backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အစာအိမ်ကင်ဆာ (gastric cancer)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အစာအိမ်ကင်ဆာ (gastric cancer)

အစာအိမ်ကင်ဆာက အရင်ကတော့ လူတော်တော်များများနဲ့ စိမ်းနေနိုင်ပေမယ့် အခုအချိန်မှာတော့ ဖြစ်ပွားမှု များလာကြောင့် အစာအိမ်ကင်ဆာကို သတိထားမိတာတွေ များလာပါတယ်။ အစာအိမ်က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။

အစာအိမ်ဆိုတာ

အစာအိမ်ဆိုတာ ဝမ်းဗိုက်ရဲ့ အထက်ပိုင်းနားမှားရှိတဲ့ J ပုံစံ အစိတ်အပိုင်းတစ်ခုပါ။ အစာခြေစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ စားသုံးလိုက်တဲ့ အစားအစာတွေထဲက အာဟာရဓာတ်တွေ (ဗီတာမင်၊ သတ္တုဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ပရိုတင်း နဲ့ရေ) တို့ဆီကနေ လိုအပ်တဲ့အရာတွေကို ချေဖျက်စုပ်ယူပြီး ကြွင်းကျန်တဲ့အရာတွေကို အညစ်အကြေးအဖြစ် စွန့်ထုတ်ပေးဖို့ တာဝန် ယူထားပါတယ်။

ပါးစပ်ကနေ အစာအိမ်ထဲကိုတော့ ပြွန်ပုံစံ ကြွက်သားပြွန်ဖြစ်တဲ့ အစာရေမျိုက ပေးပို့ပေးပါတယ်။ ပြီးရင်တော့ အစာအိမ်ဆီကို ရောက်ပြီး အူလမ်းကြောင်းဆီကို ရောက်ရှိပြီး အူမကြီး၊ အစာဟောင်းအိမ်တွေကိုဖြတ်လို့ ပြင်ပကို အညစ်အကြေးအဖြစ် စွန့်ထုတ်ပေးပါတယ်။

အစာအိမ်ကင်ဆာဆိုတာ

အစာအိမ်ကင်ဆာဆိုတာ အစာအိမ်ထဲကဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ကြီးထွားလာတဲ့အနေအထားပါ။ အစာအိမ်ကင်ဆာကို (gastric cancer) လို့လည်း သိကြပါတယ်။ အစာအိမ်ကင်ဆာက အစာအိမ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပေမယ့် အစာအိမ်ကိုယ်ထည်မှာဖြစ်တာများပါတယ်။

အစာအိမ်ကင်ဆာက အစာရေမျိုပြွန်နဲ့ အစာအိမ်ဆက်တဲ့နေရာမှာလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ။

အစာအိမ်ကင်ဆာက များသောအားဖြင့် အစောပိုင်းလက္ခဏာ ပြသလေ့မရှိပါဘူး။ အစာအိမ်ကင်ဆာက အဆင့်တော်တော်လေးရောက်လာတဲ့အခါမှ အခုလို လက္ခဏာလေးတွေ တွေ့ရနိုင်ပါတယ်။

  • မအီမသာဖြစ်မယ်
  • အော့အန်မယ်
  • မကြာခဏ ရင်ပူမယ်
  • အစားစားချင်စိတ် မရှိဖြစ်မယ်
  • ကိုယ်အလေးချိန် ကျသွားမယ်
  • အမြဲလိုလို လေပွနေမယ်
  • နည်းနည်းပဲစားပြီး ဗိုက်ပြည့်တယ်လို့ ခံစားရမယ်
  • ဝမ်းသွားတဲ့အခါ သွေးပါမယ်
  • အသားဝါမယ်
  • ပင်ပန်းနွမ်းနယ်မယ်
  • ဗိုက်အောင့်မယ်။ အစားစားပြီးချိန်မှာ ပိုဆိုးဆိုးဝါးဝါးအောင့်မယ်။

အစာအိမ်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းများ

သိပ္ပံပညာရှင်တွေက အစာအိမ်ထဲမှာ ကင်ဆာဆဲလ်တွေ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။ဒါပေမယ့် ဘာတွေကတော့ အစာအိမ်ကင်ဆာ ခံစားရနိုင်ခြေကို မြင့်တက်စေသလဲဆိုတာကိုတော့ သိရှိထားကြပါတယ်။

အစာအိမ်ကင်ဆာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲက

ဒါတွေအပြင်

  • အသက် ၅၀ နဲ့အထက် ဖြစ်နေတာ
  • အမျိုးသားဖြစ်နေတာ
  • မျိုးရိုးရှိတာ
  • အယ်လ်ကိုဟော သောက်သုံးတာ
  • သေချာ သိမ်းဆည်းထားတာ မဟုတ်တဲ့ အစားအစာတွေစားတာ
  • သေချာကျက်အောင် ချက်မထားတဲ့ အစားအစာတွေကို စားတာ
  • ဓာတ်ုပစ္စည်းတွေနဲ့ ထိတွေ့မှု များတာ
  • သွေးအမျိုးအစား A ပိုင်ရှင်ဖြစ်နေတာ
  • သွေးကင်ဆာ တစ်မျိုးမျိုး ခံစားရဖူးတာ
  • ကျောက်မီးသွေး ထုတ်လုပ်တဲ့ လုပ်ငန်းခွင်လို နေရာမျိုးမှာ လုပ်ကိုင်တာတွေက အစာအိမ်ကင်ဆာ ခံစားရနိုင်ခြေကို မြင့်တက်စေပါတယ်။

အစာအိမ်ကင်ဆာ ဘယ်လိုစစ်ဆေးမလဲ

အစာအိမ်ကင်ဆာ အစောပိုင်းမှာ လက္ခဏာပြသမှု မရှိသလောက်ဖြစ်တာကြောင့် ရောဂါရှိနေလား သိနိုင်စေဖို့ဆိုရင် အခုလို စစ်ဆေးမှုလေးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။

ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေရှိလားဆိုတာကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ လုပ်မယ်

အစာအိမ်ကင်ဆာဖြစ်စေနိုင်တဲ့ H. pyloribacteria ရှိနေလားဆိုတာကို သိရှိနိုင်စေဖို့ သွေးစစ်မယ်

  • အကျိတ်တွေ၊ အစာအိမ်နဲ့ အစာရေမျိုမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခု ရှိနေလားဆိုတာကို သိရှိနိုင်ဖို့အတွက် အစာခြေစနစ် အထက်ပိုင်းကို မှန်ပြောင်းနဲ့ ကြည့်တာ
  • အသားစ နမူနာယူ စစ်ဆေးတာ
  • ပုံရိပ်ဖော်ကိရိယာတွေဖြစ်တဲ့ CT scans ၊ X-rays တို့နဲ့ စစ်ဆေးတာတွေ လုပ်ဆောင်ရပါမယ်။

အစာအိမ်ကင်ဆာ အမျိုးအစားများ

အစာအိမ်ကင်ဆာက လက္ခဏာတွေပြဖို့ နှစ်အတော်ကြာကြာ ကြာနိုင်ပါတယ်။ ကင်ဆာမဖြစ်ခင် အစာအိမ် အတွင်းနံရံမှာ ကင်ဆာအစောပိုင်းအဆင့် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒီအဆင့်မှာ ကင်ဆာ ခံစားနေရတယ်ဆိုတာကို သိရှိနိုင်ဖို့ ခက်ပါတယ်။

အစာအိမ်ကင်ဆာက အစာအိမ်ရဲ့ နေရာအမျိုးမျိုးကနေ စတင်ဖြစ်ပွားနိုင်ပြီး ဖြစ်ပွားတဲ့နေရာ ကွာခြားမှုအလိုက် လက္ခဏာတွေကလည်း ကွာခြားနိုင်ပါတယ်။

Adenocarcinoma

အစာအိမ်ကင်ဆာ ခံစားရသူတွေရဲ့ ၉၀ ရာခိုင်နှုန်းကနေ ၉၅ ရာခိုင်နှုန်းက ဒီင်ဆာ အမျိုုးအစားကို ခံစားနေရတာပါ။ ဒီကင်ဆာအမျိုးအစားမှာ ကင်ဆာဆဲလ်တွေက အစာအိမ် အတွင်းဘက်ဆုံး နံရံတွေရဲ့ ဆဲလ်တွေကနေ စတင်ဖြစ်ပွားလာတာပါ။

Lymphoma

ဒီကင်ဆာ အမျိုးအစားကတော့ အစာအိမ်နံရံမှာ ရှိတဲ့ ကိုယ်ခံအာစနစ်ဆဲလ်တွေကနေ စတင်ဖြစ်ပေါ်တဲ့ ကင်ဆာအမျိုးအစားပါ။

Gastrointestinal stromal tumor (GIST)

ဒီကင်ဆာ အမျိုးအစားမှာတော့ ကင်ဆာကျိတ်တွေက အစာခြေစနစ် တလျှောက် များသောအားဖြင့် အစာအိမ်ထဲမှာ တွေ့ရတတ်တဲ့ interstitial cells of Cajal လို့ခေါ်တဲ့ အစာအိမ်နံရံဆဲလ်တွေမှာ စတင်ဖြစ်ပေါ်တာပါ။

Carcinoid tumor

ဒီကင်ဆာ အမျိုးအစားကတော့ အစာအိမ်ထဲက ဟော်မုန်းထုတ်လုပ်တဲ့ ဆဲလ်တွေကနေ ကင်ဆာကျိတ်တွေ စတင်ဖြစ်ပေါ်တာပါ။

ဘယ်လိုကုသမှုတွေ ခံယူရမလဲ။

အစာအိမ်ကင်ဆာဖြစ်တဲ့အခါ အစာအိမ်ကင်ဆာ အမျိုးအစားကို လိုက်ပြီး ခံယူရတဲ့ ကုသမှုတွေကလည်း ကွာခြားနိုင်ပါတယ်။ ကုထုံးတစ်ခုတည်း ခံယူရတာရှိသလို ကုထုံး နှစ်ခုပေါင်းစပ်ပြီး ကုသမှု ခံယူရတာလည်း ရှိပါတယ်။

  • ဆေးသွင်းကုထုံး 
  • ဓာတ်ရောင်ခြည်ကုထုံး
  • ခွဲစိတ်ကုသတာ
  • immunotherapy ဆိုပြီး အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။

အစာအိမ်ကင်ဆာဖြစ်တဲ့အခါ အစာအိမ်ကင်ဆာဆဲလ်တွေကို တိုက်ဖျက်တဲ့ ကုသနည်းတွေက အစာအိမ်ကင်ဆာကို သက်သာစေဖို့အပြင် အစာအိမ်က ကင်ဆာဆဲလ်တွေက အခြားကိုယ်တွင်းအစိတ်အပိုင်းတွေဖြစ်ကြတဲ့

  • အဆုတ်
  • ပြန်ရည်ကျိတ်
  • အရိုးနဲ့
  • အသည်းတွေဆီ ရောက်ရှိမသွားစေဖို့ပါ။

Takeaways

အစာအိမ်ကင်ဆာ မဖြစ်စေဖို့ နေ့စဉ် နေထိုင်မှုပုံစံကို ဂရုစိုက်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်တာ၊ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတေါ ခံယူတာမျိုး လုပ်ဆောင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement