ရင်သားကင်ဆာ

အမျိုးသမီးရော အမျိုးသားတွေမှာပါ ခံစားရနိုင်တဲ့ ရင်သားကင်ဆာ ကြိုတင်ကာကွယ်နည်းတွေ၊ ကုထုံးတွေ၊ အစောပိုင်းလက္ခဏာတွေနဲ့ လိုက်နာရမယ့် နေထိုင်စားသောက်ပုံတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

ရင်သားကင်ဆာ

ကင်ဆာရှိနေတာတောင် မျှော်လင့်ချက် မပျောက်ဆုံးခဲ့ပါ။

ရေချိုးခန်းဝင်ရင် ဆပ်ပြာတိုက်တော့ ရင်သားမှာ အဖုလေးလိုလို အကျိတ်လေးလိုလို စမ်းမိတယ်။ အစကတော့ ဘာရယ်လို့မှ ထွေထွေထူးထူး မတွေးဘဲ ထားလိုက်တယ်။ ဒါပေမယ့် တစ်ပတ်လောက်ကြာတော့ အကျိတ်လေးက ပိုကြီးလာသလိုပဲ။ ဒီလိုနဲ့ မေမေ့ကို ပြောပြမိတော့ ကင်ဆာ ဖြစ်နေမှာစိုးလို့ ဆေးခန်းပြကြည့်ဖို့ ပြောတယ်။ ချက်ချင်းတော့ မပြဖြစ်သေးဘူးပေါ့။ အလုပ်တွေများနေတာနဲ့ အချိန်နည်းနည်းကြာလာတော့ အကျိတ်က ကြီးလာတယ်။ ဒီလိုနဲ့ မဖြစ်တော့ဘူးဆိုပြီး မေမေကိုယ်တိုင် လိုက်ပို့မှပဲ ဆေးခန်းရောက်တော့တယ်။ ဆရာဝန်နဲ့ ဖြစ်တဲ့ လက္ခဏာတွေကို သေချာပြောပြပြီး ဆေးစစ်မှုတွေ လုပ်ခိုင်းတယ်။ ဒီအချိန်မှာကတည်းက ဆရာဝန်က သေချာတော့ ပြောလို့မရသေးပေမယ့် ကင်ဆာလို့ သံသယရှိတယ်လို့တော့ပြောတယ်။ မေမေရော ကိုယ်တိုင်ပါ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်းပေါ့။ ဒီလိုနဲ့ ဆေးစစ်ချက် အဖြေတွေထွက်လာတော့ စိတ်တော့ မကောင်းပေမယ့် ရင်သားကင်ဆာဖြစ်နေတာပါလို့ ဆရာဝန်က ပြောလာတယ်။ ခေါင်းကို […]

ရင်သားကင်ဆာ ကို ရှာဖွေမည်။

ရင်သားကင်ဆာ

ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ

ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ ဆိုလို့ ရင်သားကင်ဆာ ကာကွယ်လို့ ရမယ့် နည်းလမ်း ရှိတာလားလို့ မေးစရာ ရှိနိုင်ပါတယ်။ တကယ်ကတော့ ရင်သားကင်ဆာကို ကာကွယ်ဖို့ နည်းလမ်း တိတိကျကျ မရှိသေးပေမယ့် ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချချင်တယ်ဆိုရင် လိုက်နာနေနိုင်ရမယ့် နည်းလမ်းတွေ ရှိပါတယ်။ ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချဖို့ ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိချင်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ အခုပြောပြမယ့် နေထိုင်မှုပုံစံလေးတွေကို လုပ်ဆောင် ကျင့်သုံးရင်း ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ လို့ ပြောချင်ပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ ကိုယ်အလေးချိန်များတာက ရင်သားကင်ဆာ ဖြစ်နိုင်​ခြေ တိုးစေတဲ့ အချက်တစ်ခုပါ။ အထူးသဖြင့် သွေးဆုံးပြီးချိန်မှာ ကိုယ်အလေးချိန် များနေတာက ရင်သားကင်ဆာ ခံစားရနိုင်ခြေကို မြင့်တက်စေပါတယ်။ အရွယ်ရောက်လာချိန်ကစပြီး သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီလို […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ

ရင်သားကင်ဆာ က အဖြစ်များတဲ့ ကင်ဆာ အမျိုးအစား တစ်ရပ်ပါ။ ရင်သားကင်ဆာက အမျိုးသမီးတွေမှာမှ ဖြစ်နိုင်တာ မဟုတ်ဘဲ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေလည်း သတိထားသင့်တဲ့ ကင်ဆာ တစ်မျိုးပါ။ ရင်သားကင်ဆာက ရင်သားမှာ အကျိတ်ဖြစ်တာကနေ စဖြစ်တာများပါတယ်။ ရင်သားကင်ဆာက အမျိုးသမီး အယောက် ၁၀၀ မှာ ၁၂ ဦးလောက် ခံစားနေရတဲ့ ကင်ဆာ အမျိုးအစား တစ်ရပ်ပါ။ အမျိုးသားတွေမှာတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့် လုံးဝ မဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ရင်သားကင်ဆာက အစောပိုင်း အဆင့်မှာ လက္ခဏာ လုံးဝ မပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရင်သားကင်ဆာ အစောပိုင်းအဆင့်မှာ ပုံရိပ်ဖော်စစ်ဆေးနည်းတွေကနေတဆင့်တော့ သိရှိနိုင်ပါတယ်။ ရင်သားကင်ဆာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပြီး ကုသမှု ခံယူဖို့ လိုပါမယ်။  ရင်သားကင်ဆာက […]


ရင်သားကင်ဆာ

ရင်သားထွားထွား ရောဂါများများ

ရင်သား ကြီးမှ ဆွဲဆောင်မှု ရှိတာ၊ မိန်းကလေးဆိုတာ ရင်သားပြည့်မှ လှတယ်ဆိုတဲ့ အယူအဆတွေကို လက်ခံထားတုန်းပဲလား။ ရင်သားထွားထွား ရောဂါများများ ဆိုတာကိုရော သတိထားမိရဲ့လား။ ခါးသေးရင်ချီလေးမှ လှတာဆိုပြီး ရင်သား ကြီးတာကို ဂုဏ်ယူစွာပြောနေသူတွေက ဒုနဲ့ဒေးပါ။ ရင်သားကြီးတာက တကယ်ရော ကျန်းမာရေးနဲ့ညီညွတ်ရဲ့လားဆိုတာကို ရင်သား ကြီးအောင် ဆေးထိုးတာ၊ ဆေးလိမ်းတာတွေ မလုပ်ခင် ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်ပါ။ https://hellosayarwon.com/womens-health/womens-health-issues/how-to-enlarge-your-breasts-naturally/ ရင်သားထွားထွား ရောဂါများများ ရင်သားကြီးတိုင်း ပိုလှ မသွားပါဘူး။ ရင်သား ကြီးတာက တချို့သော ရောဂါတွေကို ပိုဖြစ်စေနိုင်ပါတယ်။ ဒီလိုပြောရတာက ရင်သား ကြီးတာက ခန္ဓာကိုယ်မှာ နာကျင်မှု ဖြစ်စေပါတယ် ရင်သား ကြီးတာက ကိုယ်နေဟန်ထား မမှန်တာကို ဖြစ်စေပြီး ကျောရိုးတွေအပေါ်မှာ ဝန်ပိစေပါတယ်။ မတ်တတ်ရပ်တဲ့အချိန်မှာ ပိုသိသာပါတယ်။ ရင်သားက ရှိသင့်တာထက် ပိုကြီးနေမယ်ဆိုရင် ခန္ဓာကိုယ်မှာ နာကျင်မှု များစွာကို ခံစားရစေနိုင်ပါတယ်။ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ လက္ခဏာနဲ့ ကုသမှုနည်းလမ်းများ

ရင်သားကင်ဆာဟာ အမျိုးသားရော အမျိုးသမီးတွေမှာ ဖြစ်နိုင်ပေမယ့် အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များပါတယ်။ အမျိုးသမီးတွေအတွက် အဖြစ်အများဆုံးကင်ဆာတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကင်ဆာလို့ သံသယဖြစ်သင့်တဲ့ အခြေအနေ ဒီလက္ခဏာတွေ ရှိနေရင်တော့ ကင်ဆာများလားလို့ သတိထားသင့်ပါတယ်။ ရင်သား ဒါမှမဟုတ် ချိုင်းမှာ အလုံးစမ်းမိတာ ရင်သားအရေပြားမှာ အချိုင့်လေးတွေ ဖြစ်နေတာ နို့သီးခေါင်းနဲ့ ရင်သားက အရေပြားတွေ ရဲနေတာ၊ ပွန်းနေတာ အရင်နဲ့မတူဘဲ နို့သီးခေါင်းက အထဲချိုင့်ဝင်သွားတာ နို့သီးခေါင်းကနေ သွေးအပါအဝင် အရည်တွေ ထွက်တာ ရင်သားအရွယ်အစားနဲ့ ပုံစံ ရုတ်တရက် ပြောင်းလဲလာတာ ရင်သားနာလာတာ စတာတွေပဲ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေက ကင်ဆာမဟုတ်တဲ့ တခြားရင်သားရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။ အပေါ်က လက္ခဏာတွေမဟုတ်ဘဲ တခြားသံသယဖြစ်တဲ့ အချက်တွေ ရှိရင်လည်း ဆရာဝန်နဲ့ စောစောစီးစီး စစ်ဆေးတာ အကောင်းဆုံးပါ။ ဘယ်လိုနည်းလမ်းတွေနဲ့ ကုသလို့ရမလဲ။ လူနာအခြေအနေ၊ […]


ရင်သားကင်ဆာ

အမျိုးသားတွေရော ဘာကြောင့် ရင်သားကင်ဆာဖြစ်တာလဲ

ရင်သားကင်ဆာလို့ ပြောလိုက်ရင် အမျိုးသမီးတွေမှာအဖြစ်များတဲ့ ကင်ဆာရောဂါတစ်မျိုးဆိုတာကို လူအတော်များများသိကြမှာ ဖြစ်ပါတယ်။ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာကို အရင်ကတော့ လူသိနည်းခဲ့ကြပါတယ်။ တကယ်တော့ အမျိုးသားတွေမှာဖြစ်တတ်တဲ့ ရင်သားကင်ဆာရောဂါ (Men Breast Cancer) ဟာ အကြမ်းဖျဉ်းအားဖြင့် အသက် ၃၅ အောက် အမျိုးသားတွေမှာ ဖြစ်လေ့ဖြစ်ထ သိပ်မရှိပါဘူး။ အလွန် အဖြစ်နည်းပါတယ်။ အမျိုးသားတစ်ယောက်ရဲ့ ရင်သားကင်ဆာဖြစ်နိုင်ချေဟာ အသက်အရွယ်ကိုလိုက်ပြီး မြင့်တက်လာလေ့ရှိပြီးတော့ များသောအားဖြင့်က အသက် ၆၀ နဲ့ ၇၀ ကြားမှာ အဖြစ်ပါတယ်။ ဒါဆိုရင် အမျိုးသားတွေရော ဘာကြောင့် ရင်သားကင်ဆာဖြစ်တာလဲ ဆိုတာကို မေးစရာ ရှိပါတယ်။ ခုချိန်မှာတော့ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာကို သိတဲ့သူတွေများလာကြပါပြီ။ ဒီလိုသိတဲ့သူတွေကလည်း ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေမှာအဖြစ်များတဲ့ ဝေဒနာတစ်မျိုးမို့ ကိုယ့်မှာဖြစ်မှာကို သိပ်စိုးရိမ်တတ်ကြပါတယ်။ အမျိုးသားတွေရော ဘာကြောင့် ရင်သားကင်ဆာဖြစ်တာလဲ လက်ရှိအချိန်အထိ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ တူတူစစ်ဆေး ကြမယ်။

ရင်သားကင်ဆာ က သားအိမ်ခေါင်းကင်ဆာလိုမျိုး ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့မရပါဘူး။ ဒါပေမယ့် စောစောသိအောင်တော့ စစ်ဆေးလို့ရပါတယ်။ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေက တစ်လတစ်ခါလောက် ကိုယ့်ရင်သားကို စစ်ဆေးသင့်ပါတယ်။ ၄၀ရာခိုင်နှုန်းသော ရင်သားကင်ဆာတွေက အမျိုးသမီးတွေ ကိုယ့်ဟာကိုယ်စစ်ဆေးရာက သိလာတာပါ။ ဒါကြောင့် ရင်သားကင်ဆာ တူတူစစ်ဆေး ကြည့်ရအောင်။ ဒါဆို ရင်သားဓာတ်မှန်ကရော။  ရင်သားဓာတ်မှန်က အလုံးအကျိတ်ကိုမစမ်းမိခင်မှာဘဲ ကင်ဆာကို ရှာဖွေနိုင်ကြောင့် ပိုကောင်းပါတယ်။ ဒါပေမယ့် ရင်သားဓာတ်မှန်ကို မရိုက်ဖြစ်တဲ့သူတွေအတွက် ရင်သားကို ကိုယ်တိုင်ပုံမှန်စစ်ဆေးတာက မိမိရင်သားရဲ့ အနေအထားကိုပိုပြီးသိစေပါတယ်။ တစ်ခုခုပြောင်းလဲတာကို အချိန်မီသိနိုင်ပါတယ်။ ရင်သားကင်ဆာ တူတူစစ်ဆေး ကြမယ်။ အဆင့်(၃)ဆင့်ရှိပါတယ်။ မှန်ရှေ့မှာစမ်းနည်း ခါးအထက်ပိုင်းမှာ ဘာမှမဝတ်ဘဲ ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ပါ။ အလင်းရောင် ကောင်းကောင်းရပါစေ။ ရင်ဘတ်ကို ကြည့်ပါ။ နှစ်ဖက်ဆိုဒ်မတူလို့ လန့်မသွားပါနဲ့။ အမျိုးသမီးတွေတော်တော်များများက ဒီလိုပါပဲ။ လက်နှစ်ဖက်ကို ဘေးချပြီး ဆိုဒ်၊ ပုံစံ၊ အနေအထား၊ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာအတွက် မသိမဖြစ်အချက်များ

မိန်းကလေးတွေမှာ အဖြစ်များတဲ့ကင်ဆာတွေထဲ ရှေ့ဆုံးက ဦးဆောင်နေတာက ရင်သားကင်ဆာဖြစ်ပါတယ်။ ရင်သားကင်ဆာဟာ ရင်သားမှာရှိတဲ့ဆဲလ်တွေမှာဖြစ်ပွားတဲ့ ကင်ဆာပါ။ ရင်သားကင်ဆာက အမျိုးသား‌တွေမှာပါဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာပိုအဖြစ်များတာဖြစ်ပါတယ်။ ရင်သားကင်ဆာ အမျိုးအစားများ ရင်သားကင်ဆာနှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက Ductal carcinoma လို့ခေါ်တဲ့ နို့ရည်ပြွန်‌တွေမှာ စတင်ဖြစ်ပွားတဲ့ ရင်သားကင်ဆာဖြစ်ပြီးအတွေ့ရများတဲ့ကင်ဆာမျိုးလည်း ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ Lobular carcinoma လို့ခေါ်ပြီး ရင်သားတစ်ရှူးတွေမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာမျိုး ဖြစ်ပါတယ်။ ပြန့်ပွားတတ်တဲ့ ရင်သားကင်ဆာဆိုတာ ကင်ဆာလ်ဆဲလ်တွေက အနီးကကိုယ်တွင်းအင်္ဂါတွေဆီ ကူးစက်သွားကာ ခန္ဓာကိုယ်ရဲ့တခြားအင်္ဂါအစိတ်အပိုင်းတွေအထိ ပြန့်သွားတဲ့ ကင်ဆာမျိုးကိုခေါ်တာ ဖြစ်ပါတယ်။ မပြန့်ပွားတတ်တဲ့ ရင်သားကင်ဆာ ဆိုတာကတော့ ကင်ဆာဆဲလ်များက ရင်သားတစ်ရှူးတွေမှာ ဖြစ်ပွားပြီး တခြားအင်္ဂါအစိတ်အပိုင်းတွေဆီ မကူးစက်တတ်တဲ့ကင်ဆာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆဲလ်တွေက နောက်ပိုင်းမှာ ပြန့်ပွားတတ်တဲ့ ရင်သားကင်ဆာ အဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ ရောဂါလက္ခဏာများ ရင်သားကင်ဆာဖြစ်နိုင်တဲ့ လက္ခဏာတွေက - ရင်သားမှာ အကျိတ်တွေ့တာ ရင်သားရဲ့ အရွယ်အစား သို့မဟုတ် […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ ကာကွယ်ရန် နည်းလမ်း(၈)သွယ်

ရင်သားကင်ဆာ ကာကွယ်ရန် နည်းလမ်းများ ရင်သားကင်ဆာ။နာမည်နဲ့တင် အမျိုးသမီးထုကြီးအတွက် အကြီးအကျယ်ခြောက်လှန့်နိုင်သော စကားလုံးတစ်စု။သို့သော် ယနေ့ခေတ်တွင် အဆိုပါကြောက်လန့်စရာကောင်းသော ရောဂါဆိုးကြီးကို တန်ပြန်တိုက်ထုတ်နိုင်သော သတင်းကောင်းများလည်း ရှိလာပြီဖြစ်သည်။ပိုမိုကောင်းမွန်လာသော ကုသမှုများနှင့် ကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများလည်း တွေ့ရှိနေပြီဖြစ်၏။ယခုဖော်ပြမည့် အချက်(၈)ချက်သည် ရိုးရှင်းပြီး ရင်သားကင်ဆာကိုလည်း ထိရောက်စွာ ကာကွယ်နိုင်သော နည်းလမ်းများဖြစ်ပေသည်။ ရင်သားကင်ဆာ ကာကွယ်ရန် နည်းလမ်း(၈)သွယ် ၁။ ကိုယ်အလေးချိန် ပုံမှန်ထိန်းသိမ်းပါ ကျန်းမာသည့် ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ရန်အတွက် ကိုယ်အလေးချိန်ပုံမှန်ရှိနေရန် အထူးလိုအပ်ပေသည်။အဝလွန်ခြင်းသည် ခန္ဓာကိုယ်အတွက် ရင်သားကင်ဆာအပါအဝင် ကင်ဆာရောဂါများ အများအပြားဖြစ်ပွားလာနိုင်ချေရှိသည့်အတွက် အဝမလွန်ရန် ပုံမှန် ရှိသင့်ရှိထိုက်သော ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းညှိထားရမည်ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးများအနေနှင့် သွေးဆုံးပြီးချိန်တွင် ခန္ဓာကိုယ်အလေးချိန်တက်မလာစေရန် အထူးဂရုစိုက်သင့်ပေသည်။ ၂။လေ့ကျင့်ခန်းလုပ်ပါ လေ့ကျင့်ခန်းလုပ်ခြင်း၊အားကစားလိုက်စားခြင်းတို့သည် ကျန်းမာသောခန္ဓာကိုယ်တစ်ခုပိုင်ဆိုင်ရန်အတွက် အဓိကသော့ချက်ဖြစ်လေသည်။ ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ် အနည်းဆုံးနာရီဝက်မျှ ပြုလုပ်လေ့ရှိသော အမျိုးသမီးများအနေနှင့် ရင်သားကင်ဆာဖြစ်ပွားနိုင်နှုန်းကို လျော့ကျစေ၏။ ၃။ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စားသုံးပါ။အရက်သေစာ ရှောင်ပါ။ ကျန်းမာရေးကောင်းမွန်ရန်အတွက် […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ မဖြစ်စေဖို့ အမူအကျင့်လေးတွေဂရုစိုက်ကြမယ်

မိန်းကလေးတွေ အတွက် အကြောက်ရဆုံး ရောဂါတွေထဲမှာ ရင်သားကင်ဆာ က ထိပ်ဆုံးက ပါဝင်နေတာ သိကြပြီး ဖြစ်မှာပါ။ ဟိုးအရင်က ကင်ဆာ ဆိုတာ လူတစ်ရာမှာ နှစ်ယောက်လောက်ပဲ ဖြစ်တာ တွေ့ရတဲ့အထိ ကြားရခဲတဲ့ ဝေါဟာရပါနော်။ ခုများတော့ ကိုယ်သိကျွမ်းတဲ့လူတွေထဲ အကောင်းကြီး ကနေ ကင်ဆာတဲ့ ဆိုပြီး ရုတ်တရက် သိလိုက်ရတာတွေ အများကြီးကို တွေ့နေရပါတယ်။ ကင်ဆာဖြစ်ပွားမှုမှာ နိုင်ငံတကာကို မီလာခဲ့တဲ့ အဖြစ်ပါပဲ။ ရင်သားကင်ဆာ ဆိုတာ မျိုးဗီဇကြောင့် ဖြစ်ရတာကလွဲလို့ ကြိုတင်ကာကွယ်လို့ရတဲ့ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်မိသားစုမှာ မျိုးရိုးရှိတယ်ဆိုရင်တောင် ရင်သားကင်ဆာ မဖြစ်စေဖို့ အမူအကျင့်လေးတွေဂရုစိုက်ကြမယ် ဆိုရင် ဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။ ရင်သားကင်ဆာ မဖြစ်စေဖို့ အမူအကျင့်လေးတွေဂရုစိုက်ကြမယ် ရင်သားကင်ဆာ မဖြစ်စေဖို့ ဆိုရင် အရင်ဆုံး - အစားအသောက်ကို ဟန်ချက်ညှိပါ အစားအသောက်ကြောင့် […]


ရင်သားကင်ဆာ

အဝမလွန်စေနဲ့...ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်နော်

အဝမလွန်စေနဲ့...ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်နော် ..... ဒီလို ပြောလို့ ဟုတ်ပါ့မလားလို့ တွေးနေပြီလား လေဒီတို့ရေ။ ဝလို့ လှတာ မှန်ပေမယ့် ဝတဲ့ နောက်ကွယ်မှာ ချစ်စရာ ကောင်းတာ တစ်ခုတည်း ရှိနေတာ မဟုတ်ပါဘူးနော်။ ဝနေခြင်းရဲ့ နောက်ကွယ်မှာ ရောဂါ အန္တရာယ်တွေ ပေါင်းစုံ ရှိနေပါတယ်။ လူကို ဒုက္ခပေးနိုင်တဲ့ အဖြစ်များဆုံး အန္တရာယ်ကြီးတွေ ဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေဆို ဝတဲ့သူတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒီတစ်ခါလည်း အဖြစ်များတဲ့ ရင်သားကင်ဆာ နဲ့ပတ်သက်ပြီး သတိပေးဖို့ ရည်ရွယ်ထားတာမို့ ဆက်ပြီးဖတ်ကြည့်ပေးပါဦး။ အဝမလွန်စေနဲ့...ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်နော် ရင်သားကင်ဆာ ဖြစ်စေနိုင်တဲ့ အန္တရာယ်တွေ တချို့က အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုတို့လို ကိုယ့်ရဲ့ အမူအကျင့်တွေနဲ့လည်း သက်ဆိုင်နေပါတယ်။ လှုပ်ရှားမှုနည်းတယ်လား ပုံမှန် လှုပ်ရှားမှု မရှိတဲ့ သူတွေ၊ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်