ငရုတ်သီးမှုန့် မှာ ပါတဲ့ Aflatoxin အဖလာတောက်စင်ဆိုတဲ့ မှိုက အသည်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ငရုတ်သီးမှုန့်ကို ပုံစံမျိုးစုံနဲ့ နှစ်နှစ်ခြိုက်ခြိုက် စားတတ်ကြတဲ့ မြန်မာနိုင်ငံက လူတွေအနေနဲ့ ပိုပြီး သတိထားသင့်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win
ငရုတ်သီးမှုန့် မှာ ပါတဲ့ Aflatoxin အဖလာတောက်စင်ဆိုတဲ့ မှိုက အသည်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ငရုတ်သီးမှုန့်ကို ပုံစံမျိုးစုံနဲ့ နှစ်နှစ်ခြိုက်ခြိုက် စားတတ်ကြတဲ့ မြန်မာနိုင်ငံက လူတွေအနေနဲ့ ပိုပြီး သတိထားသင့်ပါတယ်။
အဖလာတောက်စင်ဆိုတာ မှိုတစ်မျိုးဖြစ်ပြီး A. flavus နဲ့ A.parasiticus ဆိုတဲ့ မှိုမျိုးကွဲနှစ်မျိုးမှာ အဓိက တွေ့ရပါတယ်။ သဘာဝအတိုင်း တွေ့ရတဲ့ အဖလာတောက်စင် ၁၄မျိုးရှိပြီး B1, B2, G1, G2 ကတော့ အတွေ့ရအများဆုံးပါ။ B1ကတော့ ၄မျိုးထဲမှာ အဆိုးဆုံးပါပဲ။
တစ်ထိုင်တည်း အများကြီးကိုယ်ထဲဝင်သွားရင် မှိုဆိပ်သင့်ပြီး အသက်သေနိုင်လောက်တဲ့အထိ ဖြစ်သွားနိုင်သလို နည်းနည်းနဲ့ ခဏခဏ စားမိနေမယ်ဆိုရင်လည်း
အများဆုံးတွေ့ရတာကတော့ ငရုတ်သီး၊ ပဲ၊ ပြောင်း၊ ဝါ၊ ဆန် စတာတွေမှာ တွေ့ရတတ်ပါတယ်။ အဖလာတောက်စင်အတွေ့ရများတဲ့ နိုင်ငံတွေမှာဆိုရင် B1ကနေ ပြိုကွဲပြီး ထွက်လာတဲ့ M1ကို နို့ထဲမှာတောင် တွေ့ရတယ်လို့ ဆိုပါတယ်။
မှိုဖြစ်တဲ့အတွက် ပူနွေးစိုစွတ်တဲ့ နေရာမှာ ပေါက်လွယ်ပါတယ်။ ဒါကြောင့် အဖလာတောက်စင်ကို အာရှနဲ့ အာဖရိကမှာ ပိုတွေ့ရတတ်ပါတယ်။ အသီးအနှံတွေကို မရိတ်သိမ်းမီနဲ့ ရိတ်သိမ်းပြီး အချိန်မှာ သိမ်းဆည်းသိုလှောင်ပုံ မတတ်ရင် မှိုစွဲနိုင်ပါတယ်။ ဒါကို လျစ်လျူရှုပြီး ဆက်ရောင်းနေမယ်ဆိုရင်တော့ မှိုစွဲတဲ့ အစားအစာတွေကို စားသုံးသူတွေက မသိဘဲ စားနေမိမှာပါ။ WHOထုတ်ပြန်ချက်အရ အဖလာတောက်စင်ကြောင့် နှစ်စဉ် ၂၅ရာခိုင်နှုန်းသော သီးနှံတွေကို အလဟဿ ဖျက်စီးပစ်ရပါတယ်တဲ့။
မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ ငရုတ်သီးမှုန့်ကို သတိထားစေချင်ပါတယ်။ တခြားအာရှနိုင်ငံတွေလိုပဲ ပူနွေးစိုစွတ်တဲ့ ရာသီဥတုရှိတဲ့အပြင် နေ့စဉ် ဟင်းချက်တဲ့နေရာမှာ ငရုတ်သီးမှုန့်က မပါမဖြစ် ထည့်ချက်နေတဲ့ အတွက်ကြောင့်ပါ။ ဒါ့ပြင် ငရုတ်သီးခြောက်ကို ပုံစံမျိုးစုံနဲ့ (ခွဲကြမ်း၊ လှော်တောင့်၊ အကျက်မှုန့်၊ အစိမ်းမှုန့်) သုံးတတ်ကြတော့ ထိတွေ့မှု ပိုများနိုင်ပါတယ်။
ခုနောက်ပိုင်း အမျိုးသမီးတွေပါ အသည်းကင်ဆာဖြစ်လာကြတဲ့အခါ အဖလာတောက်စင်ကြောင့်များလားလို့ စဉ်းစားစရာပါ။ တချို့အမျိုးသမီးတွေက အရက်လည်းမသောက်သလို၊ အသည်းရောင် အသားဝါပိုးလည်း မရှိပါဘူး။ ဖြစ်နိုင်ခြေကို စဉ်းစားကြည့်တဲ့အခါ ဒီငရုတ်သီးမှိုတွေကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။
အဖလာတောက်စင်ကို International Agency for Research on Cancerက Group 1 liver carcinogen (အသည်းကင်ဆာဖြစ်စေနိုင်တဲ့ ထိပ်တန်းဓာတ်ပစ္စည်း)ထဲမှာ ထည့်ထားပါတယ်။ အဖလာတောက်စင် genotoxic နည်းနဲ့ ကင်ဆာဖြစ်စေတာပါ။ ဆိုလိုတာက မျိုးဗီဇကို ပြောင်းစေနိုင်ပါတယ်။ p53 မှာ မျိုးဗီဇပြောင်းလဲမှုကို ဖြစ်စေလို့ပါ။ ဒါပေမယ့် ဘာလို့ အသည်းကင်ဆာကို ဖြစ်စေတာလဲ။ အဖလာတောက်စင်ကို အသည်းမှာ ဖျက်ဆီးပစ်တဲ့အတွက်ကြောင့်ပါ။
ငရုတ်သီးမှုန့် အပါအဝင် ကျန်တဲ့ ပြောင်း၊ ပဲ စတာတွေမှာ မှိုပါမပါဆိုတာကို FDAက စစ်ဆေးပြီး မပါမှ ခွင့်ပြုချက်ထုတ်ပေးရမှာပါ။ သာမန်လူတွေကတော့ မှိုပါမပါကို သာမန်မျက်လုံးနဲ့ ကြည့်ဖို့ ခက်ပါတယ်။ အထူးသဖြင့် ကြိတ်ထားပြီးတဲ့ ငရုတ်သီးမှုန့်တွေမှာပေါ့။
တကယ်တော့ ဒါက စားသုံးသူနဲ့ပဲ ဆိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ စိုက်တဲ့သူ၊ ရောင်းတဲ့သူ၊ စစ်တဲ့သူ၊ စားတဲ့သူ အကုန်လုံးမှာ တာဝန်ရှိပါတယ်။
စိုက်တဲ့သူအနေနဲ့ ငရုတ်သီးအပါအဝင် ပြောင်းတွေ၊ ပဲတွေကို မှိုမတက်အောင် ဘယ်လိုသိမ်းဆည်းထားသိုမလဲ။ မရိတ်ခင်နဲ့ ရိတ်အပြီးမှာ ဘယ်လိုသိုလှောင်မလဲဆိုတာကို သိထားဖို့လိုပါတယ်။ မြန်မာနိုင်ငံလို ပူနွေးစိုစွတ်ပြီး မှိုတက်လွယ်တဲ့ ရာသီဥတုပိုင်ဆိုင်ထားတဲ့နိုင်ငံဆိုရင် နည်းပညာအကူအညီလိုမှာပါ။
ရောင်းတဲ့သူကလည်း မှိုတက်နေတဲ့ ပစ္စည်းတွေကို မရောင်းဖို့ လိုပါတယ်။ စစ်တဲ့သူကလည်း မှန်မှန်ကန်ကန်စစ်ပေးဖို့ လိုပါတယ်။ မှိုပါနေရင် စျေးကွက်ထဲကနေ ဖယ်ထုတ်ရမှာပါ။
ဒီအထိက လုပ်ယူဖို့ ခက်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှု၊ ကိုယ်ချင်းစာမှုတွေ မရှိရင် မှိုတက်တာတွေကို စားနေရဦးမှာပါပဲ။ ဒီတော့ နောက်ဆုံးတာဝန်က စားသုံးသူတွေဆီမှာ ရှိလာပါတယ်။
ကင်ဆာတွေမှာ ၅-၁၀ ရာခိုင်နှုန်းက မျိုးဗီဇကြောင့်ဖြစ်ပြီး ကျန်တဲ့ ၉၀-၉၅ ရာခိုင်နှုန်းက ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံနဲ့ ပတ်ဝန်းကျင်ကြောင့်ပါ။ ငရုတ်သီးမှိုကြောင့် အသည်းကင်ဆာဖြစ်တာကို သင်ကိုယ်တိုင် ကာကွယ်နိုင်ပါတယ်။ မြန်မာနိုင်ငံလို ငရုတ်သီးအစားများတဲ့ နိုင်ငံမှာ လုံးဝမစားဘဲနေဖို့ မဖြစ်နိုင်ပါဘူး။ သေချာစစ်ဆေးပြီး စားမယ်ဆိုရင် အသည်းကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Htet Htet Zaw Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။