လူတွေက တွေ့တိုင်း ပိန်သွားတယ်နော်။ ဝိတ်ချနေတာလားလို့ပဲ မေးနေတယ်။ တကယ်က ဝိတ်မချပါဘူး။ အစား စားလိုက်တိုင်း မျိုချရခက်လို့ မစားဘဲနေရင်းက အခုလို ဝိတ်ကျလာတာပေါ့။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
လူတွေက တွေ့တိုင်း ပိန်သွားတယ်နော်။ ဝိတ်ချနေတာလားလို့ပဲ မေးနေတယ်။ တကယ်က ဝိတ်မချပါဘူး။ အစား စားလိုက်တိုင်း မျိုချရခက်လို့ မစားဘဲနေရင်းက အခုလို ဝိတ်ကျလာတာပေါ့။
ဒီလိုနဲ့ စားမဝင်ရင်းက ရင်ဘတ်ထဲက အောင့်အောင့်လာတာ၊ ချောင်းတွေဆိုးတာပါဖြစ်လာတော့ စိုးရိမ်ပြီး အိမ်က ဆရာဝန်နဲ့ ပြကြည့်ရအောင်လားဆိုတော့ ဆေးခန်းသွားပြဖြစ်တယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ဆရာဝန်က ညွှန်ကြားပေးတယ်။ ဆေးစစ်ချက် အဖြေထွက်လာတော့ မျက်စိတွေပါပြာသွားတယ်။ ကမ္ဘာကြီးလည်းခြာခြာလည်သွားသလိုပဲ။ အစာရေမျိုပြွန် ကင်ဆာတဲ့လား။
မေးမိတာက ဆရာ ဒါဆို ကျွန်တော် သေရတော့မှာလားပေါ့။ ဒီမှာ ဆရာက ဒီလိုလည်း မဟုတ်သေးပါဘူးဆိုပြီး ရောဂါအကြောင်းရော ဘယ်လိုနေထိုင်ရမလဲဆိုတာကိုပါ ရှင်းပြပေးတယ်။
ကျွန်တော်တိုရဲ့ အစာခြေစနစ်က ပါးစပ်ကနေ စအိုဝအထိပါတယ်။ ဒီထဲမှာမှ လည်ပင်းကနေ အစာအိမ်အပေါ်ဘက်ပိုင်းကို ဆက်ထားတဲ့ ပြွန်ရှည်ရှည် တစ်ချောင်းရှိတယ်။ ပိုက်လုံးလို့ပေါ့။ ဒီပြွန်က စားလိုက်တဲ့ အစာတွေကို ချေဖျက်ဖို့ အစာအိမ်ဆီပို့ပေးတယ်။ သူ့ကိုအစာရေမျိုပြွန်ခေါ်တာပေါ့။
အခု ကင်ဆာဖြစ်နေတယ်ဆိုတာ အဲ့အစိတ်အပိုင်းလေးမှာပေါ့။ အစာရေမျိုပြွန်ကင်ဆာ ဘယ်လိုစဖြစ်လဲဆိုရင် အစာရေမျိုအတွင်းနံရံဆဲလ်တွေကနေစတာပေါ့။ အစာရေမျိုပြွန်ရဲ့ ဘယ်နေရာမှာဖြစ်ဖြစ် အစာရေမျိုပြွန်ကင်ဆာပဲလေ။ အမျိုးသားရော အမျိုးသမီးမှာပါဖြစ်နိုင်တယ်။ အဖြစ်လည်း များတယ်တဲ့။
အစာရေမျိုပြွန်ကင်ဆာဖြစ်ပြီဆိုရင် အခုလိုလက္ခဏာတွေ ခံစားရတတ်တယ်
ဟုတ်သား…အခုခံစားနေရတဲ့ လက္ခဏာတွေနဲ့ တူလိုက်တာ။
အစာရေမျိုပြွန်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမကဘူးဆိုပဲ။
အစာရေမျိုပြွန်ကင်ဆာက မြန်မြန်သိ၊ မြန်မြန်ကုရင် သက်သာနိုင်ခြေများပါတယ်လို့ ဆရာကဆက်ပြောပြတော့ နည်းနည်းစိတ်ပေါ့သွားတယ်။ ကင်ဆာ အခြေအနေကို လိုက်ပြီး ခံယူရတဲ့ ကုသမှုတွေကတော့ ကွာတာပေါ့။ ဆေးပညာတွေ တိုးတက်လာတော့ အရင်ကထက်တော့ ပိုပြီး ကောင်းမွန် အဆင်ပြေလာပါပြီတဲ့။
ခွဲစိတ်ကုသမှုခံယူရတာလည်း ရှိတယ်။ ခွဲစိတ်ကုသမှုဆိုတဲ့နေရာမှာ
ဒါတွေတင်မကဘဲ
ဒီကုထုံးတွေက သင့်တော်တဲ့ ကုထုံးကို ဆရာဝန်က ညွှန်ပေးတဲ့အတိုင်း စနစ်တကျ ဆက်ကုသမှု ခံယူခဲ့လိုက်တာ အခုတော့ တော်တော်လေး သက်သာနေပါပြီ။
ဆရာကမှာလိုက်သေးတယ် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ဆေးလိပ် နဲ့ အရက်ကိုဖြတ်ဖို့၊ အာဟာရ သင့်တင့်မျှတအောင် စားဖို့နဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ပေါ့။ ပုံမှန် ဆေးစစ်မှု ခံယူဖို့လည်း ပြောပါတယ်။ ဒါတွေကို လိုက်နာရင်း အခုတော့ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်နဲ့ အစာရေမျိုကင်ဆာကို အံတု နေထိုင်နေတယ်လေ။
ရောဂါဖြစ်ရင် ကြောက်ဖို့ မလိုပါဘူး။ အနာသိရင် ဆေးရှိပါတယ်။ မြန်မြန်သိ မြန်မြန် ကုသနိုင်ရင်တော့ ပိုထိရောက်တာပေါ့။ ကင်ဆာဆိုလို့ အသက် သေမယ်ချည်းပဲ မတွေးပါနဲ့။ တိုးတက်လာတဲ့ ဆေးပညာရဲ့ ထောက်ကူမှုနဲ့ လူ့သက်တမ်းစေ့ နေနိုင်ဖို့ ကြိုးစားကြည့်ကြပါ။
ဒီကုသမှုကို ကျွမ်းကျင်ဆရာဝန်ကြီးတွေ ရှိတဲ့ Mount Elizabeth ဆေးရုံကြီးမှာ နောက်ဆုံးပေါ်ကုထုံးတွေကို သုံးပြီး ကုသမှုခံယူခဲ့တာပဲ ဖြစ်ပါတယ်။
အစာရေမျိုပြွန်ကင်ဆာအတွက် နောက်ဆုံးပေါ် စစ်ဆေးမှုနည်းလမ်းများ၊ ကုသမှုများကို ပိုမိုသိရှိလိုပါက စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံကြီးရဲ့ မြန်မာနိုင်ငံရုံးများမှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဆက်သွယ်ရန် –
Mount Elizabeth Hospitals Singapore, Myanmar Office
ရန်ကုန် Helpline : 09-430 66666, 09-430 66663
မန္တလေး Helpline: 09-430 66667, 09-7930 66667
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။