အစာအိမ်ကင်ဆာ အဆင့် IV
ဒီအဆင့်မှာ ကင်ဆာဆဲလ်တွေက အစာအိမ်အပြင် အသည်း၊ အဆုတ်၊ ဦးနှောက်၊ အရိုးတို့လိုမျိုး အဝေးက အစိတ်အပိုင်းတွေဆီ ပြန့်နှံနေပါပြီ။
ဒီကင်ဆာ အဆင့်တွေကို သွေးဖောက်စစ်ဆေးတာ၊ မှန်ပြောင်းထည့် စစ်ဆေးတာ၊ ပုံရိပ်ဖော် စစ်ဆေးတာ၊ Exploratory surgery လို့ခေါ်တဲ့ ဝမ်းဗိုက်မှာ အပေါက်ငယ်လေး ဖောက်ပြီး ကင်မရာတပ်ဆင်ထားတဲ့ မှန်ပြောင်း ရှည်ရှည်သေးသေးလေး ထည့်ပြီး စစ်ဆေးတဲ့ နည်းလမ်းတွေနဲ့ စစ်ဆေးရမှာဖြစ်ပါတယ်။
အစာအိမ်ကင်ဆာ စစ်ဆေးနည်း
အစာအိမ်ကင်ဆာဖြစ်နေပြီလို့ သံသယရှိတဲ့ လက္ခဏာတွေရှိရပြီဆိုရင် အခုလို စစ်ဆေးမှုတွေ ခံယူရမှာပါ။
အစာအိမ် မှန်ပြောင်းကြည့်ခြင်း – ပြွန်ပုံစံ ရှည်မျောမျော ပိုက်ချောင်းလေးလို ကင်မရသေးသေးလေးကို ပါးစပ်ကနေတဆင့် လည်မျိုကိုဖြတ်ပြီး အစာအိမ်ထဲက ပုံရိပ်တွေကို ရယူစစ်ဆေးတဲ့ နည်းလမ်းပါ။
အသားစယူ စစ်ဆေးခြင်း – မှန်ပြောင်းကြည့်တဲ့အခါ ကင်ဆာဆဲလ်တွေရှိနေတယ်လို့ ယူဆရတဲ့နေရာက အသားစကို အထူးပြုလုပ်ထားတဲ့ ကိရိယာနဲ့ ရယူပြီး အသာစနမူနာကို ဓာတ်ခွဲခန်းကို ပေးပို့ စစ်ဆေးတဲ့ နည်းလမ်းပါ။
ပုံရိပ်ဖော် စစ်ဆေးခြင်း – ဒီစစ်ဆေးမှုမှာ CT scans နဲ့ barium swallow လို့ ခေါ်တဲ့ X-ray အထူးအမျိုးအစားကိုသုံးပြီး ပုံရိပ်ရယူ စစ်ဆေးတဲ့နည်းလမ်းတွေနဲ့ စစ်ဆေးမှာပါ။
စစ်ဆေးမှုတွေအရ ထွက်လာမယ့် ရလဒ်တွေပေါ်မူတည်ပြီး ကင်ဆာအဆင့်ကို သတ်မှတ်ပါတယ်။ ကင်ဆာအဆင့်အလိုက် ကုသမှု နည်းလမ်းတွေက ကွာခြားနိုင်ပါတယ်။ကင်ဆာကျိတ် နေရာ၊ အဆင့်၊ ပြန့်နှံမှုနှုန်းတွပေါ်ကိုလိုက်ပြီး အခုလို ကုသမှုဗတွကို ခံယူရနိုင်ပါတယ်။
ခွဲစိတ်ကုသခြင်း
ဒီနည်းလမ်းရဲ့ အဓိကရည်ရွယ်ချက်က ကင်ဆာဆဲလ်တွေနဲ့ အနီးတဝိုက် တစ်ရှူးတွေကို ဖယ်ရှားဖို့ပါ။ ခွဲစိတ်တဲ့အခါ
- အစောပိုင်းအဆင့်မှာဆိုရင် endoscope လို့ခေါ်တဲ့ အထူးပြုလုပ်ထားတဲ့ ကိရိယာလေးကို သုံးပြီး အစာအိမ်နံရံထဲက ကင်ဆာကျိတ်ကို ဖယ်ရျားပါတယ်။
- နောက်တဆင့်ကတော့ ကင်ဆာဆဲလ်ပြန့်နေတဲ့ အစာအိမ် အစိတ်အပိုင်းကို ဖယ်ရှားတာပါ။
- အစာအိမ်တစ်ခုလုံးနဲ့ အနီးတဝိုက်က တစ်ရှူးတွေကို ဖယ်ရှားတဲ့ ခွဲစိတ်မှုလည်း ရှိပါတယ်။
- အနီးတဝိုက်က ပြန်ရည်ကျိတ်တွေကို ဖယ်ရှားတဲ့ ခွဲစိတ်မှုလည်း ရှိပါတယ်။
ဆေးသွင်းကုသခြင်း
ကင်ဆာဆဲလ်တွေကို ပြန့်မသွားစေဖို့ ဆေးရည်သွင်းပြီး သတ်ပစ်တဲ့ကုသနည်းပါ။ ခွဲစိတ်မှု မလုပ်ခင်မှာ အသုံးပြုလေ့ရှိပါတယ်။ ဒီလို အသုံးပြုတက ကင်ဆာဆဲလ်တွေကို အလွယ်တကူ ဖယ်ရှားနိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။
ဒီဆေးသွင်းကုသမှုကို တစ်မျိုးတည်း သုံးတာရှိသလို targeted drug therapy (ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ ကုထုံး) နဲ့ တွဲသုံးတာမျိုးလည်း ရှိပါတယ်။ ကင်ဆာအရမ်းပြင်းထန်သူတွေမှာ သုံလေ့ရှိပါတယ်။
Radiation therapy (ဓာတ်ရောင်ခြည် ကုထုံး)
ဒီကုထုံးမှာတော့ စွမ်းအားမြင့် ရောင်ခြည်ကို အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို သတ်ပစ်တာပါ။
Targeted therapies (ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ ကုထုံး)
ဒီကုထုံးကတော့ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားပြီး ကင်ဆာဆဲလ်တွေရဲ့ကြီးထွားမှုကို ဟန့်တားပေးတာ ဒါမှမဟုတ် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတဲ့ကုထုံးပါ။
Immunotherapy(ကိုယ်ခံအားကို လှုံ့ဆော်ပေးတဲ့ ကုထုံး) –
ကိုယ်ခံအားက ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်စေဖို့ လှုံ့ဆော်ပေးတဲ့ ကုထုံးတစ်ရပ်ပါ။
အစာအိမ်ကင်ဆာ ကာကွယ်နည်း
အစာအိမ်ကင်ဆာကို ကာကွယ်ချင်တယ်ဆိုရင်
- ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းပါ။
- သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများစားပါ။
- ဆားလျှော့စားပါ။
- ကျပ်တင်ထားတဲ့ အစားအစာတွေ လျှော့ပါ။
- ဆေးလိပ်လျှော့သောက်ပါ။
- ပုံမှန်စစ်ဆေးမှု ခံယူပါ။
Takeaways
အစာအိမ်ကင်ဆာက အစာအိမ်ရဲ့ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အစာအိမ်ကင်ဆာ အများစုကတော့ အစာအိမ်ရဲ့ အဓိကကျတဲ့အစိတ်အပိုင်းနေရာကနေ စဖြစ်တာပါ။ အနေအထိုင် အစားအသောက် ဂရုစိုက်ဖို့လိုသလို အစာအိမ်ကင်ဆာလို့ ယူဆရတဲ့ လက္ခဏာတစ်ရပ်ရပ်တွေ့ရပြီဆိုတာနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။