ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ခုခံအားကုထုံး ဆိုတာ ကင်ဆာကုထုံးတစ်ခုပါ။ ဆေးပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ကင်ဆာရောဂါကို ကုသရာမှာ အစွမ်းထက်ပြီး လူနာကို ထိခိုက်မှု နည်းစေတဲ့ ကုထုံးတွေကို ရှာဖွေလာကြပါတယ်။ ဒီထဲမှာ ခုခံအား ကုထုံးလည်း ပါဝင်ပါတယ်။ ခုခံအားကုထုံး ဆိုတာ ခုခံအားကုထုံးဆိုတာ လူနာရဲ့ ကိုယ်ပိုင် ခုခံအားကို သုံးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ခုခံအားကုထုံးကို ပေးလိုက်တာက လူနာရဲ့ ခုခံအားစနစ်ကို မြှင့်တင် ဒါမှမဟုတ် အပြောင်းအလဲဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်တွေကို ပိုပြီး တိုက်ခိုက်စေနိုင်ပါတယ်။ ခုခံအားကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။ ခုခံအားက ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရတဲ့ အထဲမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပါပါတယ်။ ခုခံအားက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ခုခံအားဆဲလ်တွေကို ကင်ဆာကျိတ်ရဲ့ အထဲ […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အဆုတ်ကင်ဆာ

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အခြားကင်ဆာများ

ကင်ဆာရောဂါနှင့် ဗီတာမင်အားဆေးများ

ကင်ဆာရောဂါနှင့် ဗီတာမင်အားဆေးများ ဗီတာမင်ဖြည့်စွက်အားဆေးတွေကို ရောဂါကာကွယ်ဖို့၊ ရောဂါကုသဖို့၊ အသက်ရှည်ကျန်းမာဖို့ စတဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် သောက်သုံးကြပါတယ်။ တချို့ကတော့ ကင်ဆာမဖြစ်အောင် ကာကွယ်ဖို့ရည်ရွယ်ချက်နဲ့ သောက်တာတွေလည်းရှိတယ်။ ကင်ဆာဝေဒနာရှင်တွေကလည်း ကိုယ်ခံအားစနစ်ပိုကောင်းလာအောင်၊ ကုသမှုနောက်ပိုင်း ကင်ဆာရောဂါပြန်ပေါ်လာတာကို ကာကွယ်နိုင်အောင်နဲ့ ကင်ဆာရှိကြောင်းသိရပြီးနောက်ပိုင်း သက်တမ်းပိုရှည်စေဖို့၊ ဓါတုဆေးဝါးနဲ့ဓါတ်ကင်ခြင်းကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ လျော့ပါးသက်သာစေဖို့ဆိုပြီး ဗီတာမင်ဆေးတွေကို အားကိုးကြပါတယ်။ ကင်ဆာဝေဒနာရှင်တစ်ဦးရဲ့ကိုယ်ခံအားစနစ် အနေအထားဟာ သာမန်လူတစ်ယောက်နဲ့ယှဉ်ရင် ပိုအားနည်းပါတယ်။ ခွဲစိတ်ကုသမှုနောက်ပိုင်းမှာ တစ်ရှူးတွေထိခိုက်မှုကြောင့် အီလက်ထရိုလိုက် နဲ့ သတ္တုဓါတ်ချို့တဲ့မှုကို ခံစားရနိုင်ပါတယ်။ လူနာတွေဟာ ခွဲစိတ်ကုသမှုနောက်ပိုင်းမှာ ပုံမှန်အတိုင်း အစားမစားနိုင်တဲ့အတွက် ဖြည့်စွက်အာဟာရတွေနဲ့ အားဖြည့်ပေးဖို့လိုပါတယ်။ ခံတွင်းပျက်နေတဲ့ လူနာတွေဟာ ဖြည့်စွက်အာဟာရတွေတင်ပေးနေတဲ့အခါမှာတောင် ပျို့အန်မှုနဲ့ ခန္ဓါကိုယ်က စုပ်ယူမှုအားနည်းတာတွေကြောင့် တခြားနည်းလမ်းနဲ့ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ဖို့ လိုအပ်လာပါတယ်။ ဒါ့ကြောင့် လူနာတွေရဲ့အခြေအနေကို ပြန်ထိန်းညှိနိုင်ဖို့၊ ခွဲစိတ်မှုနောက်ပိုင်း ဓါတ်ကင်ခြင်းနဲ့ဆေးဝါးကုထုံးရဲ့ဒဏ်ကိုခံနိုင်ရည်ရှိဖို့အတွက် ဆရာဝန်တွေက ဗီတာမင်အားဆေးတွေ […]


ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကင်ဆာဟာ ပျောက်ကင်းအောင်ကုသနိုင်သလား

ဆီးကျိတ်ကင်ဆာဟာ အဖြစ်များပေမယ့် စောစီးစွာ စစ်ဆေးဖော်ထုတ်ကုသခြင်းအားဖြင့် မလိုလားအပ်တဲ့ အဖြစ်ဆိုးတွေကနေ ရှောင်ကျဉ်နိုင်မှာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ ကမ္ဘာအနှံ့မှာ ခေါင်းထောင်ထလာတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။"အမေရိက၊ဥရောပနဲ့ ဩစတေးလျတိုက်တွေမှာဆိုရင် ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး စင်ကာပူနိုင်ငံမှာဆိုရင်တော့ အဆင့်သုံးချိတ်တယ်"လို့ Mount Elizabeth Novena ဆေးရုံမှ ဆီးလမ်းကြောင်းအထူးကုဆရာဝန် Dr Gerald Tan က ဆိုပါတယ်။ "ဆီးကျိတ်ကင်ဆာဟာ သူဌေးရောဂါလို့လည်း ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြလေရဲ့" လို့ Dr Tan က ဆိုပါသေးတယ်။ ဘာလို့လဲဆိုတော့ ဥရောပအစားအစာတွေမှာ အဓိက ပါဝင်တဲ့ အနီရောင်အသားတွေ၊နို့ထွက်ပစ္စည်းတွေ နဲ့ gluten အမည်ရှိ ဓါတ်ပစ္စည်းတွေဟာ ဒီရောဂါကို ဖြစ်စေတဲ့ အဓိကလက်သည်တွေမို့ပါပဲ။ အထက်ပါ အစားအစာတွေဟာ အနောက်တိုင်း စားသောက်မှုပုံစံမှာ […]


သားဥအိမ်ကင်ဆာ

အမျိုးသမီးမီးယပ်ဆိုင်ရာကင်ဆာများကို အသေးငယ်ဆုံးခွဲစိတ်မှုနဲ့ ကုသခြင်း

ဓါးရာသေးသေးနဲ့ ခွဲစိတ်ပြီး ဆေးရုံမှာ ခဏသာနေရတဲ့ minimally invasive surgery ခွဲစိတ်နည်းဟာ မီးယပ်ဆိုင်ရာ ကင်ဆာရောဂါတွေကို ကုသရာမှာ အင်မတန်အထောက်အကူဖြစ်စေတဲ့အကြောင်း သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်မကြီး Dr Lisa Wong က ရှင်းပြခဲ့ပါတယ်။ မီးယပ်ဆိုင်ရာ ကင်ဆာရောဂါဆိုတာဟာ အမျိုးသမီးမျိုးပွားအင်္ဂါအဖွဲ့အစည်းကို ထိခိုက်စေတဲ့ ကင်ဆာကြိတ်တွေ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံ ကင်ဆာမှတ်တမ်းတင်ဌာနမှ သိရှိရတဲ့အချက်အလက်တွေအရ အဆိုပါ ကင်ဆာတွေဟာ စင်ကာပူအမျိုးသမီးတွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိတဲ့ ထိပ်တန်းကင်ဆာ ဆယ်မျိုးထဲမှာ ပါဝင်ကြတယ်လို့ ဆိုပါတယ်။ အထက်ပါ ကင်ဆာရောဂါတွေကို ခံစားရတဲ့ လူနာအများစုဟာ ခွဲစိတ်ကုသမှု ခံယူကြရလေ့ရှိပြီး ဗိုက်ပေါ်မှာ ဓါးရာရှည်ရှည်ကြီးနဲ့ ခွဲစိတ်တဲ့ နည်းလမ်းတစ်မျိုးပဲ အရင်က ရှိခဲ့တာပါ။ "ဒါဟာ ဘာလို့လဲဆိုတော့ နေရာကျဉ်းကျဉ်းလေးထဲမှာ ခွဲစိတ်ဖို့က ခက်ခဲလို့ပဲ ဖြစ်ပါတယ်။ ခွဲစိတ်ကိရိယာတွေ အတွက် […]


ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

Lip cancer (နှုတ်ခမ်းကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lip cancer (နှုတ်ခမ်းကင်ဆာ) ကဘာလဲ။ နှုတ်ခမ်းကင်ဆာဆိုသည်မှာ ပုံမှန်မဟုတ်သော ဆဲလ်များသည် ထိန်းချုပ်၍မရနိုင်အောင် ကြီးထွားလာကာ နှုတ်ခမ်းတွင် အသားလုံးများ(သို့)အနာများဖြစ်ပွားခြင်းကိုဆိုလိုသည်။ နှုတ်ခမ်းကင်ဆာနှင့် အခြားသောခံတွင်းကင်ဆာများသည် ဦးခေါင်းနှင့် လည်ပင်းကင်ဆာအမျိုးအစားများဖြစ်သည်။ စောစီးစွာ သိရှိပါက နှုတ်ခမ်းကင်ဆာကို ပျောက်အောင်ကောင်းစွာ ကုသနိုင်သည်။ Lip cancer (နှုတ်ခမ်းကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ နှုတ်ခမ်းကင်ဆာသည် ခံတွင်းကင်ဆာများထဲတွင် အဖြစ်များဆုံးသောကင်ဆာဖြစ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများLip cancer (နှုတ်ခမ်းကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ နှုတ်ခမ်းကင်ဆာ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ခံတွင်းရှိ ပျောက်မသွားသော အနာ၊အဖု၊ရည်ကြည်ပု၊(သို့) အသားလုံး နှုတ်ခမ်းပေါ်ရှိ အနီ(သို့) အဖြူရောင် အကွက် နှုတ်ခမ်းပေါ်တွင်သွေးထွက်နေခြင်း(သို့)နာကျင်ခြင်း မေးရိုးရောင်ရမ်းခြင်း နှုတ်ခမ်းကင်ဆာသည် မည်သည့်လက္ခဏာမှမပြတတ်ပဲ ပုံမှန်သွားအားကိုင်တွယ်စစ်ဆေးရာတွင်သာ တခါတရံ တွေ့ရှိသတိထားမိတတ်သည်။ သင့်နှုတ်ခမ်းပေါ်တွင် အနာ(သို့)အကျိတ်လုံးရှိသော်လည်း သင့် တွင် နှုတ်ခမ်းကင်ဆာဖြစ်နေသည်ဟုမဆိုလိုပါ။ သင့်၏ရောဂါလက္ခဏာ များကိုသင့်ဆရာဝန်(သို့)သွားဆရာဝန်နှင့် ပြသဆွေးနွှေးပါ။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ […]


အခြားကင်ဆာများ

Small Intestine Cancer (အူသိမ်ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Small Intestine Cancer (အူသိမ်ကင်ဆာ) ကဘာလဲ။ အူသိမ်ကင်ဆာဆိုတာ ရှားပါးတဲ့ရောဂါတခုဖြစ်ပြီး အူသိမ်ထဲက တစ်သျှူးဆဲလ်တွေ ပြောင်းလဲခြင်းကြောင့် ဖြစ်ပွားတဲ့ရောဂါဖြစ်ပါတယ်။ အထိန်းအချုပ်မရှိ ကြီးထွားလာပြီး အကျိတ်ဖြစ်လာတတ်ပါတယ်။ အူသိမ်ဆိုတာ အစာအိမ်နဲ့ အူမကြီးကို ဆက်သွယ်ပေးထားတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အစာများကိုချေဖျက်ပြီး အဆီဓါတ်၊ ဗီတာမင်ဓါတ်တွေနဲ့ ကိုယ်ခန္ဓါက လိုအပ်တာမှန်သမျှကို စုပ်ယူပေးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ အူသိမ်ကင်ဆာဖြစ်ရင် အူသိမ်လမ်းကြောင်းကို ပိတ်ဆို့သွားစေပါတယ်။ အူသိမ်ကင်ဆာ ၅မျိုးရှိပါတယ်။ ကေ့စ်အားလုံးရဲ့ ၃၀-၄၀%လောက် ရှိပါတယ်။ အဒီနိုကာစီနိုးမား အမျိုးအစားဟာ အူသိမ်နံရံတွေမှာ စတင်ပါတယ်။ အစာပိုင်းမှာ သေးငယ်ပြီး ကင်ဆာမဟုတ်တဲ့ အသားပိုပုံစံနဲ့ ထွက်ပေါ်ပေမယ့် နောက်ပိုင်းမှာ ကင်ဆာအဖြစ်ပြောင်းသွားနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေဟာ အူသိမ်ရဲ့ တစ်သျှူးတွေထဲ ပြန့်နှံ့သွားပါတယ်။ ကာစီနွိုက်အကျိတ်အမျိုးအစားကတော့ ဖြည်းဖြည်းချင်းကြီးလာတဲ့ ကင်ဆာမျိုးဖြစ်ပြီး အူသိမ်ရဲ့အောက်ပိုင်းမှာ အမြစ်တွယ်ပါတယ်။ အူအတက်၊ ဒါမှမဟုတ် အစာဟောင်းအိမ်ကိုလည်း ထိခိုက်ပါတယ်။ […]


ပန်ကရိယကင်ဆာ(မုန့်ချိုအိတ်ကင်ဆာ)

မုန့်ချိုအိတ်ကင်ဆာ (Pancreatic Cancer)

အဓိပ္ပါယ်ဖွင့်ဆိုချက် မုန့်ချိုအိတ်ကင်ဆာ (Pancreatic Cancer)က ဘာလဲ။ မုန့်ချိုအိတ်ကင်ဆာဆိုတာ အစာအိမ်နောက်မှာရှိတဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ မုန့်ချိုအိတ်ရဲ့ တစ်ရှူးထဲမှာ ဖြစ်တတ်တဲ့ ကင်ဆာဖြစ်ပါတယ်။ မုန့်ချိုအိတ်ဟာ အစာခြေဖျက်ရာမှာ အရေးပါတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်ပြီး အရေးပါတဲ့ နေရာမှာ ပါဝင်ပါတယ်။ ဂလူကဂွန်၊ အင်ဆူလင် စတဲ့ သွေးတွင်းသကြားဓါတ် ဇီဝဖြစ်ပျက်မှုတွေကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေ ထုတ်လုပ်ပေးပါတယ်။ အင်ဆူလင်ဟာ ဂလူးကို့စ်ကနေ စွမ်းအင်ဖြစ်စေပြီး ဂလူကဂွန်ဟာ သကြားဓါတ်နည်းနေချိန်မှာ မြှင့်တင်ပေးပါတယ်။ မုန့်ချိုအိတ်ကင်ဆာ (Pancreatic Cancer)က ဘယ်လောက်အဖြစ်များသလဲ မုန့်ချိုအိတ်ကင်ဆာဟာ အမေရိကန်မှာ ကင်ဆာနဲ့ပတ်သက်တဲ့ သေဆုံးမှုတွေမှာ စတုတ္ထမြောက်သေဆုံးမှုအမြင့်ဆုံး ဖြစ်ပါတယ်။ မုန့်ချိုအိတ်ရဲ့ တည်နေရာကြောင့် ရောဂါရှာသိဖို့ ခဲယဉ်းပြီး ကြာမှသိလာရတတ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေ အန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများ မုန့်ချိုအိတ်ကင်ဆာ (Pancreatic Cancer)ရဲ့ လက္ခဏာတွေက ဘာတွေလဲ ရောဂါဆိုးလာတဲ့အချိန်မတိုင်မီထိ […]


အခြားကင်ဆာများ

Kidney Cancer (ကျောက်ကပ်ကင်ဆာ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Kidney Cancer (ကျောက်ကပ်ကင်ဆာ ) ကဘာလဲ။ ကျောက်ကပ်ကင်ဆာဆိုသည်မှာ ကျောက်ကပ်နှစ်ခုတွင်ဖြစ်ပွား သောကင်ဆာဖြစ်သည်။ သင့်ကျောက်ကပ်များသည် ပဲစေ့ပုံစံရှိကြပြီး သင့်လက်သီးဆုပ်၏တစ်ခုစာလောက်ရှိကြ သည်။ သင့်ဝမ်းဗိုက်တွင်းရှိကလီစာများ၏အနောက်တွင်တည်ရှိကြ ပြီး သင့်ကျောရိုး၏တဘက်တချက်တွင် ရှိကြသည်။ ကျောက်ကပ်ကင်ဆာဖြစ်ပွားမှုသည်ပိုမိုများပြားလာဖွယ် ရှိနေသည်။ ဖြစ်နိုင်သောအကြောင်းအရင်းတစ်ခုမှာ ကွန်ပြူတာဓါတ်မှန်များအသုံးများလာ၍ဖြစ်နိုင်သည်။ ထိုဓါတ်မှန် များကြောင့်လည်း ကျောက်ကပ်ကင်ဆာဖြစ်နေကြောင်းကိုအမှတ် တမဲ့တွေ့ရှိသွားနိုင်သေးသည်။ Kidney Cancer (ကျောက်ကပ်ကင်ဆာ ) က ဘယ်လောက်အဖြစ်များသလဲ အမေရိကန်နိုင်ငံရှိအမျိုးသားကင်ဆာတက္ကသိုလ်၏ခန့်မှန်းလေ့လာ ချက်များအရ 2015ခုနှစ်တွင် ကျောက်ကပ်ကင်ဆာအသစ် ဖြစ်ပွားသူပေါင်း61000ကျော်ရှိနေသည်။ အရွယ်ရောက်ပြီးသူများ တွင်အဖြစ်အများဆုံးကျောက်ကပ်ကင်ဆာမှာ Renal cell carcinomaပင်ဖြစ်သည်။ အခြားသောအဖြစ်နည်းသည့် ကျောက်ကပ်ကင်ဆာအမျိုးအစားများလည်း ဖြစ်ပွားနိုင်ပါသေးသည်။ ကလေးငယ်များသည် Wilms’ tumour ဟုခေါ်သော ကျောက်ကပ်ကင်ဆာတစ်မျိုးပို၍ဖြစ်ပွားနိုင်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများKidney Cancer (ကျောက်ကပ်ကင်ဆာ ) ရဲ့လက္ခဏာတွေကဘာတွေလဲ ကျောက်ကပ်ကင်ဆာ၏လက္ခဏာများသည် ဖြစ်ပွားနေသောရောဂါ အဆင့်ပေါ်မူတည်၍ကွဲပြားပါသည်။ ကျောက်ကပ်ကင်ဆာသည် ကနဦးအဆင့်များတွင် မည်သည့်လက္ခဏာကိုမျှမဖြစ်ပွားစေနိုင်ပါ။ ကင်ဆာဖြစ်ပွားမှုအဆင့်မြင့်လာသောအခါအောက်ပါလက္ခဏာများ ဖြစ်ပွားလာတတ်ပါသည်။ ကျောတောက်လျှောက်အောင့်နေခြင်း အထူးသဖြင့်နံရိုးအောက်နားတွင်ဖြစ်သည် ဆီးထဲတွင်သွေးပါခြင်း ဗိုက်အောင့်ခြင်း ဗိုက်ပူခြင်း၊ဖောင်းခြင်း ဗိုက်တွင် အသားလုံးတခု၊အကျိတ်တခုထွက်လာခြင်း ပင်ပန်းနွမ်းနယ်ခြင်း ဗိုက်သားများနာကျင်ကိုက်ခဲခြင်း အဖျားခဏဏတက်ခြင်း ကိုယ်အလေးချိန်ကျဆင်းခြင်း ဝမ်းချုပ်ခြင်း အသားရောင်ဖြူဖပ်ဖြူရော်ဖြစ်ခြင်း အအေးဓါတ်မခံနိုင်ခြင်း အမြင်ပိုင်းဆိုင်ရာပြဿနာများဖြစ်ပွားလာခြင်း အမျိုးသမီးများတွင်အလွန်အမင်းအမွှေးထူလာခြင် ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် […]


ရင်သားကင်ဆာ

Fibrocystic Breast Changes (ရင်သားတွင်အမျှင်လုံးတည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Fibrocystic Breast Changes (ရင်သားတွင်အမျှင်လုံးတည်ခြင်း) ကဘာလဲ။ ရင်သားတွင်အမျှင်လုံးတည်ခြင်းဆိုသည်မှာ အဖုအထစ် သို့မဟုတ် ကြိုးကိုစမ်းရသလို ခံစားမှုမျိုးရှိသည့်တစ်ရှူးများဖြင့် ဖွဲစည်းထားသောအလုံးဖြစ်သည်။ ဆရာဝန်များကတော့ nodular or glandular ရင်သားတစ်ရှူးများဟု ခေါ်၏။   ရင်သားတွင်အမျှင်လုံးတည်ခြင်းက တော်တော်အဖြစ်များသည်။ အမျိုးသမီးထု၏တစ်ဝက်လောက်က ရင်သားတွင်အမျှင်လုံးတည်ခြင်းကို တစ်သက်တာအတွင်း တစ်ချိန်ချိန်တွင်တော့ ကြုံတွေ့ရမည်ဖြစ်သည်။ အမျှင်လုံးအဖြစ် အမျိုးအစားခွဲနိုင်သော ရင်သားပြောင်းလဲမှုမှာ ပုံမှန်သာဖြစ်ပါသည်။   ရင်သားတွင်အမျှင်လုံးတည်သော အမျိုးသမီးအများစုမှာ လက္ခဏာမပြပါ။ တစ်ချို့တွင်တော့ ရင်သားနာခြင်း၊ ထိလျှင် နာခြင်း၊ အဖုအထစ်များစမ်းမိခြင်းတို့ကို အထူးသဖြင့် ရင်သားအပေါ်ဖက်နှင့် အပြင်ဖက်နေရာများတွင် ခံစားရလေ့ရှိသည်။ ထိုလက္ခဏာများမှာ ရာသီမလာခင်ရက်များတွင် အတော်စိတ်အနှောက်အယှက် ဖြစ်ရနိုင်သည်။ ရင်သားတွင်အမျှင်လုံးတည်ခြင်းကြောင့်ဖြစ်သော လက္ခဏာများကို ကိုယ်တိုင်ဂရုစိုက်ပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။   Fibrocystic Breast Changes (ရင်သားတွင်အမျှင်လုံးတည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန်အဖြစ်များ၏။ အသက်အရွယ်မရွေး ဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် […]


ဦးနှောက်ကင်ဆာကျိတ်များ

Glioma (အာရုံကြောအကြိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Glioma (အာရုံကြောအကြိတ်) ကဘာလဲ။ Glioma သည် ဦးနှောက်နှင့် အာရုံကြောမကြီးတွင် ဖြစ်လေ့ရှိသော အကြိတ်တစ်မျိုးဖြစ်ပါသည်။ Glioma မှာ အာရုံကြောများကိုဝန်းရံပြီး လုပ်ငန်းများကို ကူညီပေးသည့် ကော်နှင့်တူသော ထောက်ပံ့တစ်ရှူးများ (Glial ဆဲလ်များ)မှ စတင်ခြင်းဖြစ်သည်။ Glial ဆဲလ်သုံးမျိုးမှာ အကြိတ်များကို ဖြစ်စေနိုင်သည်။ Glioma ကို ဖြစ်လာသော Glial ဆဲလ်အမျိုးအစားပေါ် မူတည်ပြီး အမျိုးအစား ခွဲ၏။ Glioma အမျိုးအစားများမှာ – Astrocytomas တွင် astrocytoma, anaplastic astrocytoma နှင့် glioblastoma တို့ပါဝင်သည်။ Ependymomas တွင် anaplastic ependymoma, myxopapillary ependymoma နှင့် subependymoma တို့ပါဝင်သည်။ Oligodendrogliomas တွင် oligodendroglioma, anaplastic oligodendroglioma နှင့် anaplastic oligoastrocytoma တို့ပါဝင်သည်။ Glioma သည် […]


ပြန်ရည်ကျိတ်ကင်ဆာ

လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာ (Lymphoma)

အဓိပ္ပါယ်ဖွင့်ဆိုချက် လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာ (Lymphoma) ကဘာလဲ။ လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာ ဆိုသည်မှာ ခုခံအားစနစ်၏ ပိုးမွှားများအားတိုက်ခိုက်ရသော ဆဲလ်များဖြစ်သည့် လင်ဖိုဆိုက်များအပြင်ပြန်ရည်ကြောအိမ်များ၊ဘေလုံး၊သိုင်းမက်စ်၊အရိုးခြင်ဆီနှင့်အခြားသောကိုယ်အစိတ်အပိုင်းများတွင် ဖြစ်ပွားသောကင်ဆာတစ်မျိုးဖြစ်သည်။ ပို၍တိတိကျကျပြောရလျှင် သင်၏ကိုယ်ရှိ ပြန်ရည်ကြောစနစ်၏ရောဂါဖြစ်ပြီး ကိုယ်တွင်းရှိ တိုက်ခိုက်ရေးကွန်ယက်ရောဂါတခုဟုပင်ဆိုနိုင်သည်။ ထိုရောဂါတွင် လင်ဖိုဆိုက်များသည် ပြောင်းလဲကာ ထိန်းမရ အောင်ကြီးထွားကုန်သည်။ ထိုရောဂါသည် အမျိုးအစားများစွာရှိသော်လည်း အဓိကနှစ်ခုမှာ ဟော့ကင်းလင်ဖိုမားနှင့် ဟော့ကင်းမဟုတ်သောလင်ဖိုမားတို့ဖြစ်သည်။ လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာ (Lymphoma)က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ သိပ်အဖြစ်မများသော်လည်း အခြားသူများထက်စာလျှင်အမျိုးသားများနှင့် အသက်အရွယ်ကြီးရင့်သူများတွင် ပို၍ ဖြစ်ပွားတတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများ လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာ (Lymphoma)ရဲ့လက္ခဏာတွေကဘာတွေလဲ လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ လည်ပင်း၊ချိုင်းကြား(သို့)ပေါင်ခြံတို့တွင် အကြိတ်များရောင်ရမ်းခြင်း။ ချောင်းဆိုးခြင်း၊အသက်ရှူမြန်ခြင်း။ အဖျားတက်ခြင်း၊ယားရံခြင်း။ ညအခါချွေးပြန်ခြင်း အစာအိမ်အောင့်ခြင်း၊ကျော(သို့)အရိုးတွင် နာကျင်ကိုက်ခဲခြင်း။ မောပန်းနွမ်းနယ်ခြင်း၊အားအင်ကုန်ခမ်းခြင်း။ ကိုယ်အလေးချိန်ကျခြင်း ချမ်းတုန်ခြင်း အစာစားချင်စိတ်မရှိခြင်း။ ပြန်ရည်ကြောများရောင်ရမ်းခြင်း။ အာရုံကြောရောဂါများဖြစ်ခြင်း ဝမ်းသွားရာ(သို့)အန်ရာတွင်သွေးပါခြင်း ဆီးမသွားခြင်း၊ဆီးပိတ်ခြင်း ခေါင်းကိုက်ခြင်း […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း