ဘေးကင်းစိတ်ချရတဲ့ လိင်ဆက်ဆံမှုကို ကျင့်သုံးပါ – လိင်ဆက်ဆံဖော် များတာ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံတာတွေက ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးပါ။ နောက်တစ်ခုက လိင်ဆက်ဆံတိုင်းမှာ ကွန်ဒုံး သုံးတာမျိုး လုပ်ပေးပါ။
ဆေးထိုးအပ်တွေ မျှဝေသုံးစွဲတာကို ရှောင်ပါ – ဆေးထိုးအပ်တွေ မျှဝေသုံးစွဲတာက HIV ပိုး ကူးစက်တာ၊ အသည်းရောင် အသားဝါ ဘီပိုး စီပိုး ကူးစက်တာတွေကို ဖြစ်စေနိုင်သလို အသည်းကင်ဆာ နဲ့ အခြားသော ကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချချင်တယ်ဆိုရင် ဆေးထိုးအပ်တွေကို မျှဝေ သုံးတာမျိုး မလုပ်ပါနဲ့။
- ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ဆောင်ပါ
ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ဆောင်တာ ကင်ဆာ လက္ခဏာတွေ ရှိနေလားဆိုတာကို စစ်ဆေးတာက ကင်ဆာကို စောစော သိရှိ ကုသနိုင်ဖို့အတွက် အထောက်အကူ ပြုနိုင်သလို ကင်ဆာဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မှာပါ။
အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေ အလေ့အထလေးတွေကို လိုက်နာပေးတာက ကင်ဆာဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။