brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ကြက်ရိုး ဆိတ်ရိုးထဲက ရိုးတွင်းခြင်ဆီတွေထုတ်စားရတာ ကြိုက်တဲ့သူတွေရှိလား ။ ။

ကြက်စွပ်ပြုတ်တို့ ၊ ဆိတ်ရိုးစွပ်ပြုတ်တို့ စားဖူးတဲ့သူတိုင်း သိကြမှာပါ။ အရိုးထဲက ရိုးတွင်းခြင်ဆီမဲမဲလေးတွေကို စုပ်စားလိုက်ရ၊ ခြစ်စားလိုက်ရမှ ကျေနပ်တယ်ဟုတ်။ စိမ့်ပြီးတော့ အရသာကိုရှိလို့။ ပါတာကလည်းနည်းနည်းလေးဆိုတော့ စားလို့လည်းကောင်း စားရတာလည်း မဝဘူးမလား။ ဒီ ကြက်ရိုးတို့ ဆိတ်ရိုးတို့ထဲက ရိုးတွင်းခြင်ဆီက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရှိလဲဆိုတာရော သိကြလား။ ။

ကြက်ရိုး ဆိတ်ရိုးထဲက ရိုးတွင်းခြင်ဆီတွေထုတ်စားရတာ ကြိုက်တဲ့သူတွေရှိလား ။ ။

ရိုးတွင်းခြင်ဆီဆိုတာဘာလဲ ။ ။

ရိုးတွင်းခြင်ဆီဆိုတာ အရိုးတွင်းမှာရှိတဲ့ တစ်ရှူးအပွတွေဖြစ်ပြီး အောက်ဆီဂျင်တွေ ပို့ပေးတဲ့ေသွးနီဥ၊ ခုခံအားအတွက်လိုအပ်တဲ့ သွေးဖြူဥနဲ့ သွေးတိတ်စေတဲ့ သွေးဆဲလ်တစ်မျိုးကိုထုတ်လုပ်ပေးတဲ့နေရာဖြစ်ပါတယ်။ ဒီ ကြက်သား၊ဆိတ်သား၊ အမဲသားတို့ကရတဲ့ ရိုးတွင်းခြင်ဆီကို စားစရာအဖြစ် စားသုံးကြပါတယ်။

ရိုးတွင်းခြင်ဆီမှာပါတဲ့ အာဟာရဓါတ်များ ။ ။

ရိုးတွင်းခြင်ဆီမှာ ကယ်လိုရီနဲ့ အဆီပါဝင်မှုများပြီး ပရိုတင်းနဲ့ ဗီတာမင် B 12 တို့လို ဗီတာမင်သတ္တုဓါတ် တွေ အဓိကပါဝင်ပါတယ်။ ပါဝင်တဲ့ ညွှန်းကိန်းတွေကတော့

  • Calories:110
  • Total fat:12 grams
  • Protein:1 gram
  • Vitamin B12:7% of the Reference Daily Intake (RDI)
  • Riboflavin:6% of the RDI
  • Iron:4% of the RDI
  • Vitamin E:2% of the RDI
  • Phosphorus:1% of the RDI
  • Thiamine:1% of the RDI
  • Vitamin A:1% of the RDI တို့ဖြစ်ပါတယ်။

ရိုးတွင်းခြင်ဆီမှာ ကော်လာဂျင် ပရိုတင်းပါဝင်မှုလည်းများတာကြောင့် အသားအရေတင်းရင်းဖို့နဲ့ အရိုးအဆစ်နာကျင်တာတွေအတွက်သူက စားပေးသင့်တဲ့ အစားအသောက်တစ်ခုပါ။ နွား၊ဆိတ်၊ သိုးတို့ကနေ ရတဲ့ ရိုးတွင်းခြင်ဆီဟာ ရောင်ရမ်းခြင်းကို လျော့ကျစေပြီး ခုခံအားကို မြင့်တက်စေတဲ့ conjugated linoleic acid (CLA) ပါဝင်ပါတယ်။ ဒါ့အပြင် အရိုးနဲ့ အရွတ်ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ glycine, glucosamine, and chondroitin တွေလည်းပါဝင်တာကြောင့် အရိုးအဆစ်သန်မာဖို့အတွက်လည်း သူကကူညီပေးပါသေးတယ် ။ ။

ရိုးတွင်းခြင်ဆီကနေရတဲ့ ကျန်းမာရေး ကောင်းကျိုးများ ။ ။

  • glycine, glucosamine, and chondroitin တို့လို့ ဓါတ်တွေပါဝင်တာကြောင့် ရိုးတွင်းခြင်ဆီဟာ အရိုးနဲ့ အရွတ်ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အရာတစ်ခုပါ။
  • ရိုးတွင်းခြင်ဆီမှာပါတဲ့ glycine နဲ့ conjugated linoleic acid (CLA) တို့ဟာ ကိုယ်တွင်းမှာဖြစ်နေတဲ့ ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်တဲ့ အာနိသင်ရှိတဲ့ အရာတစ်ခုပါ။
  • ပါဝင်တဲ့ ကော်လာဂျင်ကြောင့် အသားအရေတင်းရင်းအောင် သူက ထိန်းသိမ်းပေးမယ့်အပြင် အသက်ကြီးလာရင်ဖြစ်တတ်တဲ့ ဒူးခေါင်းအရွတ်ပါးခြင်းကိုလည်းသူက သက်သာစေပါတယ်။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။