အမျိုးသားမှာ ဖြစ်တဲ့ ရင်သားကင်ဆာဆိုလို့ ဟုတ်ပါ့မလားလို့ တွေးနေမိတာလား။ အမျိုးသမီးတွေမှာပဲ ဖြစ်တာလားဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲမှာ ဗြောင်းသက်နေပါသလား။ အမျိုးသမီးတွေမှာမှ ရင်သားကင်ဆာဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ရင်သား ကင်ဆာဖြစ်နိုင်ပါတယ်။
အမျိုးသားမှာ ဖြစ်တဲ့ ရင်သားကင်ဆာဆိုလို့ ဟုတ်ပါ့မလားလို့ တွေးနေမိတာလား။ အမျိုးသမီးတွေမှာပဲ ဖြစ်တာလားဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲမှာ ဗြောင်းသက်နေပါသလား။ အမျိုးသမီးတွေမှာမှ ရင်သားကင်ဆာဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ရင်သား ကင်ဆာဖြစ်နိုင်ပါတယ်။
အမျိုးသမီးတွေမှာလောက်တော့ အဖြစ်မများဘူးပေါ့။ အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်တဲ့နှုန်းဟာ တော်တော်လေး နည်းပါတယ်။ အမျိုးသားတွေမှာလည်း ရင်သားဆဲလ်တွေ၊ တစ်ရှူးတွေ ရှိနေတာကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်တာပါ။
အမျိုးသားတွေက အမျိုးသမီးတွေလိုတော့ ရင်သားကနေ နို့ရည်ကို မထုတ်လုပ်ဘူးဆိုပေမယ့် ရင်သားကင်ဆာကတော့ ဖြစ်နိုင်ပါတယ်။ အမျိုးသား အယောက် တစ်ထောင်မှာ တစ်ဦးနှုန်းလောက် ရင်သားကင်ဆာဖြစ်နိုင်ပါတယ်။
အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်နေလားဆိုတာကို ရင်သားထိပ်ခေါင်း အောက်ဘက်နားမှာ ခပ်မာမာ အဖုအကျိတ်ရှိနေလားဆိုတာကို ဆန်းစစ်တာကနေ တဆင့် သိနိုင်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ရင်သားကင်ဆာကြောင့် သေဆုံးနိုင်ခြေမြင့်ပါတယ်။
အကြောင်းကတော့ ရင်သားကင်ဆာဖြစ်နိုင်ခြေရှိတဲ့ အရာတွေကို သတိထားမိတာ နည်းတာကြောင့်ပါ။ ဒီလိုကနေ ကုသမှုခံယူတာ နောက်ကျပြီး ရင်သားကင်ဆာကြောင့် အသက်ဆုံးရှုံးကြရတာပါ။ အသက် ၅၀ နဲ့ အထက် အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေ များပါတယ်။ ဒါပေမယ့် အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။
အမျိုးသားတွေအနေနဲ့လည်း ရင်သားကင်ဆာကို စောစောသိ စောစော ကုသနိုင်မယ်ဆိုရင် ရလဒ်ကောင်းမှာပါ။ ရင်သားကင်ဆာဖြစ်တဲ့အခါ အကျိတ်ကို ခွဲထုတ်ပစ်တာ၊ ရင်သားတစ်ရှူးတွေကို ဖယ်ရှားတာ၊ ဆေးသွင်းကုသတာ၊ ဓာတ်ရောင်ခြည်ပေးကုသမှုနဲ့ နည်းလမ်းတွေနဲ့ ကုသပြီး ကင်ဆာဆဲလ်တွေကို ထိန်းချုပ်လို့ ရပါတယ်။
အမျိုးသားတစ်ဦးမှာ ရင်သားကင်ဆာ ခံစားရပြီဆိုရင်
ဒီလက္ခဏာတွေ ရှိလာပြီဆိုရင် ဆေးကုသမှု ခံယူပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်ပါ။ ရင်သားကင်ဆာက မြန်မြန်သိ မြန်မြန်ကုလေ ထိရောက်မှု ရှိလေလေပါ။
အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်ရတဲ့ အကြောင်းအရင်းက အတိအကျ မရှိပါဘူး။ အချို့သော ရင်သားကင်ဆာဆဲလ်တွေက ပုံမှန် မဟုတ်ဘဲ လျင်လျင်မြန်မြန် ကွဲပွားရာကနေ ရင်သားကင်ဆာဆဲလ်တွေဖြစ်လာရတာပါ။ ဒီဆဲလ်တွေက စုမိပြီး ရင်သားကင်ဆာ အကျိတ်တွေဖြစ်လာပါတယ်။ဒီကနေတဆင့် အနီးတဝိုက်က တစ်ရှူးတွေ၊ ပြန်ရည်ကျိတ်တွေ နဲ့ ခန္ဓာကိုယ် အခြားအစိတ်အပိုင်းတွေဆီ ပြန့်သွားတာပါ။
အမျိုးသားတွေကို ရင်သားကင်ဆာ ခံစားရနိုင်ခြေ တိုးစေတဲ့ အကြောင်းအရင်း အချို့ကတော့
အသက်အရွယ် ကြီးရင့်လာတာက အမျိုးသားတွေမှာ ရင်သားကင်ဆာ ခံစားရနိုင်ခြေကို တိုးစေတဲ့ အချက်တစ်ခုပါ။ အသက် ၅၀ နဲ့အထက် အမျိုးသားတွေက ရင်သာကင်ဆာ ခံစားရနိုင်ခြေ ပိုမြင့်ပါတယ်။
အက်စထရိုဂျင်ပါတဲ့ ဆေးတွေ သောက်သုံးနေရတာ၊ ဆီးကျိတ်ကင်ဆာအတွက် ဟော်မုန်း ကုထုံး ခံယူနေရတာတွေက အမိုးသားတွေကို ရင်သား ကင်ဆာ ခံစားရနိုင်ခြေ တိုးစေပါတယ်။
ဖခင် ဒါမှမဟုတ် ညီအစ်ကိုတွေမှာ ရင်သားကင်ဆာ ခံစားရဖူးရင်လည်း ရင်သားကင်ဆာ ခံစားရနိုင်ခြေ များပါတယ်။
ဒါကတော့ မျိုးဗီဇဆိုင်ရာ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ အမျိုးသားတွေမျာ မွေးဖွားစဉ်က X ခရိုမိုဆုန်းခ် တစ်ခုထက်ပိုပြီး ပါလာတာပါ။ ဒီလို ပါလာတာက လိုင်အင်္ဂါ ပုံမှန် မဟုတဲ့ ကြီးထွားမှုကို ဖြစ်စေနိုင်ပြီး အမျိုးသားတွေမှာ ကျားဟော်မုန်းဖြစ်တဲ့ (androgens) ထုတ်လုပ်မှု နည်းပြီး မဟော်မုန်းဖြစ်တဲ့ (estrogens) ထုတ်လုပ်မှု များနေတာပါ။
အသည်းရောဂါဖြစ်တဲ့ အသည်းရွတ်နာလိုမျိုး ရောဂါတွေက ကျား ဟော်မုန်း ထုတ်လုပ်မှုကို ကျစေပြီး မ ဟော်မုန်း ထုတ်လုပ်မှုကို များစေနိုင်တာကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို များစေပါတယ်။
အဝလွန်တာက ကိုယ်တွင်းမှာ အက်စထရိုဂျင်ဟော်မုန်း ပမာဏကို တိုးစေပြီး အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။
ဝှေးစေ့ရောင်ခြင်း (orchitis) ဒါမှမဟုတ် ဝှေးစေ့ဖယ်ရှားတဲ့ ခွဲစိတ်မှု ခံယူဖူးတာကလည်း ရင်သား ကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။
အမျိုးသားတွေဟာ ရင်သားတစ်ရှူး အနည်းငယ်နဲ့ မွေးဖွားလာကြတာပါ။ ရင်သားတစ်ရှူးမှာ နို့ရည်ပြု ဂလင်းတွေ၊ နို့ရည်ပို့ပြွန်၊ အဆီတစ်ရှူးတွေ ပါဝင်ပါတယ်။
အမျိုးသမီးတွေက အပျိုဖော်ဝင်လာချိန်မှာ ရင်သားတစ်ရှူးတွေ ထပ်မံဖြစ်လာနိုင်ပေမယ့် အမျိုးသားတွေကတော့ လူပျိုဖော်ဝင်ချိန်မှာ ရင်သားတစ်ရှူးတွေ ထပ်ဖြစ်မလာပါဘူး။ အမျိုးသားတွေက ရင်သားတစ်ရှူးနည်းနည်းပဲ ရှိတာဆိုပေမယ့် ရင်သားကင်ဆာ ဖြစ်စေနိုင်ပါတယ်။
အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင်ဆာအမျိုးအစားတွေကတော့
နို့ရည်ပို့ပြွန်ကနေ စတဲ့ ရင်သားကင်ဆာ – အမျိုးသားတွေမှာ အဖြစ်များတဲ့ ရင်သားကင်ဆာ အမျိုးအစားပါ။ နို့ရည်ပို့ ပြွန်ကနေ စဖြစ်ပွားပါတယ်။
နို့ရည်ပြု ဂလင်းကနေ စတင်ဖြစ်ပွားတဲ့ ရင်သားကင်ဆာ – ဒီရင်သားကင်ဆာ အမျိုးအစားကတော့ အမျိုးသားတွေမှာ ဖြစ်ခဲပါတယ်။ အကြောင်းကတော့ အမျိုးသားတွေရဲ့ ရင်သားမှာ နို့ရည်ပြုဂလင်းက အနည်းငယ်ပဲ ပါဝင်တာကြောင့်ပါ။
အခြားရင်သား ကင်ဆာ အမျိုးအစား – အမျိုးသားတွေမှာ ဖြစ်နိုင်ခြေရှိတဲ့ အခြားရင်သားကင်ဆာ အမျိုးအစားတွေကတော့ နို့သီးခေါင်းမှာ ဖြစ်တတ်တဲ့ Paget’s disease ကြောင့်ဖြစ်တဲ့ ရင်သားကင်ဆာ။ ရင်သားရောင်ရမ်းမှုကနေတဆင့် ဖြစ်တဲ့ ရင်သားကင်ဆာ အမျိုးအစားတွေပါ။
ဒီရင်သားကင်ဆာ အမျိုးအစားတွေ အပြင် မျိုးရိုးမှာ ရင်သားကင်ဆာဖြစ်ဖူးမယ်ဆိုရင်လည်း ပုံမှန်စစ်ဆေးမှုတွေ လုပ်ဆောင်သင့်ပါတယ်။
ရင်သားကင်ဆာကို စစ်ဆေးတဲ့ နည်းလမ်းမှာ အဆင့်များစွာ ပါဝင်နေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု၊ ပုံရိပ်ဖော် စစ်ဆေးမှု နဲ့ အသားစယူ စစ်ဆေးမှုတွေအပါအဝင် စစ်ဆေးမှု အဆင့်များစွာ လုပ်ရပါတယ်။
ရင်သားကင်ဆာဆဲလ်တွေက ရင်သားမှာ အကျိတ်ဖြစ်နေနိုင်ပါတယ်။ အကျိတ်ရဲ့ တည်နေရာ၊ ကင်ဆာဆဲလ် ကြီးထွားမှုကို လိုက်ပြီး ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ပုံရိပ်ဖော် စစ်ဆေးမှုတွေဖြစ်တဲ့ mammogram နဲ့ X-ray တို့ကို အသုံးပြုပြီး ရင်သားတစ်ရှူးတွေကို စစ်ဆေးနိုင်ပါတယ်။ ဒါတင်မကဘဲ ရင်သားကင်ဆာကို MRI စနစ်သုံးပြီးလည်း စစ်ဆေးနိုင်ပါသေးတယ်။
နောက်တစ်နည်းကတော့ ရင်သားကနေ တစ်ရှူး နမူနာယူပြီး အသားစ စစ်ဆေးတဲ့ နည်းလမ်းပါ။ အကျိတ်ရဲ့ တည်နေရာ၊ အရွယ်အစားတွေအပါအဝင် အမျိုးမျိုးသော အကြောင်းအရာတွေပေါ် မူတည်ပြီး အသားစယူ စစ်ဆေးနည်း ကွာခြားနိုင်ပါတယ်။
ရင်သားကင်ဆာကို ကုသတဲ့နည်းက တစ်ခုမကပါဘူး။ ကင်ဆာအဆင့်၊ grade၊ အမျိုးအစားကို လိုက်ပြီး ကုထုံး ကွာခြားနိုင်ပါတယ်။
ရင်သားကင်ဆာက စောစောသိ စောစောကုသနိုင်လေလေ ထိရောက်မှု ရှိလေလေပါ။ ဒီတော့ ရင်သားကင်ဆာကို ကာကွယ်ဖို့ဆိုရင်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။