ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ခုခံအားကုထုံး ဆိုတာ ကင်ဆာကုထုံးတစ်ခုပါ။ ဆေးပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ကင်ဆာရောဂါကို ကုသရာမှာ အစွမ်းထက်ပြီး လူနာကို ထိခိုက်မှု နည်းစေတဲ့ ကုထုံးတွေကို ရှာဖွေလာကြပါတယ်။ ဒီထဲမှာ ခုခံအား ကုထုံးလည်း ပါဝင်ပါတယ်။ ခုခံအားကုထုံး ဆိုတာ ခုခံအားကုထုံးဆိုတာ လူနာရဲ့ ကိုယ်ပိုင် ခုခံအားကို သုံးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ခုခံအားကုထုံးကို ပေးလိုက်တာက လူနာရဲ့ ခုခံအားစနစ်ကို မြှင့်တင် ဒါမှမဟုတ် အပြောင်းအလဲဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်တွေကို ပိုပြီး တိုက်ခိုက်စေနိုင်ပါတယ်။ ခုခံအားကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။ ခုခံအားက ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရတဲ့ အထဲမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပါပါတယ်။ ခုခံအားက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ခုခံအားဆဲလ်တွေကို ကင်ဆာကျိတ်ရဲ့ အထဲ […]

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

ရင်သားကင်ဆာ

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ရင်သားကင်ဆာဆိုတာ အဖြစ်အများဆုံး ကင်ဆာတွေထဲကတစ်ခုပေါ့။ အမျိုးသမီးရော အမျိုးသားမှာပါ ဖြစ်နိုင်တဲ့ ကင်ဆာ အမျိုးအစားပါ။ ရင်သားမှာတင် မဟုတ်ဘဲ အခြားနေရာတွေဆီကိုပါ ပြန့်နှံ့နိုင်ပါတယ်။ ဒီတော့ ဖြစ်နိုင်ခြေများတဲ့ ဒီကင်ဆာ အန္တရာယ်ကနေ ကာကွယ်ဖို့ ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ ကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ ရင်သားကင်ဆာကို ကာကွယ်ချင်တယ်ဆိုရင် နေ့စဉ် စားသုံးမှုမှာ ဒါတွေ ပါအောင် စားပေးပါ။ မှို မှိုစားသုံးပေးတာက ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ တစ်နေ့ကို မှို ၁၀ ဂရမ်စားသုံးတာက ရင်သား ကင်ဆာ ခံစားရနိုင်ခြေကို ၃ ပုံ ၂ ပုံအထိ လျှော့ချပေးနိုင်ပါတယ်။ မှိုက ဗီတာမင် D ကြွယ်ဝတာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးသလို ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ တစ်ပတ်ကို […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ

ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ ဆိုလို့ ရင်သားကင်ဆာ ကာကွယ်လို့ ရမယ့် နည်းလမ်း ရှိတာလားလို့ မေးစရာ ရှိနိုင်ပါတယ်။ တကယ်ကတော့ ရင်သားကင်ဆာကို ကာကွယ်ဖို့ နည်းလမ်း တိတိကျကျ မရှိသေးပေမယ့် ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချချင်တယ်ဆိုရင် လိုက်နာနေနိုင်ရမယ့် နည်းလမ်းတွေ ရှိပါတယ်။ ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချဖို့ ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိချင်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ အခုပြောပြမယ့် နေထိုင်မှုပုံစံလေးတွေကို လုပ်ဆောင် ကျင့်သုံးရင်း ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ လို့ ပြောချင်ပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ ကိုယ်အလေးချိန်များတာက ရင်သားကင်ဆာ ဖြစ်နိုင်​ခြေ တိုးစေတဲ့ အချက်တစ်ခုပါ။ အထူးသဖြင့် သွေးဆုံးပြီးချိန်မှာ ကိုယ်အလေးချိန် များနေတာက ရင်သားကင်ဆာ ခံစားရနိုင်ခြေကို မြင့်တက်စေပါတယ်။ အရွယ်ရောက်လာချိန်ကစပြီး သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီလို […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ

ရင်သားကင်ဆာ က အဖြစ်များတဲ့ ကင်ဆာ အမျိုးအစား တစ်ရပ်ပါ။ ရင်သားကင်ဆာက အမျိုးသမီးတွေမှာမှ ဖြစ်နိုင်တာ မဟုတ်ဘဲ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေလည်း သတိထားသင့်တဲ့ ကင်ဆာ တစ်မျိုးပါ။ ရင်သားကင်ဆာက ရင်သားမှာ အကျိတ်ဖြစ်တာကနေ စဖြစ်တာများပါတယ်။ ရင်သားကင်ဆာက အမျိုးသမီး အယောက် ၁၀၀ မှာ ၁၂ ဦးလောက် ခံစားနေရတဲ့ ကင်ဆာ အမျိုးအစား တစ်ရပ်ပါ။ အမျိုးသားတွေမှာတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့် လုံးဝ မဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ရင်သားကင်ဆာက အစောပိုင်း အဆင့်မှာ လက္ခဏာ လုံးဝ မပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရင်သားကင်ဆာ အစောပိုင်းအဆင့်မှာ ပုံရိပ်ဖော်စစ်ဆေးနည်းတွေကနေတဆင့်တော့ သိရှိနိုင်ပါတယ်။ ရင်သားကင်ဆာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပြီး ကုသမှု ခံယူဖို့ လိုပါမယ်။  ရင်သားကင်ဆာက […]


ရင်သားကင်ဆာ

ရင်သားထွားထွား ရောဂါများများ

ရင်သား ကြီးမှ ဆွဲဆောင်မှု ရှိတာ၊ မိန်းကလေးဆိုတာ ရင်သားပြည့်မှ လှတယ်ဆိုတဲ့ အယူအဆတွေကို လက်ခံထားတုန်းပဲလား။ ရင်သားထွားထွား ရောဂါများများ ဆိုတာကိုရော သတိထားမိရဲ့လား။ ခါးသေးရင်ချီလေးမှ လှတာဆိုပြီး ရင်သား ကြီးတာကို ဂုဏ်ယူစွာပြောနေသူတွေက ဒုနဲ့ဒေးပါ။ ရင်သားကြီးတာက တကယ်ရော ကျန်းမာရေးနဲ့ညီညွတ်ရဲ့လားဆိုတာကို ရင်သား ကြီးအောင် ဆေးထိုးတာ၊ ဆေးလိမ်းတာတွေ မလုပ်ခင် ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်ပါ။ https://hellosayarwon.com/womens-health/womens-health-issues/how-to-enlarge-your-breasts-naturally/ ရင်သားထွားထွား ရောဂါများများ ရင်သားကြီးတိုင်း ပိုလှ မသွားပါဘူး။ ရင်သား ကြီးတာက တချို့သော ရောဂါတွေကို ပိုဖြစ်စေနိုင်ပါတယ်။ ဒီလိုပြောရတာက ရင်သား ကြီးတာက ခန္ဓာကိုယ်မှာ နာကျင်မှု ဖြစ်စေပါတယ် ရင်သား ကြီးတာက ကိုယ်နေဟန်ထား မမှန်တာကို ဖြစ်စေပြီး ကျောရိုးတွေအပေါ်မှာ ဝန်ပိစေပါတယ်။ မတ်တတ်ရပ်တဲ့အချိန်မှာ ပိုသိသာပါတယ်။ ရင်သားက ရှိသင့်တာထက် ပိုကြီးနေမယ်ဆိုရင် ခန္ဓာကိုယ်မှာ နာကျင်မှု များစွာကို ခံစားရစေနိုင်ပါတယ်။ […]


အခြားကင်ဆာများ

အစာရေမျိုကင်ဆာ ဒီလိုကာကွယ်ပါ

အခုနောက်ပိုင်း အနေအထိုင်၊ စားသောက်မှုပုံစံတွေကြောင့် ကင်ဆာတွေ အဖြစ်များလာပါတယ်။ အဆုတ်၊ ရင်သား၊ အသည်း၊ အစာအိမ်၊ အူမကြီးကစလို့ ခန္ဓာကိုယ်နေရာ အတော်များများမှာ ကင်ဆာတွေ ဖြစ်လာပါတယ်။ ဒီကင်ဆာတွေက ကာကွယ်လို့ရပါတယ်။ ဒီတစ်ခေါက်တော့ အဖြစ်နည်းပေမယ့်လည်း ကာကွယ်ထားရင် မမှားတဲ့ ကင်ဆာ အမျိုးအစားတစ်ခုဖြစ်တဲ့ အစာရေမျို ကင်ဆာလေးအကြောင်း ပြောပြပေးပါရစေ။ အစာရေမျိုကင်ဆာ ဘာတွေကြောင့်ဖြစ်ရတာလဲ။ အစာရေမျိုကင်ဆာ ဖြစ်စေရတဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေပါတယ်။ အသက်အရွယ် အစာရေမျိုကင်ဆာက အသက် ၅၀ နဲ့ အထက်လူတွေမှာ အဖြစ်များပါတယ်။ ကျား/မ ကွာခြားချက် အစာရေမျိုကင်ဆာက အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ဆေးလိပ် နဲ့ အရက် ဆေးလိပ်နဲ့ အရက်ကို အချိန်ကြာမြင့်စွာ သုံစွဲလာတာ၊ အလွန်အကျွံ သုံးစွဲတာတွေကြောင့်လည်း အစာရေမျိုကင်ဆာ ဖြစ်စေနိုင်ပါတယ်။ စားချဉ့်ရည် ပြန်ဆန်တက်တဲ့ ရောဂါရှိတာ စားချဉ့်ရည် ပြန်ဆန်တက်တဲ့ရောဂါ ခံစားရမယ်ဆိုရင် သေချာ ကုသဖို့ လိုပါမယ်။ မကုသဘဲ ထားမယ်ဆိုရင် […]


အခြားကင်ဆာများ

အဝလွန် မှုရဲ့ နောက်ဆက်တွဲကင်ဆာအမျိုးအစားများ

ဝလို့ လှလို့ပဲ ရှိတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောနေတုန်းလား။ ဒါဆိုရင်တော့ ဒီအယူအဆကို ပြင်ဆင်ဖို့ လိုပါပြီ။ အကြောင်းကတော့ ဝတိုင်း မလှပါဘူး။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေမယ်ဆိုရင် အဝလွန် လာမယ်။ အဝလွန် တာရဲ့ နောက်ဆက်တွဲမှာ ကျန်းမာရေးပြဿနာတွေ ရှိလာမယ်။ ဒီလိုဖြစ်လာမယ့် အထဲမှာ ကင်ဆာလည်း ပါတယ်။ ဒီတော့ အဝလွန်ရင် ဘယ်လို ကင်ဆာတွေဖြစ်နိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ အဝလွန် တာနဲ့ ကင်ဆာ ဆက်စပ်မှုရှိလား ? ကင်ဆာ အများစုက အဝလွန် ခြင်းကနေ အရင်းခံလာတာ များပါတယ်။ လေ့လာမှု အချက်အလက် အများစုအရ အဝလွန် တာဟာ နောက်ပိုင်းမှာ ကင်ဆာတွေကို ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အဝလွန် တဲ့ သူတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆီများသလို ရောဂါဖြစ်နိုင်ခြေကလည်း […]


အခြားကင်ဆာများ

အစာရေမျိုပြွန်ကင်ဆာကို ကြံ့ကြံ့ခံ ရင်ဆိုင်ခြင်း

လူတွေက တွေ့တိုင်း ပိန်သွားတယ်နော်။ ဝိတ်ချနေတာလားလို့ပဲ မေးနေတယ်။ တကယ်က ဝိတ်မချပါဘူး။ အစား စားလိုက်တိုင်း မျိုချရခက်လို့ မစားဘဲနေရင်းက အခုလို ဝိတ်ကျလာတာပေါ့။ ဒီလိုနဲ့ စားမဝင်ရင်းက ရင်ဘတ်ထဲက အောင့်အောင့်လာတာ၊ ချောင်းတွေဆိုးတာပါဖြစ်လာတော့ စိုးရိမ်ပြီး အိမ်က ဆရာဝန်နဲ့ ပြကြည့်ရအောင်လားဆိုတော့ ဆေးခန်းသွားပြဖြစ်တယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ဆရာဝန်က ညွှန်ကြားပေးတယ်။ ဆေးစစ်ချက် အဖြေထွက်လာတော့ မျက်စိတွေပါပြာသွားတယ်။ ကမ္ဘာကြီးလည်းခြာခြာလည်သွားသလိုပဲ။ အစာရေမျိုပြွန် ကင်ဆာတဲ့လား။ မေးမိတာက ဆရာ ဒါဆို ကျွန်တော် သေရတော့မှာလားပေါ့။ ဒီမှာ ဆရာက ဒီလိုလည်း မဟုတ်သေးပါဘူးဆိုပြီး ရောဂါအကြောင်းရော ဘယ်လိုနေထိုင်ရမလဲဆိုတာကိုပါ ရှင်းပြပေးတယ်။ အစာရေမျိုပြွန်ကင်ဆာဆိုတာ ကျွန်တော်တိုရဲ့ အစာခြေစနစ်က ပါးစပ်ကနေ စအိုဝအထိပါတယ်။ ဒီထဲမှာမှ လည်ပင်းကနေ အစာအိမ်အပေါ်ဘက်ပိုင်းကို ဆက်ထားတဲ့ ပြွန်ရှည်ရှည် တစ်ချောင်းရှိတယ်။ ပိုက်လုံးလို့ပေါ့။ ဒီပြွန်က စားလိုက်တဲ့ […]


အူမကြီးကင်ဆာ

အူမကြီးကင်ဆာ အသက်ကြီးမှ ကြောက်ရမှာလား

ဟဲ့...... နင်ကြားပြီးပြီလား မီးမီးရဲ့ ကြီးဒေါ် အူမကြီး ကင်ဆာဖြစ်နေလို့လေ။ အေးလေ ဖြစ်မှာပေါ့။ အသက်ကလည်း ကြီးပြီကိုး။ ကဲ...... ဒါဆို မေးစရာက အူမကြီးကင်ဆာဆိုတာ အသက်ကြီးမှ ဖြစ်တာလား။ ငယ်ရင် မစိုးရိမ်ရဘူးလား။ အူမကြီးကင်ဆာ အသက်ကြီးမှ ကြောက်ရမှာလား ဆိုတာလေးတွေပါ။ အူမကြီးကင်ဆာ အသက်ကြီးမှ ကြောက်ရမှာလား အူမကြီးကင်ဆာက အသက်အရွယ်ကြီးရင့်သူတွေမှာ အဖြစ်များပေမယ့် အသက် ၃၀ ကျော် ၄၀ ဝန်းကျင်တွေမှာလည်း မဖြစ်နိုင်ဘူးလို့ အတိအကျ တွေ့ရှိချက် ရှိမနေပါဘူး။ သဘောကတော့ ဖြစ်နိုင်ခြေရှိပါတယ်။ အူမကြီး ကင်ဆာဆိုတာ အူမကြီးဆိုတာ အူမကြီး ဒါမှမဟုတ် အစာဟောင်းအိမ်မှာ ဖြစ်တဲ့ ကင်ဆာပါ။ သူတို့ စဖြစ်တဲ့နေရာကိုလိုက်ပြီး ခေါ်ဝေါ်တာ ပြောင်းလဲနိုင်ပါတယ်။ အူမကြီးကင်ဆာက များသောအားဖြင့် အူမကြီး ဒါမှမဟုတ် အစာဟောင်းအိမ်နံရံမှာ ကင်ဆာမဟုတ်တဲ့ အဖုအကျိတ်လေးတွေ စဖြစ်ရာကနေ အစပြုလာတာပါ။ […]


ကင်ဆာရောဂါများ

ကင်ဆာ

ကင်ဆာ ဆိုတာ ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ကွဲပွားမှုကြောင့်ဖြစ်လာတဲ့ ရောဂါအမျိုးအစားပါ။ ဆဲလ်တွေ အဆမတန် ကွဲပွားလာတဲ့အခါ တစ်ရှူးတွေကို ဖျက်ဆီးတာ၊ လုပ်ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကင်ဆာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကင်ဆာအမျိုးအစားကွဲပေါင်း ၂၀၀ လောက်ကိုရှိပါတယ်။ အဖြစ်များတဲ့ ကင်ဆာအမျိုးအစားတွေကတော့ အရေပြားကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ သွေးကင်ဆာ၊ အူမကြီးကင်ဆာ နဲ့ မှဲ့ကင်ဆာတို့ပါ။ ကင်ဆာက အမျိုးအစားအပေါ်လိုက်ပြီး လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ ကုသနည်းကလည်း အခြေအနေကိုလိုက်ပြီး ခွဲစိတ်ကုသတာ၊ ဆေးသွင်းကုသတာ၊ ဓာတ်ရောင်ခြည်ပြ ကုသတာ၊ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတဲ့ကုထုံးဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အမျိုးသား ၂ ဦးမှာ ၁ ဦးနှုန်း၊ အမျိုးသမီး ၃ ဦးမှာ တစ်ဦးနှုန်းလောက်ဟာ ကင်ဆာရောဂါကို ခံစားနေရပါတယ်။ ကင်ဆာ အမျိုးအစားများ ကင်ဆာဆဲလ် စတင်ဖြစ်ပွားတဲ့ တစ်ရှူးအမျိုးအစား၊ အင်္ဂါအစိတ်အပိုင်းပေါ်မူတည်ပြီး […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ ကာကွယ်ပါ

မဖြစ်ခင်က ကြိုတင်ကာကွယ်ပါ။ ဒီလို ကြိုတင်ကာကွယ်ရမယ့်အထဲမှာ အဆုတ်ကင်ဆာကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီတော့ ခန္ဓာကိုယ်မှာ အဆုတ်ကင်ဆာ ဝင်မလာစေဖို့ ဘယ်လို ဂရုစိုက် နေထိုင်ရမလဲ ဆိုတာကို ပြောပြပေးပါရစေ။ အဆုတ်ကင်ဆာ မဖြစ်ခင်က ​ကြိုတင် ကာကွယ်ပါ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အဆုတ်လေးကို ကင်ဆာ အန္တရာယ်ကနေ ကင်းစေဖို့ဆိုရင် ဆေးလိပ်ဖြတ်ပါ ဆေးလိပ်သောက်တာက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အဆိုးရွားဆုံး ထိခိုက်ခံရတာတော့ အဆုတ်ပေါ့။ ဆေးလိပ်ကို ရေရှည် စွဲသောက်တဲ့အခါ အသက်ရှူလမ်းကြောင်း ကျန်းမာရေး ထိခိုက်လာသလို အဆုတ်လည်း နာမကျန်းဖြစ်ပြီး အဆိုးဆုံး အနေနဲ့ အဆုတ် ကင်ဆာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဆုတ်ကင်ဆာ ကာကွယ်ဖို့ဆိုရင် ဆေးလိပ်ဖြတ်ဖို့ လိုပါမယ်။ တဆင့်ခံ ဆေးလိပ်ငွေ့ သတိပြုပါ တဆင့်ခံ ဆေးလိပ်ငွေ့ကလည်း ကျန်းမာရေးကို အတော်လေး ထိခိုက်စေတဲ့အရာပါ။ ဆေးလိပ်သောက်သလိုကို အသက်ရှူလမ်းကြောင်းနဲ့ အဆုတ် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်က […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်