backup og meta

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

    ရင်သားကင်ဆာဆိုတာ အဖြစ်အများဆုံး ကင်ဆာတွေထဲကတစ်ခုပေါ့။ အမျိုးသမီးရော အမျိုးသားမှာပါ ဖြစ်နိုင်တဲ့ ကင်ဆာ အမျိုးအစားပါ။ ရင်သားမှာတင် မဟုတ်ဘဲ အခြားနေရာတွေဆီကိုပါ ပြန့်နှံ့နိုင်ပါတယ်။

    ဒီတော့ ဖြစ်နိုင်ခြေများတဲ့ ရင်သားကင်ဆာ အန္တရာယ်ကနေ ကာကွယ်ဖို့ ဘာတွေကို စားသောက်သင့်လဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာ

    ရင်သားကင်ဆာကို ကာကွယ်ချင်တယ်ဆိုရင် နေ့စဉ် စားသုံးမှုမှာ ဒါတွေ ပါအောင် စားပေးပါ။

    မှို

    မှိုစားသုံးပေးတာက ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ တစ်နေ့ကို မှို ၁၀ ဂရမ်စားသုံးတာက ရင်သား ကင်ဆာ ခံစားရနိုင်ခြေကို ၃ ပုံ ၂ ပုံအထိ လျှော့ချပေးနိုင်ပါတယ်။

    မှိုက ဗီတာမင် D ကြွယ်ဝတာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးသလို ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ တစ်ပတ်ကို ၃ ကြိမ်လောက် မှိုစားပေးပါ။

    သစ်ကြားသီး

    ရင်သားကင်ဆာ ကာကွယ်ဖို့ စားပေးသင့်တဲ့ နောက်ထပ် အစားအစာတစ်ခုက သစ်ကြားသီးပါ။ သစ်ကြားသီးမှာ ကင်ဆာဆဲလ်တွေ ရှင်သန်နိုင်မှုကို ဟန့်တားပေးတဲ့ ဗီတာမင်တစ်မျိုးဖြစ်တဲ့ gamma tocopherol ပါဝင်နေပါတယ်။

    ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ ဟော်မုန်းတွေကို တားဆီးပေးနိုင်တဲ့ အာနိသင်လည်း ရှိနေတာကြောင့် ရင်သား ကင်ဆာ ကာကွယ်ချင်တယ်ဆိုရင် သစ်ကြားသီးက စားပေးသင့်တဲ့ အရာတစ်ခုပါ။

    ခရမ်းချဉ်သီး

    ခရမ်းချဉ်သီး ဆိုတဲ့နေရာမှာ ချက်ပြီးသား ခရမ်းချဉ်သီးကို စားပေးရမှာပါ။ ချက်ပြီးသား ခရမ်းချဉ်သီးကမှ ရင်သားကင်ဆာ ခံစားရနိုင်ခြေကို လျှော့ချပေးမှာ ဖြစ်ပါတယ်။

    ခရမ်းချဉ်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ကာရိုတီးနွိုက်က ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ၂၂ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးကို တစ်နေ့တစ်လုံး ပုံမှန် စားပေးသင့်ပါတယ်။

    ကန်စွန်းဥ

    ခရမ်းချဉ်သီးလိုမျိုး လိမ္မော်ရောင်ပါတဲ့ ကန်စွန်းဥမှာလည်း ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ ကာရိုတီးနွိုက်ပါဝင်နေပါတယ်။ လေ့လာမှုတွေအရတော့ ကာရိုတီးနွိုက် ပြည့်ဝနေမှုက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ၁၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

    ကာရိုတီးနွိုက်မှာပါတဲ့ ဒြပ်ပေါင်းတွေက ဆဲလ်တွေ ကြီးထွားမှုကို ထိန်းချုပ်ပေးတာ၊ ဆဲလ်တွေကို ကာကွယ်ပေးတာ၊ ပြုပြင်ပေးတာတွေ လုပ်ဆောင်ပေးပါတယ်။ ဒါ​ကြောင့် ရင်သားကင်ဆာကို ကာကွယ်ချင်တယ်ဆိုရင် တစ်ပတ်ကို ၂ ​ကြိမ် ကနေ ၃ ကြိမ်လောက်အထိ ကန်စွန်းဥ စားပေးပါ။

    ပန်းဂေါ်ဖီစိမ်း

    တကြွပ်ကြွပ် ဝါးစားလို့ကောင်းတဲ့ ပန်းဂေါ်ဖီစိမ်းကလည်း ရင်သားကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အကြောင်းကတော့ ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ sulforaphane ဒြပ်ပေါင်းက ရင်သားကင်ဆာ ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေကို ဖယ်ရှားပေးပြီး ကင်ဆာဆဲလ်တွေ ဖြစ်ပေါ်တာမျိုး မဖြစ်စေဖို့ ဟန့်တားပေးလို့ပါ။

    ရင်သား ကင်ဆာ ကာကွယ်ဖို့ဆိုရင် ပြုတ်ထားတဲ့ ပန်းဂေါ်ဖီစိမ်းကို တစ်ပတ် ၂ ကြိမ်လောက် စားပေးသင့်ပါတယ်။

    ဒါတွေအပြင် ရင်သားကင်ဆာ ကာကွယ်ဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement