ရင်သားကင်ဆာ က အဖြစ်များတဲ့ ကင်ဆာ အမျိုးအစား တစ်ရပ်ပါ။ ရင်သားကင်ဆာက အမျိုးသမီးတွေမှာမှ ဖြစ်နိုင်တာ မဟုတ်ဘဲ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေလည်း သတိထားသင့်တဲ့ ကင်ဆာ တစ်မျိုးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
ရင်သားကင်ဆာ က အဖြစ်များတဲ့ ကင်ဆာ အမျိုးအစား တစ်ရပ်ပါ။ ရင်သားကင်ဆာက အမျိုးသမီးတွေမှာမှ ဖြစ်နိုင်တာ မဟုတ်ဘဲ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေလည်း သတိထားသင့်တဲ့ ကင်ဆာ တစ်မျိုးပါ။
ရင်သားကင်ဆာက ရင်သားမှာ အကျိတ်ဖြစ်တာကနေ စဖြစ်တာများပါတယ်။ ရင်သားကင်ဆာက အမျိုးသမီး အယောက် ၁၀၀ မှာ ၁၂ ဦးလောက် ခံစားနေရတဲ့ ကင်ဆာ အမျိုးအစား တစ်ရပ်ပါ။ အမျိုးသားတွေမှာတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့် လုံးဝ မဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။
ရင်သားကင်ဆာက အစောပိုင်း အဆင့်မှာ လက္ခဏာ လုံးဝ မပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရင်သားကင်ဆာ အစောပိုင်းအဆင့်မှာ ပုံရိပ်ဖော်စစ်ဆေးနည်းတွေကနေတဆင့်တော့ သိရှိနိုင်ပါတယ်။ ရင်သားကင်ဆာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပြီး ကုသမှု ခံယူဖို့ လိုပါမယ်။
ရင်သားကင်ဆာက အမျိုးအစား အများကြီး ရှိပါတယ်။ အချို့သော ရင်သားကင်ဆာတွေမှာ ရင်သား အကျိတ်အဖုတွေ မဖြစ်တာမျိုး ရှိပြီး အချို့သော ရင်သားကင်ဆာတွေမှာတော့ အကျိတ်တွေက တဖြည်းဖြည်းချင်းမှ ကြီးလာတာမျိုးပါ။ ကင်ဆာကျိတ်တွေ မြန်မြန်ကြီးထွားလာပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်တာမျိုးလည်း ရှိပါတယ်။
ရင်သားကင်ဆာ အများစုက လက္ခဏာ ပြသတာမျိုး မရှိပါဘူး။ ဒါပေမယ့် အချို့ အမျိုးအစားတွေကတော့ ရင်သားမှာ သိသာတဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေပါတယ်။
တစ်ခါတလေမှာ ရင်သားကင်ဆာ လက္ခဏာတွေက အခြား ကျန်းမာရေးပြဿနာတွေနဲ့ ဆင်တူနေတတ်ပါတယ်။ ဒါကြောင့် အခုပြောပြမယ့် လက္ခဏာတွေ ခံစားနေရမယ်ဆိုရင်တော့ မြန်နိုင်သမျှ မြန်မြန် ကုသစစ်ဆေးမှုတွေ ခံယူဖို့ လိုပါမယ်။
အကျိတ်တိုင်းက ရင်သားကင်ဆာလို့ မဆိုလိုနိုင်ပါဘူး။ ရင်သား အကျိတ်တိုင်းက ရင်သား မဟုတ်ပါဘူး။ ရင်သားကင်ဆာ အမျိုးအစားတိုင်းကလည်း အကျိတ် မဖြစ်ပါဘူး။ ရင်သားထဲမှာ အကျိတ် တစ်ခုခုကို မစမ်းမိဘဲ ရင်သားကင်ဆာဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။ ရင်သား အရေပြားထူလာတာမျိုး ဖြစ်မယ်ဆိုရင် သေချာလေး ကုသစစ်ဆေးမှု လုပ်ဆောင်ဖို့ လိုပါမယ်။
ရင်သားကင်ဆာက ရင်သားထဲမှာရှိတဲ့ ဆဲလ်တွေ ပုံမှန် မဟုတ်တဲ့ ကြီးထွားကွဲပွားမှုတွေ ဖြစ်ရာကနေ စတင်တာပါ။
ဒီအချက်က ရင်သားကင်ဆာကို ဖြစ်စေတဲ့ တစ်ခုတည်းသော အချက် မဟုတ်ပါဘူး။ အခုပြောပြမယ့် အချက်တွေကြောင့်လည်း ရင်သားကင်ဆာဖြစ်နိုင်ပါတယ်။
ရင်သားကင်ဆာကို စစ်ဆေးတဲ့ နည်းလမ်းတွေ အဆင့်တွေကတော့ အများကြီးပါ။ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုအနေနဲ့ ရင်သားကို စမ်းသပ်တာမျိုး လုပ်လို့ ရသလို ရင်သားကို ပုံရိပ်ဖော် စစ်ဆေးတာတွေ လုပ်ဆောင်လို့ ရပါတယ်။ အသားစယူပြီး စစ်ဆေးလို့လည်း ရပါတယ်။
ရင်သားထဲမှာ အကျိတ်အဖုအနေနဲ့ ရင်သားကင်ဆာဆဲလ်တွေက ရှိနေနိုင်ပါတယ်။ ရင်သားတစ်ရှူးတွေမှာ အကျိတ်ရှိနေလားဆိုတာကို သိနိုင်ဖို့ mammogram နဲ့ X- ray ကို အသုံးပြုလို့ ရပါတယ်။ ရင်သားကင်ဆာကို MRI နည်းသုံးပြီးလည်း စစ်ဆေးနိုင်ပါတယ်။
နောက်ထပ် နည်းလမ်းတစ်ခုကတော့ ရင်သားကနေ အသားစ နမူနာယူပြီး စစ်ဆေးတာပါ။ ရင်သားအကျိတ်ရဲ့ တည်နေရာ၊ အခြေအနေ၊ အရွယ်အစားကို လိုက်ပြီး စစ်ဆေးမှု နည်းလမ်းတွေ ကွာခြားနိုင်ပါတယ်။
ကျွမ်းကျင်သူတွေက ရင်သား အသားစ နမူနာ ကို မိုက်ခရိုစကုပ်စ် အောက်မှာ စစ်ဆေးမှာပါ။
ရင်သားကင်ဆာအမျိုးအစားက တစ်မျိုးမက ရှိပါတယ်။ ရင်သားကင်ဆာ အမျိုးအစားကို သိမှ ကုသနိုင်မယ့် နည်းလမ်းကို ရွေးချယ်နိုင်မှာပါ။
ရင်သားကင်ဆာကို အဓိကအားဖြင့် အကျိတ်စတင်ဖြစ်ပေါ်ရာ ရင်သားတစ်ရှူးအပေါ်မူတည်ပြီး ခွဲပါတယ်။ ဥပမာ ရင်သားကင်ဆာက နို့ရည်ပြွန်တွေကနေ စဖြစ်တာဆိုရင် နို့ပြွန်ကင်ဆာ (ductal cancers) လို့ သတ်မှတ်ရပါမယ်။ ရင်သားကင်ဆာရဲ့ ၈၀ ရာခိုင်နှုန်းက နို့ပြွန်ကင်ဆာ အမျိုးအစားပါ။ နောက်တစ်မျိုးကတော့ နို့ရည်ထုတ်ဂလင်းတွေကနေစတင်ဖြစ်ပေါ်တဲ့ နို့ရည်ပြုဂလင်းကင်ဆာ (Lobular cancer) ပါ။ ရင်သားကင်ဆာရဲ့ ၈ ရာခိုင်နှုန်းသော အမျိုးအစားပေါ့။
ဒါတွေအပြင်
ကင်ဆာဆဲလ်တွေက ရင်သားကနေ ဘယ်လောက်ဝေးတဲ့ ပမာဏကို ပြန့်လဲဆိုတဲ့အပေါ်မူတည်ပြီး ရင်သားကင်ဆာကို အဆင့် သတ်မှတ်နိုင်ပါတယ်။
ရင်သားကင်ဆာကို အကျိတ် အရွယ်အစား၊ ပြန်ရည်ကျိတ် အခြေအနေ၊ ပြန့်နှံ့မှု အကွာအဝေးကို မူတည်ပြီး 0 (ကင်ဆာ အစပျိုးမှု အဆင့်) ကနေ IV ( ကင်ဆာ ပြန့်ပွားနေတဲ့အဆင့်) ဆိုပြီး သတ်မှတ်ပါတယ်
ရင်သားကင်ဆာကို နောက်ထပ် ခွဲခြားနိုင်တာက ကင်ဆာဆဲလ်တွေရဲက ပြန့်နှံ့မှု အတိုင်းအတာကိုလိုက်ပြီး
ရင်သားကင်ဆာကို ကုသတဲ့နည်းက တစ်ခုမကပါဘူး။ ကင်ဆာအဆင့်၊ grade၊ အမျိုးအစားကို လိုက်ပြီး ကုထုံး ကွာခြားနိုင်ပါတယ်။
ရင်သားကင်ဆာက စောစောသိ စောစောကုသနိုင်လေလေ ထိရောက်မှု ရှိလေလေပါ။ ဒီတော့ ရင်သားကင်ဆာကို ကာကွယ်ဖို့ဆိုရင်
ရင်သားကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ ဒါပေမယ့် ကိုယ်တိုင် စစ်ဆေး သိရှိနိုင်ပါတယ်။ အသက် ၄၀ ပြည့်ပြီးတဲ့အခါ ရင်သားကို ပုံမှန် ပုံရိပ်ဖော် စစ်ဆေးမှု ခံယူရပါမယ်။ တကယ်လို့ ပုံရိပ်ဖော်စစ်ဆေးတာမျိုး မလုပ်ဆောင်ချင်ဘူးဆိုရင် လစဉ် အိမ်မှာ ကိုယ်တိုင် ရင်သားကို စစ်ဆေးတာမျိုး လုပ်ဆောင်ဖို့ လိုပါမယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။