backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Wathun Myat Chal မှ ရေးသားသည်။ · 15/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်သလား

ရင်သား ရှိသူတိုင်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိတာမို့ ရှားပါးပေမဲ့ အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေမှာသာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိတယ်ဆိုပြီး အထင်မှားတတ်ကြတာကြောင့် အသိ နောက်ကျပြီး အခြားနေရာတွေကိုပါ ပျံ့နှံ့ပြီးမှ သိရတာမျိုးတွေ အများကြီး ပါပဲ။ အမျိုးသား ရင်သားကင်ဆာဟာ အသက်အရွယ် မရွေး ဖြစ်ပွားနိုင်ပေမဲ့ အသက်ကြီးကြီး အမျိုးသားတွေမှာ ပိုပြီး တွေ့ရတတ်ပါတယ်။

အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်သလား

ရင်သားကင်ဆာက အပေါ်မှာ ပြောခဲ့သလို ရင်သား ရှိသူတိုင်းမှာ ဖြစ်နိုင်တဲ့အတွက် အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပါတယ်။

ရင်သားကင်ဆာက ရင်သားမှာ အကျိတ်ဖြစ်တာကနေ စဖြစ်တာများပါတယ်။ ရင်သားကင်ဆာက အမျိုးသမီး အယောက် ၁၀၀ မှာ ၁၂ ဦးလောက် ခံစားနေရတဲ့ ကင်ဆာ အမျိုးအစား တစ်ရပ်ပါ။ အမျိုးသားတွေမှာတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့် လုံးဝ မဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။

ရင်သားကင်ဆာက အစောပိုင်း အဆင့်မှာ လက္ခဏာ လုံးဝ မပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရင်သားကင်ဆာ အစောပိုင်းအဆင့်မှာ ပုံရိပ်ဖော်စစ်ဆေးနည်းတွေကနေတဆင့်တော့ သိရှိနိုင်ပါတယ်။ ရင်သားကင်ဆာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပြီး ကုသမှု ခံယူဖို့ လိုပါမယ်။ 

ရင်သားကင်ဆာက အမျိုးအစား အများကြီး ရှိပါတယ်။ အချို့သော ရင်သားကင်ဆာတွေမှာ ရင်သား အကျိတ်အဖုတွေ မဖြစ်တာမျိုး ရှိပြီး အချို့သော ရင်သားကင်ဆာတွေမှာတော့ အကျိတ်တွေက တဖြည်းဖြည်းချင်းမှ ကြီးလာတာမျိုးပါ။ ကင်ဆာကျိတ်တွေ မြန်မြန်ကြီးထွားလာပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်တာမျိုးလည်း ရှိပါတယ်။

အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာရဲ့ လက္ခဏာတွေက အမျိုးသမီးတွေနဲ့ အတူတူ နီးပါး ပါပဲ။

ဘာတွေကြောင့် ရင်သားကင်ဆာ ဖြစ်လာနိုင်သလဲ။

အသက်ကြီး လာတာနဲ့ အမျှ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ မြင့်လာပါတယ်။

  • မျိုးရိုးထဲမှာ ဒါမှမဟုတ် မိသားစုထဲမှာ ရင်သားကင်ဆာ ဖြစ်ဖူးတဲ့သူ ရှိရင် ဖြစ်နိုင်ပါတယ်။
  • ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည် ကုထုံး (Radiation Therapy Treatment) တွေနဲ့ ရင်ဘတ် ပိုင်းမှာ ကုသမှု ခံရဖူးရင် ဖြစ်နိုင်ပါတယ်။
  • ဟော်မုန်း ကုသမှု (အီစထရိုဂျင် ပါဝင်တဲ့ ဆေးဝါး) တွေ ခံယူခဲ့ဖူးရင် ဖြစ်နိုင်ပါတယ်။
  • ဝှေးစေ့ (Testicles) ကို ထိခိုက်ဖူးတာ၊ ဖယ်ရှားခဲ့ရတာမျိုး ရှိရင် ဖြစ်နိုင်ပါတယ်။
  • အဝလွန်တဲ့ လူကြီးတွေ ဆိုရင် ဖြစ်နိုင်ပါတယ်။
  • အသည်း ရောဂါ ရှိဖူးရင် ဥပမာအားဖြင့် အသည်းခြောက်တာမျိုး ဖြစ်ဖူးရင် ဖြစ်နိုင်ပါတယ်။
  • ကုသတာကတော့ အမျိုးသား ဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ ကုသပုံက အတူတူ ပါပဲ။ စောစော သိမယ်ဆိုရင် ကုသရ ပိုပြီး လွယ်ကူပါတယ်။ ဒါကြောင့် အမျိုးသားတွေလည်း “ငါတို့မှာမှ ရင်သားကင်ဆာ မဖြစ်နိုင်တာ” ဆိုပြီး မပေါ့လျော့ပါနဲ့နော်။ အမြဲ စစ်ဆေးပြီး မူမမှန်တာတစ်ခုခု တွေ့တာနဲ့ ဆရာဝန်နဲ့ ချက်ချင်း ပြသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Wathun Myat Chal မှ ရေးသားသည်။ · 15/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement