ကိုလက်စထရောလ်

ကိုလက်စထရော အကျိုးပြု ကိုလက်စထရော ရှိသလို အကျိုးမပြု ကိုလက်စထရောလည်း ရှိပါတယ်။ သွေးတွင်း ကိုလက်စထရော များတာက ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ကိုလက်စထရောနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ကိုလက်စထရောလ်

ကောင်းတဲ့အဆီ၊ မကောင်းတဲ့အဆီဆိုတာ

အဆီဆိုတိုင်း ကျန်းမာရေးအတွက် မကောင်းတာမဟုတ်ပါဘူး။ နှလုံးသွေးကြောကျန်းမာရေးအတွက် အကျိုးပြုတဲ့အဆီလည်းရှိတဲ့အကြောင်း နှိုင်းယှဉ်ပြီး ပြောပြပေးသွားပါ့မယ်။ ကိုယ်တွင်းဆဲလ်တွေအားလုံးမှာ ပါဝင်နေတဲ့ ကိုလက်စထရောဓာတ်တွေက အဆီဓာတ်တွေပါပဲ၊ အဆီဓာတ်က ဆဲလ်တည်ဆောက်မှုလုပ်ငန်းမှာ အကူအညီပေးသလို တခြားအရေးကြီးတဲ့အလုပ်တွေလည်း လုပ်ဆောင်ပေးပါတယ်။ အဆီဓာတ်တွေက သွေးကြောထဲစီးဆင်းနေပြီး ပရိုတင်းဓာတ်တွေနဲ့သွားပေါင်းတယ်။ ဒီကနေရလာတဲ့အဆီတွေက lipoprotein အဆီတွေဖြစ်လာပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ Lipoprotein အဆီ ၂ မျိုးရှိပါတယ်၊ အတိုကောက် LDL လို့ခေါ်တဲ့ မကောင်းတဲ့ အဆီရယ်၊ HDL လို့ခေါ်တဲ့ ခန္ဓာကိုယ်အတွက်ကောင်းတဲ့အဆီရယ်ဆိုပြီး ခွဲနိုင်ပါတယ်။ ဒီအဆီဓာတ် ၂ မျိုး အတက်အကျက နှလုံးနဲ့သွေးကြောကျန်းမာရေးအကြောင်း အများကြီးပြောပြနိုင်တဲ့အတွက် သူတို့အကြောင်း နည်းနည်းလောက်ရှင်းပြပါရစေ။ LDL (Low-density lipoprotein cholesterol) - လူတွေပြောပြောနေတဲ့မကောင်းတဲ့အဆီဆိုတာ သူပါ။ ဘာလို့မကောင်းရသလဲဆိုရင် သူကသွေးကြောထဲက အဆီတွေကို သွေးကြောနံရံတွေမှာ သွားစုအောင် လုပ်ပေးလို့ပါ။ […]

ကိုလက်စထရောလ် နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

ကိုလက်စထရောလ်

Cholesterol အကြောင်း သိကောင်းစရာ

Cholesterol အကြောင်း သိကောင်းစရာ ..... Cholesterol ဆိုတာကတော့ ခန္ဓာကိုယ်တွင်း သွေးနဲ့ဆဲလ်တွေထဲမှာပါဝင်နေတဲ့ အရာတစ်ခုပါ။ Cholesterol အများစုကို အသည်းက ထုတ်လုပ်ပေးပြီး ကျန်တာတွေကိုတော့ ပြင်ပအစားအသောက်တွေကနေ ရရှိပါတယ်။ Cholesterol တွေက သွေးကြောထဲမှာ စုပေါင်းပြီးနောက်ဆုံး Lipoproteins လို့ခေါ်တဲ့ Protein အစုအဝေးတစ်ခုဖြစ်သွားကြပါတယ်။ Cholesterol အကြောင်း သိကောင်းစရာ Cholesterol တွေမှာပုံစံ ၂ မျိုးရှိပါတယ်။ Low density lipoprotein ( LDL ) လို့ခေါ်တဲ့ သွေးကြောတွေကို ပိတ်ဆို့စေနိုင်တဲ့ မကောင်းတဲ့ Cholesterol နဲ့ High density lipoprotein ( HDL ) လို့ခေါ်တဲ့ ပိုလျှံနေတဲ့ Cholesterol တွေကိုအသည်းကိုပို့ပြီးချေဖျက်စေတဲ့ ကောင်းတဲ့ Cholesterol ဆိုပြီး ၂ […]

ကိုလက်စထရောလ်

သွေးတွင်းကိုလက်စထရောများနေတဲ့ လက္ခဏာတွေ

သင့်မှာ ဒီလက္ခဏာတွေဖြစ်နေပြီလား။ ဒါဆိုရင်တော့သွေးတွင်းကိုလက်စထရောများနေပြီဖြစ်တာကြောင့် သတိထားဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့သွေးတွင်းကိုလက်စထရောများရင် ခန္ဓါကိုယ်မှာဖြစ်တတ်တဲ့ လက္ခဏာလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။ သွေးတွင်းကိုလက်စထရော ကိုလက်စထရောမှာ ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့ကိုလက်စထရောတွေရှိသလို အကျိုးမပြုတဲ့ ကိုလက်စထရောတွေလည်းရှိပါတယ်။ ဒါပေမယ့်သွေးတွင်းမှာ ကိုလက်စထရောပါဝင်မှုများရင်တော့ မကောင်းတာအမှန်ပါပဲ။ ဒီလိုပြောရတဲ့ အကြောင်းကတော့သွေးတွင်းကိုလက်စထရောများတာက အသံတိတ်လူသတ်သမားတစ်ယောက်ဖြစ်နေတာကြောင့်ပါ။ကိုလက်စထရောက ခန္ဓါကိုယ်က ဆဲလ်တိုင်းမှာရှိပါတယ်။ ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ အကောင်းဆုံးလည်ပတ်စေဖို့အတွက်လည်း လိုအပ်တဲ့အရာတစ်ခုပါ။နေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတွေထဲကနေရရှိနိုင်ပါတယ်။ ဒါပေမယ့် သင့်တင့်တဲ့ပမာဏထက်ကျော်လွန်သွားမယ်ဆိုရင်တော့ ရုတ်တရက်နှလုံးရပ်တာ၊လေဖြတ်တာလိုမျိုးရောဂါတွေကို ခံစားရနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောများနေတယ်ဆိုတာကိုဖော်ပြနေတဲ့လက္ခဏာတွေ သွေးတွင်းကိုလက်စထရောများတဲ့အခါ ခန္ဓါကိုယ်မှာ အခုလိုပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။ မျက်ခွံမှာ အဝါရောင်အဖုလေးတွေထွက်လာမယ် အပေါ်မျက်ခွံမှာဖြစ်ဖြစ်၊အောက်မျက်ခွံမှာဖြစ်ဖြစ် နာကျင်မှုမရှိဘဲခပ်ပျော့ပျော့ဖုလေးတွေ စမ်းမိနေပြီလား။ ဒါကအမြင်အာရုံကို ထိခိုက်မှုမဖြစ်စေပေမယ့်သွေးတွင်းကိုလက်စထရောတွေများနေတယ်ဆိုတာကိုဖော်ပြနေတာပါ။ ဒါကြောင့် မနက်ခင်းမျက်နှာသစ်တိုင်း မျက်ခွံပေါ်မှာ အဝါရောင်ဖုလေးတွေရှိနေလားစစ်ပါ။ မျက်ကြည်လွှာတဝိုက်မှာမီးခိုးရောင်အရစ်လေးတွေဖြစ်နေမယ် မှန်ကြည့်တဲ့အခါမှာ မျက်ကြည်လွှာလေးတဝိုက်ကိုသေချာစိုက်ကြည့်ပါ။ မျက်ကြည်လွှာတဝိုက်မှာ မီးခိုးရောင်အရစ်လေးဖြစ်နေမယ်ဆိုရင် ဒါကသွေးတွင်းကိုလက်စထရောများနေတာပါ။ အသက် ၄၅ နှစ်အထက် လူကြီးတွေမှာပိုအဖြစ်များပါတယ်။ ခြေတွေလက်တွေထုံကျဉ်မယ် သွေးတွင်းကိုလက်စထရောများတာကသွေးကြောလေးတွေထဲမှာ အဆီတွေစုပုံမှုဖြစ်ပြီးသွေးကြောလေးတွေပိတ်ဆို့သွားပြီးခြေလက်တွေထုံကျဉ်တာမျိုးခံစားရနိုင်ပါတယ်။ ဒါကြောင့်ခြေလက်တွေထုံကျဉ်မှုကသွေးတွင်းကိုလက်စထရောများနေတာဖြစ်နိုင်ပါတယ်။ ဦးခေါင်းနောက်ဖက်နဲ့ဇက်ကြောတွေထဲကနာကျင်နေမယ် သွေးတွင်းကိုလက်စထရောများတာကသွေးကြောတွေကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဦးခေါင်းပိုင်းဆီကိုသွေးစီးဆင်းရောက်ရှိမှုနည်းသွားစေနိုင်ပါတယ်။ ဒီလိုနည်းသွားတာက အချိန်တိုင်းလိုလို ဇက်ကြောတက်တာ၊ခေါင်းကိုက်နေတာမျိုးတွေခံစားရစေနိုင်ပါတယ်။ ဒါကြောင့်ခေါင်းခဏခဏကိုက်မယ်၊ […]

ကိုလက်စထရောလ်

သွေးထဲမှာ LDL ကိုလက်စထရော အရမ်းနည်းတိုင်းလည်း မကောင်းပါ

သွေးတွင်းကိုလက်စထရော များတာရဲ့ အကျိုးဆက်က ပြင်းထန်တယ်လို့ တောက်လျောက်သိလာခဲ့တယ်နော်။ ဒီအယူအဆက အကြွင်းမဲ့မှန်တယ်လို့ ထင်လား။လေ့လာမှုအသစ်အရကတော့ သွေးတွင်းကိုလက်စထရော နည်းလွန်းတာကလည်း မကောင်းဘူးလို့ ဆိုပါတယ်။ သွေးထဲမှာ LDL ကိုလက်စထရော အရမ်းနည်းတိုင်းလည်း မကောင်းပါဘူး လို့ မကြာသေးခင်က လေ့လာတွေ့ရှိခဲ့ပါတယ်။ သွေးထဲမှာ LDL ကိုလက်စထရော အရမ်းနည်းတိုင်းလည်း မကောင်းပါ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ သွေးတွင်းကိုလက်စထရောတိုင်းက ဆိုးတာလား...... သွေးတွင်းကိုလက်စထရောတိုင်းက မဆိုးပါဘူး။ သွေးတွင်းကိုလက်စထရောမှာကိုက သွေးတွင်းက အကျိုးပြုကိုလက်စထရော (HDL) သွေးတွင်းက အကျိုးမပြု ကိုလက်စထရော (LDL) သွေးတွင်းက အကျိုးမပြု ကိုလက်စထရော (VLDL) ဆိုပြီး အမျိုးမျိုးကွဲပြားနေပါသေးတယ်။ လေ့လာတွေ့ရှိမှုအသစ် လေ့လာစမ်းသပ်ချက် အသစ်တစ်ရပ်မှာ သုတေသီတွေက လူအယောက် ၁၀၀၀၀၀ကျော်ကို လေ့လာခဲ့တာပါ။ ဒီလေ့လာမှုအတွင်း တွေ့ရှိခဲ့ရတာက သွေးတွင်းမှာ အကျိုးမပြုကိုလက်စထရော (LDL) နည်းလွန်းနေတာက ဦးနှောက်သွေးကြောပေါက်တာကြောင့် […]

ကိုလက်စထရောလ်

Xanthoma (ဇန်သိုးမား)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဇန်သိုးမား ဆိုတာဘာလဲ။ ဇန်သိုးမားဆိုတာ အရေပြားအောက်တွင် အဆီဖုများထွက်သော ရောဂါတစ်မျိုးဖြစ်ပါတယ်။ ထိုအဖုတွေဟာ ခန္ဓါကိုယ်အနှံ့ဖြစ်ပေါ်နိုင်သော်လည်း အောက်ပါတို့တွင်တော့ အများဆုံးဖြစ်ပေါ်တတ်ပါတယ်။ အဆစ်များ အထူးသဖြင့် ဒူးဆစ်၊ တံတောင်ဆစ် ခြေထောက် လက် တင်ပါး ဇန်သိုးမားဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများဇန်သိုးမားရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဇန်သိုးမားတွေဟာ အရွယ်အစားအမျိုးမျိုးရှိကြပါတယ်။ ပင်အပ်ခေါင်းအရွယ်ကနေပြီးတော့ စပျစ်သီးအရွယ်လောက်ထိ ရှိနိုင်ပါတယ်။ အရေပြားအောက်ရှိ အဖုပြားလေးတွေ ပုံသဏ္ဍန်ရှိပြီး တစ်ခါတစ်ရံ အဝါရောင်/လိမ္မော်ရောင် ရှိပါတယ်။ များသောအားဖြင့် နာကျင်မှုတော့ မဖြစ်စေပါဘူး။ ဒါပေမယ့်လည်း ကျိန်းစပ်စပ်နဲ့ ယားယံတာမျိုးတော့ ဖြစ်နိုင်ပါတယ်။ ခန္ဓါကိုယ်အနှံ့များစွာသော်လည်းကောင်း အစုလိုက်အပြုံလိုက်သော်လည်းကောင်း ပေါက်ကြပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ […]

ကိုလက်စထရောလ်

ကိုလက်စထရောနှင့် ဆက်စပ်နေသောရောဂါများ

ကိုလက်စထရောတက်နေခြင်းက နှလုံးကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ လူအများနားလည်သဘောပေါက်ပြီးသား အကြောင်းအရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုလက်စထရောတက်နေခြင်းကြောင့် နှလုံးသာမက အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေပါ ထိခိုက်နိုင်တယ်ဆိုတာကိုတော့ သတိပြုမိသူ များများစားစားရှိမှာ မဟုတ်ပါဘူး။ ကိုလက်စထရောများခြင်းနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေအကြောင်း ဖတ်ရှူလေ့လာနိုင်အောင် ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။ လေဖြတ်ခြင်း ကိုလက်စထရောများခြင်းကြောင့် သွေးလွှတ်ကြောတွေထဲ အဆီတွေအနည်ကျတဲ့အလျှောက် ၎င်းသွေးကြောတွေ မာလာပြီး artherosclerosis တစ်နည်းအားဖြင့် သွေးကြောကျဉ်းတဲ့ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာက သင့်နှလုံးကိုသာမက သင့်ဦးနှောက်ကိုပါ သက်ရောက်မှုရှိနိုင်ပြီး ဦးနှောက်ဆီသွေးထောက်ပံ့ပေးနေတဲ့ သွေးကြောတွေ ပိတ်ဆို့သွားရင် လေဖြတ်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဆီးချိုရောဂါ အမှတ် ၂ ဆီးချိုရောဂါအမှတ်၂ ရှိသူတွေမှာကိုလက်စထရောတက်နိုင်ချေ ပိုများပါတယ်။ ဆီးချိုရောဂါကို ကောင်းကောင်းထိန်းနိုင်ခဲ့ရင်တောင်မှ သွေးတွင်းကိုလက်စထရောပမာဏ အထူးသဖြင့် မကောင်းတဲ့ LDL ကိုလက်စထရောပမာဏ မြင့်တက်နိုင်ပါတယ်။ အဝလွန်ခြင်း အဝလွန်ခြင်းနဲ့ ကိုလက်စထရောတက်ခြင်းရဲ့ ဆက်စပ်မှုကတော့ သိသာထင်ရှားတယ်လို့ ဆိုနိုင်ပါတယ်။ အလွန်အမင်း အဝလွန်နေသူတွေမှာ […]

ကိုလက်စထရောလ်

ဘီယာသောက် တာက သင့်ရဲ့ကိုလက်စထရောထိန်းချုပ်မှုအပေါ် ဘယ်လိုသက်ရောက်စေလဲ

ဘီယာသောက် တဲ့အလေ့အထဟာ နိုင်ငံတော်တော်များများမှာ ရေပန်းစားတဲ့ ယဉ်ကျေးမှုတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ ဒါပေမယ့် ဘီယာကြောင့် သွေးတွင်းထရိုင်ဂလစ်စရိုက်ပမာဏ မြင့်တက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ LDL နဲ့ HDL ကိုလက်စထရောပမာဏ ပြောင်းလဲခြင်း စတဲ့ နောက်ဆက်တွဲအခြေအနေတွေ ဖြစ်ပေါ်လာပြီး ကျန်းမာရေးကိုထိခိုက်နိုင်တယ်ဆိုတာကိုတော့ သိထားဖို့ လိုပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ ဘီယာသောက်တာက ကိုလက်စထရောထိန်းချုပ်မှုအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေနိုင်သလဲဆိုတာ ဖော်ပြသွားမှာဖြစ်ပါတယ်။ ဘီယာမှာ ကိုလက်စထရောနဲ့ ပေါင်းစည်းနိုင်တဲ့ sterol ဓာတ်တွေ ပါဝင်ပါတယ် ဘာလီ၊ တဆေးနဲ့ တဆေးသီးအဖူးတို့ပါဝင်တဲ့ ဘီယာကို ပေါင်မုန့်အရည်လို့တောင် ခေါ်ဝေါ်နိုင်ပါတယ်။ အဲဒီဘီယာမှာ ကိုလက်စထရောနဲ့ပေါင်းစည်းပြီး ခန္ဓာကိုယ်ပြင်ပဆီရောက်အောင် ပို့ဆောင်ရာမှာ အရေးပါတဲ့ polysterol ဓာတ်တွေ ပါဝင်ပါတယ်။ အချို့သော polysterol တွေ (တစ်နည်းအားဖြင့် အပင်ကရတဲ့ sterol တွေ) ကို အစားအသောက်တွေထဲ […]

ကိုလက်စထရောလ်

အရက်သောက်ခြင်းနှင့် အဆီဓါတ်

ကိုယ့်ခန္ဓါကိုယ်ထဲမှာ အဆီဓါတ်(cholesterol) မြင့်မားနေတယ်ဆိုတာဟာ အဲ့လူမှာ ကျန်းမာတဲ့လူနေမှုဘဝ ပုံစံလိုအပ်နေတယ် ကန့်သတ်မှုတွေထားပြီး စားသောက်နေ ထိုင်ဖို့လိုအပ်နေပြီလို့ ယူဆရပါတယ်။ ဆိုလိုတာကတော့ အရက်သောက်ခြင်းက စဉ်းစားရမယ့် ပြသနာတစ်ခုအနေနဲ့ ပါလာပါတယ်။ အရက်သောက်ခြင်းနှင့် အဆီဓါတ် ကြားက အကြောင်းတွေ ဆက်စပ်မှုကို သိနိုင်ဖို့ အောက်က အချက်တွေကို ကြည့်လိုက်ကြရအောင်။   ဘီယာနှင့် အဆီဓါတ် (cholesterol) ဘီယာက အဆီဓါတ်မပါဝင်ဘူးလို့ ဆိုသော်လည်း ၎င်းမှာ ကာဗွန်ဟိုက်ဒရိတ် အချိုဓါတ်နဲ့ အရက်တို့ ပါဝင်နေတဲ့ အတွက် သင့်ရဲ့ triglyceride လို့ခေါ်တဲ့မကောင်းတဲ့အဆီ ဓါတ်ကို မြင့်စေပါတယ်။ တစ်ခြားဘက်ကကြည့်ရင်တော့ ဘီယာထဲမှာ အပင်ကထုတ် တဲ့ဟာမျိ ုးမှာ အရက်ဓါတ်တစ်မျိ ုးပါဝင်တာရှိပါတယ်။ ဒီ ဓါတ်ပေါင်းမျိ ုးတွေက အဆီဓါတ် (cholesterol)ကိုသွား ပေါင်းပြီး အဆီဓါတ်ကို ခန္ဓါကိုယ်ကနေဖယ်ရှားပေးပါတယ်။ ကံမကောင်းစွာနဲ့ပဲ အပင်တွေထဲမှာပါတတ်တဲ့ အရက်ဓါတ်တစ်မျိ ုးဖြစ်တဲ့ sterol ဟာ အဆီဓါတ် (cholesterol)ကို ထိရောက်စွာ လျှော့ချနိုင်ဖို့အတွက် ပမာဏအလွန်နည်းပါးစွာ သာ […]

ကိုလက်စထရောလ်

အဆီဓါတ်နှင့် နှလုံးရောဂါ

အဆီဓါတ် (cholesterol)ဆိုတာ ဘာလဲ။ အဆီဓါတ် (cholesterol)ဆိုတာ အဆီလို ပစ္စည်းတစ်မျိုး ဖြစ်ပြီး သင့်ခန္ဓါကိုယ်က ဆဲလ်အသစ်တွေထုတ်တာ၊ ဟော်မုန်းတွေထုတ်တာ၊အာရုံကြောတွေတည်ဆောက်တဲ့ နေရာမှာ အကူညီပေးပါတယ်။ သင့်ခန္ဓါကိုယ်က လိုအပ်တဲ့ အဆီဓါတ် (cholesterol) ကို များသောအားဖြင့် အသည်း ကနေထုတ်ပါတယ်။ သင်က အဆီဓါတ်တွေကို တစ်ချိ ု့သော အစားအစာများကို စားပေးခြင်းဖြင့် တက်လာအောင် ပြ ုလုပ် လို့ရပါတယ်။၎င်းအစားအစာတွေကတော့ အမဲသား၊နွားနို့၊ ကြက်ဥ၊နဲ့ တစ်ခြား တိရစ္ဆာန်ထွက်ပစ္စည်းတွေကိုစားခြင်းနဲ့ တက်နိုင်ပါတယ်။ အဆီဓါတ် (cholesterol)က သင့်ခန္ဓါကိုယ် သွေးကြောထဲ မှာလှည့်ပတ်သွားလာနေပါတယ်။ သိပ်သည်းဆနည်းတဲ့အဆီ ဓါတ် (LDL)လို့ခေါ်တဲ့မကောင်းတဲ့အဆီဓါတ်ကတော့ သွေးကြောတွေရဲ့နံရံမှာ ကပ်နေတတ်ပြီး နောက်ဆုံးမှာ သွေး ကြောတွေပိတ်ခြင်းကို ဖြစ်စေလို့ မကောင်းတဲ့အဆီလို့ခေါ်ပါ တယ်။ သိပ်သည်းဆများတဲ့အဆီဓါတ် (HDL)ကိုတော့ ကောင်းတဲ့အဆီလို့ခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူက သွေးထဲက အဆီဓါတ် (cholesterol)ကို ဖယ်ရှားနိုင်တဲ့ အစွမ်းရှိလို့ပဲဖြစ်ပါတယ်။ တကယ်လို့ သင့်ခန္ဓါကိုယ်ထဲမှာ အဆီဓါတ် cholesterol တွေ အများကြီးစုနေပြီဆိုရင်တော့ သင့်မှာ နှလုံးရောဂါရဖို့ အခွင့်အလမ်းတွေတအား […]

ကိုလက်စထရောလ်

အဆီဓာတ်များခြင်းနှင့် ဆက်စပ်နေသောရောဂါများ

လူတော်တော်များများက အဆီဓာတ်မြင့်မားခြင်းဟာ နှလုံးအတွက်မကောင်းဘူးဆိုတာကို သိထားကြပါတယ်။ သို့သော်လည်း လူတော်တော်များများ သတိမထားမိတာက ဒီလိုအခြေအနေမျိုးက တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေကိုပါထိခိုက်စေတယ်ဆိုတာပါပဲ။ အဆီဓာတ်များခြင်းကြောင့် တွဲပြီး တွေ့ရနိုင်တဲ့ တစ်ချို့သော ရောဂါများအကြောင်းကို အောက်မှာ ကြည့်နိုင်ပါတယ်။ လေဖြတ်ခြင်း။ သင့်ရဲ့သွေးလွှတ်ကြောလေးတွေထဲမှာ အဆီတွေစုတာကြောင့် သွေးကြောလေးတွေကိုမာလာစေတဲ့အတွက် ဒီလိုအခြေအနေကိုသွေးကြောကျဉ်းခြင်း artherosclerosisလို့ခေါ်ပါတယ်။ ဒီအခြေအနေဟာ သင့်နှလုံး သို့မဟုတ် သင့်ဦးနှောက်ကိုပါထိခိုက်စေပါတယ်။ တကယ်လို့ သင့်ဦးနှောက်ကို သွားရမယ့်သွေးကြောထဲမှာ ပိတ်သွားခဲ့ပြီဆိုပါက သင့်မှာ လေဖြတ်ခြင်းဖြစ်နိုင်ပါတယ်။ ဆီးချိုပုံစံ၂ ဆီးချိုရှိတဲ့ လူတော်တော်များများဟာ အဆီဓာတ်လည်း ပိုပြီးများနေတတ်ပါတယ်။ တကယ်လို့ အခြေအနေတွေကို ကောင်းစွာထိန်းချုပ်ထားရင်တောင်မှပဲ သင့်သွေးထဲမှာ အဆီဓါတ် cholesterol တွေတက်နေနိုင်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့အဆီဓာတ်လို့ခေါ်တဲ့ LDL တွေပိုတက်နေနိုင်ပါတယ်။ အဝလွန်ခြင်း။ အဝလွန်ခြင်းနဲ့ အဆီဓာတ်များခြင်းတို့ဟာ ဆက်စပ်မှုရှိတယ်ဆိုတာကတော့ မြင်သာပါတယ်။ အရမ်းကို ဝနေတယ်ဆိုရင်တော့ သင့်မှာ အဆီဓာတ်အများကြီးတက်နေဖို့ ဖြစ်နိုင်နေပါပြီ။ အကျိုးဆက်အနေနဲ့ကတော့သင့်မှာ အဆီဓာတ်တက်ခြင်းရဲ့နောက်ဆက်တွဲပြသနာတွေအနေနဲ့ ဆက်စပ်တဲ့ […]

ကိုလက်စထရောလ်

Cholesterol emboli (အဆီခဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cholesterol emboli (အဆီခဲ) ကဘာလဲ။ Cholesterol emboli ဆိုတာ အရေပြား သို့မဟုတ် အတွင်း ကလီစာများရဲ့ သွေးကြောများထဲတွင် စုပုံလာသော ကိုလက်စတီရော(အဆီ) များကိုခေါ်ပါတယ်။ ထိုသို့ဖြင့် သွေးစီးဆင်းမှု ပိတ်ဆို့ခြင်းများ ဖြစ်နိုင်ပြီး ထိုသွေးကြောထောက်ပံ့မှုကို ခံယူရသော ခန္ဓါကိုယ်အစိတ်အပိုင်းရဲ့ တစ်ရှူးများ သေခြင်း/ပုံမှန်အလုပ်မလုပ်နိုင်တော့ခြင်များ ကို ဖြစ်စေနိုင်ပါတယ်။ ထိုဖြစ်စဉ်ကို atheroembolism ဟုခေါ်ပါတယ်။ Cholesterol emboli (အဆီခဲ) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများCholesterol emboli (အဆီခဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ Cholesterol emboli ရဲ့ အဖြစ်အများဆုံးရောဂါလက အုပ်စု နှစ်စုမှာ- (၁)အရေပြားလက္ခဏာဖြစ်သော livedo reticularis, ကျောက်ကပ်ထိခိုက်ခြင်း၊ နှင့် သွေးတွင်း သွေးဆဲလ် eosinophil များခြင်း (၂) အရေပြားလက္ခဏာဖြစ်သော livedo reticularis ၊ ခြေထောက်နာကျင်ခြင်း […]

advertisement
advertisement