သားအိမ်ခေါင်းကင်ဆာ

အမျိုးသမီးထုတွေမှာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုးဖြစ်တဲ့ သားအိမ်ခေါင်း ကင်ဆာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒီကဏ္ဍထဲမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာအဆင့်အလိုက် အသက်ရှင်နှုန်းများ

ကင်ဆာရှိပြီဆိုရင် လူနာတွေ ပြန်‌မေးတတ်ကြတာက ကျွန်တော်/ ကျွန်မ ဘယ်လောက်အသက်ရှင်မှာလဲဆိုတာပါ။ ရုပ်ရှင်တွေထဲကို ၆လပဲ ခံတော့မယ်တို့ ၃လပဲ ကျန်တော့မယ်လို့ဆိုတာက  တကယ့်လက်တွေ့မှာ ပြောရခက်ပါတယ်။ လူ့သက်တမ်းဆိုတာ ပြောရအခက်သားမလား။ ၆လပဲခံမယ်လို့ ပြောပြီး ချက်ချင်း ခေါက်ခနဲ ဆုံးသွားတာတွေလည်း ရှိနိုင်တာကိုး။ သားအိမ်ခေါင်းကင်ဆာကလည်း ဒီသဘောအတိုင်းပါပဲ။ လူ့သက်တမ်းကို မှန်းရခက်တယ်ဆိုပေမယ့် သိပ္ပံနည်းလမ်းကျ တွက်ချက်ထားတဲ့ သားအိမ်ခေါင်းကင်ဆာအဆင့်အလိုက် အသက်ရှင်နှုန်းများ ဆိုတာတော့ ရှိပါတယ်။ သားအိမ်ခေါင်းကင်ဆာအဆင့်အလိုက် သတ်မှတ်ချက် သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး အသက်ရှင်နှုန်းကို မပြောခင် သားအိမ်ခေါင်းကင်ဆာ အဆင့်တွေကို သိထားဖို့ လိုပါတယ်။ ဒါမှ ဘယ်အဆင့်မှာ ဘယ်လောက်ရာခိုင်နှုန်း အသက်ရှင်မယ်ဆိုတာ နားလည်နိုင်မှာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အမျိုးမျိုးက သားအိမ်ခေါင်းကင်ဆာကို ပုံစံအမျိုးမျိုးနဲ့ အဆင့်သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အခြေခံယူဆချက်တွေကတော့ တူတူပါပဲ။ ဥပမာ ကင်ဆာနုသေးရင် သားအိမ်ခေါင်းနဲ့ သားအိမ်နားလောက်ပဲ ရှိမယ်။ […]

သားအိမ်ခေါင်းကင်ဆာ ကို ရှာဖွေမည်။

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း နှင့် အမေးအများဆုံးမေးခွန်းများ

သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း ဆိုတာ အမျိုးသမီးတိုင်းအတွက်  အရေးကြီးပါတယ်။ စစ်ချင်ပေမယ့် သေချာမသိတာကြောင့် မစစ်ဆေးရဘူးဆိုတာ မဖြစ်လေအောင် အမေးများတဲ့ မေးခွန်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ မေး ၁။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း ဆိုတာ ဘာလဲ။ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းဆိုတာ ကင်ဆာအဖြစ်သို့ ပြောင်းလဲနိုင်ခြေရှိတဲ့  သားအိမ်ခေါင်းက ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို စစ်ဆေးခြင်း (သို့) သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေများသော HPVပိုး အမျိုးအစားများကို စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ မေး ၂။ သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုစစ်တာလဲ။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းဟာ အင်မတန်မြန်ပြီး ရိုးရှင်းပါတယ်။ အမျိုးသမီးအနေနဲ့ စမ်းသပ်မှုပြုလုပ်မယ့် ခုတင်ပေါ်မှာ လဲလျောင်းရပါမယ်။ မိန်းမကိုယ်ထဲကိုမြင်ရဖို့ ဘဲနှုတ်သီးပုံစံကိရိယာကို အသုံးပြုပါတယ်။ ဒါမှသာ သားအိမ်ခေါင်းကို ရှင်းလင်းစွာမြင်ရမှာဖြစ်ပါတယ်။ သားအိမ်ခေါင်းရှိ ဆဲလ်များကို ထိပ်တွင် အမွေးပါသော အချောင်းအတံလေးတစ်ခုဖြင့် (သို့မဟုတ်) အခြားသော သင့်လျော်တဲ့ကိရိယာဖြင့် ထုတ်ယူပါတယ်။ ပြီးရင်တော့ သားအိမ်ခေါင်းမှာရှိတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေနဲ့ […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာ အကြောင်း တစေ့တစောင်း

ယနေ့ခေတ် အမျိုးသမီးတွေဟာ အသက်ကိုအန္တရာယ်ပြုနိုင်လောက်တဲ့အထိ ဆိုးရွားပြင်းထန်တဲ့ သားအိမ်ခေါင်းကင်ဆာ အကြောင်း စိတ်ပါဝင်စားလာကြပြီ ဖြစ်ပါတယ်။ အဲဒီသားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်တဲ့ သိကောင်းစရာအချက်အလက်တွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ အကြောင်း တစေ့တစောင်း ၁။ အမေရိကန်ကင်ဆာလူမှုအဖွဲ့အစည်းရဲ့ သတင်းထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ်မှာ ပျံ့နှံ့နိုင်တဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားသူ အမျိုးသမီးပေါင်း ၁၂၉၉၀ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၄၁၂၀ ဦးဟာ သားအိမ်ခေါင်းကင်ဆာကြောင့်ပဲ သေဆုံးနိုင်ခြေရှိပါတယ်။ ၂။ သားအိမ်ခေါင်းကင်ဆာဟာ ကမ္ဘာတဝှမ်းလုံးမှာ ဒုတိယ ဖြစ်ပွားမှုအများဆုံး ကင်ဆာဖြစ်ပါတယ်။ ၃။ သားအိမ်ခေါင်းကင်ဆာ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကြိုတင်ကာကွယ်ရေး နည်းဗျူဟာတွေကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်း လျော့ကျနေပြီ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးတာ၊ သားအိမ်ခေါင်းကင်ဆာပုံမှန်စစ်ဆေးတာတွေက အထိရောက်ဆုံး နည်းလမ်း ၂ခုဖြစ်ပါတယ်။ ၄။ ပုံမှန်အားဖြင့် သားအိမ်ခေါင်းကင်ဆာဟာ ဖြည်းဖြည်းချင်း ဖြစ်ပေါ်ကြီးထွားပြန့်ပွားတဲ့ ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။ သားအိမ်ခေါင်းအချွဲမြေး […]


သားအိမ်ခေါင်းကင်ဆာ

Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်)

အဓိပ္ပာယ်ဖွင့်ဆိုချက် Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်) က ဘာလဲ။ Polyp ဆိုတာ သေးငယ်ရှည်မျောတဲ့ အဖုငယ်များဖြစ်ပါတယ်။ Cervical polyp (သားအိမ်ခေါင်းအဖုအကျိတ်) ကတော့ သားအိမ်နဲ့ မွေးလမ်းကြောင်း ကြားမှာရှိတဲ့ သားအိမ်ခေါင်းအတွင်းမှာ ထွက်ပေါ်လာတဲ့ သေးငယ်ရှည်မျောတဲ့ အဖုငယ်များဖြစ်ပါတယ်။ သားအိမ်ခေါင်းဆိုတာ သုက်ပိုးတွေ ဖြတ်သန်းသွားတဲ့ လမ်းကြောင်းတစ်ခု ဖြစ်တယ်။ ကလေးမွေးချိန်မှာတော့ သားအိမ်ခေါင်းက ကျယ်ပြီးပါးလာပါတယ်။ အဲ့ဒီကနေ ကလေးဖြတ်သန်းသွားပါတယ်။ Polyps တွေဟာ သားအိမ်ခေါင်း သို့ သားအိမ်လမ်းကြောင်းအတွင်းနံရံကနေ သေးငယ်တဲ့အညှာနဲ့ တွယ်ထားတဲ့အရာလေးတွေ ဖြစ်ygတယ်။ တစ်ခုတည်းဖြစ်နိုင်သလို နှစ်လုံး၊ သုံးလုံးလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေက ကင်ဆာလည်း မဟုတ်သလို ကင်ဆာဖြစ်လာနိုင်ချေလည်း နည်းပါတယ်။ သားအိမ်ခေါင်းကင်ဆာအများစုက HPV လို့ခေါ်တဲ့ ဗိုင်းရပ်ပိုးတစ်မျိုးကြောင့်ဖြစ်ပါတယ်။ Cervical Polyps က ဘယ်လောက်အဖြစ်များသလဲ ဟားဘတ်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ကလေးတစ်ယောက်ထက်များတဲ့ အသက် ၄၀ […]


သားအိမ်ခေါင်းကင်ဆာ

သားဆက်ခြားခြင်းနဲ့ သားအိမ်ခေါင်းကင်ဆာတို့ကြားက ဆက်စပ်မှု

ကလေးလေးတွေက မိသားစုတိုင်းအတွက် ဆည်းလည်းလေးတွေ ဆိုပေမယ့် အဆင်သင့် မဖြစ်သေးခင်မှာ ရောက်လာခဲ့မယ်ဆိုရင် သူတို့လေးတွေအတွက်အဆင်မပြေမှာ ဖြစ်သလို လူကြီးတွေ အတွက်လည်း အဆင်မပြေလှပါဘူး။ ဒါကြောင့် အိမ်ထောင်သည် အမျိုးသမီးတွေအနေနဲ့ အဆင်သင့် မဖြစ်သေးခင်မှာ ကလေးရလာတာမျိုး မဖြစ်ဖို့ သားဆက်ခြားနည်းတွေကို အသုံးပြုကြရပါတယ်။ သားဆက်ခြားနည်းတွေကလည်း အမျိုးမျိုးပါပဲ။ ဒါပေမယ့် ကိုယ်နဲ့ ကိုက်ညီမယ့် သားဆက်ခြားနည်းကို သေသေချာချာ ရွေးချယ်မိဖို့တော့ လိုပါတယ်။ အခု တစ်ခေါက်တော့ သားဆက်ခြားခြင်းနဲ့ သားအိမ်ခေါင်းကင်ဆာတို့ကြားက ဆက်စပ်မှု ကို အမျိုးသမီးတွေ ဗဟုသုတ ရအောင် ပြောပြပေးချင်တာပါ။ သားဆက်ခြားခြင်းနဲ့ သားအိမ်ခေါင်းကင်ဆာတို့ကြားက ဆက်စပ်မှု သားဆက်ခြားခြင်းနဲ့ သားအိမ်ခေါင်းကင်ဆာတို့ ကြားက ဆက်စပ်မှု ကို မပြောခင် သားအိမ်ခေါင်းကင်ဆာအကြောင်း အရင်လေ့လာကြည့်ရအောင်။ သားအိမ်ခေါင်းကင်ဆာက HPV ပိုး ကူးစက်ခံရခြင်းကြောင့် အများဆုံး ဖြစ်ပါတယ်။ […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာကုသပြီးနောက် နေထိုင်နည်း

သားအိမ်ခေါင်းကင်ဆာ ကုသမှု ပြီးတာနဲ့ သင့်စိတ်ထဲမှာ ပေါ်လာမယ့် ပထမဆုံး မေးခွန်းက ငါနောက်ဆို ကျန်းမာအောင် ဘယ်လိုနေရမလဲ ဆိုတာပါပဲ။ တကယ်လို့ အဖြေကို မစဉ်းစားရသေးဘူးဆိုရင် အခု ပြောပြသွားမှာတွေက သင့်ရဲ့ ကျန်တဲ့နှစ်တွေမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရမလဲ ဆိုတာပါ။   ဆရာဝန်တွေရဲ့ ကုသမှု နောက်ပိုင်း ချိန်းဆိုမှုတွေကို မှန်မှန်သွားပါ။ သင့်ကင်ဆာကို ပြုစုစောင့်ရှောက်သူတွေနဲ့ မှန်မှန် ဆွေးနွေးခြင်းက သင့်ကို အကူအညီပေးပါလိမ့်မယ်။ ဒါက သင့်ရဲ့ ကုသမှုပြီးနောက် အခြေအနေကို ထိန်းချုပ်ပေးလို့ပါ။ သူတို့ကို သင်ခံစားနေရတာတွေ အပြင် ထူးဆန်းတဲ့ လက္ခဏာတွေကိုပါ ပြောပြထားပါ။ ဒါက ကင်ဆာ ပြန်မဖြစ်အောင် ကူညီပေးပါတယ်။ သင့်ဆရာဝန်တွေက တစ်ခုခု မူမမှန်တာ ကြိုသိတဲ့အခါ သင်နဲ့ သင့်လျော်မယ့် ဆေးတွေကို ပေးပြီး ကြိုတင်ကာကွယ်လို့ ရပါတယ်။ သူတို့က […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာကြောက်လန့်မှုနဲ့ ဘယ်လို သဟဇာတဖြစ်အောင် နေထိုင်မလဲ

သင့် သားအိမ်ခေါင်း ကင်ဆာကို အောင်မြင်စွာ ကုသပြီးနောက်ပိုင်းမှာ ပြန်ဖြစ်မှာ ကြောက်လန့်တဲ့စိတ် ဖြစ်နိုင်ပါတယ်။ ဒီလို ကြောက်လန့်မှုက သင့်နာလန်ထမှုကို အထောက်အကူ မပြုတဲ့အပြင် သင့်ဘဝကိုပါ မကောင်းတဲ့ သက်ရောက်မှုတွေ ရှိစေပါတယ်။ သင့်အနေနဲ့ နည်းလမ်း တစ်ခုခုကို အသုံးပြုပြီး ဒါကို ထိန်းချုပ်ဖို့ လိုပါတယ်။   Recurrence ဆိုတာဘာလဲ ကုသပြီးကင်ဆာက နဂိုနေရာမှာဖြစ်ဖြစ် ကိုယ်ရဲ့တခြားနေရာမှာပဲ ဖြစ်ဖြစ် ပြန်ဖြစ်တာကို ဆိုလိုတာပါ။ အဲဒါကို metastasis လို့ ခေါ်ပါတယ်။ သင့်ရဲ့ကိုယ် တခြား အစိတ်အပိုင်းတစ်ခုမှ ကုသပြီးသား ကင်ဆာအဟောင်းနဲ့ မသက်ဆိုင်တဲ့ ကင်ဆာအသစ်လည်း ဖြစ်နိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ပြန်ဖြစ်တယ် ဆိုတာက ကုသမှုတွေဟာ ကင်ဆာဆဲလ် အားလုံးကို မသတ်လိုက်နိုင်တဲ့ အတွက်ပါ။ စစ်ဆေးမှုတွေက ကင်ဆာဆဲလ် တချို့ကို မတွေ့မိခဲ့လို့ပါ။ ဒါကြောင့် အဲဒီဆဲလ်တွေက […]


သားအိမ်ခေါင်းကင်ဆာ

အိမ်ထောင်ပြုခြင်း, ချိန်းတွေ့ခြင်း နှင့် သားအိမ်ခေါင်းကင်ဆာ

တခြားကင်ဆာတွေထက် သာအိမ်ခေါငါးကင်ဆာက သင့်အချစ်ရေးရေးမှာ အနှောင့်အယှက်တစ်ခုဖြစ်လာနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဆိုတာ HPV ပိုးသို့မဟုတ် လူအချင်းချင်းလိင်ဆက်ဆံရာမှကူးစက်တဲ့ papillomavirus ကြောင့်လည်းဖြစ်ပါတယ်။ ဒါကသင့်ကိုစိတ်ဖိစီးစေပါတယ်။ အထူးသဖြင့် ဒီအချက်ကြောင့် ဆက်ဆံရေးတစ်ခုကြားမှာ အစိုင်အခဲတစ်ခုဖြစ်လာရင်ပေါ့။   သင့်လက်တွဲဖော်ကို ရင်ဖွင့်ခြင်း သင့်လက်တွဲဖော်ကို HPV ပိုးနဲ့ပတ်သက်တဲ့ ပြသနာမှန်သမျှ ပြောပြသင့်ပါတယ်။ ဒီ ရောဂါပိုးကို ထိန်းချုပ်နိုင်ဖို့က သင့်လက်တွဲဖော်ကလည်း ဒီ HPV ပိုးအကြောင်းနားလည်ထားမှ အဆင်ပြေမှာပါ။ ဒါက သင်နဲ့ သင့်လက်တွဲဖော်ကို HPV ပိုးနဲ့ သားအိမ်ခေါင်းကင်ဆာကို ခုခံရာမှာ အထောက်အကူပြုပါတယ်။ ဆရာဝန်တွေ အထူးကုတွေစတဲ့ယုံကြည်ရတဲ့သူတွေဆီက အဖြေရှာသင့်ပါတယ်။ HPV ပိုးရှိတာက သာမန်ပိုးတစ်ခုကိုကူးစက်ရုံပါဘဲ။ သင်တစ်ခုခုမှားယွင်းသွားပြီလို့မဆိုလိုပါဘူး။ ဒါက သင့်ရဲ့တန်ဖုးတွေ အကျင့်စရိုက်တွေနဲ့လည်းမဆိုင်ပါဘူး။ HPV ပိုးနဲ့ပတ်သက်ပြီး သတင်းအချက်အလက်ပေါင်းများစွာရှိပါတယ်။ သင့်လက်တွဲဖော်နဲ့ ဝေမျှသင့်တဲ့ အရေးကြီးတဲ့အချက်တွေကတော့ • HPV အမျိုးအစားများ။ HPV အမျိုးအစားပေါင်း ၁၀၀ […]


သားအိမ်ခေါင်းကင်ဆာ

ကလေးငယ်တွေကို သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး ဘယ်လိုရှင်းပြမလဲ

ကလေးငယ်တွေကို ကင်ဆာအကြောင်းပြောပြရတာက ဘယ်တော့မှမလွယ်ကူပါဘူး။ မိဘတွေက ကလေးတွေကို ( အထူးသဖြင့် ဆယ်ကျော်သက်တွေ ) ကို ကင်ဆာအကြောင်းပြောပြဖို့ ဘယ်အချိန်သင့်တော်လဲ မသိကြတာပါ။ သူတို့ကိုဘယ်လောက်ပြောပြရမလဲဆိုတာနဲ့ သူတို့ဘယ်လိုတုံ့ပြန်မလဲဆိုတာက စိန်ခေါ်မှုတစ်ခုလိုဖြစ်နေပါတယ်။ သင့်ကလေးတွေကို ကင်ဆာအကြောင်းပြောပြပြီး သူတို့စိတ်မဖိစီးအောင် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့အချက်လေးတွေ အောက်မှာပေးထားပါတယ်။ • ရိုးရိုးရှင်းရှင်းပြောပါ တချို့ကလေးတွေအတွက် ကင်ဆာကကြောက်စရာပါ။ သင်သိထားရမယ့် အရေးကြီးဆုံးတစ်ချက်က အရိုးရှင်းဆုံးပြောဖို့ပါဘဲ။ ရှုပ်ထွေးတာတွေမပေါမိစေဘဲ ဘာတွေဖြစ်နေလဲဆိုတာပုံမှန်ဘဲ ပြောပြပါ။ ပထမဆုံး သင်တို့ကင်ဆာနဲ့ပတ်သက်ပြီး ဘာနားလည်လဲဆိုတာအရင်မေးပြီး မသိတာရှင်းပြပါ။ • ရိုးသားပါ ကလေးငယ်တွေကိုပြောပြရမှာဖြစ်တဲ့အတွက် သူတို့နားလည်မယ့်အနေအထားနဲ့ပြောပြဖို့လိုပါလိမ့်မယ်။ ဘာအချက်အလက်ကိုမှ ကွယ်ဝှက်ပြီးပြောဖို့မစဉ်းစားပါနဲ့။ ကင်ဆာဆိုတဲ့စကားလုံးက စိတ်ဖိစီးစရာကောင်းနေပေမယ့် ကိုယ်ထဲက ဆဲလ်တချို့က တခြားဆဲလ်တွေထက် ပိုကြီးထွားမြန်လာလို့ဆိုပြီးရှင်းပြပါ။ သင်တိတိကျကျရှာင်းပြလေ သင့်ကလေးစိတ်မရှုပ်လေပါဘဲ။ • အသင့်တော်ဆုံး နေရာနဲ့ အချိန်ကိုရွေးပြီး ပြောပြပါ သင့်တော်တဲ့ နေရာနဲ့အချိန်ကိုရွေးပြီး ရှင်းပြတာက အရေးကြီးတဲ့အချက်တစ်ချက်ပါ။ သူတို့ လှိုက်လှိုက်လျောလျော နားထောင်ပေးနိုင်မယ့်အချိန် သူတို့သက်တောင့်သက်သာဖြစ်နေမယ့်အချိန်ကိုရွေးပြီး သင်ကိုယ်တိုင်လည်း […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်း

၂၀၁၆ ခုနှစ်မှာ အမေရိကန် ကင်ဆာအဖွဲ့အစည်းရဲ့ ခန့်မှန်းချက်အရ သားအိမ်ခေါင်းကင်ဆာ ဖြစ်နေတဲ့ အမျိုးသမီးပေါင်း ၁၂၉၉၀ ရှိနေပြီး သေဆုံးနိုင်ခြေက ၄၁၂၀ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်လည်း လူတွေက သားအိမ်ခေါင်းကင်ဆာကို ဂရုစိုက်လာကြတာ သိသာပါတယ်။ အခု ပြောပြသွားမှာက သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးမယ့် အချက်လေးတွေပါ။ ကဲ ..... သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်း အကြောင်း လေ့လာလိုက်ရအောင်နော်။ အမေရိကန် ကင်ဆာအဖွဲ့အစည်းရဲ့ ပြောကြားချက်အရ အောက်ပါ အချက်တွေ လိုက်နာတဲ့ အမျိုးသမီးတွေက သားအိမ်ခေါင်းကင်ဆာကို ရှိမှန်း စောစောစီးစီးသိရတယ်လို့ ဆိုပါတယ်။ ဒီအချက်တွေကို လိုက်နာပေးခြင်းက ကင်ဆာ စဖြစ်ဖြစ်ချင်း သိနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ပြီး ကင်ဆာကို အဆင့်ပိုမတက်လာအောင် လုပ်လို့ ရပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်း မှာ အဓိကကျတာ နှစ်နည်း […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ကင်ဆာဆိုတာ ဘာလဲ

သားအိမ်ကင်ဆာဆိုတာ ဘာလဲ ဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ သားအိမ်ကင်ဆာဆိုတာ ဘာလဲ ...... သားအိမ်ကင်ဆာ ဆိုတာ အမျိုးသမီးတွေရဲ့ သားလောင်းဖွံ့ဖြိုးရာ အင်္ဂါဖြစ်တဲ့ သားအိမ်မှာ ဖြစ်တဲ့ ကင်ဆာပါ။ သားအိမ်ကင်ဆာက သားအိမ်ရဲ့ မျက်နှာပြင် အနားကွပ် ဆဲလ်တွေမှာ ဖြစ်တာပါ။ သားအိမ်ထဲမှာ ဖြစ်တဲ့ နောက်ထပ် uterine sarcoma(သားအိမ်ကြွက်သား ကင်ဆာ) ဆိုတဲ့ ကင်ဆာ တစ်မျိုးလည်း ရှိပါသေးတယ်။ ဒါပေမယ့် သူက သားအိမ် ကင်ဆာလောက် လူသိမများပါဘူး။ သားအိမ်ကင်ဆာကို ပုံပန်းသွင်ပြင် ပြောင်းလဲမှုကြောင့် ရှာဖွေတွေ့ရှိမှာ ဖြစ်ပြီး သူ့ကြောင့် မိန်းမကိုယ် ပုံမှန် မဟုတ်ဘဲ သွေးယိုခြင်း ဖြစ်လာတတ်ပါတယ်။ အဲဒီအခါမှာ ဆရာဝန်ဆီ ချက်ချင်းသွားဖို့ လိုပါတယ်။ တကယ်လို့ သားအိမ်ကင်ဆာ ရှိတာ စောစော သိခဲ့ရင် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်