အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်တဲ့ အစာအိမ်ကင်ဆာကို ကုသမှု ခံယူပြီး ပြန်လည် ကျန်းမာလာတဲ့အခါ ပြည့်ဝတဲ့ ကျန်းမာရေးကို ရရှိပြီး လူတန်းစေ့စေ့ နေထိုင်နိုင်စေဖို့ လိုက်နာရမယ့် အလေ့အထလေးတွေ ရှိပါတယ်။
အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်တဲ့ အစာအိမ်ကင်ဆာကို ကုသမှု ခံယူပြီး ပြန်လည် ကျန်းမာလာတဲ့အခါ ပြည့်ဝတဲ့ ကျန်းမာရေးကို ရရှိပြီး လူတန်းစေ့စေ့ နေထိုင်နိုင်စေဖို့ လိုက်နာရမယ့် အလေ့အထလေးတွေ ရှိပါတယ်။
အစာအိမ်ကင်ဆာကနေ သက်သာလာတဲ့အခါ နေထိုင်မှု အလေ့အထ ပုံစံကို ပြောင်းလဲသင့်ပါတယ်။ နေထိုင်မှု အလေ့အထ ပြောင်းလဲတာက အစာအိမ်ကင်ဆာ ကုသတဲ့နေရာမှာ အထောက်အကူဖြစ်စေသလို ခန္ဓာကိုယ် ကြံ့ခိုင်ကျန်းမာစေဖို့ကိုလည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။
အစာအိမ်ကင်ဆာကနေ သက်သာလာတဲ့အခါ ကျန်းမာတဲ့ နေထိုင်မှုပုံစံကို လိုက်နာမယ်ဆိုရင်
အစာအိမ်ကင်ဆာကနေ သက်သာလာပြီဆိုရင် ဒီအလေ့အထလေးတွေကို လိုက်နာသင့်ပါတယ်။
အစာအိမ်ကင်ဆာကနေ သက်သာလာတဲ့အခါ ကျန်းမာနေစေဖို့ဆိုရင်
ဆေးလိပ်သောက်တာက အစာအိမ်ကင်ဆာ ကုသမှုကို ထိရောက်မှု အားနည်းစေပါတယ်။ ကိုယ်ခံအားကိုလည်း ကျဆင်းစေနိုင်သလို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာလည်း များပါတယ်။
ဆေးလိပ်သောက်တာက တစ်ရှူးတွေကို အနာကျက်နှေးစေပြီး ကုသမှုခံယူထားတဲ့ အစာရေမျိုပြွန် တစ်ရှူးတွေနဲ့ အစာအိမ်တစ်ရှူးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် အစာအိမ်ကင်ဆာကနေ သက်သာလာတဲ့အခါ ဆေးလိပ်ဖြတ်ပါ။ တဆင့်ခံဆေးလိပ်ငွေ့ကို ရှောင်ပါ။
အာဟာရ ပြည့်ဝမျှတတဲ့ စားစရာတွေက ကျန်းမာရေး ကောင်းစေသလို စိတ်ခံစားမှုကိုလည်း ကောင်းစေပါတယ်။ မြန်မြန် နလန်ထလာစေဖို့လည်း အထောက်အကူပြုပေးနိုင်ပါတယ်။ အစာအိမ်ကင်ဆာ ကုထုံးကြောင့် ခံတွင်းပျက်နေတာမျိုး ဖြစ်နိုင်ပေမယ့် အာဟာရဖြစ်စေမယ့် အစားအစာတွေကို ရွေးချယ်ပြီး စားပေးပါ။
လိုအပ်မယ်ဆိုရင် အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး စားသုံးပေးပါ။ အာဟာရ ပြည့်ဝမျှတအောင် စားသုံးတာက အစာအိမ်ကင်ဆာကို ခံနိုင်ရည် ရှိစေသလို ခန္ဓာကိုယ်ကို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။
ကင်ဆာ နဲ့ ကင်ဆာ ကုထုံးတွေက ကိုယ်ခံအားကို ကျစေနိုင်ပါတယ်။ ဒီတော့ ကူးစက်ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေက အခြားသူတွေထက် ပိုမြင့်နေတာပေါ့။ ဒါကြောင့် အအေးမိတုပ်ကွေး အပါအဝင် ကူးစက်ရောဂါတွေကို ကာကွယ်ဖို့
လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး ကိုယ်ခံအားကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘေးအကင်းဆုံး ဖြစ်စေမယ့် လေ့ကျင့်ခန်းကို လုပ်ပေးပါ။
လေ့ကျင့်ခန်း ပုံမှန်လုပ်တာက ကင်ဆာကြောင့် နဲ့ ကင်ဆာကုထုံးကြောင့် ခံစားရနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို သက်သာစေနိုင်ပါတယ်။
ကင်ဆာ ခံစားနေရတာကနေ သက်သာလာတဲ့အခါ အခုလို အလေ့အထလေးတွေကို မွေးမြူပြီး နေ့ရက်တိုင်းကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။