backup og meta

သွေးတိုးရောဂါရှိတာလား ဒါတွေစားပါ

သွေးတိုးရောဂါရှိတာလား ဒါတွေစားပါ
သွေးတိုးပြောတော့သာ ဘာမှမဟုတ်သလို တကယ်တော့သွေးတိုးက အသံတိတ်လူသတ်သမားလို့တောင်ဆိုလို့ရပါတယ်။ အချို့ဆိုသွေးတိုးရှိလို့ ရှိနေမှန်းမသိဘဲ စားသောက်နေထိုင်မှုကိုသေချာဂရုမစိုက်မိတာကြောင့် မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။သွေးတိုးကြောင့် ဆိုးရွားတဲ့ ထိခိုက်မှုတွေ မဖြစ်စေဖို့ ဒီဆောင်းပါးလေးကနေ သိထားရင်မမှားတဲ့ အကြောင်းအရာလေးတွေကိုပြောပြပေးမယ်နော်။

သွေးတိုးဆိုတာ ဘာလဲ

သွေးတိုးဆိုတာကသွေးကြောတွေထဲမှာသွေးဖိအားတွေ အရမ်းများလာတဲ့အခြေအနေတစ်ခုပေါ့။သွေးကြောနံရံတွေကို အားနဲ့ ဖိတိုးမိနေတာမျိုးပါ။ ဒီလိုမျိုး ကြိမ်ဖန်များစွာဖြစ်လာတဲ့ အခါသွေးကြောနံရံတွေ ထိခိုက်ပျက်စီးလာပါတယ်။ ဒီလိုကနေတဆင့် နှလုံးရောဂါ၊လေဖြတ်တာ၊ကျောက်ကပ်ထိခိုက်တာနဲ့ အခြားသောကျန်းမာရေးပြဿနာတွေရင်ဆိုင်ရနိုင်ပါတယ်။သွေးတိုးရောဂါက လက္ခဏာတွေမပြတတ်သလို၊ ရှိလို့ရှိနေမှန်းတောင်မသိလိုက်ရဘဲ အချိန်ကြာမြင့်စွာခံစားနေရတတ်ပါတယ်။ ဒါကြောင့်လည်းသွေးတိုးကို အသံတိတ်လူသတ်သမားလို့ခေါ်တာပေါ့။ ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံလောက်ကသွေးတိုးရောဂါခံစားနေရတာပါ။ ဒါကြောင့်သွေးတိုးရောဂါကမဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးဖြစ်မှာပါ။ တကယ်လို့သွေးတိုးရောဂါရှိနေပြီ ဆိုရင်လည်း အစားအသောက်ကိုသေချာလေးစားသုံးပြီး ကျန်းမာရေးကိုဂရုစိုက်ပါနော်။

သွေးတိုးရှိနေသူတွေ စားသုံးပေးသင့်သည်များ

သွေးတိုးရှိနေပြီဆိုရင် အစားအသောက်ကို ပုံမှန်ထက်ပိုဂရုစိုက်ဖို့ လိုအပ်မှာပါ။ ဒီတော့နေ့စဉ်စားသုံးမှုမှာ အခုပြောတဲ့ စားစရာလေးတွေပါဝင်အောင် စားသုံးပေးနော်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ – ပိုတက်ဆီယမ်ကသွေးတိုးကျစေပြီး ကိုယ်တွင်း ကပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို ဆီးကနေတဆင့် စွန့်ထုတ်အောင်လုပ်ဆောင်ပေးပါတယ်။သွေးတိုးကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ လတ်ဆတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်နေတာကြောင့်သွေးတိုးကျဖို့ အထောက်အကူပြုနိုင်မှာပါ။ ဒါကြောင့် ဆလတ်ရွက်၊ ကိုက်လန်၊ဟင်းနုနွယ် နဲ့ အခြားအစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။

ဘယ်ရီသီးတွေ – ဘယ်ရီသီးတွေ အထူးသဖြင့်ဘလူးဘယ်ရီသီးတွေမှာ သဘာဝဒြပ်ပေါင်းတစ်ခုဖြစ်တဲ့ ဖလေဗာနွိုက် ပါဝင်နေတာကြောင့်သွေးတိုးကျစေနိုင်သလိုသွေးတိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

အဆီထုတ်နွားနို့နဲ့ ဒိန်ချဉ် အဆီထုတ်နွားနို့နဲ့ဒိန်ချဉ်တို့က ကယ်လ်ဆီယမ်ကြွယ်ဝစွာပါဝင်နေပြီး ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ နှလုံးကို ကျန်းမာစေနိုင်သလို တစ်ပတ်ကို ၅ ကြိမ်လောက် ဒိန်ချဉ်သောက်ပေးမယ်။ အဆီထုတ်နို့သောက်ပေးမယ်ဆိုရင်သွေးတိုးဖြစ်နိုင်ခြေကို ၂၀ ရာခိုင်နှုန်းအထိလျှော့ချနိုင်မှာပါ။သွေးတိုးရှိသူတွေမှာလည်းသွေးတိုးကျအောင် အထောက်အကူပြုပေးနိုင်မှာပါ။

အုတ်ဂျုံ အမျှင်ဓါတ်ကြွယ်ဝပြီး အဆီနဲ့ ဆိုဒီယမ်ပါဝင်မှုနည်းပါတယ်။သွေးတိုးကျစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ မနက်ခင်းမှာ အုတ်ဂျုံတစ်ပန်းစာ စားသုံးပေးမယ်ဆိုရင် တစ်နေ့တာလုံးအားပြည့်လန်းဆန်းနေပြီးသွေးတိုးလည်း ကျနေစေမှာပါ။

ငှက်ပျောသီးပိုတက်ဆီယမ်ကြွယ်ဝတာကြောင့်သွေးတိုးရှိသူတိုင်း စားပေးသင့်ပါတယ်။ မနက်ခင်းမှာ နွားနို့ထဲထည့်စားတာဖြစ်ဖြစ် အုတ်ဂျုံနဲ့ တွဲဖက်စာတာဖြစ်ဖြစ် ဒိန်ချဉ်ထဲထည့်စားတာဖြစ်ဖြစ် စားသုံးပေးလို့ရပါတယ်။

ဆယ်လ်မွန်၊ မက်ကာရယ် – ငါးက ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတစ်ခုပါ။ Omega – 3 Fatty Acid ကြွယ်ဝတဲ့ ငါးတွေကသွေးတိုးကျစေနိုင်ပြီးရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်သလိုသွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။

အစေ့အဆန်များ – အပျင်းပြေစားလေ့ရှိတဲ့နေကြာစေ့၊ ဖရုံစေ့ လိုမျိုး အစေ့အဆန်တွေက ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ အခြားသတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်နေတာကြောင့်သွေးတိုးကျစေမှာ အသေအချာပါ။

ကြက်သွန်ဖြူ -ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ ကိုယ်တွင်းမှာသွေးကြောတွေကို ကျယ်စေတဲ့ နိုက်ထရစ်အောက်ဆိုဒ်တိုးလာစေပြီးသွေးတိုးကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။

အနက်ရောင်ချောကလက် – တစ်နေ့ကို အနက်ရောင်ချောကလက် ၁၀၀ ဂရမ်စားသုံးမှုကနှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ အချိုပါဝင်မှုနည်းတဲ့ချောကလက်စားသုံးမှုကသွေးတိုးကျစေနိုင်တဲ့အာနိသင်ရှိပါတယ်။

သလဲသီ – သလဲသီးကို အသီးအတိုင်း စားလို့ရသလိုဖျော်သောက်လို့လည်းရပါတယ်။ တစ်နေ့ကို သလဲသီးဖျော်ရည် တစ်ခွက်နှုန်းနဲ့ ၄ ပတ်ကြာသောက်သုံးမှုကသွေးတိုးကျစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့်သွေးတိုးရှိသူတွေအနေနဲ့ သလဲသီးကမေ့ထားလို့ မဖြစ်ပါဘူး။

ကျန်းမာရေးနပြ ညီညွတ်အောင်စားသုံးပြီး ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ အသံတိတ်လူသတ်သမားလက်ကနေ ကာကွယ်လိုက်ပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hypertension and Nutritionhttps://my.clevelandclinic.org/health/articles/4249-hypertension-and-nutrition Accessed Date 11 December 2018

DASH Diet and High Blood Pressurehttps://www.webmd.com/hypertension-high-blood-pressure/guide/dash-diet#1 Accessed Date 11 December 2018

13 Foods That Are Good for High Blood Pressurehttps://www.healthline.com/health/foods-good-for-high-blood-pressure Accessed Date 11 December 2018

ယခုပုံစံ

21/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးတိုးခြင်းနှင့် သင့်ကျောက်ကပ်ရောဂါ

သွေးတိုးရောဂါအကြောင်း သိကောင်းစရာ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement