နှလုံးအမောဖောက်တာ တခြားရောဂါကြောင့် ဖြစ်နေတာ မဟုတ်ဘဲနဲ့ သွေးတိုးကြောင့်ဖြစ်နေတယ်ဆိုတာကို သေချာစေဖို့အတွက်
- သွေးစစ်တာ ( သွေးအားနည်း၊ မနည်းဆိုတာသိဖို့၊ သိုင်းရွိုက်ဟော်မုန်းတွေများနေလားသိဖို့နဲ့ သွေးတွင်းအဆီဓါတ်များနေလားဆိုတာသိဖို့ သွေးစစ်ပါတယ်)
- ဆီးစစ်တာ ( သွေးတိုးကြောင့် ကျောက်ကပ်ပါထိနေပြီလားဆိုတာ သိနိုင်တယ်)
- ECG ဆွဲပြီး နှလုံးကြီးနေလား၊ နှလုံးခုန်မမှန်တော့ဘူးလား၊ နှလုံးအမောဖောက်နေလားသိနိုင်တယ်။
- Chest X Ray ရင်ဘတ်ဓါတ်မှန်ရိုက်ပြီး နှလုံးကြီးနေလား၊ အဆုတ်မှာရေတွေ စုနေပြီလားသိနိုင်တယ်။
- Echocardiogram နှလုံးပုံရိပ်ဖော်စက်နဲ့ နှလုံးကြီးနေလား၊ အလုပ်တွေရော ဘယ်လောက်လုပ်နိုင်သေးလဲဆိုတာ သိနိုင်တယ်။
- Radionuclide ventriculography သွေးကြောထဲ ဆေးရည်တစ်မျိုးထိုးထည့်ပြီး နှလုံးရဲ့ သွေးညှစ်နိုင်အား ဘယ်လောက်ရှိလဲဆိုတာ သိနိုင်တယ်။
- MRI သံလိုက်စက်ကွင်းတွေကို သုံးပြီး နှလုံးကြွက်သားတွေမှာ ပုံမှန်မဟုတ်တဲ့ တစ်ရှူးတွေရှိနေလားနဲ့ နှလုံးရဲ့ သွေးညှစ်အားကို သိနိုင်ပါတယ်။
- Treadmill ECG ပြေးစက်ပေါ်ပြေးခိုင်းပြီး ပြေးနေစဉ် ECGဆွဲပြီး နှလုံးအမောခံနိုင်နှုန်းကိုစမ်းသပ်နိုင်ပါတယ်။
သွေးတိုးကြောင့် နှလုံးအမောဖောက်တာကို ဘယ်လိုကုသနိုင်မလဲ။ ။
သွေးတိုးရဲ့ နောက်ဆက်တွဲဆိုတော့ အရင်ဆုံး သွေးတိုးကို ထိန်းနိုင်ရင် နှလုံးကို ထိခိုက်ဖို့လည်း မရှိနိုင်တော့ပါဘူး။ ဒါကြောင့် အရင်ဆုံးသွေးတိုးကို ထိန်းရပါမယ်။
သွေးတိုးကျဆေးကို ပုံမှန် စွဲသောက်တာ၊ အစားအသောက်နဲ့ ထိန်းတာမျိုးတွေ၊ သွေးပေါင်ကို မှန်မှန်ချိန်ပေးနေတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။
နှလုံးအမောဖောက်ခြင်းအတွက်သောက်ဆေးတွေကတော့ လူနာတစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ လူနာအခြေအနေပေါ် မူတည်ပြီး ဆရာဝန်ပေးသောဆေးများကိုသာ စနစ်တကျ အချိန်မှန်သောက်သုံးသင့်ပါတယ်။
နှလုံးခွဲစိတ်မှု။ ။ သောက်ဆေးနဲ့ မထိန်းနိုင်တော့မှသာ နှလုံးခွဲစိတ်မှုကို လုပ်ကြပါတယ်။
နှလုံးသွေးကြောကျဉ်းတာကြောင့် နှလုံးကိုထိခိုက်နေတာဆိုရင် coronary-arterybypass graft surgery လုပ်ပေးတာ။ နှလုံးအဆို့ရှင်လေးတွေ မလုံတော့ဘူးဆိုရင် နှလုံးအဆို့ရှင် ထည့်ပေးတာ၊ နှလုံးညှစ်အားကောင်းအောင် စက်လေးတွေ ထည့်ပေးတာ၊ နောက်ဆုံး နှလုံးအစားထိုးကုသတာတွေ လုပ်ပေးနိုင်ပါတယ်။
ကြိုတင်ကာကွယ်ခြင်းက ဖြစ်မှ ကုသခြင်းထက် ပိုကောင်းတာ အားလုံးသိကြမှာပါ။ ဖြစ်လာပြီဆိုရင် လည်း စောစောသိ စောစောကုသခြင်းကသာ အထိရောက်ဆုံးပါ။ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ အသက်သေဆုံးခြင်းကို ဒါမှသာ ကာကွယ်နိုင်မှာပါ။ သွေးတိုးကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အငန်တွေလျှော့စားတာ၊ ဆေးလိပ်တွေ အရက်တွေဖြတ်တာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာတွေလုပ်ရပါမှာဖြစ်သလို နှလုံးကျန်းမာပါရဲ့လားဆိုတာ ကြိုတင်သိနိုင်ဖို့ နှလုံးစစ်ဆေးမှုတွေကို ကြိုကြိုတင်တင်နဲ့ ပုံမှန်လုပ်ပေးသင့်ပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။