ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများရဲ့ အစောပိုင်းလက္ခဏာများ၊ ကုထုံးများ၊ ကြိုတင်ကာကွယ်နည်းများနှင့် လိုက်နာရမယ့် နေထိုင်စားသောက်မှုပုံစံများကို ဒီကဏ္ဍမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

၂၀၁၇ ဒေတာတွေအရ ကမ္ဘာပေါ်မှာ ကွမ်းယာစားတဲ့သူ သန်း၆၀၀ ရှိပါတယ်။ အာရှကတော့ အများဆုံးပေါ့။ ကွမ်းယာ စားတာက ခံတွင်း၊ လည်ချောင်းနဲ့ အစာရေမျိုပြွန်ကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ ရှေးတုန်းတည်းက စားခဲ့တဲ့ ကွမ်းယာက ဘယ်လိုကြောင့်များ ကင်ဆာဖြစ်စေနိုင်ပါလိမ့်။ ကွမ်းယာ သမိုင်းကြောင်း မြန်မာနိုင်ငံအနေနဲ့ ပြောရရင် ကွမ်းယာ က ယဉ်ကျေးမှု တစ်ခုလို ဖြစ်နေပါတယ်။ ရှေးက အလှူတွေ မင်္ဂဆောင်တွေဆို ကွမ်းကမ်းကြသလို အမှုအခင်းတွေ ဖြစ်ရင်လည်း လက်ဖတ်ထုပ်၊ ကွမ်းထုပ်နဲ့ ကျေအေးလေ့ရှိပါတယ်။ အဘိုးအဘွားရှိတဲ့ အိမ်တွေဆို ကွမ်းအစ်လေးနဲ့ ကွမ်းညှပ်လေးနဲ့ ဆောင်ထားတတ်ကြပါတယ်။ ဒီလို နှစ်အတော်ကြာ ဘိုးစဉ်ဘောင်ဆက် စားခဲ့ကြတဲ့ ကွမ်းက ခံတွင်းကင်ဆာဖြစ်စေတယ်ဆိုတာ ဟုတ်ပါ့မလား။ ကွမ်းယာ ဘာကြောင့် စားကြတာလဲ။ ကွမ်းယာက စိတ်ကို တက်ကြွစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ကမ္ဘာပေါ်မှာ စိတ်တက်ကြွစေတဲ့ ပစ္စည်းတွေထဲမှာ ဆေးလိပ်၊ […]