ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ခုခံအားကုထုံး ဆိုတာ ကင်ဆာကုထုံးတစ်ခုပါ။ ဆေးပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ကင်ဆာရောဂါကို ကုသရာမှာ အစွမ်းထက်ပြီး လူနာကို ထိခိုက်မှု နည်းစေတဲ့ ကုထုံးတွေကို ရှာဖွေလာကြပါတယ်။ ဒီထဲမှာ ခုခံအား ကုထုံးလည်း ပါဝင်ပါတယ်။ ခုခံအားကုထုံး ဆိုတာ ခုခံအားကုထုံးဆိုတာ လူနာရဲ့ ကိုယ်ပိုင် ခုခံအားကို သုံးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ခုခံအားကုထုံးကို ပေးလိုက်တာက လူနာရဲ့ ခုခံအားစနစ်ကို မြှင့်တင် ဒါမှမဟုတ် အပြောင်းအလဲဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်တွေကို ပိုပြီး တိုက်ခိုက်စေနိုင်ပါတယ်။ ခုခံအားကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။ ခုခံအားက ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရတဲ့ အထဲမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပါပါတယ်။ ခုခံအားက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ခုခံအားဆဲလ်တွေကို ကင်ဆာကျိတ်ရဲ့ အထဲ […]

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

ရင်သားကင်ဆာ

အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်သလား

ရင်သား ရှိသူတိုင်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိတာမို့ ရှားပါးပေမဲ့ အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေမှာသာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိတယ်ဆိုပြီး အထင်မှားတတ်ကြတာကြောင့် အသိ နောက်ကျပြီး အခြားနေရာတွေကိုပါ ပျံ့နှံ့ပြီးမှ သိရတာမျိုးတွေ အများကြီး ပါပဲ။ အမျိုးသား ရင်သားကင်ဆာဟာ အသက်အရွယ် မရွေး ဖြစ်ပွားနိုင်ပေမဲ့ အသက်ကြီးကြီး အမျိုးသားတွေမှာ ပိုပြီး တွေ့ရတတ်ပါတယ်။ အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်သလား ရင်သားကင်ဆာက အပေါ်မှာ ပြောခဲ့သလို ရင်သား ရှိသူတိုင်းမှာ ဖြစ်နိုင်တဲ့အတွက် အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပါတယ်။ ရင်သားကင်ဆာက ရင်သားမှာ အကျိတ်ဖြစ်တာကနေ စဖြစ်တာများပါတယ်။ ရင်သားကင်ဆာက အမျိုးသမီး အယောက် ၁၀၀ မှာ ၁၂ ဦးလောက် ခံစားနေရတဲ့ ကင်ဆာ အမျိုးအစား တစ်ရပ်ပါ။ […]


သားဥအိမ်ကင်ဆာ

သားဥအိမ်ကင်ဆာ (Ovarian Cancer)

ဒီကင်ဆာ အမျိုးအစားက အမျိုးသမီးတွေမှာ ဖြစ်တဲ့ ကင်ဆာပါ။ အဖြစ်များတဲ့ ကင်ဆာတစ်ခုဆိုလည်း မမှားပါဘူး။ ဒီတော့ လေဒီတွေအနေနဲ့ သတိထားလို့ရအောင် သားဥအိမ်ကင်ဆာအကြောင်းလေး ပြောပြပေးပါရစေ။ သားဥအိမ်ကင်ဆာ  ဆိုတာ ဘာလဲ သားဥအိမ်တွေမှာ စတင်ပြီး ဖြစ်ပွားတဲ့ကင်ဆာကို သားဥအိမ်ကင်ဆာလို့ ခေါ်ပါတယ်။ များသောအားဖြင့် ဆီးစပ်နဲ့ ဝမ်းဗိုက်ဆီ ကင်ဆာဆဲလ်တွေပျံ့နှံ့ပြီး ကုသရခက်ခဲတဲ့အခြေအနေ၊ အသက်အန္တရာယ်ရှိတဲ့ အခြေအနေရောက်မှ သားဥအိမ်ကင်ဆာ ဖြစ်နေတယ်ဆိုတာကို သိကြတာ များပါတယ်။ သားဥအိမ်ကင်ဆာ လက္ခဏာများ သားဥအိမ်ကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာပြလေ့မရှိပါဘူး။ လက္ခဏာ ပြခဲ့ရင်လည်း ဝမ်းချုပ်တာလိုမျိုး စိုးရိမ်စရာမကောင်းတဲ့ အခြေအနေတွေသာ ဖြစ်နေတတ်ပါတယ်။ သားဥအိမ်ကင်ဆာကြောင့် ဖြစ်လေ့ဖြစ်ထအများဆုံး လက္ခဏာတွေကတော့ လေပွခြင်း ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း အစာနည်းနည်းစားပဲစားပြီး ဗိုက်ဝခြင်း ကိုယ်အလေးချိန် ကျခြင်း ဆီးစပ်နာကျင်ကိုက်ခဲခြင်း ဝမ်းမမှန်ခြင်း ဆီးခဏခဏသွားခြင်း စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ တကယ်လို့ အထက်ပါလက္ခဏာတစ်ခုခုကို […]


အစာအိမ်ကင်ဆာ

အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

အစာအိမ်ကင်ဆာ အခုနောက်ပိုင်း အတော်များများ ကြားလာရတဲ့ ကင်ဆာတစ်မျိုးပါ။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပြီး အမျိုးသားတွေမှာ အဖြစ်များပါတယ်။ ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှု ပုံစံတွေကြောင့် အဖြစ်များလာတဲ့ ကင်ဆာ တစ်မျိုးပေါ့။ ဒီတော့ အစာအိမ်ကင်ဆာ မဖြစ်စေဖို့ သတိထားနိုင်ဖို့ ဘာတွေက အစာအိမ်ကင်ဆာဖြစ်စေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ ကဲ .... အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ ကို အတူတူ လေ့လာလိုက်စို့နော်။ အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ ကတော့ သိပ္ပံပညာရှင်တွေက အစာအိမ်ထဲမှာ ကင်ဆာဆဲလ်တွေ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။ဒါပေမယ့် ဘာတွေကတော့ အစာအိမ်ကင်ဆာ ခံစားရနိုင်ခြေကို မြင့်တက်စေသလဲဆိုတာကိုတော့ သိရှိထားကြပါတယ်။ အစာအိမ်ကင်ဆာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုက H. pylori လို့ ခေါ်တဲ့ အစာအိမ်အနာဖြစ်စေတဲ့ ဘက်တီးရီးယားတစ်မျိုး ဝင်ရောက်ကူးစက်တာပါ။ အစာအိမ်ကင်ဆာ […]


အစာအိမ်ကင်ဆာ

အစာအိမ်ကင်ဆာကနေ ပြန်လည် ကျန်းမာလာတဲ့အခါ

အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်တဲ့ အစာအိမ်ကင်ဆာကို ကုသမှု ခံယူပြီး ပြန်လည် ကျန်းမာလာတဲ့အခါ ပြည့်ဝတဲ့ ကျန်းမာရေးကို ရရှိပြီး လူတန်းစေ့စေ့ နေထိုင်နိုင်စေဖို့ လိုက်နာရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ အစာအိမ်ကင်ဆာကနေ သက်သာလာတဲ့အခါ နေထိုင်မှု အလေ့အထ ပုံစံကို ပြောင်းလဲသင့်ပါတယ်။ နေထိုင်မှု အလေ့အထ ပြောင်းလဲတာက အစာအိမ်ကင်ဆာ ကုသတဲ့နေရာမှာ အထောက်အကူဖြစ်စေသလို ခန္ဓာကိုယ် ကြံ့ခိုင်ကျန်းမာစေဖို့ကိုလည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ အစာအိမ်ကင်ဆာ နဲ့ ကျန်းမာတဲ့ နေထိုင်မှု ပုံစံ အစာအိမ်ကင်ဆာကနေ သက်သာလာတဲ့အခါ ကျန်းမာတဲ့ နေထိုင်မှုပုံစံကို လိုက်နာမယ်ဆိုရင် ကုထုံး​ကြောင့် ခံစားရမယ့် ဘေးထွက်ဆိုးကျိုးတွေကို အကောင်းဆုံး စီမံနိုင်မယ်။ ခန္ဓာကိုယ်မှာ အင်အားပြည့်မယ်။ ကိုယ်ခံအားပြည့်ဝပြီး ရောဂါတွေကို တိုက်ထုတ်နိုင်မယ်။ ကင်ဆာကိုလည်း ခုခံနိုင်မယ်။ စိတ်ခံစားမှု ကောင်းလာမယ်။ စိတ်ရောကိုယ်ပါ ကျန်းမာမယ်။ […]


အစာအိမ်ကင်ဆာ

အစာအိမ်ကင်ဆာ ကာကွယ်ပါ

အစာအိမ်ဆိုတာ ဝမ်းဗိုက်ရဲ့ အထက်ပိုင်းနားမှားရှိတဲ့ J ပုံစံ အစိတ်အပိုင်းတစ်ခုပါ။ အစာခြေစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ စားသုံးလိုက်တဲ့ အစားအစာတွေထဲက အာဟာရဓာတ်တွေ (ဗီတာမင်၊ သတ္တုဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ပရိုတင်း နဲ့ရေ) တို့ဆီကနေ လိုအပ်တဲ့အရာတွေကို ချေဖျက်စုပ်ယူပြီး ကြွင်းကျန်တဲ့အရာတွေကို အညစ်အကြေးအဖြစ် စွန့်ထုတ်ပေးဖို့ တာဝန် ယူထားပါတယ်။ ပါးစပ်ကနေ အစာအိမ်ထဲကိုတော့ ပြွန်ပုံစံ ကြွက်သားပြွန်ဖြစ်တဲ့ အစာရေမျိုက ပေးပို့ပေးပါတယ်။ ပြီးရင်တော့ အစာအိမ်ဆီကို ရောက်ပြီး အူလမ်းကြောင်းဆီကို ရောက်ရှိပြီး အူမကြီး၊ အစာဟောင်းအိမ်တွေကိုဖြတ်လို့ ပြင်ပကို အညစ်အကြေးအဖြစ် စွန့်ထုတ်ပေးပါတယ်။ ဒီလို တာဝန်တွေ အများကြီး ယူထားပြီး အရေးပါတဲ့ အစိတ်အပိုင်းကို ကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့ဆိုရင် လိုက်နာရမယ့် အချက်လေးတွေရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားမယ်နော်။ အစာအိမ်ကင်ဆာ ကာကွယ်ပါ အစာအိမ် ကင်ဆာမဖြစ်စေဖို့ဆိုရင် […]


အစာအိမ်ကင်ဆာ

အစာအိမ် ကင်ဆာ

အစာအိမ်ကင်ဆာ ဆိုတာက အစာအိမ်ထဲက ဆဲလ်တွေ ပုံမှန် မဟုတ်ပဲ ကြီးထွားမှုကနေစတင်တဲ့ ကင်ဆာ အမျိုးအစားပါ။ အစာအိမ်ဆိုတာက ဝမ်းဗိုက်ရဲ့ အထက်ပိုင်း အလယ်နားမှာ ရှိတဲ့ ကြွက်သားနဲ့ ဖွဲ့စည်းထားတဲ့ အိတ်တစ်ခုပါ။ နံရိုးတွေရဲ့ အတွင်းဘက်နားမှာ ရှိပါတယ်။ အစာအိမ်က စားလိုက်တဲ့ အစာတွေကို လက်ခံတယ်၊ ထိန်းသိမ်းပေးထားတယ်။ ပြီးရင် ချေဖျက်ဖြိုခွဲပေးပါတယ်။ အစာအိမ်ကင်ဆာကို (Stomach Cancer) လို့ ခေါ်သလို (Gastric Cancer) လို့လည်း ခေါ်ပါတယ်။ အစာအိမ်ကင်ဆာက အစာအိမ်ရဲ့ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အစာအိမ်ကင်ဆာ အများစုကတော့ အစာအိမ်ရဲ့ အဓိကကျတဲ့အစိတ်အပိုင်းနေရာကနေ စဖြစ်တာပါ။ အစာအိမ်ကင်ဆာက အစာအိမ်ကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ၊ အစာအိမ်ဆီကို အစာတွေ ပို့ဆောင်ပေးတဲ့ အစာရေမျိုပြွန် နဲ့ အစာအိမ် ဆုံတဲ့ နေရာမှာလည်း […]


အူမကြီးကင်ဆာ

အူမကြီး ကင်ဆာ

အူမကြီး ကင်ဆာ ဆိုတာက အူရဲ့ အကြီးဆုံးအပိုင်း အူမကြီးမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာ အမျိုးအစားပါ။ အူမကြီးဆိုတာက အစာခြေလမ်းကြောင်းရဲ့ နောက်ဆုံး အစိတ်အပိုင်းပါ။ အူမကြီး ကင်ဆာက များသောအားဖြင့် လူ​ကြီးတွေမှာ ဖြစ်တတ်တယ်ဆိုပေမယ့် အသက်အရွယ်မရွေး ခံစားရနိုင်ပါတယ်။ အူမကြီးကင်ဆာက သေးငယ်ပြီး ကင်ဆာကျိတ်မဟုတ်တဲ့ အဖုအကျိတ် သေးသေးလေးတွေကနေ စဖြစ်တတ်ပါတယ်။ ဒါကို အူမကြီးအသားပိုလို့ ခေါ်ပါတယ်။အသားပိုတိုင်းက ကင်ဆာပြောင်းတာတော့ မဟုတ်ပေမယ့် ကင်ဆာဖြစ်နိုင်ခြေတော့ များစေပါတယ်။။ အသားပိုလေးတွေက စဖြစ်စမှာ သေးမယ်။ ကင်ဆာလက္ခဏာတစ်ခုမှ မတွေ့ရတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာကို သိရှိနိုင်ဖို့အတွက် ပုံမှန် စစ်ဆေးမှုလုပ်တာက အကောင်းဆုံးသော ကာကွယ်မှု နည်းလမ်းပါ။ အူမကြီး ကင်ဆာကို ထိန်းချုပ်ဖို့အတွက် ကုသနည်းတွေက အများကြီး ရှိပါတယ်။ ခွဲစိတ်ကုသမှုကနေစလို့ ဓာတ်ရောင်ခြည်ကုထုံး၊ ဆေးသွင်းကုထုံး၊ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ ကုထုံး၊ […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာအား ခွဲစိတ်ကုသခြင်း

အဆုတ်ဟာ ရေမြှုပ်လို ဖောင်းပွတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပြီး အသက်ရှူသွင်းရှူထုတ်ပေးခြင်းအားဖြင့် ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို လေထုထဲကနေ ရယူပေးပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားရင်တော့ အဆုတ်ထဲမှာ အကျိတ်တွေဖြစ်လာပြီး ပုံမှန်လုပ်ငန်းဆောင်ရွက်မှုတွေကို ထိခိုက်လာပါတယ်။ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း စတာတွေ ခံစားလာရပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားနေတယ်လို့ သတ်မှတ်ပြီးတာနဲ့ ကုသမှုအတွက် နောက်တဆင့်ကို စဉ်းစားရပါပြီ။ အဆုတ်မှာ စတင်ဖြစ်ပွားတယ်ဆိုပေမယ့် ထိရောက်စွာ မကုသနိုင်ရင် ကိုယ်ခန္ဓာရဲ့တခြားနေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။ အဆုတ်ကင်ဆာကုသနည်းတွေထဲက တမျိုးကတော့ ခွဲစိတ်ကုသခြင်းပါပဲ။ အဆုတ်ထဲက အကျိတ်ရဲ့ တည်နေရာ၊ အရွယ်အစား၊ တခြားနေရာများကို ပျံ့နှံ့မှု ရှိမရှိ စတာတွေပေါ် မူတည်ပြီး စဉ်းစားပါတယ်။ စောစီးစွာ သိရှိပြီး အဆုတ်ကင်ဆာအကျိတ်တွေကို ခွဲစိတ်ကုသနိုင်ရင် ကိုယ်ခန္ဓာရဲ့ တခြားနေရာတွေကို ပျံ့နှံ့မသွားအောင် ကာကွယ်နိုင်ပါတယ်။ ခွဲစိတ်ကုသနည်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အပိုင်းလိုက်ခွဲစိတ်ခြင်း (Lobectomy) လူ့ခန္ဓာကိုယ်မှာ အဆုတ်နှစ်ခုရှိပြီး […]


ရင်သားကင်ဆာ

အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ

အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ ဆိုလို့ ဟုတ်ပါ့မလားလို့ တွေးနေမိတာလား။ အမျိုးသမီးတွေမှာပဲ ဖြစ်တာလားဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲမှာ ဗြောင်းသက်နေပါသလား။ အမျိုးသမီးတွေမှာမှ ရင်သားကင်ဆာဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ရင်သား ကင်ဆာဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ က အမျိုးသမီးတွေမှာလောက်တော့ အဖြစ်မများဘူးပေါ့။ အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်တဲ့နှုန်းဟာ တော်တော်လေး နည်းပါတယ်။ အမျိုးသားတွေမှာလည်း ရင်သားဆဲလ်တွေ၊ တစ်ရှူးတွေ ရှိနေတာကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်တာပါ။ အမျိုးသားတွေက အမျိုးသမီးတွေလိုတော့ ရင်သားကနေ နို့ရည်ကို မထုတ်လုပ်ဘူးဆိုပေမယ့် ရင်သားကင်ဆာကတော့ ဖြစ်နိုင်ပါတယ်။ အမျိုးသား အယောက် တစ်ထောင်မှာ တစ်ဦးနှုန်းလောက် ရင်သားကင်ဆာ​ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်နေလားဆိုတာကို ရင်သား ဒါမှမဟုတ်  ရင်သားထိပ်ခေါင်း အောက်ဘက်နားမှာ ခပ်မာမာ အဖုအကျိတ်ရှိနေလားဆိုတာကို ဆန်းစစ်တာကနေ တဆင့် သိနိုင်ပါတယ်။ […]


အခြားကင်ဆာများ

ကင်ဆာဖြစ် စေနိုင်တဲ့ အမူအကျင့်တွေ

ကင်ဆာဆိုတာ အခုနောက်ပိုင်း အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပေါ့။ အသက်ကြီးမှ အဖြစ်များတယ်ဆိုပေမယ့် အရွယ်မရွေး ခံစားရနိုင်ပါတယ်။ ကင်ဆာဖြစ် ရတာက နေထိုင်စားသောက်မှုပုံစံကြောင့်လည်း အများကြီး ပါပါတယ်။ ဒီတစ်ခေါက်တော့ ဘယ်လို အမူအကျင့်တွေက ကင်ဆာဖြစ်စေနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။ ကင်ဆာဖြစ် စေနိုင်တဲ့ အမူအကျင့်အချို့ နေ့စဉ် လုပ်မိနေတဲ့ အမူအကျင့်တွေထဲမှာ ဒါတွေပါနေလား ဆန်းစစ်ပါ။ သကြား အများကြီးစားမိတယ် ချိုချိုလေးမှ ကြိုက်တယ်ဆိုပြီး သကြားတွေ အများကြီး စားမိနေပြီလား။ ဒါဆိုရင်တော့ အခုကစပြီး သကြား လျှော့စားပါ။ သကြား အများကြီး စားတာက အဝလွန်တာနဲ့ ဆဲလ်ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပြီး ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေတဲ့ အရာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သာမန်လူတစ်ယောက်အနေနဲ့ တစ်နေ့တာမှာ သကြားကို အမျိုးသားဆို လက်ဖက်ရည်ဇွန်း ၉ ဇွန်း၊ အမျိုးသမီးဆို ၆ဇွန်းထက် ပိုမစားသင့်ပါဘူး။ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်