home

ဦးနှောက်ကင်ဆာကျိတ်များ

ဦးနှောက်ကင်ဆာကျိတ်တွေနဲ့ ပတ်သက်တဲ့ အစောပိုင်းလက္ခဏာများ၊ ကုထုံးများ၊ ကြိုတင်ကာကွယ်နည်းများနှင့် လိုက်နာရမယ့် နေထိုင်စားသောက်မှုပုံစံများကို ဒီကဏ္ဍမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်ကင်ဆာကျိတ်များ

Brain Tumors (ဦးနှောက်အကျိတ်) ကဘာလဲ။ ဦးနှောက်ဆဲလ် ဒါမှမဟုတ် ဦးနှောက်တဝိုက်မှာရှိတဲ့ဆဲလ်တွေ ပုံမှန်မဟုတ်ပွားခြင်းကြောင့် အဖု၊ အကျိတ်ဖြစ်ပေါ်လာခြင်းဖြစ်တယ်။ ထိုအကျိတ်ရှိဆဲလ်တွေက သေမသွားသလို၊ ဆဲလ်အသစ်တွေနဲ့လည်း အစားမထိုးဘဲ ခန္ဓါကိုယ်မှလိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ဆက်လက်ကြီးထွားနေတာဖြစ်တယ်။ ကင်ဆာလည်းဖြစ်နိုင်သလို ကင်ဆာမဟုတ်တဲ့ အဖု၊ အကျိတ်လည်းဖြစ်နိုင်ပါတယ်။ ဦးနှောက်အကျိတ်တွေဟာ တခြားသောကင်ဆာဆဲလ်တွေကနေ ဦးနှောက်ဆီသို့ ပျံ့လာတာလည်းဖြစ်နိုင်ပါတယ်။ Brain Tumors (ဦးနှောက်အကျိတ်) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး လူကြီးတွေမှာဆိုရင် ဦးနှောက်ဆဲလ်အကျိတ်နဲ့ ဦးနှောက်အမြှေးပါးဆဲလ်အကျိတ် တွေကပိုအဖြစ်များပါတယ်။ ဦးနှောက်အကျိတ်ဖြစ်ရန် အားပေးတဲ့အခြေအနေတွေကိုရှောင်ကြဉ်ခြင်းဖြင့် ဖြစ်နိုင်ချေကိုထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။

ဦးနှောက်ကင်ဆာကျိတ်များ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon