- အထိုင်များတဲ့သူတွေဆို ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ပေးသင့်ပါတယ်။
- ဆေးလိပ်သောက်တဲ့ သူဆိုလည်း ဆေးလိပ်ဖြတ်သင့်ပါတယ်။
- အကြာကြီး ထိုင်ပြီး ကားစီးရမယ့်လေယာဉ်စီးရမယ့် ခရီးတွေဆိုရှောင်သင့်ပါတယ်။
ဆေးကုသမှုကတော့ ခြေထောက်ဖောတာကို သက်သာစေဖို့ အတွက်နဲ့ ခြေထောက် အနာဖြစ်တာကို ကာကွယ်ဖို့ အဓိက ရည်ရွယ်ပါတယ်။ ခြေထောက်အနာတွေဖြစ်မယ်၊ ပိုးဝင်နေမယ်ဆိုရင်တော့ ပိုးသတ်ဖို့ ပဋိဇီဝဆေးတွေသောက်နိုင်ပါတယ်။ သောက်ဆေးအပြင် ဖြစ်နေတဲ့ ရောဂါ အဆင့်ပေါ်မူတည်ပြီး အခြားခွဲစိတ်မှုတွေလည်း လုပ်နိုင်ပါသေးတယ်။ ဆရာဝန်က လိုအပ်သလို စီစဉ်ညွှန်ကြားပါလိမ့်မယ်။
ဒါတွေကတော့ နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ အကြောင်းပဲဖြစ်ပါတယ်။ နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ဟာ ရောဂါသေးသေးလေးပဲဆိုပြီး မကုသဘဲထားလို့ အခန့်မသင့်ရင်အသက်သေဆုံးနိုင်တဲ့ အထိဖြစ်နိုင်လို့ ခြေထောက်တွေနာနေပြီ၊ သွေးကြောဖောင်းတာကိုလည်း တွေ့နေပြီဆိုရင် မပေါ့ဆဘဲ ပိုဆိုးမသွားခင် အမြန်ဆုံး ကုသမှု ခံယူသင့်တဲ့ ရောဂါ တစ်ခုပါ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။