backup og meta

အဆုတ်ကင်ဆာ ကာကွယ်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆုတ်ကင်ဆာ ကာကွယ်ပါ

    မဖြစ်ခင်က ကြိုတင်ကာကွယ်ပါ။ ဒီလို ကြိုတင်ကာကွယ်ရမယ့်အထဲမှာ အဆုတ်ကင်ဆာကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီတော့ ခန္ဓာကိုယ်မှာ အဆုတ်ကင်ဆာ ဝင်မလာစေဖို့ ဘယ်လို ဂရုစိုက် နေထိုင်ရမလဲ ဆိုတာကို ပြောပြပေးပါရစေ။

    အဆုတ်ကင်ဆာ မဖြစ်ခင်က ​ကြိုတင် ကာကွယ်ပါ

    ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အဆုတ်လေးကို ကင်ဆာ အန္တရာယ်ကနေ ကင်းစေဖို့ဆိုရင်

    ဆေးလိပ်ဖြတ်ပါ

    ဆေးလိပ်သောက်တာက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အဆိုးရွားဆုံး ထိခိုက်ခံရတာတော့ အဆုတ်ပေါ့။ ဆေးလိပ်ကို ရေရှည် စွဲသောက်တဲ့အခါ အသက်ရှူလမ်းကြောင်း ကျန်းမာရေး ထိခိုက်လာသလို အဆုတ်လည်း နာမကျန်းဖြစ်ပြီး အဆိုးဆုံး အနေနဲ့ အဆုတ် ကင်ဆာဖြစ်လာနိုင်ပါတယ်။

    ဒါကြောင့် အဆုတ်ကင်ဆာ ကာကွယ်ဖို့ဆိုရင် ဆေးလိပ်ဖြတ်ဖို့ လိုပါမယ်။

    တဆင့်ခံ ဆေးလိပ်ငွေ့ သတိပြုပါ

    တဆင့်ခံ ဆေးလိပ်ငွေ့ကလည်း ကျန်းမာရေးကို အတော်လေး ထိခိုက်စေတဲ့အရာပါ။ ဆေးလိပ်သောက်သလိုကို အသက်ရှူလမ်းကြောင်းနဲ့ အဆုတ် ထိခိုက်စေနိုင်ပါတယ်။

    ဒါကြောင့် ပတ်ဝန်းကျင်က တဆင့်ခံ ဆေးလိပ်ငွေ့တွေကိုလည်း ဂရုပြုစေချင်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ကလည်း အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ တိုးစေနိုင်ပါတယ်။

    အရက် ဖြတ်ပါ

    အရက်က အသည်းကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။။ တစ်ပတ်မှာ ၅ ရက်နဲ့ အထက် အရက်၊ ဘီယာ သောက်သုံးသူတွေမှာ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေက ၁၀ ရာခိုင်နှုန်းထက် မနည်း ရှိနေပါတယ်။ ဒါ​ကြောင့် အဆုတ်ကင်ဆာ ကာကွယ်ချင်တယ်ဆိုရင် အရက်ဖြတ်ဖို့ မမေ့ပါနဲ့။

    လေ့ကျင့်ခန်း လုပ်ပါ

    လေ့ကျင့်ခန်းလုပ်တာက ချွေးထွက်ပြီး အကြောတွေကို ပြေလျော့စေလို့ စိတ်ရော ကိုယ်ပါ ကျန်းမာ လန်းဆန်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်တာက အဆုတ်ကို ကျန်းမာစေသလို အခြား ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကိုလည်း ကျန်းမာစေပါတယ်။

    နောက်တစ်ချက်က လေ့ကျင့်ခန်း လုပ်တာက အဆုတ်ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါကြောင့် အဆုတ်ကင်ဆာ ကင်းချင်တယ်ဆိုရင် လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ။

    အိမ်တွင်းမှာ ဓာတ်​ငွေ့ ယိုစိမ့်မှုတွေ ရှိလား စစ်ဆေးပါ

    အိမ်တွင်းမှာ ဓာတ်​ငွေ့တွေ ယိုစိမ့်နေတာကလည်း အဆုတ်ကင်ဆာဖြစ်စေနိုင်တဲ့ အချက်တစ်ခုပါ။ အချို့ဓာတ်ငွေ့တွေက အနံ့မရှိပေမယ့် သူတို့ရဲ့ ယိုစိမ့်မှုက အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။ အဆိုးရွားဆုံးကတော့ အဆုတ်ကင်ဆာ ဖြစ်စေတာပေါ့။

    ဒါကြောင့် အိမ်တွင်းမှာ ဓာတ်ငွေ့တွေ ယိုစိမ့်မှု မရှိစေဖို့ သတိပြုပေးပါ။

    ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုကို ရှောင်ပါ

    ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာက အဆုတ်ကင်ဆာဖြစ်စေနိုင်တဲ့ အချက်တစ်ခုပါ။ ဒါကြောင့် အာဆင်းနစ်လိုမျိုး ဓာတ်ပစ္စည်းတွေနဲ့ ထိတွေ့မိနိုင်ခြေကို တတ်နိုင်သမျှ လျှော့ချပါ။

    ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ စားပါ

    အဆုတ်ကင်ဆာကို ကာကွယ်ဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင် စားသုံးပေးဖို့ လိုပါမယ်။ ဒီလို စားသုံးမှုက အဆုတ်ကင်ဆာကို ကာကွယ်ပေးသလို ကျန်းမာရေး ကောင်းစေဖို့လည်း အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

    အဆုတ်ကင်ဆာ ကာကွယ်ပါ လို့ ပြောရတဲ့ အကြောင်းအရင်းနဲ့ ဘယ်လို နည်းလမ်းတွေနဲ့ ကာကွယ်ရမလဲဆိုတာကို သိလောက်ပြီ ထင်ပါတယ်။

    အဆုတ်ကင်ဆာ ကာကွယ်ပါ

    အဆုတ်ကင်ဆာ မဖြစ်စေဖို့ဆိုရင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement