နှလုံးကြွက်သားရောဂါများ

နှလုံးလေး ကျန်းမာနေမှ ကျန်းမာပျော်ရွှင်စွာနဲ့ ရှင်သန်နိုင်မှာပါ။ ဒီတော့ နှလုံးမှာဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာလေးတွေထဲက တစ်ခုဖြစ်တဲ့ နှလုံး ကြွက်သားရောင်ရမ်းခြင်းအကြောင်းနဲ့ ကာကွယ်နည်း၊ ကုသနည်းလေးတွေကို ဒီကဏ္ဍလေးထဲမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

နှလုံးကြွက်သားရောဂါများ

အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy)

အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy) ဆိုတာဟာ အရက်ကို ကာလရှည်ကြာ စွဲသောက်ခြင်းကြောင့် နှလုံးကြွက်သားများကို ထိခိုက်ပျက်စီးလာစေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အရက်ကို အလွန်အကျွံသောက်ပါများတဲ့အခါ နှလုံးကြွက်သားများဟာ ပါးလွှာပြီး အားနည်းလာပါတယ်။ အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy) အဆိုပါအခြေအနေမှာ သွေးများကို ထိရောက်စွာ ညှစ်ထုတ်နိုင်ခြင်း မရှိတော့ပါဘူး။ သွေးများကို နှလုံးထဲကနေ မညှစ်ထုတ်နိုင်တဲ့အခါ ကိုယ်ခန္ဓာရဲ့ အရေးကြီးနေရာတွေကို သွေးမရောက်တော့တာကြောင့် အသက်အန္တရာယ်ထိခိုက်နိုင်လောက်တဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။ အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy) ဟာ အမျိုးသားတွေမှာဖြစ်တာများပြီး အသက် ၃၅ ကနေ ၅၀ ကြား အရွယ်တွေမှာ တွေ့ရများတယ်လို့ စစ်တမ်းတစောင်မှာ ဖော်ပြထားပါတယ်။ အမျိုးသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ အရက်ကို ၅နှစ်ကနေ ၁၅နှစ်လောက်အထိ စွဲမြဲလွန်ကျူးစွာ သောက်သုံးလာသူတွေမှာ တွေ့ရတတ်ပါတယ်။ အရက်ကို တစ်နေ့တာ […]

နှလုံးကြွက်သားရောဂါများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

နှလုံးကြွက်သားရောဂါများ

Cardiomyopathy ( နှလုံးကြွက်သား ထူလာခြင်းကြောင့် နှလုံးကြီးခြင်း)

နှလုံး ဆိုတာ မွေးကတည်းက အလုပ်လုပ်နေရတဲ့ ကိုယ်ခန္ဓာက အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုပါ။ နှလုံးမှာရှိတဲ့ အစိတ်အပိုင်းအားလုံးဟာ သူ့နေရာနဲ့သူ တာဝန်တွေကို ဆောင်ရွက်နေကြရပါတယ်။ နှလုံးက မရပ်မနားခုန်နေမှဖြစ်တဲ့အတွက် နှလုံးကြွက်သားတွေကလည်း ကျုံ့လိုက်ဆန့်လိုက်နဲ့ မရပ်မနားအလုပ်လုပ်ပေးကြရပါတယ်။ ဒါပေမယ့် သူ့ရဲ့အလုပ်ကို ရောဂါတွေရဲ့ နှောင့်ယှက်မှုခံလာရတဲ့အခါမှာ ခန္ဓာကိုယ်အနှံ့အပြားကို သွေးရောက်ဖို့အတွက် နှလုံးကြွက်သားတွေက သာမန်ထက်ပိုအလုပ်လုပ်လာရတယ်။ ဒီလိုနဲ့အချိန်ကြာလာတဲ့အခါ မနိုင်ဝန် ထမ်းရတဲ့ ကြွက်သားတွေထုံးစံအတိုင်း ထူထူထဲထဲတွေဖြစ်လာတယ်၊ ကျုံ့နိုင်ဆန့်နိုင်စွမ်းတွေနည်းလာတယ်။ ဒီအခြေအနေကို Cardiomyopathy ( နှလုံးကြွက်သား ထူလာခြင်းကြောင့် နှလုံးကြီးခြင်း) လို့ ခေါ်ပါတယ်။ ကြွက်သားကြီးလာတဲ့နောက်မှာ နှလုံးအားနည်းလာတယ်။ နှလုံးအားနည်းရင် အမောဖောက်လာတယ်။ လုပ်ရိုးလုပ်စဉ်တွေတောင် မလုပ်နိုင်တော့ဘူး။ ခန္ဓာကိုယ်ကို သွေးတွေ ပုံမှန်မရောက်တော့ နှလုံးက ပိုအလုပ်လုပ်ပေးရှာတယ်။ ဒါပေမယ့် စည်းချက်တွေမမှန်တော့ဘူး။ ခုန်ချင်သလိုတွေ ခုန်လာတယ်။ နောက်ဆုံးလုံးဝမနိုင်တော့ဘူးဆိုရင် နှလုံးပျက်စီးသွားပြီး အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ Cardiomyopathy ( […]

နှလုံးကြွက်သားရောဂါများ

Cardiomegaly (နှလုံးကြီးခြင်း)

အဓိပ္ပာယ်ဖွင့်ဆိုချက် Cardiomegaly (နှလုံးကြီးခြင်း) ကဘာလဲ။ နှလုံးကြီးခြင်း ဆိုတာ နှလုံးကို X-ray ဓာတ်မှန်ရိုက်တဲ့အခါ နှလုံးအရွယ်အစား ကြီးနေခြင်းကို ခေါ်တာပါ။ နှလုံးကြီးနေပြီဆိုတာနဲ့ အတည်ပြုဖို့ အခြားစစ်ဆေးချက်တွေ ပြုလုပ်ဖို့ လိုပါလိမ့်မယ်။ နှလုံးကြီးတယ်ဆိုတာ ရောဂါတော့မဟုတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ ကာလကြာရှည် သွေးရောဂါနဲ့ လည်ပင်းသိုင်းရွိုက်ဂလင်း ရောဂါတွေနဲ့တော့ ယှဉ်တွဲနေတတ်ပါတယ်။ Cardiomegaly (နှလုံးကြီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ သွေးတိုးရောဂါနဲ့ နှလုံးရောဂါရှိတဲ့လူတွေမှာ နှလုံးကြီးတတ်ပါတယ်။ လူငယ်တွေထက် လူကြီးတွေမှာ အဖြစ်များပါတယ်။ ဖြစ်စေနိုင်တဲ့ အချက်တွေကို ရှောင်ကြဉ်ခြင်းအားခြင့် နှလုံးကြီးနိုင်ခြေကို လျော့ချနိုင်ပါတယ်။ တခြားသိလိုတဲ့ အချက်တွေရှိရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ လက္ခဏာများ Cardiomegaly (နှလုံးကြီးခြင်း) ရဲ့လက္ခဏာတွေက ဘာတွေလဲ နှလုံးကြီးတာဟာ အချို့မှာ လက္ခဏာ မပြတတ်ပါဘူး။ အချို့မှာတော့ အောက်ဖော်ပြပါ လက္ခဏာတွေ ရှိနေပါလိမ့်မယ်။ အသက်ရှူမဝခြင်း နှလုံးစည်းချက် မမှန်ခြင်း ဖောရောင်နေခြင်း ကိုယ်အလေးချိန်တက်လာခြင်း ပင်ပန်းနွမ်းနယ်ခြင်း […]

နှလုံးကြွက်သားရောဂါများ

Myocarditis (နှလုံးကြွက်သားရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Myocarditis (နှလုံးကြွက်သားရောင်ရမ်းခြင်း) ကဘာလဲ။ ရောင်ရမ်းခြင်းဆိုသည်မှာ အနာ (သို)့ ကူးစက်ရောဂါတစ်ခုခုကို ခန္ဓါကိုယ်မှ ပုံမှန် ပြန်လည်တုံ့ပြန်မှုတစ်ခု ဖြစ်ပါသည်။ လက်ကို ရှမိတယ်လို့ပဲ စဉ်းစားကြည့်လိုက်ပါ။ ပုံမှန်အားဖြင့် ရှမိတဲ့ နေရာတစ်ဝိုက်မှာ ဖောင်းပြီးနီလာခြင်းဟာ ရောင်ခြင်းရဲ့ ဖြစ်နေကျ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ သင့်ခန္ဓါမှာ ရှိတဲ့ကိုယ်ခံအားစနစ်ကနေ ဒဏ်ရာဖြစ်တဲ့နေရာကို သွားပြီးပြင်ဆင်မှုတွေပြုလုပ်ရန် အထူးဆဲလ်လေးတွေ ထုတ်ပေးပါတယ်။ တခါတရံမှာ ဒီဖြစ်စဉ်ဟာ ပြန်လည်ကုသရေးလုပ်ငန်းစဉ်ကို မြန်စေသော်လည်း ရောင်ခြင်းဟာ အန္တရာယ်ရှိတတ်ပါတယ်။ နှလုံးကြွက်သားရောင်ခြင်း နှလုံးကြွက်သားရောင်ခြင်းဆိုသည်မှာ နှလုံးနံရံရဲ့ အပြင်ဘက်ကြွက်သားအလွှာရောင်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ဒီကြွက်သားအလွှာဟာ နှလုံးမှ တခြားခန္ဓါအစိတ်အပိုင်းတွေကို သွေးတွေ အညှစ်းအထုတ်လုပ်ပေးရန် တာဝန်ယူပေးထားပါတယ်။ ဒီကြွက်သားရောင်တဲ့အခါမှာ သွေးတွေကို ညှစ်မပေးနိုင်တော့ပဲ နှလုံးခုန်မမှန်တာ၊အသက်ရှုခက်တာအပြင် ပိုဆိုးလျှင် သွေးခဲမှု၊နှလုံးရပ်ခြင်း၊လေဖြတ်ခြင်း သို့ နှလုံးကို ထိခိုက်နိုင်တဲ့ ပြသနာတွေဖြစ်လာနိုင်ပါတယ်။ လက္ခဏာများMyocarditis (နှလုံးကြွက်သားရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နှလုံးကြွက်သားရောင်ခြင်း ရဲ့ […]

advertisement
advertisement

နှလုံးကြွက်သားရောဂါများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy