ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ခုခံအားကုထုံး ဆိုတာ ကင်ဆာကုထုံးတစ်ခုပါ။ ဆေးပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ကင်ဆာရောဂါကို ကုသရာမှာ အစွမ်းထက်ပြီး လူနာကို ထိခိုက်မှု နည်းစေတဲ့ ကုထုံးတွေကို ရှာဖွေလာကြပါတယ်။ ဒီထဲမှာ ခုခံအား ကုထုံးလည်း ပါဝင်ပါတယ်။ ခုခံအားကုထုံး ဆိုတာ ခုခံအားကုထုံးဆိုတာ လူနာရဲ့ ကိုယ်ပိုင် ခုခံအားကို သုံးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ခုခံအားကုထုံးကို ပေးလိုက်တာက လူနာရဲ့ ခုခံအားစနစ်ကို မြှင့်တင် ဒါမှမဟုတ် အပြောင်းအလဲဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်တွေကို ပိုပြီး တိုက်ခိုက်စေနိုင်ပါတယ်။ ခုခံအားကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။ ခုခံအားက ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရတဲ့ အထဲမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပါပါတယ်။ ခုခံအားက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ခုခံအားဆဲလ်တွေကို ကင်ဆာကျိတ်ရဲ့ အထဲ […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အဆုတ်ကင်ဆာ

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

လည်ပင်းသိုင်းရွိုက်ကင်ဆာ

Thyroid Nodules (သိုင်းရွိုက်အကျိတ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Thyroid Nodules (သိုင်းရွိုက်အကျိတ်ဖြစ်ခြင်း) ကဘာလဲ။ သိုင်းရွိုက်အကျိတ်ဖြစ်ခြင်းဆိုတာ သိုင်းရွိုက်ဂလင်းထဲမှာ ပုံမှန်မဟုတ်တဲ့ အကျိတ်တွေဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းရဲ့ ပုံမှန်မဟုတ်တဲ့ အစိတ်အပိုင်းတွေ ရောင်ရမ်းကြီးထွားလာခြင်းကို သေချာစွာ မကုသရင် ဖြစ်တတ်ပါတယ်။ တခါတရံ ကင်ဆာလို ဆိုးရွားတဲ့ အခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။ Thyroid Nodules (သိုင်းရွိုက်အကျိတ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ တွေ့ရများပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများ Thyroid Nodules (သိုင်းရွိုက်အကျိတ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သိုင်းရွိုက်ဂလင်းကနေ သိုင်းရွိုက်ဟော်မုန်းကို ထုတ်လုပ်ပါတယ်။ သိုင်းရွိုက်အကျိတ်အများစုဟာ ဟော်မုန်းပမာဏကို မပြောင်းလဲစေနိုင်ပါဘူး။ တခါတရံမှာ ဟော်မုန်းပမာဏကို ပိုပြီး များလာစေတတ်ပါတယ်။ အောက်ပါလက္ခဏာတွေ တွေ့နိုင်ပါတယ်။ စိတ်ပူပန်ခြင်း၊ အနှောင့်အယှက်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း အားနည်းပင်ပန်းခြင်း ကိုယ်အလေးချိန် အလိုလိုကျသွားခြင်း နှလုံးခုန်မြန်ခြင်း အစာအိမ် အူလမ်းကြောင်း မကြာခဏ လှုပ်ရှားခြင်း လူတချို့မှာ […]


အရိုးကင်ဆာ

ရှားပါးရောဂါအခြေအနေကနေ ရှင်သန်လာခဲ့တဲ့မျှော်လင့်ချက်

ခြေထောက်ကိုဆုံးရှုံးရတော့မယ်လို့ သိလိုက်ရပြီးတဲ့နောက်မှာ လူနာတွေဖြစ်နေကျစိတ်ကူးအတိုင်း ဘာကများ ဒီအခြေအနေကိုပြောင်းလဲစေနိုင်မလဲဆိုတာကိုရှာဖွေခဲ့ပါတယ်။နောက်ဆုံးတော့ လူနာက စင်ကာပူမှာ ကုသမှုခံယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ Indah Melati Setiawan ဟာ ၂၀၀၉ ခုနှစ် မတ်လမှာ ဘယ်ဘက်ပေါင်မှာ ပုံမှန်မဟုတ်တဲ့ နာကျင်မှုတစ်မျိုးကို စတင်ခံစားခဲ့ရပါတယ်။ ဒီနာကျင်မှုက အရမ်းရှားပါးတဲ့ အရိုးကင်ဆာတစ်မျိုးဖြစ်တဲ့Ewing’s sarcoma ရောဂါ ဖြစ်နေမယ်လို့ သူ့အနေနဲ့ စိတ်တောင်မကူးမိခဲ့ပါဘူး။ ဒီရောဂါက ညဘက်ဆိုအိပ်မရတဲ့အထိနာကျင်သလို အရိုးတွေကျိုးအက်ပျက်စီးတာမျိုးအထိဖြစ်စေနိုင်ပါတယ်။နေ့တိုင်းနာကျင်မှုကိုခံစားနေရပြီး တဖြည်းဖြည်းချင်း လမ်းလျှောက်ဖို့ခက်လာခဲ့ပါတယ်။ ကုထုံးရှာဖွေမှု ဒီရောဂါကဖြစ်ခဲတာကြောင့်Indah ဟာ အင်တာနက်ကနေပဲရောဂါကိုရှာဖွေခဲ့ပါတယ်။ သူ့ရဲ့ညီမဖြစ်တဲ့Linda ကလည်း အွန်လိုင်းကနေ ဝိုင်းရှာပေးခဲ့ပါတယ်။ သူတို့ရဲ့ကြိုးစားမှုအရာထင်ခဲ့ပါတယ်။sarcomasရောဂါကို ကုသမှုပေးနိုင်တဲ့Mount Elizabeth Hospital က အရိုးခွဲစိတ်ကုဆရာဝန်ဒေါက်တာSuresh Nathan နဲ့ဆက်သွယ်မိခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။Indah ဟာဒေါက်တာSuresh ဆီကနေ အကြောင်းပြန်မှုကိုရရှိခဲ့ပြီး စင်ကာပူမှာလာရောက် ကုသမှုခံယူဖို့ ယုံကြည်မှုတွေတိုးလာခဲ့ပါတယ်။Mount Elizabeth Hospital က ကစင်ကာပူကထိပ်တန်းဆေးရုံတစ်ခုဖြစ်တယ်ဆိုတဲ့ […]


အူမကြီးကင်ဆာ

Colon cancer (အူမကြီးကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Colon cancer (အူမကြီးကင်ဆာ) ကဘာလဲ။ အူမကြီးကင်ဆာဆိုသည် အူမကြီးတွင်ဖြစ်သောကင်ဆာတစ်မျိုးဖြစ်ပြီး အစာချေစနစ်၏ အောက်ပိုင်းတွင်ရှိသည်။ စအိုကင်ဆာသည် အူမကြီး နောက်ဆုံး လက်ခအနည်းငယ်တွင်ဖြစ်သောကင်ဆာဖြစ်သည်။ တခါတရံတွင် တူတူပေါင်းဖြစ်ပြီး အူမကြီးစအိုကင်ဆာဟုခေါသည်။ များသောအားဖြင့် အူမကြီးကင်ဆာတွင် သေး၍ကင်ဆာမဖြစ်သေးသောဆဲလ်များစုပုံမှု အဆီအိတ်မှဖြစ်သောအလုံးဖြစ်မှုမှစတင်သည်။ အချိန်ကြာသည်နှင့်ထိုအလုံးမှ အူမကြီးကင်ဆာဖြစ်လာသည်။ Colon cancer (အူမကြီးကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများColon cancer (အူမကြီးကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ အူမကြီးကင်ဆာရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဝမ်းသွားသည့်ပုံစံပြောင်းလဲသွားခြင်း။ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျောခြင်း နှင့် ဝမ်းမာမှုပျော့မှုပုံစံပြောင်းလဲသွားခြင်း။ ထိုအရာများသည် လေးပါတ်လောက်ထိကြာတတ်သည်။ စအိုမှသွေးထွက်ခြင်းသို့မဟုတ် ဝမ်းထဲတွင်သွေးပါနေခြင်း။ ဗိုက်တောက်လျောက်နာနေခြင်း ဥပမာ အောင့်ခြင်း လေထိုးခြင်းသို့မဟုတ် နာခြင်း ဝမ်းသွားရတာကုန်သည် မခံစားရခြင်း အားနည်းခြင်းသို့မဟုတ် နှုန်းခြင်း အကြောင်းပြချက်မရှိပဲပိန်ခြင်း အူမကြီးကင်ဆာဖြစ်သောအများစုတွင် စောစီးစွာရောဂါလက္ခဏာမပြတတ်ပါ။ ရောဂါလက္ခဏာစပြချိန်တွင် ကင်ဆာအရွယ်အစား နေရာအမျိုးမျိုးရှိနေနိုင်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် […]


အရေပြားကင်ဆာ

Basal Cell Carcinoma (အခြေခံဆဲလ်ကင်ဆာဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Basal Cell Carcinoma (အခြေခံဆဲလ်ကင်ဆာဖြစ်ခြင်း) ကဘာလဲ။ အခြေခံဆဲလ်ကင်ဆာဖြစ်ခြင်းဆိုတာ နေရောင်အထိများတဲ့ အရေပြားရဲ့ အစိတ်အပိုင်းတွေပေါ်မှာ ဖြစ်လာတဲ့ ကင်ဆာရောဂါ ဖြစ်ပါတယ်။ ဆရာဝန်ကနေ သင့်မှာ ဒီရောဂါရှိနေတယ်လို့ ပြောလိုက်ရင် စိတ်ပူတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် တခုသတိထားရမှာက အန္တရာယ်အနည်းဆုံး အရေပြား ကင်ဆာအမျိုးအစားပဲ ဖြစ်ပါတယ်။ စောစီးစွာ သိရရင် ကုသနိုင်ပါတယ်။ ဒီကင်ဆာဟာ အရေပြားကနေ တခြားအင်္ဂါအစိတ်အပိုင်းတွေကို ပြန့်နှံ့မသွားပါဘူး။ ဒါပေမယ့် အရေပြားအောက်က အရိုးနဲ့ တခြားတစ်သျှူးတွေဆီ ရွေ့သွားနိုင်ပါတယ်။ ဒီပြသနာအတွက် ကုသနည်းပေါင်းများစွာ ရှိပါတယ်။ ရောဂါစဖြစ်ရင် အကျိတ်သေးသေးလေးတွေဟာ နှာခေါင်းနဲ့ မျက်နှာမှာ ထွက်လာတတ်ပါတယ်။ တခြား ကိုယ်လုံး၊ လက်၊ ခြေထောက် စတာတွေမှာလည်း ဖြစ်တတ်ပါတယ်။ အသားအရေဖြူရင် အရေပြားကင်ဆာရနိုင်ခြေ ပိုများပါတယ်။ ဒီကင်ဆာမျိုးဟာ တဖြည်းဖြည်းချင်းဖြစ်တတ်ပြီး နေရောင်နဲ့ ကာလကြာရှည်ထိတွေ့ပြီး နှစ်ပေါင်းများစွာအထိ သတိမထားဘဲ […]


ကင်ဆာရောဂါများ

ကင်ဆာဆေးသွင်းခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ

ကင်ဆာဆေးသည် ကင်ဆာရောဂါကုသရန်ထိရောက်သော နည်းလမ်းတစ်ခုဖြစ်သော်လည်းလူနာသည်ဆေး၏ဆိုးကျိုး များကိုခံစားရနိုင်ပါတယ်။ ဆေး၏ဆိုးကျိုးများမှာလူနာတစ် ယောက်နှင့် တစ်ယောက်မတူညီနိုင်ပါဘူး။ သို့သော်လည်း လူနာအများစုတွင်ကြုံတွေ့နိုင်သောဆိုးကျိုးအချို့ကိုဖော်ပြ ထားပါတယ်။ ကင်ဆာဆေးများသည်ဘာကြောင့်ဆိုးကျိုးများဖြစ်ရပါသလဲ။ ကင်ဆာဆေးများကို ကြီးထွားပွားများနေသောကင်ဆာ ဆဲလ်များကိုသတ်ရန်အသုံးပြုပါတယ်။ သို့သော်လည်း သွေး၊ ခံတွင်း၊ အစာချေစနစ် နှင့် ဆံပင်ရှိဆဲလ်များကိုလည်းသေစေ နိုင်ပြီးဆိုးကျိုးများဖြစ်ပေါ်စေနိုင်ပါတယ်။ ဆိုးကျိုးများကိုဘယ်လိုကုသမလဲ။ ကင်ဆာကုသရန်သာမက ဆေး၏ဆိုးကျိုးများကိုကုသရန် လည်းအရေးကြီးပါတယ်။ ထို့ကြောင့်ဆိုးကျိုးများကိုကုသရန် ကင်ဆာဆေးအပြင်အခြားသောဆေးများကိုလည်းတွဲ၍ပေး လေ့ရှိပါတယ်။ ထိုသို့ကုသခြင်းသည်ကင်ဆာရောဂါကုသရာ တွင်တစ်စိတ်တစ်ပိုင်းအနေနှင့်ပါဝင်ပါတယ်။ ကင်ဆာရောဂါ ကုသမှုလွယ်ကူစေရန်ယခုအခါတွင် ဆရာဝန်နှင့်သိပ္ပံပညာ ရှင်များက ကုသမှုတွင်ဆိုးကျိုးနည်းနိုင်သမျှနည်းအောင်ကြိုး စားနေပါတယ်။   မည်သည့်ဆိုးကျိုးများခံစားရနိုင်ပါသလဲ။ နှုံးချိခြင်း ပင်ပန်းနွမ်းနယ်ခြင်း၊ နှုံးခြင်းသည်အဖြစ်များသောဆိုးကျိုး ဖြစ်ပါတယ်။ ကင်ဆာဝေဒနာရှင်အများစုသည် နေ့စဉ်လုပ် ငန်းဆောင်တာပြုလုပ်လျှင်တောင်နှုံးချိခြင်းကိုခံစားရပါတယ်။ ထို့ကြောင့်ခွန်အားပြည့်ဝပြီးလန်းဆန်းနေစေရန်လူနာလုပ် နိုင်သောလေ့ကျင့်ခန်းအနည်းငယ် (ဥပမာ- လမ်းလျှောက် ခြင်း၊ ယောဂကျင့်ခြင်း) ကိုပြုလုပ်သင့်ပါတယ်။ သို့သော် လည်းမောပန်းနွမ်းနယ်ခြင်းကသွေးအားနည်းသောလက္ခ ဏာတစ်ခုဖြစ်နေနိုင်သောကြောင့်ဆရာဝန်နှင့်တိုင်ပင်ဆွေး နွေးသင့်ပါတယ်။ ဆံပင်၊ အရေပြားနှင့် လက်သည်းခြေသည်းများ ကင်ဆာဆေးသည်ဦးရေပြားကိုထိခိုက်စေသောကြောင့် ဆေးကုသမှုခံယူပြီး ၃ပတ်လောက်အကြာတွင်ဆံပင်ကျွတ် နိုင်ပါတယ်။ ခြေထောက်၊ လက်နှင့်မျက်နှာရှိအမွေးအမျှင် […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ အဆင့်များ

သင်သည် အဆုတ်ကင်ဆာ ခံစားနေရပြီဆိုလျှင် ဆရာဝန်ကသင့်တွင်ဖြစ်နေသော ကင်ဆာ အဆင့်ကို သတ်မှတ်ပေးပါလိမ့်မည်။ လူအများ၏အမြင်တွင် ကင်ဆာအဆင့်မြင့်လာလေလေ ရောဂါ ကျွမ်းလာလေလေ ဟု မြင်တတ်ကြပါသည်။ ထိုထင်မြင်ချက်သည် အတိုင်းအတာတစ်ခု အထိမှန်ကန်ပါသည်။ အဆုတ်ကင်ဆာတွင် သတ်မှတ်ထားသော အဆင့်များသည် အဆုတ်တွင် ကင်ဆာဘယ်လောက်ထိ ရှိနေပြီလဲ၊ ဘယ်အပိုင်းတွေကို ပြန့်နှံ့သွားပြီလဲ ဖော်ပြခြင်းဖြစ်ပါသည်။ ဘာကြောင့် အဆုတ်ကင်ဆာ အဆင့်များခွဲရန် လိုအပ်သလဲ။ ကင်ဆာ အဆင့်များကို ကြည့်ခြင်းဖြင့် ကင်ဆာ၏ အရွယ်အစား၊ ပြန့်နှံ့မှုတို့ကို သိနိုင်ပါသည်။ ထို့ပြင် ကင်ဆာနှင့် ပတ်သက်ပြီး ဆရာဝန်နှင့် လူနာကြားထဲတွင် အကောင်းဆုံး နားလည်အောင် ရှင်းပြနိုင်မည့်နည်း ဖြစ်သလို ကင်ဆာကြောင့် လူနာ၏ အခြေအနေကို ခန့်မှန်းနိုင်ရန် ကောင်းသော နည်းလည်းဖြစ်ပါသည်။ ထို့ကြောင့် ဆရာဝန်သည် ထိုအဆင့်များကို ကြည့်ပြီး လူနာအတွက် အကောင်းဆုံးဖြစ်စေမည့် ကုသမှုများကို […]


အခြားကင်ဆာများ

ကင်ဆာနာကျင်မှုကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းများ

ကင်ဆာရောဂါကြောင့် နာကျင်ခြင်းက အလွန်အမင်း ဆိုးရွားတဲ့အတွက် တချို့ အခြေအနေတွေမှာ သတိလစ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ အဲဒီနာကျင်မှုက သင့်ကိုကောင်းကောင်း မလှုပ်ရှားနိုင်အောင် တားဆီးထားပြီး သင့်ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်။ တကယ့်လို့ ကင်ဆာကြောင့် ဖြစ်လာတဲ့ နာကျင်မှုကို တောင့်ခံဖို့ လိုနေတယ်ဆိုရင် အခုပြောပြမယ့် အချက် ၇ ချက်က သင့်အတွက်ပါ။ နာကျင်မှု အဆင့်ကို တိုင်းတာပါ။ နာကျင်မှု စလာတာနဲ့ အဲဒီ နာကျင်မှုကို သတိပြုပြီး အဆင့် ၀ ကနေ ၁၀ အကြား သတ်မှတ်ကြည့်ပါ။ အဆင့် ၀ က နာကျင်မှု မရှိဘူးဆိုတဲ့ အဆင့်ဖြစ်ပြီး အဆင့် ၁၀ ကတော့ နာကျင်မှု အဆိုးဆုံးအဆင့် ဖြစ်ပါတယ်။ သင့်အနေနဲ့ ဘာက နာကျင်မှုကို စစေသလဲ၊ […]


ဦးနှောက်ကင်ဆာကျိတ်များ

Spinal cord tumor (ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Spinal cord tumor (ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ခြင်း) ကဘာလဲ။ ကျောရိုးအာရုံကြောမကြီးရှိရာ အခေါင်းပေါက် သို့မဟုတ် ကျောရိုးတွေကြားမှာ အကျိတ်ဖြစ်ခြင်း ဖြစ်ပါတယ်။ ကင်ဆာကျိတ်ရော ကင်ဆာမဟုတ်သောအကျိတ်ပါ ဖြစ်နိုင်ပါတယ်။ ကျောရိုးဆစ်မှာ ဖြစ်တဲ့အကျိတ်ကို ကျောရိုးဆစ်ကျိတ်လို့ခေါ်ပြီး အာရုံကျောမကြီးမှာ ဖြစ်တဲ့အကျိတ်ကို အာရုံကြောကျိတ်လို့ ခေါ်ပါတယ်။ အာရုံကြောမှာ ဖြစ်လေ့ရှိတဲ့ အဓိက အကျိတ်နှစ်မျိုးကတော့ အာရုံကြောအတွင်း ဆဲလ်များမှဖြစ်လာတဲ့ astrocytoma, ependymoma ကဲ့သို့ အကျိတ်များ အာရုံကြောမကြီးကို ထောက်ပံ့ပေးတဲ့ ဆဲလ်ကွန်ယက်မှဖြစ်လာသော အကျိတ်များ။ အာရုံကြောအတွင်း ဆဲလ်များမှဖြစ်လာတာ မဟုတ်ပေမယ့် အာရုံကြောကို ဖိမိခြင်းနဲ့ အခြားပြဿနာများ ဖြစ်စေပါတယ်။ ဥပမာ schwannoma, meningioma, neurofibroma ခန္ဓါကိုယ်အခြားနေရာများမှ အကျိတ်တွေဟာ ကျောရိုးဆစ်များ၊ အာရုံကြောမကြီးကို ထောက်ပံ့ပေးတဲ့ ဆဲလ်ကွန်ယက်နဲ့ ရှားရှားပါးပါး အာရုံကြောမဆီကိုပါ ပြန့်နှံ့လာတတ်ပါတယ်။   လက္ခဏာများSpinal cord tumor (ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အာရုံကြောမကြီးရဲ့ […]


အခြားကင်ဆာများ

Testicular Cancer (ဝှေးစေ့ကင်ဆာ)

Testicular Cancer (ဝှေးစေ့ကင်ဆာ) အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။ အဓိပ္ပာယ်ဖွင့်ဆိုချက် Testicular Cancer (ဝှေးစေ့ကင်ဆာ)က ဘာလဲ။ ဝှေးစေ့ကင်ဆာ ဆိုသည်မှာ အမျိုးသားများတွင် ဖြစ်ပွားသည့် ကင်ဆာရောဂါဖြစ်ပါသည်။ ကပ္ပာယ်အိတ်နှင့် လိင်တံအချောင်း၏အပေါ်ရှိ လျော့ရဲသော အရေပြားအတွင်းတွင် ဖြစ်ပွားတတ်သည်။ ဝှေးစေ့သည် သုက်များနှင့် မျိုးပွားမှုဆိုင်ရာ ဟော်မုန်းများကို ထုတ်လုပ်သည်။ သုက်အား ဝှေးစေ့အတွင်းတွင် ဖန်တီးထုတ်လုပ်ပေးနိုင်သော ဆဲလ်တစ်မျိုးကို ဂျားမ်ဆဲလ်ဟုခေါ် ပြီး ထိုဆဲလ်မှစ၍ ကင်ဆာဖြစ်ပွားလာခြင်းဖြစ်သည်။ အဓိက ဂျားမ်ဆဲလ်ကင်ဆာနှစ်မျိုးမှာ ဆီမင်နိုးမားနှင့် နန်းဆီမင်နိုးမားတို့ ဖြစ်သည်။ ဆီမင်နိုးမားသည် နှေးကွေးစွာ ကြီးထွားခြင်း၊ ပြန့်နှံ့ခြင်းတို့ ဖြစ်ပွားတတ်ပြီး ဓာတ်ရောင်ခြည်ကုသမှုနှင့် သက်သာလာတတ်သည်။ နန်းဆီမင်နိုးမားမှာ ဆီမင်နိုးမားထက် လျင်မြန်စွာကြီးထွားလာတတ်ပြီး ပြန့်သွားတတ်သည်။ ထို့အပြင် နန်းဆီမင်နိုးမားသည် ပုံစံကွဲပေါင်းများစွာလည်းရှိသည်။ ဝှေးစေ့ကင်ဆာသည် ဝှေးစေ့နေရာမှ အခြား နေရာများသို့ ပျံ့နှံ့သွားသည့်တိုင်အောင် အများအားဖြင့် ကောင်းမွန်စွာ […]


လည်ပင်းသိုင်းရွိုက်ကင်ဆာ

သိုင်းရွိုက်ကင်ဆာ (Thyroid Cancer)

သိုင်းရွိုက်ကင်ဆာ (Thyroid Cancer) အကြောင်း လေ့လာလိုက်ရအောင်နော်။ အဓိပ္ပါယ်ဖွင့်ဆိုချက် သိုင်းရွိုက်ကင်ဆာ (Thyroid Cancer) က ဘာလဲ။ သိုင်းရွိုက်ကင်ဆာ ဆိုသည်မှာ ခန္ဓါကိုယ်ရှိသိုင်းရွိုက်အကျိတ်တွင် ပုံမှန်မဟုတ်သော ဆဲလ်များကြီးထွားများပြားလာခြင်းကိုဆိုလိုသည်။ သိုင်းရွိုက်အကျိတ်သည် လိပ်ပြာပုံစံကဲ့သို့ဖြစ်ပြီး လည်ပင်း၏အရှေ့ပိုင်းတွင် တည်ရှိသည်။ ထိုသိုင်းရွိုက်မှ သိုင်းရွိုက်ဟော်မုန်းကို ထုတ်လုပ်သည်။ ထိုဟော်မုန်းမှ တဆင့် ခန္ဓါကိုယ်ရှိ ဇီဝကမ္မဖြစ်စဉ်များ၊သွေးပေါင်ချိန်များ၊နှလုံးခုန်နှုန်း၊ကိုယ်အပူချိန်၊နှင့် အလေးချိန်တို့ကို ထိန်းညှိပေးသည်။ ထိုသိုင်းရွိုက်ကင်ဆာသည် အဖြစ်နည်းသော်လည်း ဟော်မုန်းနှင့်ပတ်သတ်သည့် ကင်ဆာများတွင် အဖြစ်များဆုံးကင်ဆာဖြစ်ကြောင်းသိရသည်။(ဟော်မုန်းစနစ်သည် ကိုယ်တွင်း ရှိ လုပ်ငန်းဆောင်တာများကို ထိန်းညှိပေးသည့် ဟော်မုန်းများကို ထုတ်လုပ်သည်)ထိုကင်ဆာရှိသော သူအများစုတွင် ကုသမှုများသည်အောင်မြင်သည့်အပြင် စောစီးစွာ ရောဂါအားတွေ့ရှိရလေ့ရှိသည်။ သို့သော် ကံမကောင်းသောအားဖြင့် ကုသပြီးနှစ်များအကြာတွင် ထိုကင်ဆာသည် ပြန်လည်ဖြစ်ပွားတတ်ပါသည်။ သိုင်းရွိုက်ကင်ဆာ (Thyroid Cancer)က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း