ရင်သားထွားထွား ရောဂါများများ


Aye Thi Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားထွားထွား ရောဂါများများ

    ရင်သား ကြီးမှ ဆွဲဆောင်မှု ရှိတာ၊ မိန်းကလေးဆိုတာ ရင်သားပြည့်မှ လှတယ်ဆိုတဲ့ အယူအဆတွေကို လက်ခံထားတုန်းပဲလား…….. ရင်သားကြီးတာကို သဘောကျတာများပါတယ်။

    ခါးသေးရင်ချီလေးမှ လှတာဆိုပြီး ရင်သား ကြီးတာကို ဂုဏ်ယူစွာပြောနေသူတွေက ဒုနဲ့ဒေးပါ။ ရင်သားကြီးတာက တကယ်ရော ကျန်းမာရေးနဲ့ညီညွတ်ရဲ့လားဆိုတာကို ရင်သား ကြီးအောင် ဆေးထိုးတာ၊ ဆေးလိမ်းတာတွေ မလုပ်ခင် ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်ပါ။

    ရင်သားကြီးတိုင်း မကောင်းပါ

    ရင်သားကြီးတိုင်း ပိုလှ မသွားပါဘူး။ ရင်သား ကြီးတာက ရောဂါ ပိုတိုးစေနိုင်ပါတယ်။ လေဒီ……… ဒီလိုပြောရတာက ရင်သား ကြီးတာက

    ခန္ဓာကိုယ်မှာ နာကျင်မှု ဖြစ်စေပါတယ်

    ရင်သား ကြီးတာက ကိုယ်နေဟန်ထား မမှန်တာကို ဖြစ်စေပြီး ကျောရိုးတွေအပေါ်မှာ ဝန်ပိစေပါတယ်။ မတ်တတ်ရပ်တဲ့အချိန်မှာ ပိုသိသာပါတယ်။

    ရင်သားက ရှိသင့်တာထက် ပိုကြီးနေမယ်ဆိုရင် ခန္ဓာကိုယ်မှာ နာကျင်မှု များစွာကို ခံစားရစေနိုင်ပါတယ်။ အထူးသဖြင့် လည်ပင်း၊ ပခုံး၊ နောက်ကျော၊ ခါး စတဲ့နေရာတွေမှာ နာတာရှည် နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒီနာကျင်မှုကို သက်သာစေဖို့ဆိုရင် ရင်သား အရွယ်အစားကို လျှော့ချတာက အကောင်းဆုံးသော နည်းလမ်းပါ။

    လက်မောင်းတွေ ထုံတာ

    ရင်သား အရွယ်အစား ကြီးမားတဲ့အမျိုးသမီးတွေဟာ ရင်သား အထက်ပိုင်း ချိုင်းကြားနေရာတဝိုက်မှာ ထုံတာကျဉ်တာကို ခံစားရနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ရင်သားထိပ်တွေ ထုံကျဉ်တာကိုလည်း ခံစားရနိုင်ပါသေးတယ်။

    အရေပြား ပိုးဝင်လွယ်တယ်

    ရင်သား ကြီးတာက ရင်သားအောက်ဘက်မှာ ချွေးစိုစေပြီး အရေပြားမှာ အင်ပျဉ်လို အဖုအပိမ့်တွေဖြစ်တာ၊ ကုတ်ရာကနေတဆင့် ပိုးဝင်တာ၊ အရေပြားမှ​ြ ချွေးတွေ တစ်ချိန်လုံး စိုစွတ်နေရာကနေ မှိုပိုးဝင်တာ၊ အသား ယားတာမျိုးတွေဖြစ်နိုင်ပါတယ်။

    ဒီအရေပြားပြဿနာက ကုသပေမယ့် ခဏခဏ ပြန်ဖြစ်နိုင်ပါတယ်။ ရင်သား ကြီးတာက ရင်သားအောက်ဘက်မှာ ပိုးတွေ အလွယ်တကူ ခိုအောင်းနေနိုင်ပါတယ်။

    လှုပ်ရှားရ ခက်ခဲတာ

    ရင်သားကြီးတာက နေ့စဉ် လုပ်ဆောင်မှုတွေကို လုပ်ဆောင်ရာမှာ အခက်အခဲဖြစ်စေပါတယ်။ လေ့ကျင့်ခန်းလုပ်တာကအစ ပုံမှန် လှုပ်ရှားမှု အဆုံး လုပ်ဆောင်မှု အားလုံးနီးပါးကို အခက်ခဲဖြစ်စေတာပါ။

    လေ့ကျင့်ခန်း မလုပ်ရတော့ ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ပိုင်ဆိုင်ဖို့ ခက်ပြီပေါ့။

    အသက်ရှူတာပြတ်တောင်း ပြတ်တောင်းဖြစ်စေတယ်

    ရင်သား ကြီးတာက ရင်ဘတ်မှာ မလိုအပ်ဘဲ အလေးချိန် ပိုစေပြီး နေရထိုင်ရ သက်တောင့်သက်သာ မရှိစေရုံတင် မဟုတ်ဘဲ။ အသက်ရှူရာမှာပါ ပြတ်တောင်း ပြတ်တောင်းဖြစ်စေပါတယ်။

    ကိုယ်တွင်းမှာ အောက်ဆီဂျင် ပြည့်ဝမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ရင်သားကို ပုံမှန် အနေအထားမှာ ထိန်းသိမ်းထားဖို့ပါ။

    ခေါင်းတစ်ခြမ်း ကိုက်တာ

    ခေါင်းတစ်ခြမ်း ကိုက်လို့ဆိုပြီး အနားယူတယ်၊ ဆေးသောက်တယ်။ အိမ်တွင်းကုထုံးတွေ လုပ်ကြည့်ပေမယ့် မသက်သာဘူးဆိုရင် ရင်သား အရွယ်အစားကို ဆန်းစစ်ဖို့ လိုပါပြီ။

    အမျိုးသမီး အများစုမှာ ခေါင်းတစ်ခြမ်းကိုက်ရတာဟာ ရင်သားက ရှိသင့်တဲ့ ပမာဏထက် ပိုနေလို့ပါလို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

    ဒီလိုတွေတင် ထိခိုက်စေတာ မဟုတ်ဘဲ ရင်သွေးလေးကို နို့ချိုတိုက်ကျွေးရာမှာလည်း အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကြီးတိုင်း မကောင်းတဲ့အထဲမှာ ရင်သားကလည်း တစ်ခု အပါအဝင်မို့ ရင်သားကို တမင်ကြီးအောင် လုပ်တာမျိုး မလုပ်ဖို့ ပြောပါရစေ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement