲ့ စည်းချက်နဲ့ အမြန်နှုန်းအတွက် signals တွေ ပို့ပေးရပါတယ်။ သင့်မှာ atrial fibrillation ဖြစ်တဲ့အခါ နှလုံးကြွက်သားတွေက ညှစ်နေရမယ့်အစား တွန့်နေပါတော့တယ်။ Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) က ဘယ်လောက်အဖြစ်များသလဲ Atrial fibrillation က အသက်ကြီးရွယ်အိုတွေ၊ နှလုံးရောဂါ အခံရှိသူများနဲ့ အဝလွန်သူတွေမှာ အဖြစ်များပါတယ်။ လက္ခဏာများ Atrial Fibrillationရဲ့လက္ခဏာတွေကဘာတွေလဲ Atrial fibrillation ရဲ့ လက္ခဏာတွေက နှလံးခုန်မမှန်ခြင်းနဲ့ မြန်ခြင်းပဲ ဖြစ်ပါတယ်။ တခြားရောဂါလက္ခဏာတွေကတော့ အသက်ရှူရခက်ခြင်း ရင်တုန်ခြင်း ရင်ဘတ်အောင့်ခြင်း […]


နှလုံးအဆို့ရှင်ရောဂါများ

Mitral Regurgitation (နှလုံးအဆို့ရှင်မလုံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Mitral Regurgitation (နှလုံးအဆို့ရှင်မလုံခြင်း) ကဘာလဲ။ နှလုံးရှိ Mitral အဆို့ရှင် သည် ဘယ်ဘက်သွေးဝင်ခန်း နှင့် ဘယ်ဘက် သွေးလွှတ်ခန်းကြားတွင်ရှိသည်။ ထို အဆို့ ရှင်သည် သွေးဝင်ခန်းမှ သွေးလွှတ်ခန်းသို့ သွေးများ ညစ်ထုတ်သောအခါ ပွင့်ပြီး သွေးလွှတ်ခန်းမှ ခန္ဓါကိုယ်သို့ သွေးညစ်ထုတ်သောအခါ ပိတ်ပါသည်။ ပိတ်ခြင်းသည် သွေး ဝင်ခန်းအတွင်းသို့ သွေးများပြန်မဝင်အောင် ကာကွယ်ပေး ပါသည်။ သွေးလွှတ်ခန်းအတွင်းမှ သွေးဝင်ခန်းသို့ သွေးများ ယိုစိမ့်၍ဝင်ခြင်းကို သွေးပြန်ဝင်ခြင်းဟုခေါ်သည်။ သွေးကို နှလုံးမှ ကောင်းစွာ မညစ်ထုတ်နိုင်ပါ။ သွေးဝင်ခန်းသည် နောက်တစ်ဖန် တစ်ပတ်လည်အောင် သွေးပြန်မဖြည့်နိုင်ပါ။ သွေးသည် ညာဖက်စနစ်သို့ (အဆုတ်သို့သွားသော) ဝင်ရောက်ကာ အဆုတ်ကို အရည်များဖြင့် ပြည့်စေပါသည်။ ဘယ်ဘက် သွေးလွှတ်ခန်းသည် သွေးများ စီးအောင် အလုပ် ပိုလုပ်ရပါသည်။ ထိုသို့ပိုလုပ်ရခြင်းသည် နောက်ပိုင်းတွင် […]


နှလုံးပျက်စီးခြင်း

Congestive Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Congestive Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ) ကဘာလဲ။ နှလုံးညှစ်နိုင်စွမ်းအားလျော့နည်းခြင်းရောဂါသည် နှ လုံး ကြွက်သားများကညစ်အားကျသောအခြေအနေတစ်ခု ဖြစ်ပါသည်။ အန္တရာယ်ရှိသောအောက်ပါအကျိုးဆက်များကို ဖြစ်ပေါ် စေပါသည်။ နှလုံးသည် ခန္ဓါကိုယ်မှလိုအပ်သောသွေးပမာဏကိုညစ်မထုတ်နိုင်တော့ပါ။ သွေးသည် နှလုံးထဲတွင် ပိတ်ဆို့လာပြီး နှလုံးနံရံများကိုဖိအားပိုများစေပါသည်။ နှလုံးသည် သွေးများများဝင်ရန် ဆန့်ကားလာပါသည် ကျောက်ကပ်သည် ခန္ဓါကိုယ်မှ အရည်နှင့်ဆားများကိုထိန်းသိမ်းစေပြီးအင်္ဂါအချို့ ဖော်ရောင်ခြင်းကို ဖြစ်စေပါသည်။ တဖြည်းဖြည်းနှင့် ခန္ဓါကိုယ်တစ်ခုလုံးရောင်လာပါသည်။ နှလုံးညှစ်နိုင်စွမ်းအားလျော့နည်းခြင်းသည် နှလုံး၏ တစ်ဖက်ဖက်တွင်သာ ဖြစ် ပွားပါသည်။ အများအားဖြင့် ဘယ်ဘက်တွင် စတင်ပြီးသင့် တော်စွာမကုသပါကညာဘက်သို့ ကူးပြောင်းနိုင်ပါသည်။ နှလုံးရောဂါသည် အသက်အန္တရာယ်ရှိပါသည်။ Congestive Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ) က ဘယ်လောက်အဖြစ်များသလဲ နှလုံးရောဂါသည် အသက်ကြီးသူများတွင် အများဆုံး ဖြစ်ပွားသော်လည်းမည်သည့်အရွယ်တွင်မဆို ဖြစ်ပွားနိုင်ပါ သည်။ မွေးရာပါ နှလုံးချို့ယွင်းချက်ရှိသောကလေးများသည် နှလုံးညှစ်နိုင်စွမ်းအားလျော့နည်းခြင်း ဖြစ်နိုင်ချေမြင့်ပါသည်။ လက္ခဏာများCongestive Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ) […]


မွေးရာပါနှလုံးရောဂါများ

Ventricular septal defect (သွေးလွှတ်ခန်းနှစ်ခုကြားနံရံ ပျက်စီးခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Ventricular septal defect (သွေးလွှတ်ခန်းနှစ်ခုကြားနံရံ ပျက်စီးခြင်း ) ကဘာလဲ။ သွေးလွှတ်ခန်းနှစ်ခုကြားနံရံပျက်စီးခြင်း သည် သွေးလွှတ်ခန်း နှစ်ခု၏ အဖြစ်များသော မွေးရာပါ ချို့ယွင်းမှုတစ်ခု ဖြစ်သည်။ သွေးလွှတ်ခန်းနှစ်ခုသည် နှလုံး၏ အောက်ဖက်မှ အခန်းနှစ်ခန်း ဖြစ်ပြီး အပိုင်းအခြား များဖြင့် ခွဲခြားထားပါသည်။ နှလုံး၏ ဘယ်ဘက်အခြမ်းသည် ပုံမှန် အားဖြင့် ဖိအားပြင်းပြင်းဖြင့် သွေးများကို စုပ်ထုတ်ပါသည်။ ညာဘက်ထက် အောက်စီဂျင် နည်းပါသည်။ သွေးလွှတ်ခန်းကြားနံရံတွင် အပေါက်တစ်ခု ဖြစ်လာခြင်းသည် နှစ်ဘက်မှ သွေးများကို ရောထွေးစေကာ အောက်ဆီဂျင် နည်းသောသွေးများကို ခန္ဓါကိုယ်သို့ သယ်ဆောင် စေပါသည်။ အဓိက ဆိုးကျိုးမှာ နှလုံးမှ လုံလောက်သော သွေး မထုတ်လုပ်နိုင်ခြင်းကြောင့် နှလုံးပျက်စီးခြင်း ဖြစ်သည်။ ကလေးများတွင် ပျက်စီးခြင်းသည် သွေးကြောမကြီးအဆို့ရှင်နားတွင် ဖြစ်ပါက […]


ကိုလက်စထရောလ်

အမျိုးသမီးကျန်းမာရေး – ကိုလက်စထရောနှင့် ထရိုင်ဂလစ်စထရိုက်အဆီဓာတ်များ

ကိုလက်စထရော ဆိုတာ ကျွန်တော်တို့ရဲ့ သွေးနဲ့ ခန္ဓာကိုယ်ဆဲလ်တွေထဲက ဖယောင်းသဏ္ဍာန် စေးပျစ်ပျစ် အဆီဓာတ်တစ်မျိုးကို ခေါ်တာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် သွေးတွင်းကိုလက်စထရော ပမာဏများခြင်းက နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ အခြားကျန်းမာရေးပြဿနာတွေ ဖြစ်ပွားနိုင်ခြေကို မြင့်စေတယ်ဆိုတာကိုတော့ အားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့  ကိုလက်စထရောနှင့် ထရိုင်ဂလစ်စထရိုက်အဆီဓာတ်များ က အမျိုးသမီးကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်တယ်ဆိုတာ ဖော်ပြသွားမှာဖြစ်ပါတယ်။ အမျိုးသမီးကျန်းမာရေးအတွက် ကိုလက်စထရောရဲ့ ကောင်းကျိုးများ ကိုလက်စထရောဟာ အာရုံကြောတွေကို ဝန်းရံထားတဲ့ အပေါ်လွှာတွေ တည်ဆောက်ခြင်း၊ အစာခြေလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ သည်းခြေအက်ဆစ်ထုတ်လုပ်ခြင်း၊ အီစထရိုဂျင်၊ ပရိုဂျက်စတီရုန်း၊ တက်စတိုစတီရုန်းဟော်မုန်းများ ထုတ်လုပ်ခြင်း စတဲ့ လုပ်ငန်းစဉ်တွေမှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အထူးသဖြင့် တက်စတိုစတီရုန်းဟော်မုန်းဟာ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းနဲ့ ကျန်းမာရေးအတွက် အထူးလိုအပ်တဲ့အပြင် အရိုးသိပ်သည်းဆ ကောင်းမွန်ဖို့အတွက်လည်း အဓိကကျတဲ့ လိင်ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ တက်စတိုစတီရုန်း […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)