home

အရေပြားကင်ဆာ

အရေပြားကျန်းမာရေး ပြဿနာ တစ်မျိုးဖြစ်တဲ့ အရေပြားကင်ဆာရဲ့ အစောပိုင်း လက္ခဏာတွေနဲ့ လိုက်နာရမယ့် နေထိုင်နည်းတွေ၊ ကာကွယ်နည်းတွေကို ဒီကဏ္ဍလေးမှာ ဖတ်ရှု့လို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အရေပြားကင်ဆာ

မှဲ့က ဘယ်နားမှာ ရှိနေရင် စီးပွားတက်တယ်တို့ လူချစ်လူခင်များတယ်တို့ ဆိုပြီး ဖတ်ဖူးကြတယ်မလား။ မှဲ့ကနေ ကင်ဆာ ဖြစ်နိုင်တယ်ဆိုတာရော သိကြပါသလား။ ဒါကို ဆေးပညာအရ Melanoma လို့ ခေါ်ပါတယ်။ မှဲ့ကင်ဆာ က အရေပြားကင်ဆာ အမျိုးအစားထဲမှာ ပါပါတယ်။ ဒါပေမယ့် အရေပြားမှာ ဖြစ်တဲ့အတွက် စောစောသိရင် စောစောကုလို့ရပါတယ်။ ဒါကြောင့် မှဲ့ကင်ဆာရဲ့ လက္ခဏာတွေ၊ ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို သိထားဖို့ လိုပါတယ်။ မှဲ့ကင်ဆာရဲ့ လက္ခဏာတွေ မှဲ့ကင်ဆာက နေရောင်နဲ့ အတွေ့များတဲ့ မျက်နှာ၊ လက်မောင်း၊ ခြေထောက်နဲ့ ကျောတွေမှာ အတွေ့ရများပါတယ်။ ရှားရှားပါးပါး နေရာင် မထိတဲ့ ခြေဖဝါး၊ လက်ဖဝါးနဲ့ လက်သည်းကြားမှာ ဖြစ်တာလည်း ရှိပါတယ်။ ဒါမျိုးကတော့ အသားညိုတဲ့ သူတွေမှာ ပိုအဖြစ်များပါတယ်။ မှဲ့ကင်ဆာရဲ့ အစောဆုံးလက္ခဏာက နဂိုရှိပြီးသားမှဲ့ ပုံစံပြောင်းလာတာ […]

အရေပြားကင်ဆာ

အရေပြားကင်ဆာ အများစုဟာ ကြိုတင်ကာကွယ်နိုင်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ အရေပြားကင်ဆာကနေ ဘယ်လိုကာကွယ်မလဲဆိုတဲ့ ဖေါ်ပြချက်တွေပဲ ဖြစ်ပါတယ်။ နေ့လည်ခင်းမှာ နေအပူဒဏ်ကို ရှောင်ကျဉ်ခြင်း လေ့လာမှုတွေအရ နေအပူချိန်ဟာ ၁၀နာရီကနေ ၄ နာရီအတွင်းမှာ အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အပြင်ထွက်မယ်ဆိုရင် နေရောင်ခြည် အပြင်းထန်ဆုံးဖြစ်ချိန်မှာ ထိတွေ့မှု ရှောင်ကျဉ်နိုင်ဖို့အတွက် ဆောင်းရာသီ ဖြစ်ရင်တောင် (သို့) မိုးအုံ့နေရင်တောင် အခြားအချိန်တွေကို ရွေးသင့်ပါတယ်။ UVrays တွေကို အရေပြားက တစ်နှစ်ပတ်လုံး စုပ်ယူနေတာ ဖြစ်ပါတယ်။ မိုးတိမ်တွေဟာ UVB rays အများစုကိုသာ တားမြစ်နိုင်ပြီးတော့ UVA rays တွေကို တားမြစ်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် နေအပူဆုံးအချိန်မှာ နေလောင်ခြင်းနဲ့ နေကြောင့် အသားရောင်ညိုခြင်းတွေဟာ အရေပြားကိုပျက်စီးစေပြီး အရေပြားကင်ဆာ ဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။ အချိန်အကြာကြီး […]

အရေပြားကင်ဆာ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon