အရိုးကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့ အကြောင်းအရင်းတွေက
အရိုးကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့အကြောင်းအရင်းတွေက ဘာတွေလဲဆိုတာကို သေသေချာချာ မသိရသေးပါဘူး။ ဒါပေမယ့် အရိုးကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ ယူဆရတဲ့အချက်တွေက
- မျိုးဗီဇ လက်ဆင့်ကမ်းလာတာ
- အရိုးမှာ Paget’s disease ခံစားရတာ
- ကင်ဆာအတွက် ဓာတ်ရောင်ခြည်ကုထုံးခံယူဖူးတာတွေကလည်း အရိုးကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။
အရိုးကင်ဆာ အမျိုးအစားများ
အရိုးကင်ဆာကို စတင်ဖြစ်ပွားတဲ့ ဆဲလ်အမျိုးအစားပေါ်မူတည်ပြီး ကင်ဆာအမျိုးအစားတွေ ခွဲခြားနိုင်ပါတယ်။
- Osteosarcoma – Osteosarcoma ဆိုတာက အဖြစ်များတဲ့ အရိုးကင်ဆာ အမျိုးအစားပါ။ ဒီကင်ဆာအမျိုးအစားမှာ အရိုးတွေကနေ ကင်ဆာဆဲလ်အကျိတ်တွေ ဖြစ်ပေါ်ပါတယ်။ ဒီအရိုးကင်ဆာ အမျိုးအစားက လက်မောင်းနဲ့ ခြေထောက်အရိုးတွေမှာ အဖြစ်များပြီး ကလေးတွေနဲ့ လူငယ်တွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။
- Chondrosarcoma. – ဒါကတော့ ဒုတိယ အတွေ့ရအများဆုံး အရိုးကင်ဆာ အမျိုးအစားပါ။ ဒီကင်ဆာမှာတော့ ကင်ဆာဆဲလ်တွေက အရိုးနုကနေ ဖြစ်ပေါ်တာပါ။ ဒီကင်ဆာဆဲလ်တွေကို တင်ပဆုံရိုး၊ လက်မောင်းရိုးနဲ့ ခြေထောက်အရိုးတွေမှာ တွေ့ရများပါတယ်။ သက်လတ်ပိုင်းနဲ့ အသက် ၄၀ ကျော်အရွယ်တွေမှာ အဖြစ်များပါတယ်။
- Ewing sarcoma – Ewing sarcoma ကင်ဆာကျိတ်တွေကို တင်ပဆုံရိုး၊ လက်မောင်းရိုးနဲ့ ခြေထောက်အရိုးတွေမှာ တွေ့ရများပါတယ်။ ကလေးတွေနဲ့ လူငယ်တွေမှာ အဖြစ်များပါတယ်။
အရိုးကင်ဆာ အဆင့်တွေ
အရိုးကင်ဆာတွေကို ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီ ပျံ့နှံ့နေတဲ့ အနေအထားကိုလိုက်ပြီး အဆင့်တွေ ခွဲခြားနိုင်ပါတယ်။
အရိုးကင်ဆာ အဆင့် (၁) – အရိုးကနေ အခြား အစိတ်အပိုင်းတွေဆီ ပျံ့နှံ့မှု မရှိတဲ့ အခြေအနေ
အရိုးကင်ဆာ အဆင့် (၂) – အခြားအစိတ်အပိုင်းတွေဆိ ပျံ့နှံ့မှု မရှိသေးပါဘူး။ ဒါပေမယ့် အခြားတစ်ရှူးတွေဆီ ပျံ့နှံ့ဖို့ အစပြုနေပါပြီ။
အရိုးကင်ဆာ အဆင့် (၃) – အရိုးရဲ့ အခြားနေရာ တစ်ခု ဒါမှမဟုတ် ၂ ခုစီကို ပျံ့နေပါပြီ။ ထိုးဖောက်ပျံ့နှံမှု စတင်နေပါပြီ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။