ဟဲ့…… နင်ကြားပြီးပြီလား မီးမီးရဲ့ ကြီးဒေါ် အူမကြီး ကင်ဆာဖြစ်နေလို့လေ။ အေးလေ ဖြစ်မှာပေါ့။ အသက်ကလည်း ကြီးပြီကိုး။ ကဲ…… ဒါဆို မေးစရာက အူမကြီးကင်ဆာဆိုတာ အသက်ကြီးမှ ဖြစ်တာလား။ ငယ်ရင် မစိုးရိမ်ရဘူးလား။
ဟဲ့…… နင်ကြားပြီးပြီလား မီးမီးရဲ့ ကြီးဒေါ် အူမကြီး ကင်ဆာဖြစ်နေလို့လေ။ အေးလေ ဖြစ်မှာပေါ့။ အသက်ကလည်း ကြီးပြီကိုး။ ကဲ…… ဒါဆို မေးစရာက အူမကြီးကင်ဆာဆိုတာ အသက်ကြီးမှ ဖြစ်တာလား။ ငယ်ရင် မစိုးရိမ်ရဘူးလား။
အူမကြီးကင်ဆာက အသက်အရွယ်ကြီးရင့်သူတွေမှာ အဖြစ်များပေမယ့် အသက် ၃၀ ကျော် ၄၀ ဝန်းကျင်တွေမှာလည်း မဖြစ်နိုင်ဘူးလို့ အတိအကျ တွေ့ရှိချက် ရှိမနေပါဘူး။ သဘောကတော့ ဖြစ်နိုင်ခြေရှိပါတယ်။
အူမကြီးဆိုတာ အူမကြီး ဒါမှမဟုတ် အစာဟောင်းအိမ်မှာ ဖြစ်တဲ့ ကင်ဆာပါ။ သူတို့ စဖြစ်တဲ့နေရာကိုလိုက်ပြီး ခေါ်ဝေါ်တာ ပြောင်းလဲနိုင်ပါတယ်။
အူမကြီးကင်ဆာက များသောအားဖြင့် အူမကြီး ဒါမှမဟုတ် အစာဟောင်းအိမ်နံရံမှာ ကင်ဆာမဟုတ်တဲ့ အဖုအကျိတ်လေးတွေ စဖြစ်ရာကနေ အစပြုလာတာပါ။ အစကတော့ အကျိတ်အဖု သေးသေးလေးပေါ့ နောက်မှ အဆမတန် ကြီးထွားရင်း ကင်ဆာဖြစ်လာတာပါ။
အူမကြီးကင်ဆာ ဖြစ်စေရတဲ့ အကြောင်းအရင်းကို အခုထိတော့ သေသေချာချာ မသိရသေးပါဘူး။ ဒါပေမယ့် ဒီအချက်တွေကတော့ အူမကြီး ကင်ဆာ ခံစားရနိုင်ခြေများစေပါတယ်။
အူမကြီး ကင်ဆာ ခံစားနေရပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
အူမကြီးကင်ဆာလို့ ယူဆရတဲ့ လက္ခဏာတွေ မြင်ရပြီဆိုရင်
ကင်ဆာ လက္ခဏာတွေရှိလားဆိုတာကို သိနိုင်ဖို့ ဝမ်းကို စစ်ဆေးတဲ့ Stool-based test လိုက်တာရှိသလို မှန်ပြောင်းလေးနဲ့ ကင်ဆာရှိနေနိုင်တယ်လို့ ယူဆရတဲ့ အူမကြီးနံရံကို စစ်ဆေးတာ Visual (structural) exams စစ်ဆေးတာဆိုပြီး ရှိပါတယ်။ အခြေအနေကို သိရှိပြီဆိုတော့မှ ကုထုံးကို ရွေးချယ်မှာပါ။
အူမကြီးကင်ဆာက စောစောသိ စောစောကုသနိုင်ရင် အကောင်းဆုံးပါ။ ဒီတော့ အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားနေရပြီဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ အမြန်ဆုံးသွားပြပေးပါ။ ဆရာဝန်က အဆင်ပြေဆုံးဖြစ်မယ့် ကုသမှုကို လမ်းညွှန်ပေးမှာပါ။
အူမကြီး ကင်ဆာနဲ့ ပတ်သက်တဲ့ အသုံးအများဆုံး ကုထုံးတစ်ခုကတော့ အူမကြီးထဲက အကျိတ်ကို ဖယ်ရှားတာပါ။ ဒီလို ဖယ်ရှားတဲ့အခါ
ခွဲစိတ်ဖို့ မလိုဘူးဆိုရင်တော့
ကုထုံးတွေကိုလည်း သေချာ ခံယူမယ်။ သင့်တင့်တဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းမယ်။ အာဟာရပြည့်ဝ မျှတအောင် စားမယ်။ လေ့ကျင့်ခန်း လုပ်မယ်။ ပုံမှန် စစ်ဆေးမှုတွေ လုပ်မယ်ဆိုရင် အူမကြီးကင်ဆာရှိရင်တောင် သက်တမ်းစေ့စေ့ နေနိုင်မှာပါ။
အခုပြောခဲ့တဲ့ အူမကြီးကင်ဆာ ကုထုံးတွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးနေတဲ့ Mount Elizabeth ဆေးရုံကြီးမှာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ဆွေးနွေးပြီး ကုသမှုခံယူလို့ ရပါတယ်။
ကဲ…… အသက်ကြီးမှရယ်မဟုတ်ဘဲ သက်လတ်ပိုင်းအရွယ်မှလည်း ခံစားရနိုင်ခြေရှိတဲ့ အူမကြီးကင်ဆာကို သေချာလေး ဂရုစိုက် စောင့် ကြည့် ကာကွယ်လိုက်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။