backup og meta

သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ!

    ခြေထောက် အထူးသဖြင့် ခြေသလုံး နောက်ဖက်တွေမှာ အထုံးလေးတွေလိုဖြစ်နေတဲ့ သွေးကြောပြာပြာလေးတွေကို မြင်ဖူးကြမယ် ထင်တယ်နော်။ ဒီလိုဖြစ်တာကို အရေပြား အပြင်ကတောင် မြင်ရနိုင်ပြီး ဒီအခြေအနေကို သွေးကြောထုံးတယ်လို့ ခေါ်ပါတယ်။ သွေးကြောထုံးတာက အရေပြားကို ထိခိုက်ပျက်စီးစေနိုင်သလို ပိုဆိုးလာမယ်ဆိုရင်တော့ အန္တရာယ်ရှိတဲ့ သွေးခဲတာတွေကို ဖြစ်စေနိုင်ပါတယ်။

    ဒီလို သွေးကြောထုံးတာက အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာတော့ ပိုအဖြစ်များပါတယ်။ ခြေထောက်သွေးပြန်ကြောမှာရှိတဲ့ အဆို့ရှင်လေးတွေ အားနည်းလာတဲ့အခါ သွေးတွေက ခြေထောက်ကနေ နှလုံးဆီကို ပြန်မသွားနိုင်တော့ဘဲ ခြေထောက်မှာ စုလာပါတယ်။

    သွေးပြန်ကြောထဲမှာ သွေးတွေ အိုင်လာတာကြောင့် သွေးဖိအားတွေ များလာပြီး ခြေထောက်မှာ သွေးကြောထုံးတဲ့အဖုအထစ်လေးတွေ ဖြစ်လာပါတယ်။ ဒီတစ်ခေါက်တော့ သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ

    သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ ဆိုတာကို တစ်ခုချင်းစီ ဖတ်ရင်း သေချာလေး ဆန်းစစ်ကြည့်လိုက်ဦးနော်။

    • ခြေချိတ်ထိုင်တာက သွေးကြောထုံးတာကို ဖြစ်စေနိုင်တယ်

    ဒီအယူအဆက မှားနေပါတယ်။ ခြေချိတ်ထိုင်တာက သွေးကြောထုံးတာကို မဖြစ်စေပါဘူး။ ဒါ့အပြင် ဖိနပ်ကျပ်ကျပ်တွေ စီးတာ၊ ဘောင်းဘီကျပ်ကျပ်တွေ ဝတ်တာက သွေးကြောထုံးတာကို မဖြစ်စေပါဘူး။ အပြင်ကနေရတဲ့ ဖိအားတွေက သွေးကြောတွေထဲက အဆို့ရှင်တွေကို အားနည်းစေတာမျိုး မဖြစ်သလို သွေးကြောနံရံတွေ အားနည်းတာကိုလည်း မဖြစ်စေပါဘူး။

    • ကိုယ်ဝန်ဆောင်တာက သွေးကြောထုံးတာကို ဖြစ်စေနိုင်တယ်

    ကိုယ်ဝန်ဆောင်တာက ခြေထောက်မှာ သွေးကြောထုံးတာကို ပိုဆိုးစေ၊ ပိုသိသာစေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တာကြောင့် သွေးကြောထုံးတာကို ဖြစ်စေတာတော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ပိုထင်းလာပြီး မွေးဖွားပြီးချိန်မှာတော့ မှိန်သွားတတ်ပါတယ်။

    • မျိုးရိုးလိုက်တတ်တယ်

    မိဘမှာ သွေးကြောထုံးတာ၊ ဘိုးဘွားတွေမှာ သွေးကြောထုံးတာတွေဖြစ်တာကြောင့် ကိုယ့်ဆီမှာ သွေးကြောထုံးတာ မဖြစ်မနေဖြစ်လာမှာ မဟုတ်ပါဘူး။ သွေးကြောထုံးတဲ့ လူနာတွေရဲ့ တစ်ဝက်လောက်ကပဲ မိဘမျိုးရိုးမှာ သွေးကြောထုံးတဲ့ ပြဿနာရှိတာ ဖြစ်ပါတယ်။

    • နှိပ်နယ်တာက သွေးကြောထုံးတာကို သက်သာစေတယ်

    နှိပ်နယ်ပေးတာက သွေးကြောထုံးတာကြောင့် ခြေထောက်ဖောင်းတာ၊ နေရထိုင်ရခက်တာကို သက်သာစေနိုင်တယ်ဆိုပေမယ့် သွေးကြောထုံးတာကိုတော့ အရှင်းမပျောက်စေပါဘူး။  အရှင်းပျောက်ဖို့အတွက်ဆိုရင်တော့ လေဆာပစ်တာ၊ sclerotherapyလို့ခေါ်တဲ့ သွေးကြောထဲ ဆေးထိုးတာတွေ လုပ်နိုင်ပါတယ်။

    • သွေးကြောထုံးတာက အလှပျက်စေရုံပဲရှိတာပါ

    သွေးကြောထုံးတာက အလှပျက်စေတဲ့အရာပဲ မဟုတ်ပါဘူး။ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အရေပြားမှာ အရောင်ထင်းတာ အထုံးလေးတွေ ဖြစ်တာကြောင့် အလှပျက်စေရုံတင် မဟုတ်ပါဘူး။  တချို့လူတွေမှာ သွေးကြောထုံးတာကြောင့်  ခြေထောက် ထုံကျဉ်တာ၊ အရေပြား ခြောက်သွေ့တာ၊ ယားယံတာ၊ ခြေထောက်လေးလံတာ၊ ခြေထောက်တွေ ရောင်ရမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။

    ၁၀%လောက်မှာ အရေပြားမှာ သွေးထွက်တာ၊ အရောင်ပြောင်းတာ၊ အရေပြား ထူတာ၊ အနာဖြစ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလို အရေပြား ပျက်စီးတာတွေက ပြန်ကောင်းဖို့ ခက်ပါတယ်။ သွေးကြောထုံးတတ်တဲ့ သူတွေမှာ နောက်ပိုင်းမှာ ခြေထောက်သွေးပြန်ကြော သွေးခဲပိတ်တာလည်း ဖြစ်တတ်ပါတယ်။

    • ရှောင်လွှဲလို့ မရတဲ့ ဇရာလက္ခဏာ

    သွေးကြောထုံးတာက အသက်ကြီးလာရင် ပိုဆိုးလာတယ်ဆိုပေမယ့် လူငယ်တွေမှာလည်း ဖြစ်နိုင်ပါတယ်။ အသက်အရွယ်ရလာရင် သွေးကြောထုံးတာက ပိုပိုဆိုးလာတာတော့ အမှန်ပါပဲ။ ဟော်မုန်းပြောင်းလဲမှုကလည်း သွေးကြောထုံးတာကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာတော့ ပိုဆိုးလာမှာပါ။

  • အမျိုးသမီးတွေမှာပဲ ဖြစ်တတ်တာပါ
  • သွေးကြောထုံးတာက အမျိုးသမီးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်တတ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ အမျိုးသား ၁၀၀ မှာ ၁၀ ဦးနှုန်း သွေးကြောထုံးတတ်ပြီး အမျိုးသမီး အယောက် ၁၀၀ မှာ ၂၅ ဦးနှုန်း သွေးကြောထုံးတတ်ပါတယ်။

    • ပြေးတာက သွေးကြောထုံးစေနိုင်တယ်

    ပြေးတာအပါအဝင် လေ့ကျင့်ခန်း လုပ်တာက သွေးကြောတွေအတွက် ကောင်းပါတယ်။ လေ့ကျင့်ခန်း လုပ်တာက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ခြေသလုံးကြွက်သားတွေက သွေးညှစ်ထုတ်တာနဲ့ နှလုံးဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ ပြေးရုံသက်သက်နဲ့တော့ သွေးကြောထုံးတာ မဖြစ်စေပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 11/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement