ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ခုခံအားကုထုံး ဆိုတာ ကင်ဆာကုထုံးတစ်ခုပါ။ ဆေးပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ကင်ဆာရောဂါကို ကုသရာမှာ အစွမ်းထက်ပြီး လူနာကို ထိခိုက်မှု နည်းစေတဲ့ ကုထုံးတွေကို ရှာဖွေလာကြပါတယ်။ ဒီထဲမှာ ခုခံအား ကုထုံးလည်း ပါဝင်ပါတယ်။ ခုခံအားကုထုံး ဆိုတာ ခုခံအားကုထုံးဆိုတာ လူနာရဲ့ ကိုယ်ပိုင် ခုခံအားကို သုံးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ခုခံအားကုထုံးကို ပေးလိုက်တာက လူနာရဲ့ ခုခံအားစနစ်ကို မြှင့်တင် ဒါမှမဟုတ် အပြောင်းအလဲဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်တွေကို ပိုပြီး တိုက်ခိုက်စေနိုင်ပါတယ်။ ခုခံအားကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။ ခုခံအားက ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရတဲ့ အထဲမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပါပါတယ်။ ခုခံအားက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ခုခံအားဆဲလ်တွေကို ကင်ဆာကျိတ်ရဲ့ အထဲ […]

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပြီးရင် ကင်ဆာဆက်စစ်ဖို့ လို၊ မလို

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးထားတာက တကယ်ကို ကောင်းပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာကို အထိုက်အလျောက်ကာကွယ်ပေးနိုင်လို့ ထိုးကို ထိုးထားသင့်ပါတယ်။ တစ်ခုရှိတာက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပြီးပေမယ့်လည်း ဆရာဝန်တွေက သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကို ပုံမှန်လုပ်ဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ဒါက ဘာကြောင့်များပါလဲ။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပြီးတာတောင် ဆေးစစ်ဖို့က လိုသေးတာလား။ ကာကွယ်ဆေး ထိုးပြီးပေမယ့်လည်း ဆေးစစ်ဖို့က လိုပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အောက်ပါအချက်တွေကြောင့်ပါပဲ။ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတာက HPVလို့ ခေါ်တဲ့ လိင်အင်္ဂါကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ HPVက သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတဲ့ အဖြစ်များဆုံး အကြောင်းရင်း တစ်ခုပါ။ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ မြင့်စေတဲ့ အကြောင်းရင်းတွေထဲမှာ ဆေးလိပ်သောက်တာ၊ တားဆေးတွေကို ကြာရှည်စွဲသောက်တာ၊ လိင်ဆက်ဆံတာ စတာတွေလည်း ပါပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးထားရုံနဲ့ မလုံလောက်ပါဘူး။ ကာကွယ်ဆေးတွေက HPV ဗိုင်းရပ်စ်အကုန်ကို […]


ရင်သားကင်ဆာ

မိခင်နို့တိုက်တဲ့ မေမေတွေ ရင်သားကင်ဆာ ဖြစ်နိုင်ခြေနည်း

နို့တိုက်နေတဲ့ မေမေတွေ ပိုပြီး တိုက်ချင်စိတ်ဖြစ်လာအောင်၊ တိုက်ရင်ကောင်းမလား မကောင်းမလား ဝေခွဲမရဖြစ်နေတဲ့ မေမေတွေကို တွန်းအားပေးသလိုဖြစ်အောင် သတင်းကောင်းလေးတစ်ခု မျှဝေပေးချင်ပါတယ်။ ဒါကတော့ နို့တိုက်တဲ့ မေမေတွေက သာမန်အမျိုးသမီးတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေနည်း တယ်ဆိုတာပါပဲ။ သိကြတဲ့အတိုင်း ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေ အစိုးရိမ်ဆုံး ကင်ဆာ ၂ခုပါ။ သားအိမ်ခေါင်းကင်ဆာက ကာကွယ်ဆေး ရှိတယ်ဆိုပေမယ့် ရင်သားကင်ဆာမှာ မရှိပါဘူး။ ဒါပေမယ့် ရင်သားကင်ဆာကတော့ အရေပြားအောက်တင် အကျိတ်ဖြစ်တာဆိုတော့ ပုံမှန်စမ်းမယ်ဆိုရင် စောစောသိနိုင်ပါတယ်။ ဒါပေမယ့် အကောင်းဆုံးကတော့ ဖြစ်နိုင်ခြေကို လျှော့ချထားတာပါပဲ။ မိခင်နို့တိုက်ရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေနည်း တာ ဘာကြောင့်လဲ။ မိခင်နို့က ကလေးအတွက် အကောင်းဆုံး အာဟာရဆိုတာ မေမေတိုင်း သိကြပါတယ်။ ဒါပေမယ့် မိခင်နို့တိုက်ရင်းနဲ့ပဲ မေမေပါ အမြတ်ရတာတွေ ရှိပါတယ်။ ဥပမာ ပြောရရင် […]


အသည်းကင်ဆာ

ငရုတ်သီးမှုန့် နဲ့ အသည်းကင်ဆာအန္တရာယ်

ငရုတ်သီးမှုန့် မှာ ပါတဲ့ Aflatoxin အဖလာတောက်စင်ဆိုတဲ့ မှိုက အသည်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ငရုတ်သီးမှုန့်ကို ပုံစံမျိုးစုံနဲ့ နှစ်နှစ်ခြိုက်ခြိုက် စားတတ်ကြတဲ့  မြန်မာနိုင်ငံက လူတွေအနေနဲ့ ပိုပြီး သတိထားသင့်ပါတယ်။ ငရုတ်သီးမှုန့် မှာပါတဲ့ အဖလာတောက်စင်ဆိုတာ အဖလာတောက်စင်ဆိုတာ မှိုတစ်မျိုးဖြစ်ပြီး A. flavus  နဲ့  A.parasiticus ဆိုတဲ့ မှိုမျိုးကွဲနှစ်မျိုးမှာ အဓိက တွေ့ရပါတယ်။ သဘာဝအတိုင်း တွေ့ရတဲ့ အဖလာတောက်စင် ၁၄မျိုးရှိပြီး B1, B2, G1, G2 ကတော့ အတွေ့ရအများဆုံးပါ။ B1ကတော့ ၄မျိုးထဲမှာ အဆိုးဆုံးပါပဲ။ တစ်ထိုင်တည်း အများကြီးကိုယ်ထဲဝင်သွားရင် မှိုဆိပ်သင့်ပြီး အသက်သေနိုင်လောက်တဲ့အထိ ဖြစ်သွားနိုင်သလို နည်းနည်းနဲ့ ခဏခဏ စားမိနေမယ်ဆိုရင်လည်း အသည်းကင်ဆာ ကလေးတွေမှာ မွေးရာပါ ချို့ယွင်းချက်ပါတာ ကလေး ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးတာ ခုခံအားကျတာ […]


အခြားကင်ဆာများ

ကင်ဆာပြန်မဖြစ် အောင် ဘယ်လို ဆင်ခြင်နေထိုင်သင့်သလဲ

ကင်ဆာဖြစ်တယ်၊ ကုထုံးတွေ ခံယူတယ်၊ တော်တော်လေး ရောဂါကို ထိန်းနိုင်ပြီ၊ ပျောက်သလောက် ရှိနေပြီဆိုရင် ကုထုံးတွေကို ရပ်ပြီး ရက်ချိန်းတွေ ပြန်ခေါ်ကြည့်ပါတယ်။ ကုပြီးပြီပဲ။ ဘာလို့ ရက်ချိန်းတွေ ပြန်ပြန်ခေါ်တာလဲလို့ မေးစရာ ရှိပါတယ်။ ကင်ဆာ ဖြစ်ဖူးတဲ့သူက သူများထက် ကင်ဆာပြန်ဖြစ် နိုင်ခြေ ပိုများပါတယ်။ ရက်ချိန်းပုံမှန်သွားပြီး ဆေးပုံမှန် စစ်တာက ကင်ဆာပြန်ဖြစ်သလားဆိုတာကို စောစောစီးစီး သိစေပါတယ်။ ဒါကြောင့် ကုသမှု စောစောခံယူနိုင်ပါတယ်။ ကင်ဆာပြန်မဖြစ် ဖို့ဆိုရင် ရက်ချိန်းတွေ ပုံမှန်သွားရုံနဲ့တင် မပြီးသေးပါဘူး။ လူနာဘက်က လိုက်နာရမယ့် အချက်လေးတွေ ရှိပါသေးတယ်။ ကင်ဆာပြန်မဖြစ် စေဖို့ ပြောင်းလဲသင့်တဲ့ နေထိုင်စားသောက်မှုပုံစံ ရက်ချိန်းပုံမှန်ပြနေတာအပြင် လူနာအနေနဲ့ အောက်ကအချက်တွေကို လိုက်နာဖို့လည်း လိုပါသေးတယ်။ စားသောက်မှုပုံစံ အများစုကတော့ ကင်ဆာကုထုံးပြီးတဲ့နောက်မှာ ဆင်ဆင်ခြင်ခြင် စားဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို စားဖို့ […]


အခြားကင်ဆာများ

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

ကင်ဆာနဲ့ ပတ်သက်ပြီး ဘာတွေက အမှန်လဲဆိုတာ သိဖို့လိုနေသေးတဲ့ အချက်တွေ ရှိပါတယ်။ ကင်ဆာဆိုတာ လူတိုင်းကြောက်တဲ့ ရောဂါပါ။ ကင်ဆာဖြစ်ရင် သေတာပဲဆိုတဲ့ ယူဆချက်တွေကလည်း ခုထိ ရှိနေပါသေးတယ်။ တကယ်တော့ ဆေးပညာတွေက နေ့စဉ်နဲ့အမျှ တိုးတက်လာတာဖြစ်လို့ ကင်ဆာတွေက ဒီလောက်ထိ ကြောက်ဖို့ မကောင်းတော့ပါဘူး။ ဒါ့ပြင် ကင်ဆာဝေဒနာ ခံစားရသူတွေကလည်း ပတ်ဝန်းကျင်က ပြောစကားတွေကြောင့် မှားပြီး လုပ်မိတာလေးတွေ ရှိပါတယ်။ ဘယ်လို အမှားတွေလဲ ဘယ်လို ယုံတမ်းစကားတွေလဲဆိုတာ ကြည့်လိုက်ရအောင်။ ကင်ဆာနဲ့ ပတ်သက်ပြီး အမှန်အမှား သတင်းများ ကင်ဆာဆိုတာ သေမိန့်ကျပြီးသား ရောဂါတစ်ခုဆိုတာ မဟုတ်ပါဘူး ခုနောက်ပိုင်းမှာ ကင်ဆာနဲ့ ပတ်သက်တဲ့ သေနှုန်းတွေက တဖြည်းဖြည်း ကျလာပါပြီ။ အထူးသဖြင့် ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ သိုင်းရွိုက်ကင်ဆာတွေမှာ ရှင်နှုန်းတော်တော်များလာတာကို တွေ့ရပါတယ်။ ဒီကိန်းဂဏန်းတွေက ကင်ဆာနုစဉ်မှာ အချိန်မီ ကုသမှု […]


အစာအိမ်ကင်ဆာ

အစာအိမ်ကင်ဆာ (gastric cancer)

အစာအိမ်ကင်ဆာက အရင်ကတော့ လူတော်တော်များများနဲ့ စိမ်းနေနိုင်ပေမယ့် အခုအချိန်မှာတော့ ဖြစ်ပွားမှု များလာကြောင့် အစာအိမ်ကင်ဆာကို သတိထားမိတာတွေ များလာပါတယ်။ အစာအိမ်က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အစာအိမ်ဆိုတာ အစာအိမ်ဆိုတာ ဝမ်းဗိုက်ရဲ့ အထက်ပိုင်းနားမှားရှိတဲ့ J ပုံစံ အစိတ်အပိုင်းတစ်ခုပါ။ အစာခြေစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ စားသုံးလိုက်တဲ့ အစားအစာတွေထဲက အာဟာရဓာတ်တွေ (ဗီတာမင်၊ သတ္တုဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ပရိုတင်း နဲ့ရေ) တို့ဆီကနေ လိုအပ်တဲ့အရာတွေကို ချေဖျက်စုပ်ယူပြီး ကြွင်းကျန်တဲ့အရာတွေကို အညစ်အကြေးအဖြစ် စွန့်ထုတ်ပေးဖို့ တာဝန် ယူထားပါတယ်။ ပါးစပ်ကနေ အစာအိမ်ထဲကိုတော့ ပြွန်ပုံစံ ကြွက်သားပြွန်ဖြစ်တဲ့ အစာရေမျိုက ပေးပို့ပေးပါတယ်။ ပြီးရင်တော့ အစာအိမ်ဆီကို ရောက်ပြီး အူလမ်းကြောင်းဆီကို ရောက်ရှိပြီး အူမကြီး၊ အစာဟောင်းအိမ်တွေကိုဖြတ်လို့ ပြင်ပကို အညစ်အကြေးအဖြစ် စွန့်ထုတ်ပေးပါတယ်။ အစာအိမ်ကင်ဆာဆိုတာ အစာအိမ်ကင်ဆာဆိုတာ အစာအိမ်ထဲကဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ […]


ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer)

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer) ဆိုတာက ပါးစပ်၊ လည်ချောင်း၊ နှာခေါင်း၊ တံထွေးဂလင်းတွေမှာဖြစ်တဲ့ ကင်ဆာတွေနဲ့ ခံတွင်းကင်ဆာအမျိုးမျိုး၊ ဦးခေါင်းနဲ့ ဇက်တဝိုက်မှာဖြစ်တဲ့ ကင်ဆာတွေကို ဆိုလိုတာပါ။ များသောအားဖြင့် ဒီကင်ဆာ အမျိုးအစားက ပါးစပ်အတွင်းနံရံတွေ၊ နှာခေါင်းနဲ့ လည်ချောင်းအတွင်းနံရံတွေကနေ စဖြစ်တာများပါတယ်။ ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာကို ခံစားရသူ အများစုက ဆေးရွက်ကြီးသုံးစွဲတာ၊ ဆေးရွက်ကြီးနဲ့ အရက်သောက်သုံးမှုများတာတွေကြောင့် ဖြစ်ရတာပါ။ ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာက ဘယ်အပိုင်းတွေမှာ အဖြစ်များသလဲ။ ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာက ဦးခေါင်းနဲ့ ဇက်ပိုင်းတွေကနေစဖြစ်တာပါ။ အထူးသဖြင့် ခံတွင်း - နှုတ်ခမ်း၊ လျှာအရှေ့ပိုင်း၊ သွားဖုံး၊ ပါးနဲ့နှုတ်ခမ်းအတွင်း အမြှေုးပါးနံရံ၊ လျှာအောက်ဘက်နားက ခံတွင်းကြမ်းခင်း၊ အာခေါင်မာ၊ အံဆုံးသွားအရှေ့ဘက်နားက သွားဖုံး စတဲ့နေရာတွေပါ။ လည်ချောင်း - လည်ချောင်းဆိုတဲ့နေရာမှာ နှာခေါင်းအနောက်ဘက် […]


အရိုးကင်ဆာ

အရိုးကင်ဆာ (Bone Cancer)

အရိုးကင်ဆာက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ တင်ပဆုံရိုးနဲ့ အရိုးရှည်တွေဖြစ်ကြတဲ့ လက်မောင်းရိုးနဲ့ ခြေထောက်ရိုးတွေမှာ အဖြစ်များပါတယ်။ အရိုးကင်ဆာက ဖြစ်ခဲတဲ့ ကင်ဆာတစ်မျိုးဖြစ်ပြီး ကင်ဆာခံစားရသူ အယောက် ၁၀၀ မှာ ၁ ယောက်ပဲခံစားရလေ့ရှိတဲ့ ကင်ဆာ အမျိုးအစားပါ။ အရိုးကင်ဆာ ဖြစ်စေတဲ့ အကျိတ်တွေထက် ကင်ဆာမဟုတ်တဲ့ အကျိတ်တွေက ပိုအဖြစ်များပါတယ်။ အရိုးကင်ဆာဆိုတဲ့နေရာမှာ အခြားနေရာမှာဖြစ်တဲ့ ကင်ဆာကနေ ကင်ဆာဆဲလ်တွေ အရိုးဆီပြန့်လာပြီး ဖြစ်ပွားတာမျိုး မဟုတ်ပါဘူး။ အရိုးမှစဖြစ်တဲ့ ကင်ဆာကို အရိုးကင်ဆာလို့ သတ်မှတ်တာပါ။ အရိုးကင်ဆာ ဖြစ်တဲ့အခါ အရိုးကင်ဆာဖြစ်တဲ့အခါ အကျိတ် ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ တစ်ရှူးစအစိုင်အခဲတွေ အရိုးမှာဖြစ်လာပါတယ်။ အရိုးကင်ဆာဖြစ်တဲ့အခါ ကင်ဆာဆဲလ်တွေက အလျင်အမြန်ကြီးထွားလာပြီး အခြားအစိတ်အပိုင်းတွေဆီကို ပြန့်သွားပါတယ်။ ဒီအခြေအနေကို ကင်ဆာလို့ သတ်မှတ်တာပါ။ အရိုးကင်ဆာဖြစ်တဲ့အခါ အရိုးတွေကနေစပြီး ကင်ဆာဆဲလ်တွေ ပြန်လာတဲ့ကင်ဆာကို (primary bone cancer) […]


ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကင်ဆာ (Prostate Cancer)

ကင်ဆာအမျိုးအစားတွေ အများကြီးရှိတဲ့အထဲကမှ ဆီးကျိတ်ကင်ဆာ ဆိုတာက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုးပါ။ ဆီးကျိတ်ကင်ဆာက ကင်ဆာလို့ဆိုပေမယ့် စောစောသိ စောစောကုသမှု ခံယူရင် သက်တမ်းစေ့နေနိုင်မှာပါ။ ဒီတစ်ခေါက်တော့ ဆီးကျိတ်ကင်ဆာကို ဂရုပြုနိုင်စေဖို့ သိထားသင့်တဲ့ လက္ခဏာလေးတွေ၊ ကုသနည်းလေးတွေအကြောင်း ပြောပြပေးသွားပါမယ်။ ဆီးကျိတ်ဆိုတာ ဆီးကျိတ်ဆိုတာ သစ်ကြားသီးပုံစံ ဂလင်းတစ်ခုပါ။ ဆီးအိမ်အောက်ဘက်နားမှာရှိပြီး ဆီးပြွန်ကို ပတ်ထားပါတယ်။ ဆီးကျိတ်ရဲ့ အဓိကတာဝန်က သုက်ပိုးတွေကို သယ်ဆောင်ပေးမယ့်အရည်တွေကို ထုတ်လုပ်ပေးတာပါ။ ဒီအရည်တွေက သုက်ပိုးတွေကို ပေါ့ပါးပြီး မြန်မြန်သွက်သွက် လှုပ်ရှားစေနိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာ (Prostate Cancer) ဆိုတာ ဆီးကျိတ်ကင်ဆာ (Prostate Cancer) ဆိုတာက ဆီးကျိတ်ကဆဲလ်တွေ ထိန်းချုပ်လို့ မရအောင် ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ရပ်နဲ့ ကြီးထွားလာတာပါ။ ဆီးကျိတ်ကင်ဆာက သုက်ပိုးတွေကို သယ်ဆောင်ပေးမယ့်အရည်တွေကို ထုတ်လုပ်ပေးတဲ့ ဂလင်းဆဲလ်တွေကနေ စဖြစ်တာများပြီး အခြားဆဲလ်တွေလည်း ပါနိုင်ပါတယ်။ ဘယ်လို လက္ခဏာတွေရှိနိုင်လဲ။ ဆီးကျိတ်ကင်ဆာက […]


ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

ခံတွင်းကင်ဆာအကြောင်းသိကောင်းစရာ

မြန်မာနိုင်ငံလိုကွမ်းစားသုံးမှုများတဲ့နိုင်ငံမှာအဖြစ်များတဲ့ကင်ဆာရောဂါတစ်မျိုးကတော့ ခံတွင်းကင်ဆာပဲဖြစ် ပါတယ်။ ဦးခေါင်းနဲ့လည်ပင်းကင်ဆာရောဂါအုပ်စုတွေထဲမှာ တစ်မျိုးအပါအဝင်ဖြစ်တဲ့ခံတွင်းကင်ဆာ အကြောင်းကိုလေ့လာကြည့်ရအောင်ပါ။ ခံတွင်းကင်ဆာက နှုတ်ခမ်း၊ သွားဖုံး၊လျှာ၊ ပါးစောင်၊ အာခေါင်နဲ့ လျှာအောက်ဖက်တွေမှာအဖြစ်များပါတယ်။ များသောအားဖြင့်ပါးစပ်ထဲမှာဘာမှန်းမသိတဲ့အကျိတ်တွေ၊အနာတွေကို စစ်ဆေးကြည့်ရာကနေခံတွင်းကင်ဆာ ဖြစ်နေကြောင်းရှာဖွေတွေ့ရှိရတတ်ပါတယ်။ တခြားကင်ဆာရောဂါတွေလိုပဲ ခံတွင်းကင်ဆာကိုစောစောရှာဖွေ မကုသနိုင်ရင်အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် ခံတွင်းကင်ဆာအကြောင်းသိရအောင် ပြောပြချင်ပါတယ်။ ခံတွင်းကင်ဆာရဲ့လက္ခဏာများ ခံတွင်းကင်ဆာဖြစ်နေသူတွေကိုလေ့လာကြည့်တဲ့အခါမှာဒီလိုလက္ခဏာတွေခံစားရတတ်တာကိုတွေ့ရပါတယ် - လျှာ၊သွားဖုံးနဲ့ပါးစပ်ရဲ့တခြားနေရာတွေမှာ အလုံးအကျိတ်တွေထွက်လာမယ် - ပါးစပ်တွင်းမှာအနီကွက်၊ အဖြူကွက်တွေထွက်လာမယ် - လျှာနဲ့နှုတ်ခမ်းက ဘာဖြစ်မှန်းမသိဘဲထုံကျဉ်နေမယ် - သွားတွေချောင်လာမယ်၊ အံကပ်စွပ်တဲ့သူဆို အံကပ်တွေချောင်လာမယ် - လည်ချောင်းထဲမှာတစ်ခုခုနင်နေသလိုခံစားရမယ်၊ အစာမြိုချရခက်လာမယ် - နားကိုက်မယ် - အသံနည်းနည်းပြောင်းလာမယ် ဘယ်သူတွေမှာခံတွင်းကင်ဆာပိုဖြစ်နိုင်သလဲ ယောင်္ကျားတွေက မိန်းမတွေထက် ခံတွင်းကင်ဆာဖြစ်ပွားနှုန်း (၂) ဆလောက်ပိုများတာကိုတွေ့ရပြီး အသက် (၅၀)နဲ့အထက်တွေမှာပိုဖြစ်ပွားလေ့ရှိတာကိုတွေ့ရပါတယ်။ အောက်ကအချက်တစ်ခုခုရှိနေရင်တော့ ခံတွင်းကင်ဆာပိုဖြစ်ပွားနိုင်တာမို့သတိပြုစေချင်ပါတယ် ဆေးလိပ်/အရက်သောက်ခြင်း - ဆေးလိပ်/အရက်မသောက်သူတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ (၆) ဆလောက်ပိုများပါတယ် ကွမ်းစားခြင်း - ကွမ်းစားဖို့ထည့်ရတဲ့ဓာတုဆေးဝါးတွေကြောင့် ခံတွင်းကင်ဆာဖြစ်နိုင်ပြီးကွမ်းမစားသူတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေအဆ (၅၀) လောက်ပိုမြင့်ပါတယ် နေရောင်ထိတွေ့မှုများခြင်း - အထူးသဖြင့်နှုတ်ခမ်းကိုနေလောင်တာများရင်ခံတွင်းကင်ဆာပိုဖြစ်နိုင်ပါတယ် Human papillomavirus (HPV) ကူးစက်ခံရခြင်း […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်